← Chapters

ကမ္ဘာမြေအဆင့် ကျင့်ကြံရေး နည်းစနစ်လား

Vol. 124 Ch. 1849

ကမ္ဘာမြေအဆင့် ကျင့်ကြံရေး နည်းစနစ်လား

Vol. 124 Ch. 1849

ဝံပုလွေသွားကြေးတုတ်၏ အဖျက်စွမ်းအားက သိပ်သည်းပြင်းထန်ပြီး ၎င်းသည် ဆူဇီမို၏ လက်ထဲမှာ ပို၍ပင် ကြောက်စရာကောင်းလာလေသည်။

ကြေးခွံနက်မိစ္ဆာဝံပုလွေ၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့်ပင်လျှင် ၎င်းသည် ဝံပုလွေသွားကြေးတုတ်ဖြင့် ရိုက်ခတ်ခြင်းခံရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ တုန်လှုပ်စရာကောင်းသော သွေးသံရဲရဲ အပေါက်တချို့ ဖြစ်ပေါ်လာခဲ့၏။

ဝံပုလွေစီးနင်းသူများက မြန်ဆန်သော်လည်း သူတို့က ပို၍ပင် မြန်ဆန်စွာ ရှုံးနိမ့်သွား၏။

တစ်ခဏချင်းမှာပင် အလောင်းဆယ်လောင်းကျော်က မြေပြင်ပေါ်မှာ ပေါ်ထွက်လာလေသည်။

ကြေးခွံနက်မိစ္ဆာဝံပုလွေများသည်လည်း ချမ်းသာရာမရပေ။ သူတို့၏ ခန္ဓာကိုယ်များက ဝံပုလွေသွားကြေးတုတ်ဖြင့် ထိုးဖောက်ခံရခြင်းဖြစ်စေ.. သူတို့၏ အရွတ်များနှင့် အရိုးများက ကျိုးပြတ်ကုန်ခြင်းဖြင့်ဖြစ်စေ.. သူတို့က သေဆုံးကုန်ကြ၏။

“ဒီဆူဇီမိုက သေရမှာကို တကယ်မကြောက်ဘူးပဲ… သူက နတ်ဆိုးဝံပုလွေတပ်သား တစ်သောင်းကျော်နဲ့ ရင်ဆိုင်ရတာတောင်မှ သတ်ဖြတ်ရဲသေးတယ်”

“သူက မတိုက်ခိုက်ဘူးဆိုရင်ရော တခြားဘာလုပ်စရာ ရှိသေးလို့လဲ.. ဒီလောက် ကြီးမားတဲ့ အစုအဖွဲ့နဲ့ ရင်ဆိုင်နေရပြီဆိုမှတော့ သူက ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ဘူး”

မြို့ရိုးပေါ်မှာ ကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုလိုက်ကြ၏။

ခေါင်းဆောင်တပ်မှူးလျှိုက နှာတစ်ချက်မှုတ်ပြီး အေးစက်စွာ ပြောလိုက်၏။

“သူက သေခါနီးဆဲဆဲ ရုန်းကန်နေရုံပါပဲ”

သူတို့သည် ခေါင်းဆောင်တပ်မှူးလျှို၏ စိမ်းသက်သော လေသံကို ကြားသောအခါ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများက တိတ်ဆိတ်ငြိမ်သက်သွား၏။

နဂါးအသူရာချောက်နက်မြို့၏ အောက်ဘက်တွင်…

ခေါင်းဆောင်နှစ်ယောက်၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာ၏။

ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ဆုံးရှုံးရခြင်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ အဖွဲ့အစည်းကြီးများ၊ မြို့တော်များ၏ ခေါင်းဆောင်တပ်မှူးများနှင့် စွမ်းအားကြီးမားသော ပညာရှင်များက ယခုအချိန်တွင် မြို့ရိုးထက်ကနေ ဤမြင်ကွင်းကို စောင့်ကြည့်နေကြခြင်းဖြစ်၏။

