← Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

ဝူကျန့်နန်က ပိုင်ကျိရွှယ်ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ နှင်ထုတ်ပြီးနောက်တွင် ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံး နှင့် နဂါးသွေးဂျင်ဆင်းကို ကျန်းချန်ထံသို့ အမြန်ဆုံး ယူလာခဲ့ရန် သူ့လူများကို အလျင်အမြန် စေခိုင်းခဲ့သည်။

ကျန်းချန်က ဆေးဖက်ဝင် ပစ္စည်းနှစ်ခုကို ရရှိပြီးနောက်တွင် ဝူကျန့်နန်ကို နှုတ်ဆက်ကာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ထွက်ခွာလာခဲ့သည်။

ဒဏ္ဍာရီလာ ရွှယ်ယန် ဆေးလုံး၏ ပစ္စည်းများကို စုဆောင်းပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ယန် ဆေးလုံးကို စတင်သန့်စင်ရန်အတွက် လင်ယွင်ကျောင်းတော်သို့ တိုက်ရိုက် ပြန်သွားခဲ့သည်။

ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံးသည် အလွန် သန့်စင်ရန်ခက်ခဲသော ပဉ္စမအဆင့် ဆေးလုံး ဖြစ်သည်။

ထို့အပြင် သန့်စင်ရန်အတွက် မီးလျှံဖီးနစ်၏ အဆီအနှစ်၊ ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံး နှင့် နဂါးသွေးဂျင်ဆင်း တို့လို ရှားပါးသော ပစ္စည်းများ လိုအပ်၏။

ထိုအတွက် ရွှယ်ယန်ဆေးလုံးကို တစ်ကြိမ်ထဲသာ သန့်စင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် စနစ်၏ အဆတစ်ရာ အောင်မြင်မှုနှုန်း ရှိလျှင်ပင် ကျန်းချန်သည် မလွဲမသွေ အားစိုက်ထုတ်ရပေမည်။

ကျန်းချန်သည် ဆေးမီးဖိုကို အပူပေးခြင်းမှစ၍ အဆင့်တိုင်းတွင် အလွန်သတိထားခဲ့၏။

ဤသို့ဖြင့် နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။

ကျန်းချန်က နောက်ဆုံးပါဝင်ပစ္စည်း ဖြစ်သည့် မီးလျှံဖီးနစ်၏ သွေးကို မီးဖိုထဲသို့ ထည့်လိုက်သောအခါတွင် တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်သွားခဲ့၏။

မီးလျှံဖီးနစ်၏ အဆီအနှစ် နှင့် သွေးပမာဏက ထင်မှတ်ထားသည်ထက် အနည်းငယ် ပိုမို အားပြင်းနေသောကြောင့် ဆေးမီးဖိုရှိ ဆေးရည်သည် အလွန်ပြင်းထန်စွာ ပွက်ပွက်ဆူလာခဲ့သည်။

ထိုမြင်ကွင်းကြောင့် ကျန်းချန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက လုံးဝ တုံ့ဆိုင်းမနေဘဲ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရေခဲဝိညာဉ်မြက်ကို ပစ်ထည့်လိုက်ကာ ဆေးမီးဖိုထဲကနေ မီးလျှံဖီးနစ်၏ သွေးတစ်စက်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

တစ်ခဏအတွင်း မီးလျှံဖီးနစ်၏ သွေးစက်ကို ကိုင်ထားသော ကျန်းချန်၏ လက်ဖဝါးတွင် ရုတ်တရက် မီးခိုးများ ထွက်ပေါ်လာပြီး မီးလျှံဖီးနစ်၏ သွေးစွမ်းအင်ကြောင့် ပြတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။

"ဒင်.. သင်က ဒဏ်ရာရသွားပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါတယ်.. မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က ဒဏ်ရာရသွားပြီး အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ရဲ့ ပထမအဆင့်ကို အောင်မြင်စွာ လေ့ကျင့်ပြီးသွားပါပြီ"

