← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

"ကောင်းပြီလေ.. သိပ်ကောင်းတယ်"

"ငါ့နည်းလမ်းက အမှိုက်လို့ မင်းပြောခဲ့တယ်.. မင်းမှာ အစွမ်းအစရှိရင် အမှိုက်မဟုတ်တဲ့ နည်းလမ်းကို ပြောပြပေးပါ"

ခုံးမော့ရှန်းက မဲ့ပြုံး ပြုံးလိုက်သည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်း မပြောပြနိုင်ရင် ငါ မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ဆိုပြီး အပြစ်မတင်နဲ့"

"နည်းလမ်းက အရမ်းရိုးရှင်းပါတယ်.. မိုးကြိုးဝိညာဥ် ဆေးလုံးအစား စတုတ္ထအဆင့် အလယ်အလတ်ဆေးလုံး ဖြစ်တဲ့ ခရမ်းရောင် မိုးကြိုး ဆေးလုံးကို အသုံးပြုဖို့ပဲ"

"ခရမ်းရောင် မိုးကြိုး ဆေးလုံးက အရည်အသွေး ပိုမိုမြင့်မားရုံသာမကဘူး.. ပိုမို သန့်စင်ပြီး အာနိသင်လည်း ကောင်းတယ်.. အန္တရာယ်လည်း မရှိတဲ့အပြင် အကျိုးသက်ရောက်မှုကလဲ မိုးကြိုးဝိညာဉ်ဆေးလုံးထက် ဘယ်နှစ်ဆ ပိုကောင်းလဲဆိုတာ ပြောမပြနိုင်လောက်တဲ့အထိပဲ"

"မင်းက တတိယအဆင့် သားရဲသခင်ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား.. တတိယအဆင့် သားရဲသခင် တံဆိပ်ကို ဘယ်လိုတောင် ရလာတာလဲ"

ကျန်းချန်က ခုံးမော့ရှန်းကို မထီမဲ့မြင် ကြည့်ကာ ခနဲ့လိုက်၏။

"ဟားဟား... ဒါက မင်းပြောတဲ့ နည်းလမ်းလား"

ခုံးမော့ရှန်းက ခွက်ထိုးခွက်လှန် ရယ်မောလိုက်သည်။

"ကောင်လေး.. မင်းမှာ အကြံဉာဏ်ကောင်း ရှိတယ်လို့ ငါက ထင်နေတာ.. ဘာမှလည်း မဟုတ်ပါလား"

"ငါ့ရှေ့မှာ ဟန်ရေးလာမပြနဲ့.. စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံးဖြစ်တဲ့ ခရမ်းရောင် မိုးကြိုး ဆေးလုံးကို ငါ မသိဘူးလို့ မင်းထင်နေလား"

"ဒီလဲ့ရှစ်မြို့မှာ ခရမ်းရောင် မိုးကြိုး ဆေးလုံးကို သန့်စင်နိုင်တဲ့သူ ရှိမှတော့ မိုးကြိုးဝိညာဥ်ဆေးလုံးကို ငါက အသုံးပြုပါ့မလား"

ခြံဝင်းထဲမှ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ လူများသည် ခေါင်းခါယမ်းလိုက်ကြသည်။

ခရမ်းရောင် မိုးကြိုး ဆေးလုံးက မိုးကြိုးဝိညာဉ်ဆေးလုံးထက် ပိုကောင်းမှန်း သူတို့ သိကြသည်။

သို့သော် ဤလဲ့ရှစ်မြို့တွင် ခရမ်းရောင် မိုးကြိုး ဆေးလုံးကို သန့်စင်နိုင်သည့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် မရှိပေ။

"ဒီကောင်လေး ပြောတဲ့ နည်းလမ်းက အသုံးမဝင်မှတော့ ဘာမှ မပြောတာနဲ့ အတူတူပဲ မဟုတ်လား"

ထိုအချိန်တွင် ကျန်းချန်သည် တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

"စတုတ္ထ အဆင့် ဆေးလုံးလေးပဲ မဟုတ်လား.. တစ်လုံးလောက် လုပ်လိုက်ရုံပဲလေ.. ဘာများခက်ခဲနေလို့လဲ"

ထိုစကားကြောင့် ခြံဝင်းတစ်ခုလုံး သုဿာန်တစ်စပြင် ကဲ့သို့ တိတ်ဆိတ်သွားသည်။

အားလုံးက ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

ခရမ်းရောင် မိုးကြိုး ဆေးလုံးသည် စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံး ဖြစ်၏။

