← Chapters

ခေါင်းဆောင်နှစ်ယောက်

Vol. 124 Ch. 1847

ခေါင်းဆောင်နှစ်ယောက်

Vol. 124 Ch. 1847

နဂါးအသူရာချောက်နက်မြို့တွင်...။

အဲ့ဒါက ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လမ်း၏ နှစ်ခြမ်းစလုံးက တောက်ပလင်းထိန်နေဆဲ ဖြစ်၏။

ကျင့်ကြံသူများစွာက စုဝေး၍ ဆွေးနွေးပြောဆိုနေကြဆဲဖြစ်ပြီး လမ်း၏ အခြားတစ်ဘက်ကနေ ကြီးမားသောရေလှိုင်းလုံးတစ်ခုကဲ့သို့ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာကြ၏။

ရှုပ်ယှက်ခတ်နေသော ခြေသံများက နဂါးအသူရာချောက်နက်မြို့မှာ အနားယူနေကြသည့် ကျင့်ကြံသူများစွာကို နိုးထလာစေ၏။

ကျင့်ကြံသူအချို့က သူတို့၏ အိမ်များထဲကနေ လျှောက်လှမ်းထွက်ပြီး လှမ်းကြည့်လိုက်ကြ၏။

ထို့နောက်ချက်ချင်း... လူတိုင်းသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

လူအုပ်ကြီး၏ ရှေ့မှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရှိလေသည်။ သူကကြော့ရှင်းသန့်ပြန့်သော သွင်ပြင်နှင့် နက်ရှိုင်းသောမျက်လုံးများရှိပြီး တည်ငြိမ်သောခြေလှမ်းများနှင့်အတူ မြို့ထဲကနေ လျှောက်လှမ်းထွက်လာ၏။

အစိမ်းရောင်ဝတ်အမျိုးသားသည် တည်ငြိမ်အေးချမ်းနေသည့်ပုံရှိပြီး စာပေသမားတစ်ယောက်၏ အော်ရာကို ဖြာထုတ်ပေးကာ မနှေးမမြန်သောခြေလှမ်းဖြင့် လျှော​က်လှမ်းလာ၏။

သူ့နောက်မှာရှိသော ကျင့်ကြံသူများစွာကလည်း အလောတကြီးမရှိဘဲ လိုက်ပါလာကြ၏။

“ထူးဆန်းတယ်... ညနက်ပိုင်းကြီးကို ဘာလို့အဲ့လောက်ထိ လူစည်နေကြတာလဲ”

“အဲ့ဒါညစျေးက ပြန်လာတဲ့လူအုပ်စုလို့ ငါထင်တယ်”

“အရင်တုန်းကဆို အဲ့ဒီလူတွေက လေလံပွဲပြီးတာနဲ့ လူစုခွဲပြီး သူတို့ရဲ့အိမ်တွေကိုပြန်သွားကြတာ... အခု သူတို့က ဘာလုပ်နေကြတာလဲ... အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူကရော ဘယ်သူလဲ”

“သူ့နာမည်က ဆူဇီမိုဖြစ်လိမ့်မယ်လို့ငါထင်တယ်... သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ အမဲလိုက်ခံနေရတဲ့သူပဲ”

“တာအိုရောင်းရင်း... ဘာတွေဖြစ်နေတာလဲ”

နောက်ဆုံးမှာတော့... တစ်စုံတစ်ယောက်သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ လူအုပ်ကြီးထဲမှ သူမြင်ဖူးသည့်လူတစ်ယောက်ကိုတွေ့သောအခါ ထွက်၍မေးမြန်းလိုက်လေသည်။

သိပ်မကြာခင် ထိုလူသည် ညစျေးမှာဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိသွားပြီး စူးစမ်းလိုစိတ်ဖြစ်ပေါ်လာလေသည်။ သူကလည်း လူအုပ်ကြီးထဲကိုဝင်ရောပြီး ပြပွဲကိုစောင့်ကြည့်ဖို့အတွက် မြိုရိုးထက်ကို လိုက်ပါဖို့ပြင်ဆင်လိုက်၏။

လူအုပ်ကြီးက ပို၍များပြားလာပြီး ပို၍ပင် ရုတ််ရုတ်သဲသဲဖြစ်လာခဲ့၏။

သိပ်မကြာခင် နဂါးအသူရာချောက်နက်မြို့တော်မှာ ကျင့်ကြံသူထက်ဝက်ကျော်က ပါဝင်လာကြလေသည်။

“ဟီးဟီး...”