ခေါင်းဆောင်နှစ်ယောက်က အလွန်တရာ အရှက်ခွဲခံရသည်ဟု ခံစားလိုက်ရ၏။

“နံပတ်သုံး.. သူနဲ့ အချိန်ဖြုန်းမနေနဲ့တော့”

စတုတ္ထခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။

“ငါတို့ တပ်ဖွဲ့က ရှေ့ကို အလုံးအရင်းနဲ့ ပြေးဝင်မယ်ဆိုရင် ငါတို့စီးနင်းထားတဲ့ ကြေးခွံနက်မိစ္ဆာဝံပုလွေတွေကတင် သူ့ကို အပိုင်းပိုင်း ခြေမွှဖျက်ဆီးပစ်နိုင်တယ်”

“ကောင်းပြီလေ.. ငါတို့ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

တတိယခေါင်းဆောင်က မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို လက်ညိုးထိုးပြီး အမိန့်ပေးလိုက်၏။

“သတ်”

“သတ်”

နတ်ဆိုးဝံပုလွေတပ်သားများစွာသည် အဲဒါကို ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။

တတိယခေါင်းဆောင်၏ အမိန့်ကို ကြားသောအခါ သူတို့က မာန်သွင်းအော်ဟစ်၍ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးဝင်လာကြ၏။

မိစ္ဆာဝံပုလွေများက ရှေ့သို့ ချီတက်လာရင်း ဖုန်လုံးများက တထောင်းထောင်းထလာခဲ့၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် နှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်ခဲ့ပြီး မဟာဓားပြလေးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်လာခဲ့၏။ အဲဒါက အကြောင်းရင်း မရှိဘဲ ဖြစ်လာခဲ့ခြင်း မဟုတ်ပေ။

သန်မာသော စစ်သည်တစ်သောင်းက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ကြီးမားပြင်းထန်သော ဆူနာမီလှိုင်းလုံးတစ်လုံးကဲ့သို့ တစ်ချိန်တည်းမှာ ရှေ့သို့ ပြေးဝင်လာကြ၏။ သူတို့သည် အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ တဟုန်ထိုး ပြေးတက်လာကြလေသည်။

မြို့ရိုးပေါ်မှ ကျင့်ကြံသူများပင်လျှင် တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရ၏။

ဤကဲ့သို့ အလုံးအရင်းနှင့် ဝင်ဆောင့်ခံရပါက ဘယ်သူက အသက်ရှင်နိုင်ပါ့မလဲ။

“ကောင်းပြီလေ”

ဝင်ရောက်လာသော လူသားလှိုင်းလုံးကို ကြည့်ပြီး ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့စွာ ရယ်မော၍ အော်ပြောလိုက်၏။

“ဒီနေ့ မင်းတို့တွေကို ငါ့ရဲ့ အစွမ်းအစက ဘာလဲဆိုတာ ပြပေးမယ်”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်ကာ သူ၏ နှာရောင်ကနေ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်လာ၏။

ရုတ်တရက်ဆိုသလို..

ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ပြေးဝင်လာသော နတ်ဆိုးဝံပုလွေတပ်သား တစ်သောင်းထံသို့ ဟိန်းဟောက်လိုက်၏။

“ဂါး…”

ထိုဟိန်းဟောက်သံက နဂါးဟိန်းဟောက်သံနှင့် ဖီးနစ်အော်သံကို ပေါင်းစပ်ထားသည်နှင့် တူလေသည်။ အဲဒါက အလွန်တရာ ကြောက်စရာကောင်းပြီး သားရဲများ အားလုံးကို အမိန့်ပေးကာ သက်ရှိများ အားလုံးကို အထင်အမြင်သေးနေသည့်အလား အဆုံးမဲ့ စွမ်းပကားတစ်ခုကို ထုတ်ဖော်ပေးလိုက်၏။

မြို့ရိုးပေါ်ကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများက တုန်လှုပ်ချောက်ချားသွား၏။

