← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

"သူက အမှိုက်တစ်စပဲ.. သေသင့်လို့ ငါသတ်လိုက်တာပဲ"

ကျန်းချန်က လဲ့ချင်းကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

"သူ့အတွက် လက်စားချေချင်ရင်လည်း အချိန်မရွေး ချေလို့ရတယ်"

လဲ့ချင်း၏ အမူအရာက အလွန်အမင်း ဆိုးရွားသွားခဲ့သည်။

သူ့ရှေ့မှ ဤကောင်လေး၏ အင်အားသည် ချီကာကွယ်ရေး အဆင့်၉ကို ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် အစောပိုင်းက ပြသခဲ့သည့် စွမ်းရည်အရ နက်နဲမှု အလယ်အလတ်အဆင့် ကိုယ်ခံပညာကိုလည်း တတ်မြောက်ထား၏။

သူ့အတွက် ခုခံဖို့ပင် သေချာမနေခဲ့ပေ။

ဆိုရလျှင် ဤကောင်လေး၏ အင်အားသည် သူ့ထက် လုံးဝ မနိမ့်ကျပေ။

အစီအရင်ပညာရပ်ပိုင်းတွင်လည်း ဤကောင်လေးက သူ့ထက်ပင် ပိုအားကောင်း၏။

ယခုသူက လက်စားချေချင်လျှင်ပင် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိမည် မဟုတ်ပေ။

"ကျန်းချန်.. စောင့်နေလိုက်ပါ.. ဒီကိစ္စ မပြီးသေးဘူး"

လဲ့ချင်းက ကျန်းချန်ကို အေးစက်စွာ ပြောပြီးနောက် ချာခနဲ လှည့်ထွက်သွားခဲ့သည်။

လဲ့ချင်းတို့ လူစု ထွက်သွားပြီးနောက်တွင် ကျန်းချန်နှင့် တခြားသူများလည်း ဂူထဲကနေ အမြန် ထွက်ခွာသွားကြ၏။

ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို ရရှိထားပြီ ဖြစ်၍ ကျန်းချန်သည် မိုးကြိုးတောင်တန်းတွင် အချိန်အကြာကြီး မနေခဲ့ပေ။

ညနေပိုင်းတွင် ကျန်းချန်တို့ သုံးယောက်သားသည် အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့၏ စခန်းသို့ ပြန်ရောက်လာကြ၏။

ညစာစားပြီးနောက်တွင် ယဲ့ချင်းရွှမ်းသည် သူ့အတွက် စီစဉ်ပေးထားသည့် အခန်းသို့ ပြန်သွားခဲ့သည်။

ကျန်းချန်ကမူ မီးလျှံသားရဲဥကို ထုတ်ယူကာ သူ့ရှေ့တွင် ချထားလိုက်သည်။

သူက ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည် တစ်ပုလင်းကို ထုတ်ယူပြီး မီးလျှံသားရဲဥ၏ မျက်နှာပြင် တစ်ခုလုံးကို သုတ်လိမ်းလိုက်၏။

ထို့နောက် သူက မီးလျှံသားရဲဥကို ပြုပြင်သည့် နည်းလမ်းအတိုင်း လက်ဟန် စည်းတံဆိပ်တစ်ခု ပြုလုပ်ကာ ဥပေါ်တွင် အလျင်အမြန် စည်းတံဆိပ် ရိုက်နှိပ်လိုက်သည်။

ခဏအကြာတွင် မီးလျှံသားရဲဥသည် မျက်နှာပြင်ပေါ်ရှိ ကောင်းကင်ဝါးညွန့် စိတ်ဝိညာဥ်နို့ရည် အားလုံးကို စုပ်ယူသွားခဲ့သည်။

ကျန်းချန်က ထိုသို့ သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက်တွင် အဆုံးသတ်၌ ပျက်စီးသွားသည့် မီးလင်သားရဲဥသည် လုံးဝ ပြန်လည် ကောင်းမွန်သွားခဲ့သည်။

"ဒင်.. သင်က မီးလျှံသားရဲဥကို ပေါက်ဖွားဖို့အတွက် ပြုပြင်ပေးလိုက်တာကြောင့် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ပထမအဆင့် သားရဲသခင် ဖြစ်သွားပါပြီ"

"ဒင်.. သင်က ဒုတိယအဆင့် သားရဲသခင် ဖြစ်လာပါပြီ"