နဂါးအသူရာချောက်နက်မြို့တော်၏ မြို့စောင့်တပ်သားတစ်ယောက်က ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး ရုတ်တရက်လှောင်ရယ်လိုက်၏။

“အဲ့ဒီလူကိုကြည့်စမ်း... သူက တည်ငြိမ်ချင်ယောင်ဟန်ဆောင်နေသေးတယ်... သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေတာလည်း ဖြစ်ချင်ဖြစ်မှာ”

“တကယ်တော့... ဒီလောက်ထိကြီးကြီးမားမား လူစုလူဝေးဖြစ်နေစရာမလိုပါဘူး”

နောက်ထပ်မြို့စောင့်တပ်သားတစ်ယောက်က အထင်သေးစွာဖြင့် သူ၏ နှုတ်ခမ်းကို စူလိုက်လေသည်။

“သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ပဲ... သူက မြို့ထဲကနေ မြို့ပြင်ကိုရောက်တာနဲ့ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပဲ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ အပိုင်းပိုင်းခုတ်ထစ်ဆုတ်ဖြဲတာ ခံရလိမ့်မယ်လို့ ငါထင်တယ်”

“သူက အဲ့ဒီထက် နဲနဲပိုကြာပါစေလို့ မျှော်လင့်ရတာပဲ... အဲ့ဒါမှ ငါတို့က ပြပွဲကို ပိုပြီးကြာကြာစောင့်ကြည့်နိုင်မှာ”

နောက်ထပ်လူတစ်ယောက်က ရယ်မောလိုက်၏။

“ဒီတစ်ခေါက်... နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ဘယ်သူဦးဆောင်လာတာလဲ”

“အဲ့ဒါက တတိယခေါင်းဆောင်နဲ့ စတုတ္ထခေါင်းဆောင်ဖြစ်တယ်လို့ ငါကြားမိတယ်”

“ကျွတ်...ကျွတ်.... အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် ခေါင်းဆောင်နှစ်ယောက်ကိုတောင် စေလွှတ်လိုက်တာလား... နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ဖို့ကြိုးစားနေတာထင်တယ်... အဲ့ဒီခေါင်းဆောင်နှစ်ယောက်က တကယ့်ကိုရက်စက်ကြမ်းတမ်းတဲ့လူတွေပဲ”

သူတို့ဆွေးနွေးပြောဆိုနေစဥ် ဆူဇီမိုသည် မြို့ဂိတ်တံခါးနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

မြို့ရိုး၏ အထက်တွင် ခေါင်းဆောင်တပ်မှူးလျှို ၊ ယန်ဖေးနှင့် နဂါးအသူရာချောက်နက်မြို့တော်မှ အခြားသောနာမည်ဂုဏ်သတင်းရှိသည့် ပညာရှင်များက ခြေတစ်လှမ်းစော၍ ရောက်ရှိနေကြပြီဖြစ်၏။

ခေါင်းဆောင်တပ်မှူးလျှိုက အထက်မှာမတ်တတ်ရပ်ပြီး ဆူဇီမိုကိုငုံ့ကြည့်လိုက်၏။

ဆူဇီမိုကလည်း ပြန်မော့ကြည့်လိုက်၏။

သူတို့၏ အကြည့်များက တင်းမာခက်ထန်စွာဖြင့် တွေ့ဆုံသွားလေသည်။

ဆူဇီမိုက လုံးဝရှောင်လွှဲ့ခြင်းမရှိပေ။

ခေါင်းဆောင်တပ်မှူးလျှို၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွား​ပြီး သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခု ပေါ်ထွက်လာ၏။ သူက သူ၏ လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မြို့ဂိတ်တံခါးကို ဖွင့်လိုက်”

ကျွိ....

