← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

"ငါ တကယ် မထင်ထားဘူး.. သူက တကယ်ပဲ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေတယ်ဟ"

"စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တင် မကဘူး၊ သာမန် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တွေထက် အဆပေါင်းများစွာ ပိုပြီး အရည်အချင်း ရှိတယ်"

"ဒီကောင်လေးကမှ တကယ့် ပါရမီရှင် အစစ်ပဲ.. သူ့နဲ့ နှိုင်းယှဉ်ရင် အရင်က ငါတွေ့ဖူးတဲ့ ပါရမီရှင်တွေက အမှိုက်တွေပဲ"

ခြံဝင်းထဲရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဂ္ဂိရတ်သခင်များသည် မှင်တက်နေရာကနေ သက်သာလာခဲ့ပြီး ကျန်းချန်ကို ရိုသေလေးစားစွာ ကြည့်၍ ချီးကျူးလိုက်ကြသည်။

စတုတ္ထအဆင့် အဂ္ဂိရတ်သခင်၊

အသက်ငယ်ငယ်လေးနဲ့ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်။

ဤသည်က မဟာရှားနိုင်ငံ၏ နှစ်ထောင်ပေါင်းများစွာ ရှည်လျားသော သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသည့် အရာ ဖြစ်နိုင်သည်။

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ခုံးမော့ရှန်းက လက်မခံနိုင်သော အမူအရာဖြင့် ညည်းညူလိုက်သည်။

"ခရမ်းရောင် မိုးကြိုး ဆေးလုံး...မင်းက စတုတ္ထအဆင့် ခရမ်းရောင် မိုးကြိုး ဆေးလုံးကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ.. လုံးဝမဖြစ်နိုင်ဘူး"

"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး"

ကျန်းချန်က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။

"မင်းရှေ့မှာတင် မင်း မဖြစ်နိုင်ဘူးလို့ ထင်တဲ့ အရာတွေ ချက်ချင်း ဖြစ်လာလိမ့်မယ်.. ကြည့်နေ"

သူ၏စကားသံအဆုံးတွင် ကျန်းချန်သည် ဆေးဖိုထဲမှ ခရမ်းရောင် မိုးကြိုး ဆေးလုံးကို တိုက်ရိုက် ထုတ်ယူကာ မိုးကြိုးအတောင်ပံ လင်းယုန်ရှေ့ကို လျှောက်သွားလိုက်သည်။

ထို့နောက် သူက လေထဲသို့ခုန်တက်လိုက်ပြီး ခရမ်းရောင် မိုးကြိုး ဆေးလုံးကို မိုးကြိုးအတောင်ပံ လင်းယုန်၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ယင်းနောက်တွင် အစီအရင် ပစ္စည်းများကို ထုတ်ယူကာ မိုးကြိုးအတောင်ပံ လင်းယုန်၏ ပတ်ဝန်းကျင်တွင် အလျင်အမြန် ခင်းကျင်းလိုက်၏။

"ဝိညာဉ်စုဆောင်းခြင်းအစီအရင်.. အသက်ဝင်"

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်က သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ အစီအရင်က မိုးကြိုးအတောင်ပံ လင်းယုန်ကို ဝိုင်းရံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် အရှိန်အဝါများသည် အစီအရင်ဆီသို့ ရူးသွပ်စွာ စုဝေးလာကြ၏။

ခြံဝင်းထဲရှိ လူအားလုံးသည် အသက်ရှူဖို့ကိုပင် မေ့လျော့နေကြသည်။

"ဒီကောင်လေးက တကယ်ကြီး တတိယအဆင့် အစီအရင်သခင် ဖြစ်နေတာပဲ"

ကျန်းချန်က တတိယအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးနောက်တွင် ရပ်တန့်ဖို့ မရည်ရွယ်ခဲ့ပေ။

သူ၏ လက်နှစ်ဖက်က လေထုအလယ်တွင် ကန့်လန့်ဖြတ်ပုံသဏ္ဍာန် ပြောင်းလဲသွားပြီးနောက်တွင် စတုတ္ထအဆင့် သားရဲသခင်မှသာ အသုံးပြုနိုင်သည့် စစ်မှန်သည့် သားရဲကုသခြင်း နည်းစနစ်သည် လူအားလုံးရှေ့တွင် ပေါ်ထွက်လာခဲ့၏။