ထိုအခိုက်အတန့်မှာ သူတို့သည် ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခုကို ရရှိလာ၏။

လေထဲတွင် လွင့်မျောနေသည်က လူသားတစ်ယောက် မဟုတ်ဘဲ ရှေးကျ၍ အလွန်တရာ ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်က ကြီးမား​ပြီး တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။

နဂါးဖီးနစ် ဟိန်းဟောက်သံ…

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတွင် နဂါးဖီးနစ်၏ မျိုးဆက်သွေး မရှိ၍ သူသည် အခြားသော ကြမ်းကြုတ်တောကောင်များကို ၎င်း၏ မျိုးဆက်သွေးကနေတစ်ဆင့် မဖိနှိမ်နိုင်သော်လည်း သူ့မှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ် ပါရှိပြီး တဗူး နဂါးဖီးနစ်၏ အော်ရာနှင့် ဟိန်းဟောက်သံကို ထုတ်ဖော်နိုင်လေသည်။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ လူသားကျင့်ကြံသူများစွာက သက်ရောက်ခံရခြင်း များစွာမရှိပေ။

ဘာပဲပြောပြော.. ဤနေရာမှာ စစ်သည်တစ်သိန်းကျော်က စုဝေးနေပြီး ဝံပုလွေအော်သံများဖြင့် ဆူညံနေ၏။ သူတို့၏ အစုအဖွဲ့က စီးပိုးခြယ်လှယ်မှု ရှိပြီး နဂါးဖီးနစ် ဟိန်းဟောက်သံ၏ သေစေနိုင်စွမ်းအားကို အနိမ့်ဆုံး အတိုင်းအတာအထိ လျှော့ချနိုင်လေသည်။

အဆင့်ငါး မဟူရာအင်မော်တယ်အချို့ကသာ တုန်လှုပ်ချောက်ချားသွားပြီး မျက်မှောင် အနည်းငယ်ကြုတ်၍ သူတို့၏ နားများက စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း သူတို့ စီးနင်းလာသည့် ကြေးခွံနက်မိစ္ဆာဝံပုလွေများက အလွန်တရာ သိပ်သည်းပြင်းထန်သည့် တုန်ခါလှိုင်းတစ်ခုကို လက်ခံရရှိလိုက်ပုံရ၏။

ရုတ်တရက်.. သူတို့၏ ခြေလက်များက ပျော့ခွေသွားပြီး ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ လဲပြိုကျသွား၏။

ဝံပုလွေများကို စီးနင်းလာသည့် ကျင့်ကြံသူအချို့သည် အငိုက်မိသွားပြီး လွင့်စင်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။

ချက်ချင်းပင် နတ်ဆိုးဝံပုလွေတပ်သား တစ်သောင်းက ဖရိုဖရဲဖြစ်သွားလေသည်။

“တောကောင်.. ထစမ်း”

“မင်းက ဘာကိုကြောက်နေတာလဲ.. ဒီမှာ ငါရှိတယ်လေ”

နတ်ဆိုးဝံပုလွေတပ်သားများစွာက သူတို့၏ အောက်ဘက်ရှိ ကြေးခွံနက်မိစ္ဆာဝံပုလွေများကို ဆဲဆို၍ လှုံ့ဆော်လိုက်ကြ၏။

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို အခွင့်အရေး မပေးဘဲ သူ၏ မနောကျင့်ကြံရေး နည်းစနစ်နှင့် အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။

ဝှစ်..