စူးစူးရှရှ မြည်သံတစ်သံနှင့်အတူ တွဲဖက်၍ မြို့ဂိတ်တံခါးက ဖြည်းဖြည်းချင်းပွင့်လာခဲ့၏။

ဧရာမမြို့ဂိတ်တံခါးသည် ဆူဇီမိုလှမ်းဝင်လာမည်ကို စောင့်ဆိုင်းနေသည့် ရှေးဟောင်းတောကောင်တစ်ကောင်၏ ပါးစပ်ပေါက်ကဲ့သို့ဖြစ်နေ၏။

မြို့ဂိတ်တံခါး ပွင့်သွားသည့်ခဏမှာပင် ကျင့်ကြံသူများစွာက သွေးရနံ့ကိုရရှိလိုက်၏။

မြို့ပြင်ဘက်တွင် မှောင်မည်း၍ တိတ်ဆိတ်ငြိမ်သက်နေ၏။

အဲ့ဒါက ပို၍တိတ်ဆိတ်လေလေ ပို၍ ထူးခြားလေလေဖြစ်၏။

ဆူဇီမိုနောက်မှာရှိသော ကျင့်ကြံသူများပင်လျှင် နက်မှောင်နေသော တိမ်စိုင်တစ်ခုက မြို့တော်ကိုအုပ်မိုးလာပြီး ဧရာမစစ်တပ်တစ်တပ် ချဥ်းကပ်လာနေသည့်အလား ဖိအားတစ်ခုကိုခံစားလိုက်ရ၏။

မြို့ဂိတ်တံခါး၏ အပြင်ဘက်ရှိ အမှောင်ထုကိုကြည့်ပြီး ဆူဇီမိုကပြုံး၍ မြို့ဂိတ်တံခါးဆီသို့ လျှောက်လှမ်းလာလေသည်။

မြို့ဂိတ်တံခါး၏ တစ်ဘက်တစ်ချက်စီတွင် စောင့်ကြပ်နေကြသော နဂါးအသူရာချောက်နက်မြို့စောင့်တပ်သားအချို့ရှိလေသည်။

မြို့စောင့်တပ်သားအချို့ကလည်း ဤကိစ္စ၏ အကြောင်းအရင်းကို သိရှိသွားကြပြီဖြစ်၏။

သူတို့က လက်နှစ်ဖက်ပိုက်၍ ဆူဇီမိုတစ်လှမ်းချင်းလျှောက်လှမ်းလာသည်ကိုကြည့်နေကြ၏။ သူတို့ထဲမှအချို့က သူတို့၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အချို့က သူတို့၏ ခေါင်းများကို ခါယမ်းကာ အချို့က လှောင်ရယ်လိုက်ကြ၏။

“လူတွေအားလုံးထဲမှာမှ မင်းက ခေါင်းဆောင်တပ်မှူးလျှိုကိုမှ သွားပြီး ဆန့်ကျင်လိုက်တာကိုး... မင်းက အသက်ရှင်နေရတာငြီးငွေ့နေတာပဲဖြစ်မယ်”

“အဲ့ဒါလည်းကောင်းတာပဲ... ငါတို့က ဒီနေရာမှာရပ်နေရတာ.. ပျင်းစရာကောင်းနေပြီ... အခု ပွဲကြီးပွဲကောင်းတစ်ပွဲရောက်လာပြီဆိုတော့... ငါတို့က အဲ့ဒါကို စောင့်ကြည့်လို့ရပြီ”

မြို့စောင့်တပ်သားအချို့က အော်ဟစ်ရယ်မောလိုက်၏။

“မင်းတို့တွေက... ပြပွဲကိုစောင့်ကြည့်ချင်တာလား”

မြို့စောင့်တပ်သားများ၏ ရယ်သံများကြားမှာ ဆူဇီမိုက မြို့ဂိတ်တံခါးကို ဖြတ်ကျော်လိုက်၏။

သူက မြို့စောင့်တပ်သားများဘေးကနေ ဖြတ်လာရင်း သူ့ဘာသာသူပြောနေသည့်အလား မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ရတယ်လေ... ဒီနေ့ မင်းတို့တွေကို ပွဲကောင်းတစ်ပွဲ ငါပြပေးမယ်”

သူက ထိုသို့ပြောလိုက်သည့်အချိန်မှာ ဆူဇီမိုက နဂါးအသူရာချောက်နက်မြို့တော်ထဲကနေ ထွက်ခွာသွားခဲ့ပြီဖြစ်၏။

“သူက... ငါတို့ကိုပြောလိုက်တာလား”

“ငါလည်းမသိဘူး... သူက အကြောက်လွန်ပြီး ကယောင်ကတမ်းတွေပြောနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့”

