အခန်း (၈၉)
Vol. 6 Ch. 89
ဒင်.. သင်က ထိုးနှက်ခံရပြီး အတွေ့အကြုံ ရမှတ်၁၀၀ကို အဆတစ်ရာ ရရှိပါတယ်"
ဒင်.. သင်က ထိုးနှက်ခံရပြီး အတွေ့အကြုံ ရမှတ်၁၀၀ကို အဆတစ်ရာ ရရှိပါတယ်"
.........
"ဒင်.. သင့်ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က ဒုတိယအဆင့်ကို ရောက်ရှိသွားပါပြီ"
ကျန်းချန်က သူ့ကိုယ်သူ ရမ်းသမ်း ထိုးနှက်ပြီးနောက်တွင် မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်သည် ဒုတိယအဆင့်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
ကျန်းချန်သည် ယခင်ကထက် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အဆပေါင်းများစွာ ပိုမို အားကောင်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။
သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမျိုးနှင့်ဆိုလျှင် သူက နေရာမှာပင် ရပ်နေပြီး ချီကာကွယ်ရေး နယ်ပယ်အဆင့်မှ ကျင့်ကြံသူများကို တိုက်ခိုက်ခိုင်းလျှင်ပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
မပျက်စီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ယန် ဆေးလုံးကို ယူကာ မုန့်ချင်းရွှယ်၏ အခန်းသို့ သွားရောက်ခဲ့သည်။
ရွှယ်ယန် ဆေးလုံးကို မုန့်ချင်းရွှယ်ကို တိုက်ကျွေးပြီးနောက်တွင် ကျန်းချန်သည် ဘေးတွင်ရပ်ကာ မုန့်ချင်းရွှယ်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စောင့်ကြည့်နေခဲ့၏။
ဆေးလုံးက ထိုက်ယင် အထူးခန္ဓာကိုယ်၏ အခြေအနေအား ပြောင်းလဲစေနိုင်သည်ကို တွေ့သောအခါမှသာ သူက စိတ်သက်သာရာ ရသွားခဲ့သည်။
"ကျန်းချန်.. ငါ့ရှေ့ကို အမြန်ထွက်လာခဲ့စမ်း"
ထိုအချိန်တွင် ဒေါသတကြီး အော်ငေါက်သံသည် ခြံပြင်ကနေ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခဏမျှ အံ့အားသင့်နေပြီးမှ ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်လာခဲ့၏။
ခြံထဲကနေ ထွက်လာသောအခါတွင် ကျန်းချန်သည် ခြံတံခါးဝတွင် ဒေါသတကြီး ရပ်နေသည့် မုန့်သုန်ရှင်းကို တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်တွင် သူ့အကြောင်း တီးတိုး ပြောနေကြသည့် ပရိသတ်အများအပြားလည်း ရှိနေခဲ့၏။
"မုန့်သုန်ရှင်းက ဟိုတလောကပဲ ကျန်းချန်ရဲ့ ထိုးနှက်တာကို ခံခဲ့ရပြီးပြီ.. ဒါတောင် ကျန်းချန်ကို ဒုက္ခပေးဖို့ လာရဲသေးတယ်.. ဒါက အရိုက်ခံဖို့ တောင်းဆိုနေတာပဲ မဟုတ်လား"
"သေချာတော့ ပြောလို့မရဘူး.. မုန့်သုန်ရှင်းက နောက်ဆုံးအကြိမ်က ကျန်းချန်ရဲ့ ထိုးနှက်ခြင်းကို ခံရပြီးတဲ့နောက်မှာ ကောင်းချီးတစ်ခုကို ရသွားပြီး ချီကာကွယ်ရေးအဆင့်ကို တစ်ဟုန်ထိုး အဆင့်တက်သွားခဲ့တယ်လို့ ကြားတယ်"
"ဟုတ်လား...အဲဒီလိုဆိုရင် ပွဲကြီးပွဲကောင်း ကြည့်ရှု့ရတော့မှာပေါ့"
ကျန်းချန်သည် ခြံတံခါးတွင်ရှိသော မုန့်သုန်ရှင်းကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ငါ့ခြံဝင်း ရှေ့မှာ ဘယ်သူအော်နေတာလဲလို့.. မင်းဖြစ်နေတာကိုး"