ရုတ်တရက်ဆိုသလို.. အရောင်မတူသော မီးတောက်လုံးသုံးလုံးက သူ၏ ဘေးမှာ ပေါ်ထွက်လာ၏။

မီးတောက်လုံး တစ်လုံးချင်းစီက အလွန်တရာ ကြောက်စရာကောင်းသော အပူချိန်နှင့် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

အနက်ရောင်တာအိုမီးက မိစ္ဆာဆန်လေသည်။

ရွှေရောင်တာအိုမီးက ဂမ္ဘီရဆန်၍ တည်ငြိမ်အေးချမ်းနေ၏။

သွေးနီရောင်တာအိုမီးက ချစ်ချစ်တောက် ပူလောင်နေ၏။

အောက်ဘုံမှာ ရှိသော ဓမ္မပညာရပ်များစွာကို အထက်ဘုံမှာ ထုတ်ဖော်နိုင်ဖို့ ခဲယဉ်းလေသည်။

အကြောင်းမှာ ထိုဓမ္မပညာရပ်များသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် ပေါင်းစည်းသွားသည်နှင့် ဓမ္မပညာရပ်၏ အဆင့်အတန်းက လုံလောက်အောင် မြင့်မားခြင်း မရှိဘဲ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ခံနိုင်ရည်မရှိလျှင် ၎င်းက ချက်ချင်းပင် ပျက်ပြယ်သွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို ကျင့်ကြံထားသည့် တာအိုမီး သုံးခုက ကွဲပြားခြားနားလေသည်။

ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ဆူဇီမိုသည် တာအိုမီး သုံးခုထဲသို့ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ထည့်သွင်းပေါင်းစည်းဖို့ ကြိုးစားခဲ့၏။

တာအိုမီး သုံးခုက ငြိမ်းသေမသွားရုံသာမက သူတို့သည် အမြုတေချီနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းပြီး တိုးပွားလာသော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုနှင့်အတူ ပို၍ပင် တောက်ပစွာ လောင်ကျွမ်းလာခဲ့၏။

တကယ်တော့ ဆူဇီမို ကျင့်ကြံထားသည့် သမာဓိ တာအိုမီးသည် ဓမ္မပညာရပ်တစ်ခုအဖြစ် ၎င်း၏ မူလပုံစံကနေ ကျော်လွန်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

သူ့ကျင့်ကြံမှု၏ ခရီးလမ်းတစ်လျှောက်တွင် ဆူဇီမိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုများကို လေ့လာလိုက်စားခဲ့ပြီး အတော်လေး အောင်မြင်ထွန်းပေါက်ခဲ့လေသည်။

တာအိုမီး သုံးခုသည် သူ၏ ကျင့်ကြံမှုနှင့် အခြေခံအုတ်မြစ်နှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။

အင်မော်တယ်တာအိုအပေါ် လူတစ်ယောက်၏ ကျင့်ကြံမှုက ပိုမိုနက်ရှိုင်းလာလေလေ.. အင်မော်တယ်တာအိုမီး၏ စွမ်းအားက ပိုမိုသန်မာလာလေလေ ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓတာအိုမီးနှင့် မိစ္ဆာတာအိုမီးအတွက်လည်း ထို့အတူပင်။

တာအိုမီး သုံးခုသည် သူ၏ ကျင့်ကြံမှုနှင့်အတူ တွဲဖက်၍ ခွန်အားအရာမှာ တိုးပွားလာပေလိမ့်မည်။

ဥပမာအားဖြင့် တာအိုမီး သုံးခုကြားမှာ ဗုဒ္ဓတာအိုမီး၏ စွမ်းအားက အင်မော်တယ်တာအိုမီးနှင့် မိစ္ဆာတာအိုမီးတို့ထက် သိသိသာသာ ပိုမိုသန်မာလေသည်။

အကြောင်းမှာ ရွှေရောင်ဗုဒ္ဓတာအိုမီးတွင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ လေးနက်သိမ်မွေ့မှု ပါဝင်နေသောကြောင့်ဖြစ်၏။

ဆူဇီမိုနှင့် နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကြားမှာ အကွာအဝေးတစ်ခု ခြားနေသေးသော်လည်း သူတို့ထဲမှာ များစွာသည် ကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုကို ခံစားလိုက်ရပြီဖြစ်၏။

အသက်ရှူချိန် အနည်းငယ်အတွင်း နတ်ဆိုးဝံပုလွေတပ်သားများစွာ၏ မျက်နှာများက နီမြန်းလာပြီး သူတို့က ချွေးများဖြင့် စိုရွှဲလာ၏။

နတ်ဆိုးဝံပုလွေတပ်သားအချို့က အဲဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ လေးလံသော ချပ်ဝတ်တန်ဆာများကို ဆွဲခွာလိုက်ကြ၏။

မြို့ရိုးပေါ်တွင်..