မြို့စောင့်တပ်သားအချို့က တွေဝေရှုပ်ထွေးသွားသော်လည်း အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိပေ။ သူတို့က ရယ်မော၍ မြို့ဂိတ်တံခါးကို ဖြည်းဖြည်းချင်းပြန်ပိတ်ပြီး မြို့ပြင်ဘက်မှ ဆူဇီမိုကိုကြည့်နေကြ၏။

သူ့နောက်ကနေလိုက်ပါလာသော ကျင့်ကြံသူများစွာသည် မြို့ရိုးပေါ်သို့ အလောတကြီးပြေးတက်သွားကြ၏။

ကံကောင်းစွာဖြင့် နဂါးအသူရာချောက်နက်မြို့တော်၏ မြို့ရိုးက အတော်လေးမြင့်မားပြီး ခမ်းနားထည်ဝါလေသည်။ မြို့ရိုးများသည် တောင်ကြောရိုးတစ်ခုကဲ့သို့ ဆန့်တန်းနေပြီး ကျင့်ကြံသူများစွာက မြို့ရိုးပေါ်သို့ရောက်ရှိလာသောအခါ လူအရမ်းကျပ်သည်ဟု မခံစားရပေ။

လူတိုင်းက ငုံ့ကြည့်လိုက်ကြ၏။

ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်ကနေထွက်ခွာပြီး သိပ်မကြာခင်... သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

“ဝူး.....”

ရုတ်တရက်ဆိုသလို... ။

ကြောက်စရာကောင်းသော ဝံပုလွေအော်သံက ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

အဲ့ဒီနောက်... နောက်ထပ်ဝံပုလွေအော်သံများက ထွက်ပေါ်လာပြီး မြေပြင်က လှုပ်ခါသွားလေသည်။

အဲ့ဒါက ညအချိန်ဖြစ်သော်လည်း ပေတစ်ရာမြင့်မားသော မြို့ရိုးထက်ကနေ ကျင့်ကြံသူများသည် အဝေးမှာရှိသော တထောင်းထောင်းထနေသည့် ဖုန်လုံးများကို တွေ့မြင်လိုက်ရဆဲ ဖြစ်၏။

ကျင့်ကြံသူများစွာက တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်လိုက်ကြ၏။

ကြည့်ရသည်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် အနည်းဆုံး လူသုံးလေးထောင်ထက်မနည်း ရောက်ရှိလာသည့်ပုံပင်။

သိပ်မကြာခင် ရှေ့တည့်တည့်အမှောင်ထုထဲမှာ စိမ်းဖန့်ဖန့်အလင်းရောင်များက သိပ်သည်းစွာဖြင့် ထွက်ပေါ်လာ၏။

အဲ့ဒါတွေက ကြေးခွံနက်မိစ္ဆာဝံပုလွေများ၏ မျက်လုံးများဖြစ်လေသည်။

ကြောက်မက်ဖွယ်ရာကောင်းသော အစိမ်းရောင်ဝံပုလွေမျက်လုံးများအပြီး၌ ဧရာမကြေးခွံနက်မိစ္ဆာဝံပုလွေများစွာက ကြမ်းကြုတ်ခက်ထန်သောအော်ရာများနှင့်အတူ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာကြ၏။

သူတို့က ဆူဇီမို၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့ကာ ဧရာမစက်ဝန်းခြမ်းတစ်ခုသဏ္ဌာန် နေရာယူလိုက်ကြလေသည်။

“ဒါက...”

“လူတွေက အရမ်းကိုများတာပဲ... သူတို့က အနဲဆုံး အယောက်တစ်သောင်းလောက်ရှိလိမ့်မယ်”

မြို့ရိုးထက်ကနေ အံ့အားတသင့် ရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

ယွဲ့ဟောက်နှင့် အခြားသူများသည် သူတို့၏ လက်သီးများကို တင်းကျပ်စွာဆုပ်ထားပြီး သူတို့၏ လက်ဖဝါးများက ချွေးများဖြင့်စိုကာ စိုးရိမ်ထိတ်လန့်သည့် အမူအရာများရှိနေ၏။

လက်ရှိအခြေအနေသည် သူတို့တွေးထင်ထားသည်ထက် များစွာပို၍အန္တရာယ်များနေ၏။

စစ်သည်တစ်သောင်း၏ တိုက်ခိုက်ရည်ခွန်အားသည် လူအယောက်တစ်သောင်းဆိုတာထက် ပိုလေသည်။

အကြောင်းမှာ နတ်ဆိုးဝံပုလွေတပ်သား တစ်သောင်း၏ အောက်ဘက်တွင် ကြမ်းကြုတ်ခက်ထန်သော ကြေးခွံနက်မိစ္ဆာဝံပုလွေတစ်သောင်းကလည်းရှိနေသောကြောင့်ဖြစ်၏။