ထိုကဲ့သို့ ဆေးလုံးမျိုးက သန့်စင်ချင်တိုင်း သန့်စင်၍ ရနိုင်ပါမည်လော။

ဆိုရလျှင် လဲ့ရှစ်မြို့တင်မကဘဲ ဤမဟာရှားနိုင်ငံ၏ အင်ပါယာမြို့မှာပင် ခရမ်းရောင်မိုးကြိုး ဆေးလုံးကို သန့်စင်နိုင်တဲ့ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အနည်းငယ်သာ ရှိသည်။

"ဟားဟား... ကောင်လေး.. မင်းက စတုတ္ထအဆင့် အဂ္ဂိရတ်သခင် လို့တော့ ငါ့ကိုမပြောနဲ့နော်"

ခုံးမော့ရှန်းက ခွက်ထိုးခွက်လှန် ရယ်မောလိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။

"စိတ်မကောင်းပါဘူး.. ငါက တကယ်ပဲ စတုတ္ထအဆင့် အဂ္ဂိရတ် သခင်ပဲ"

".........."

ကျန်းချန်က သူ့ကိုယ်သူ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်ကြောင်း ထုတ်ဖော်လိုက်လျှင် ခြံဝင်းထဲရှိ လူအားလုံးသည် အံ့အားသင့်သွားပြီး ပြောစရာစကားလုံးများ လုံးဝ မဲ့သွားကြသည်။

ဤကဲ့သို့ လေလုံးထွားသည့်လူကို သူတို့ ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။

အသက် ၁၅နှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးက ပထမဦးစွာ သူ့ကိုယ်သူ တတိယအဆင့် အစီအရင်သခင်ဟု ပြောခဲ့သည့်အပြင် စတုတ္ထအဆင့်သားရဲသခင်ဟုလည်း ဝန်ခံခဲ့သည်။

အခုတစ်ခါတွင်လည်း စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ဟု ပြောနေပြန်သည်။

"မင်းက ဒီလောက်တောင် ပါရမီရှိနေရင် ဘာလို့ ကောင်းကင်ကို မတက်သွားရတာလဲ"

"ညီငယ်လေး.. မင်းစကားက တကယ်ပဲ​ အမှန်တွေလား.. ငါ့ရှေ့မှာ ပေါက်ကရ စကားတွေ မပြောစမ်းနဲ့"

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ်လူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူ၏ မျက်လုံးထဲတွင် မနှစ်မြို့ဖွယ် အမူအရာများလည်း ပေါ်ထွက်လာ၏။

အသက် ၁၅နှစ် သို့မဟုတ် ၁၆နှစ် အရွယ် ကောင်လေးတစ်ယောက်က တစ်ချိန်တည်းတွင် တတိယအဆင့် အစီအရင်သခင်၊ စတုတ္ထအဆင့် သားရဲသခင်နှင့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နိုင်ပါမည်လော။

ရိုးရိုးရှင်းရှင်း တွေးကြည့်လျှင်ပင် ဖြစ်နိုင်စရာမရှိပေ။

"အမှန် ဟုတ်မဟုတ် စမ်းကြည့်ရင် သိပါလိမ့်မယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ့နံဘေးရှိ အံ့အားသင့်နေသော စွေ့ဖူကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဥက္ကဌစွေ့.. မင်းတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ခရမ်းရောင် မိုးကြိုး ဆေးလုံး သန့်စင်ဖို့အတွက် ပစ္စည်းတွေ စုဆောင်းထားတာ ရှိတယ် မဟုတ်လား"

"ဟုတ်.. ဟုတ်.. ရှိပါတယ် ဆရာကျန်း"

စွေ့ဖူက မှင်တက်နေရာက သတိဝင်လာခဲ့ပြီး အလျင်အမြန်ပြောလိုက်သည်။

ထို့နောက်တွင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ ဝင့်ကြွားသောအသံက ခြံဝင်းထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"ဒါဆိုရင် ခရမ်းရောင် မိုးကြိုး ဆေးလုံးဖော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း တစ်စုံစာ ငါ့အတွက် ယူလာပေးပါ ဥက္ကဌစွေ့"

"ငါ ဒီက လူတွေအရှေ့မှာပဲ ခရမ်းရောင် မိုးကြိုး ဆေးလုံးကို သန့်စင်ပြမယ်"

အခန်း(၈၀) ပြီး၏

All Chapters