← Chapters

ပကတိချေမှုန်းခြင်း

Vol. 124 Ch. 1850

ပကတိချေမှုန်းခြင်း

Vol. 124 Ch. 1850

နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် ကောင်းကင်ဘုံမီးနန်းတော်ဖြစ်စေ.. အခြားစွမ်းအားကြီးမားသော အဖွဲ့အစည်းများဖြစ်စေ သူတို့ထဲ မည်သူကမှ အရည်အသွေးမြင့် ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များနှင့် ထိတွေ့ခွင့် မရှိပေ။

အဖွဲ့အစည်းကြီးများ ကျင့်ကြံနိုင်သည့် အသန်မာဆုံး ကျင့်ကြံရေးနည်းစနစ်များမှာ အရည်အသွေးမြင့် နိမ့်ကျအဆင့်များသာဖြစ်လေသည်။

မဟူရာအဆင့် ကျင့်ကြံရေးနည်းစနစ်များကို နဂါးအသူရာချောက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးများနှင့် အဆင့်မြင့်အင်မော်တယ်အချို့ထံမှာသာ တွေ့မြင်နိုင်၏။

ကမ္ဘာမြေအဆင့် ကျင့်ကြံရေးနည်းစနစ်များကတော့ အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများကိုမပြောနှင့် နဂါးအသူရာချောက်မြို့၏ မြို့တော်အရှင်ပင်လျှင် ထိတွေ့ခွင့်ရချင်မှရနိုင်မည်ဖြစ်သော တစ်စုံတစ်ရာဖြစ်လေသည်။

ထို့ကြောင့်ပင်လျှင် ဧရာမမီးလုံးကိုတွေ့မြင်သောအခါ ကျန်းလီက အရမ်းကိုတုန်လှုပ်သွားရခြင်းဖြစ်၏။

သူမကိုမပြောနှင့် မြို့ရိုးပေါ်ရှိ ခေါင်းဆောင်တပ်မှူးများနှင့် နဂါးအသူရာချောက်နက်မြို့တော်၏ မြို့စောင့်တပ်သားများပင်လျှင် တုန်လှုပ်သွားကြ၏။

နဂါးအသူရာချောက်နက်မြို့စောင့်တပ်သားများ၏ မျက်လုံးများထဲမှာ လောဘရမ္မက်ရောင်များပေါ်ထွက်လာပြီး သူတို့က စိတ်ယိမ်းယိုင်လာကြ၏။

ဤတာအိုမီး ကျင့်ကြံရေးနည်းစနစ်သည် အမှန်တကယ်ပင် ကမ္ဘာမြေအဆင့် ဖြစ်ပါက ၎င်းသည် သူတို့အတွက် မငြင်းပယ်နိုင်သည့် ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုစုဖွဲ့ထားသည့်မီးလုံးသည် ထိုအင်မော်တယ်ပညာရပ်၏ နောက်ဆုံးအဆင့်မဟုတ်သေးသည်ကို မြို့ရိုးပေါ်ရှိလူတိုင်းက နားလည်သဘောပေါက်ခြင်းမရှိကြသေးပေ။

နဂါးအသူရာချောက်နက်မြို့တော်အောက်တွင်...။

ကြေးခွံနက်မိစ္ဆာဝံပုလွေများသည် နဂါးဖီးနစ်ဟိန်းဟောက်သံမှာ ကြောက်ရွံ့စွာတုန်ယင်နေကြပြီး ပြန်ထလာရဲခြင််းမရှိကြပေ။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ကျင့်ကြံသူထောင်ချီက အောက်သို့တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းပြီး မာန်သွင်းအော်ဟစ်ကာ ကြမ်းကြုတ်ခက်ထန်စွာဖြင့် ဆူဇီမိုထံပြေးဝင်လာကြ၏။

သို့သော်လည်း ဆူဇီမို၏ သမာဓိတာအိုမီးက မီးလုံးတစ်လုံးအဖြစ် ပေါင်းစည်းသွားသည့်အခါ နတ်ဆိုးဝံပုလွေတပ်သားများစွာသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

အဲ့ဒါသည် ကြောက်လန့်သောကြောင့်မဟုတ်ဘဲ သူတို့သည် အမှန်တကယ်ပင် ရှေ့သို့ဆက်မတိုးနိုင်တော့သောကြောင့်ဖြစ်၏။

ရှေ့မှာရှိသော ဧရာမမီးလုံးသည် အလျှံညီးညီး နေတစ်စင်းကဲ့သို့ ဖြစ်နေ၏။

၎င်းက မီးတောက်များနှင့် နီရဲတောက်လောင်နေပြီး ကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုကို ထုတ်ပေးနေ၏

နတ်ဆိုးဝံပုလွေတပ်သားများစွာ၏ ခန္ဓာကိုယ်ပေါ်ရှိချွေးများက ထွက်လာသည့်ခဏမှာပင် အငွေ့ပျံသွားလေသည်။

သူတို့သည် သူတို့၏ မျက်နှာများပေါ်မှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားနေရပြီဖြစ်ပြီး သူတို့၏ မျိုးဆက်သွေးများက လောင်ကျွမ်းသွားတော့မည့်အလား သူတို့၏ နှုတ်ခမ်းများက ခြောက်သွေ့လာ၏။