တစ်ခဏအတွင်းမှာပင် ခြံဝင်းထဲရှိ လူအားလုံးသည် လုံးဝ ကျောက်ရုပ် ဖြစ်သွားကြသည်။

မူလက သူတို့သည် သူတို့ရှေ့မှ ကောင်လေးကို လေလုံးထွားလွန်းသည်ဟု ထင်ခဲ့ကြ၏။

သို့သော် ယခုအခါတွင် သူတို့ကသာ ရယ်စရာကောင်းလောက်အောင် မိုက်မဲနေကြသူတွေမှန်း သိလိုက်ကြသည်။

သူတို့က အမှန်တကယ် မှင်တက်နေကြပြီး ဘာပြောရမှန်းပင် မသိကြတော့ပေ။

တတိယအဆင့် အစီအရင်သခင်၊ စတုတ္ထအဆင့်သားရဲသခင်၊စတုတ္ထအဆင့် အဂ္ဂိရတ်သခင်။

အသက် ၁၅နှစ် သို့မဟုတ် ၁၆နှစ်အရွယ် လူငယ်တစ်ယောက်က ဤကဲ့သို့ ပြိုင်ဘက်ကင်း ဘွဲ့သုံးခုကို ပိုင်ဆိုင်ထားခဲ့သည်။

[ဒီကမ္ဘာမှာ ဒီလို မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုး ရှိနိုင်ပါ့မလား]

ခုံးမော့ရှန်းက ဤအချိန်တွင် ဒဏ်ရာအချက် ၁၀၀၀၀ လောက် ရရှိသလို ခံစားလိုက်ရသည်။

သူ၏ အမူအရာက ငိုင်ကျ သွားခဲ့ပြီး သူ၏ ဦးနှောက်က ဗလာကျင်းသွားခဲ့သည်။

အသက် ၁၅နှစ် သို့မဟုတ် ၁၆နှစ် အရွယ် ကောင်လေးတစ်ယောက်က အစီအရင်ပညာရပ် ၊ သားရဲပညာရပ် နှင့် အဂ္ဂိရတ်ပညာရပ် အားလုံးတွင် ပါရမီပါနေခြင်းသည် ကမ္ဘာ့ပါရမီရှင် ၉၉ ရာခိုင်နှုန်းကိုပင် ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် စွမ်းဆောင်နိုင်လောက်၏။

"ဒါ... ဒါက လူသားတွေ စွမ်းဆောင်နိုင်တဲ့ အရာမှ ဟုတ်ရဲလား"

"ဒီကမ္ဘာမှာ ဒီလို မွန်းစတားဆန်လွန်းတဲ့ ပါရမီရှင် ရှိနေမယ်လို့ မထင်ထားမိဘူး"

ကျန်းချန်၏ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်ကို ကြည့်ပြီး အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူလို ပြင်းထန်သည့် မုန်တိုင်းနှင့် လှိုင်းလုံးများ ကြားတွင် အံတုနေကျ သူပင် အံ့အားသင့်မှုကနေ သက်သာလာရန် အချိန်အတော် ယူခဲ့ရသည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ အနေဖြင့် သူ့ တစ်သက်တာတွင် ပါရမီရှင်ပေါင်း များစွာကို တွေ့ဖူး၏။

ထိုအထဲတွင် မဟာရှားနိုင်ငံတော်၏ ဒိတ်ဒိတ်ကြဲ ပါရမီရှင်များလည်း ပါဝင်သည်။

သို့သော် ထိုပါရမီရှင်များထဲတွင် သူ့ရှေ့မှ လူငယ်လေးလောက် သူ့ကို အံ့သြအောင် လုပ်နိုင်သူ တစ်ယောက်မှမရှိပေ။

ဤကဲ့သို့ ပညာရပ်သုံးရပ်တွင် မွန်းစတားဆန်သောလူမျိုးသည် နှစ်ထောင်ပေါင်း များစွာမှာပင် တစ်ကြိမ် ပေါ်ပေါက်မည် မဟုတ်ချေ။

ဒါမျိုး အရင်ကလည်း မရှိခဲ့ဖူးသလို နောင်လည်း ရှိလာမည် မဟုတ်ပေ။

"အံ့သြစရာ ကောင်းလိုက်တာ.. တကယ် အံ့သြစရာပဲ"

အခန်း(၈၂) ပြီး၏

All Chapters