ကျန်းချန်က သူ့စိတ်ထဲတွင် ပေါ်လာသော စနစ်၏ သတိပေးချက်များကို ဂရုမစိုက်အားခဲ့ပေ။

သူ့မျက်လုံးများသည် သူ့ရှေ့ရှိ ဆေးမီးဖိုကိုသာ စိုက်ကြည့်နေဆဲဖြစ်ပြီး ဆေးမီးဖို တဖြည်းဖြည်း ငြိမ်သက်သွားမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် မီးလျှံဖီးနစ်၏ အဆီအနှစ် နှင့် သွေးသည် ဆေးလုံးမီးဖိုရှိ ဆေးရည်နှင့် အဆုံးသတ်၌ ပေါင်းစပ်သွားခဲ့သည်။

ကျန်းချန်က ရွှယ်ယန်ဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီ ဖြစ်၏။

ဒဏ္ဍာရီလာ ရွှယ်ယန် ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် အစောပိုင်းက ဖြစ်ရပ်များကို ဆင်ခြင်တွေးတောခဲ့သည်။

သူက ဆေးမီးဖိုမှ မီးလျှံဖီးနစ်၏ အဆီအနှစ်နှင့် သွေးတစ်စက်ကို အတင်းအကျပ် ယူငင်လိုက်ရာမှ သူ့လက်ဖဝါးကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ဟု ခေါ်သော နည်းစနစ်တစ်ခုကို မမျှော်လင့်ဘဲ နားလည်ခဲ့သည်။

ဤ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်သည် အလွန်အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။

မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွင် အဆင့်ကိုးဆင့် ရှိ၏။

အဆင့်တစ်ဆင့်စီတိုင်းတွင် သူ၏ ခန္ဓာကိုယ်က ပိုမို အားကောင်းလာပြီး သူ၏ ခုခံအားနှင့် ပြန်လည်ကောင်းမွန်လာမှု နှစ်ခုစလုံးသည်လည်း ဆယ်ဆတိုးလာမည် ဖြစ်သည်။

ဥပမာအားဖြင့် သူသည် လက်ရှိတွင် မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်၏ ပထမအဆင့်တွင် ရှိနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ချီကာကွယ်ရေး နယ်ပယ်မှ ကျင့်ကြံသူများကို ရင်ဆိုင်ရန် လုံလောက်၏။

သူသာ ဒုတိယအဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့လျှင် သူက ခန္ဓာကိုယ်သီးသန့် အားကိုးခြင်းဖြင့် မူလဘူတ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများကို ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

ဤ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်သည် သာမန်လူများအတွက် လေ့ကျင့်ရန် အလွန်ခက်ခဲသော ရှေးခေတ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း နည်းလမ်းတစ်ခု ဖြစ်၏။

သို့သော် စနစ်တစ်ခုလုံး အားကိုးရှိနေသည့် ကျန်းချန်အတွက်မူ လုံးဝမခက်ခဲပေ။

"မိုက်တယ်ဟ.. ဒီလို အားကောင်းတဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ဒုတိယအဆင့်အထိ အရင် လေ့ကျင့်ရမယ်"

ထို့နောက်တွင် ကျန်းချန်သည် ချက်ချင်းပင် သူ့ပခုံးကို သူ့ဘာသာသူ လက်သီးဖြင့် ထိုးလိုက်သည်။

"ဒင်.. သင်က ထိုးနှက်ခံရပြီး အတွေ့အကြုံ ရမှတ်၁၀၀ကို အဆတစ်ရာ ရရှိပါတယ်"

သေချာသည်မှာ သူက ရိုက်နှက်ခံရသည် ဖြစ်စေ၊ ဒဏ်ရာရရှိသွားသည်ဖြစ်စေ၊ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို အတွေ့အကြုံရမှတ် အဆ၁၀၀ ရရှိနိုင်မည်ဖြစ်သည်။

ကျန်းချန်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ့ကိုယ်သူ အလျင်အမြန် လက်သီးဖြင့် ထိုးလိုက်သည်။

အခန်း(၈၈) ပြီး၏

All Chapters