ကျန်းချန်က မီးလျှံသားရဲဥကို ပြန်လည်ပြုပြင်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဒုတိယအဆင့် သားရဲသခင် ဖြစ်လာခဲ့ပြီး သူ့စိတ်ထဲသို့ သားရဲများ နှင့် ပတ်သက်သည့် အသိပညာများစွာက ဝင်ရောက်လာခဲ့သည်။

သူက လုံးဝ တုံ့ဆိုင်းမနေဘဲ မီးလျှံသားရဲဥကို သားရဲ မွေးမြူခြင်း နည်းစနစ်ဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်၏။

ရွေ့လျားခြင်းမရှိသော မီးသားရဲဥသည် တခဏအတွင်း ချက်ချင်းဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့သည်။

မီးလျှံသားရဲဥ၏ မျက်နှာပြင်ပေါ်မှ ပူပြင်းသည့် အငွေ့အသက်များသည် အခန်းတစ်ခုလုံးကို တိုက်ရိုက် ပြည့်နှက်သွား၏။

ခဏအကြာတွင် အက်ကွဲသံနှင့်အတူ ဥ၏ မျက်နှာပြင်ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာပြီး ပင့်ကူမျှင်လို ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလို မီးလျှံများ တောက်ပနေသည့် ခေါင်းလေးတစ်လုံးသည် အက်ကွဲနေတဲ့ ဥခွံကနေ အပြင်သို့ ဖောက်ထွက်လာခဲ့၏။

"ဒင်.. သင်က မီးလျှံသားရဲဥကို ပေါက်ဖွားစေလိုက်တာကြောင့် အတွေ့အကြုံ ရမှတ်၆၀၀၀ကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က တတိယအဆင့် သားရဲသခင် ဖြစ်လာပါပြီ"

"ဒင်.. သင်က စတုတ္ထအဆင့် သားရဲသခင် ဖြစ်လာပါပြီ"

သူ့စိတ်ထဲတွင် စနစ်က အသံဖြင့် အသိပေးနေချိန်မှာပင် မီးလျှံသားရဲ၏ ခန္ဓာကိုယ်သည် ကျန်းချန်ရှေ့တွင် လုံးဝ ပေါ်လာခဲ့သည်။

၎င်းက နဂါးဦးချို၊ နွားမြီး၊ မြင်းခွာ အပြင် ခန္ဓာကိုယ်တွင် မှိန်ဖျော့ဖျော့ အနီရောင် အကြေးခွံများလည်း ရှိ၏။

ထိုကဲ့သို့သော အသွင်အပြင်သည် ဒဏ္ဍာရီလာ ကျီလင်သားရဲ နှင့် အံ့သြဖွယ်ဆင်တူနေသည်။

"ဂဂျွတ်.. ဂဂျွတ်"

ကျန်းချန်က သူ့ရှေ့မှ အကောင်လေးကို ကြည့်နေချိန်မှာပင် အကောင်လေးက သူမွေးဖွားလာသည့် ဥခွံကို တိုက်ရိုက် ဝါးစားပစ်လိုက်သည်။

မကြာခင်မှာပင် ဥခွံကို သူ့က စားသောက်၍ ပြီးစီးသွားခဲ့၏။

အကောင်လေးသည် ဥခွံကို စားပြီးနောက်တွင် ခန္ဓာကိုယ်က အလျင်အမြန် ကြီးထွားလာခဲ့သည်။

မူလက ကြောင်အရွယ်အစားသာရှိသည့် မီးလျှံသားရဲသည် ချက်ချင်းပင် အဆပေါင်းများစွာ ပိုမိုကြီးထွားလာ၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကပင် ဒုတိယအဆင့် သားရဲအချို့နဲ့ ယှဉ်နိုင်လောက်သည်။

[ဒီကောင်လေးက မွေးဖွားလာကတည်းက ဒုတိယအဆင့် သားရဲတစ်ကောင်နဲ့ ယှဉ်နိုင်တဲ့ အင်အားနဲ့ မွေးဖွားလာတာလား]

ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်လည်း အံ့အားသင့်နေခဲ့၏။

မီးလျှံသားရဲပေါက်လေးက နတ်သားရဲ၏ သွေးပါဝင်သည့် ဆဌမအဆင့် ရှေးခေတ်သားရဲ ဟု ပြောနေစရာပင် မလိုလောက်သည်အထိ တကယ်ကို အလွန်အမင်း အင်အားကြီးလွန်းနေသည် မဟုတ်ပါလား။

အခန်း(၇၆) ပြီး၏

All Chapters