"ကျန်းချန်.. မင်း ငါ့အမကို ဘာလုပ်လိုက်တာလဲ"
မုန့်သုန်ရှင်းက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်၍ ပြောလိုက်သည်။
သူ၏ မျက်လုံးများက မီးတောက်လုမတတ် ဖြစ်နေခဲ့၏။
တလောက သူ ကျန်းချန်ကို ဒုက္ခပေးဖို့ သွားခဲ့သော်လည်း ကျန်းချန်က တစ်ချက်ထိုးရုံဖြင့် သူအတွင်းဒဏ်ရာ ရသွားခဲ့သည်။
နောက်ပိုင်းတွင် သူ့အမ မုန့်ချင်းရွှယ်က သူ့ကို ဒုတိယအဆင့် ဆေးလုံးတစ်လုံး ဝယ်ပေးခဲ့၏။
ထိုအခါ မုန့်သုန်ရှင်းသည် သူ့အမ ဝယ်ပေးထားသည့် ဆေးလုံးကို သောက်၍ တံခါးပိတ် ကျင့်ကြံလိုက်ရာ ဒဏ်ရာများ သက်သာသွားခဲ့သည့်အပြင် ချီကာကွယ်ရေး နယ်ပယ်အဆင့်ကိုပါ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။
ချီကာကွယ်ရေး အဆင့်သို့ ဝင်ရောက်ပြီးနောက်တွင် မုန့်သုန်ရှင်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့၏။
ထိုအခါ သူ့အစ်မ မုန့်ချင်းရွှယ်က ကျန်းချန်၏ အစေခံဖြစ်လာကြောင်း သိရှိခဲ့ရသည်။
ယင်းက မုန့်သုန်ရှင်းကို ဒေါသအိုး ပေါက်ကွဲစေခဲ့၏။
ထိုကြောင့် မပြောမဆိုဖြင့် ကျန်းချန်ကို သတ်ပစ်ရန် ဒေါသတကြီး ရောက်ချလာခြင်းပင်။
"မင်းအမက အခု ငါ့အစေခံပဲ.. ငါ ကြိုက်သလို လုပ်လို့ရတယ်.. မင်းနဲ့ဘာဆိုင်လို့လဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"မင်းက ငါ့အစေခံရဲ့ မောင်လေး ဖြစ်နေတော့ မင်းကို အရှက်မခွဲချင်တော့ဘူး.. ငါ့ရှေ့ကနေ ထွက်သွားလိုက်တော့"
"ကျန်းချန်.. ငါ မင်းနဲ့ တိုက်ချင်တယ်"
မုန့်သုန်ရှင်းက ဒေါသတကြီး ကြုံးဝါးလိုက်၏။
သူက ကျန်းချန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ရှုံးရင် ငါ့အမကို ချက်ချင်း လွှတ်ပေးရမယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. ပြန်သွားပြီး ဆယ်နှစ်လောက် လေ့ကျင့်လိုက်ဦး"
"ကျန်းချန်.. မင်း သိပ်မာန်တက်မနေနဲ့"
"နောက်ဆုံးအကြိမ်က မင်းရဲ့ ထိုးနှက်မှုကြောင့် အခု ငါချီကာကွယ်ရေးအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
မုန့်သုန်ရှင်းက ကျန်းချန်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ယောက်ျားဆိုရင် ငါနဲ့ သတ္တိရှိရှိ လာရင်ဆိုင်လိုက်"
"ငါ မင်းနဲ့ အချိန်မဖြုန်းချင်ဘူး"
ကျန်းချန်က ပျက်ရယ်ပြုကာ တုံ့ပြန်လိုက်သည်။
"မင်းရဲ့ အမတောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ မင်းမသိဘူးလား"
"ဟက်.. ရယ်စရာကောင်းလိုက်တာ.. မင်းက ငါ့အမရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မင်းက ငါ့အမကို လှည့်စားဖို့ လှည့်ကွက် တစ်ခုခုကို သုံးခဲ့တာပဲ ဖြစ်ရမယ်"
မုန့်သုန်ရှင်းက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ကျန်းချန်.. အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့.. ချက်ချင်းပဲ စင်မြင့်ထက်မှာ ငါနဲ့ လာယှဉ်ပြိုင်စမ်းပါ"
အခန်း(၈၉) ပြီး၏