ယန်ဖေး၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အကြည့်တစ်ခု ပေါ်ထွက်လာပြီး သူက မသိမသာ ခေါင်းညိတ်၍ ချီးကျူးလိုက်၏။

“ဒီအင်မော်တယ်ပညာရပ်ရဲ့ အဆင့်က သိပ်ပြီး မနိမ့်ကျဘူး”

ခေါင်းဆောင်တပ်မှူးလျှိုက အမူအရာကင်းမဲ့စွာဖြင့် အသံတိတ်နေ၏။

ကောင်းကင်ဘုံမီးနန်းတော်၏ ကျန်းလီ၏ အမူအရာကလည်း တည်တံ့နေလေသည်။

ကောင်းကင်ဘုံမီးနန်းတော်သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် သူတို့ကိုယ်သူတို့ နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့သည်မှာ သူတို့သည် မီးတောက်တာအိုပေါ်မှာ အထူးပြုသောကြောင့် ဖြစ်လေသည်။

သူမ၏ ဖခင်သည် ကောင်းကင်ဘုံမီးတောက် နည်းစနစ်ဟုခေါ်​သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထား၏။ ၎င်းသည် အရည်အသွေးမြင့် နိမ့်ကျအဆင့်မှာ ရှိပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။

ကျန်းလီသည် သူမ အဖေ၏ အမွေကို ဆက်ခံရရှိပြီးနောက် ဤတာအိုအပေါ် နက်ရှိုင်းသော နားလည်သိမြင်မှု ရှိလာခဲ့၏။

သို့သော်လည်း ဆူဇီမို၏ မီးတောက်လုံးသုံးလုံး ပေါ်ထွက်လာသည့် ခဏမှာ ထိုမီးတောက်တစ်ခုချင်းစီသည် သူမ ကျင့်ကြံထားသော ကောင်းကင်ဘုံမီးတောက် နည်းစနစ်ထက် ပိုမိုသာလွန်ကြောင်း နားလည်သဘောပေါက်လိုက်၏။

“အဲဒီလူ ကျင့်ကြံထားတဲ့ ကျင့်ကြံရေး နည်းစနစ်က အနည်းဆုံး အရည်အသွေးနိမ့် မဟူရာအဆင့်မှာ ရှိလိမ့်မယ်.. အဲဒါက အရည်အသွေးမြင့် မဟူရာအဆင့်တောင် ဖြစ်နိုင်တယ်”

ကျန်းလီက တီးတိုးရေရွတ်လိုက်၏။

သူမ ထိုသို့ပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး အရောင်မတူသော မီးတောက်လုံးသုံးလုံးကို ထိတွေ့စေကာ ပို၍ပင် ပူပြင်းတောက်လောင်သော မီးတောက်လုံးတစ်လုံးကို ပေါ်ထွက်လာစေ၏။

လောကရှိ အပူချိန်က ရုတ်တရက် ထိုးတက်လာခဲ့လေသည်။

အလျှံညီးညီး နေတစ်စင်းက နဂါးအသူရာချောက်နက်မြို့တော်၏ အောက်ဘက်သို့ ဆင်းသက်ရောက်ရှိလာသည့်အလားပင်။

လင်းထိန်နေသော မီးတောက်များ၏ အလင်းရောင်အောက်မှာ ကျန်းလီ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွား၏။ တုန်လှုပ်သွားသော အမူအရာနှင့်အတူ သူမက တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။

“ဒီ.. ဒီကျင့်ကြံရေး နည်းစနစ်က… ကမ္ဘာမြေအဆင့်များလား”

All Chapters