ထိုကြေးခွံနက်မိစ္ဆာဝံပုလွေများကလည်း အလွန်တရာကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ထုတ်ဖော်ပေးနိုင်လေသည်။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ရှေ့သို့ပြေးဝင်လာသည်နှင့် အဆင့်-၅ မဟူရာအင်မော်တယ်များကို မပြောနှင့် အဆင့်-၆ နှင့် အဆင့်-၇ မဟူရာအင်မော်တယ်များပင်လျှင် အသားပျော့ဖတ်ဖြစ်သည်အထိ ကြိတ်ချေခံရပေလိမ့်မည်။

ရှုဝမ်က မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုးပြောလိုက်၏။

“အဲ့ဒီမှာ... ဘာအခွင့်အရေးမှ မရှိတော့ဘူး... ဒီတစ်ခေါက်တော့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ တတိယခေါင်းဆောင်နဲ့ စတုတ္ထခေါင်းဆောင်က ကိုယ်တိုင်ရောက်လာတာပဲ”

“သူတို့နှစ်ယောက်ထဲကတစ်ယောက်က ခန္ဓာမီးဆေးခြင်းမှာ အထူးပြုပြီး ကြမ်းကြုတ်တောကောင်တွေနဲ့တောင်မှ လုံးထွေးသတ်ပုတ်နိုင်တယ်... အခြားတစ်ယောက်ကတော့ ခုခံဖို့အတွက် မဖြစ်နိုင်တဲ့ မကောင်းဆိုးဝါးဆန်ဆန် ဆေဘာနည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်”

ရှုဝမ်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့က လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ပြီး လူနှစ်ယောက်က လျှောက်လှမ်းထွက်လာ၏။

ဘယ်ဘက်မှာရှိသောလူက အရမ်အမောင်းမြင့်မား၍ သန်မာလေသည်။ သူက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ထုတ်ဖော်ထားသော သူ၏ လက်မောင်းများက သာမန်လူများ၏ ပေါင်လုံးများထက် ပို၍တုတ်ခိုင်လေသည်။ သူက သိပ်သည်းပြင်းထန်သောခွန်အားနှင့်အတူ ဧရာမရွှေရောင်တူနှစ်လက်ကို ကိုင်ဆွဲထား၏။

ထိုလူ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ့မှာကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုရှိလေသည်။ အဲ့ဒါက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်ဖြစ်​လေသည်။

ညာဘက်မှာရှိသောလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ခါးပေါ်မှာ ဆေဘာရှည်တစ်လက်ကို ချိတ်ဆွဲထား၏။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က ဓားသွားကဲ့သို့ ထက်ရှနေ၏။

သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ စတုတ္ထခေါင်းဆောင်ဖြစ်၏။

ထိုသူကိုတွေ့မြင်သောအခါ မြို့ရိုးပေါ်မှာရှိသော ခေါင်းဆောင်တပ်မှူးလျှိုက ဘေးသို့တစ်ချက်ကြည့်ပြီး စိတ်အေးလက်အေးပုံစံဖြင့် ပြောလိုက်၏။

“ညီကိုယန်... အဲ့ဒီလူဘယ်လောက်ကြာကြာအသက်ရှင်နိုင်မလဲ မင်းနဲ့ငါနဲ့ ထပ်ပြီးလောင်းကြရင် မကောင်းဘူးလား... ဟားဟားဟားဟား...”

သူ့စကားမဆုံးသေးခင်မှာပင် ခေါင်းဆောင်တပ်မှူးလျှိုက အော်ဟစ်ရယ်မောလိုက်၏။

ယန်ဖေးက မည်သည့်စကားမှမဆိုဘဲ သူ၏ ခေါင်းကိုသာ ခါ၍သက်ပြင်းချလိုက်၏။

သူတို့နှစ်ယောက်ကြား အလောင်းအစားတစ်ခုက ဤလူကို အသက်ဆုံးရှုံးရဖို့ ဖြစ်လာစေခဲ့လေပြီ။

All Chapters