ရှေ့ကနေ ပြေးဝင်လာသော နတ်ဆိုးဝံပုလွေတပ်သားများ၏ အုပ်စုငယ်တစ်စုသည် ပို၍ပင်ဆိုးဝါးသည့်အခြေအနေကို ကျရောက်သွားပြီး အချိန်မီ မရပ်တန့်နိုင်ခဲ့ကြပေ။

ထိုအခိုက်အတန့်မှာ နတ်ဆိုးဝံပုလွေတပ်သားများ၏ ချပ်ဝတ်တန်ဆာများက အရည်ပျော်သွားပြီး ချစ်ချစ်တောက်ပူလောင်သော သတ္တုရည်များက သူတို့၏ ခန္ဓာကိုယ်ပေါ်ကနေ ဖြည်းဖြည်းချင်းစီးကျလာ၏။

“အား... အား... အား...”

နတ်ဆိုးဝံပုလွေတပ်သားများက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ကနေ မီးခိုးများအူထွက်လာ၏။

နတ်ဆိုးဝံပုလွေတပ်သားများ၏ ခန္ဓာကိုယ်ပေါ်များကနေ မီးတောက်များက ပစ်လွင့်ထွက်ပေါ်လာပြီး အသက်ရှုချိန်အနည်းငယ်တွင်းမှာ သူတို့ကလောင်ကျွမ်းပြာကျသွား၏။

နတ်ဆိုးဝံပုလွေတပ်သားများက တွေဝေတုံ့ဆိုင်းနေစဥ်မှာပင် စတုတ္ထမြောက်ခေါင်းဆောင်က ရုတ်တရက် အေးစက်စွာအော်ပြောလိုက်၏။

“ငါတို့လူတွေက အများကြီးရှိတာပဲ... ငါတို့တစ်ယောက်ချင်းစီက အင်မော်တယ်ပညာရပ်တစ်ခု... နတ်ဘုရားစွမ်းအားတစ်ခု... ဒါမှမဟုတ် ဓမ္မပညာရပ်တစ်ခုစီကို ထုတ်ဖော်လိုက်မယ်ဆိုရင်တောင် ငါတို့ကအဲ့ဒီပညာရပ်ကို ခြေမွှဖျက်ဆီးပစ်နိုင်တယ်”

နတ်ဆိုးဝံပုလွေတပ်သားများသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြပြီး သူတို့၏ အင်မော်တယ်ပညာရပ်များနှင့် ဓမ္မရတနာများကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်ထုတ်ကာ တိုက်ခိုက်ဖို့အတွက် အသင့်ပြင်လိုက်ကြ၏။

“သတ်...”

စတုတ္ထခေါင်းဆောင်က အမိန့်ပေးလိုက်၏။

ဘုန်း... ဘုန်း... ဘုန်း...

ရွှစ်... ရွှစ်... ရွှစ်...

အင်မော်တယ်ပညာရပ်များက တလိပ်လိပ်ထိုးတက်လာပြီး နတ်ဘုရားစွမ်းအားများက ဆင်းသက်လာ၏။

ဓမ္မရတနာများက လေထုကိုဆုတ်ဖြဲပြီး သူတို့ရှေ့မှာရှိသော ဧရာမမီးလုံးဆီသို့ ပစ်ဝင်သွားလေသည်။

လူတိုင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ဧရာမမီးလုံးကို ခြေမွှဖျက်ဆီးပစ်ဖို့ဖြစ်၏။

ဆူဇီမိုက အေးစက်စွာသရော်ပြုံးပြုံး၍ အော်ပြောလိုက်လေသည်။

“အချိန်ကိုက်ပဲ”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ကို ရှေ့သို့တွန်းတင်ပြီး ဧရာမမီးလုံးကို နတ်ဆိုးဝံပုလွေတပ်ဖွဲ့ထံသို့ လိမ့်ဝင်သွားစေ၏။

တစ်ချိန်တည်းမှာပင် သူ၏ နှာရောင်က တောက်ပသွားပြီး သွေးနီရောင်မီးတောက်တစ်ခုက ပစ်လွင့်ထွက်ပေါ်ကာ ဧရာမမီးလုံးထဲသို့ ဝင်ရောက်သွား၏။

အမြုတေစိတ်ဝိညာဥ်တာအိုမီး...။

စတုရတီတာအိုမီးက ဖြစ်ပေါ်လာခဲ့လေသည်။

အဲ့ဒီမှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်၏ မီးတောက်အပြင် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်၏ မီးတောက်စွမ်းအားကလည်း ပါဝင်လေသည်။

ထိုမီးတောက်၏ ပေါင်းစပ်စွမ်းအားက နဂိုထက် ဆပွားတိုးလာခဲ့၏။

ဧရာမမီးလုံးက နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များ၊ ဓမ္မရတနာများနှင့် ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် ၎င်းက ဆယ်ဆကျော်ပြန့်ကားသွားပြီး အပူချိန်ကလည်း တဟုန်ထိုးမြင့်တက်ကာ မီး​ညွှန့်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာ၏။

ချက်ချင်းပင် လောက၏ သက်ရှိများအားလုံးက ပျောက်ကွယ်သွားပြီး အလျှံညီးညီး နေတစ်စင်းသာရှိတော့သည့်အလားပင်။

စတုရတီတာအိုမီးက ဖြစ်ပေါ်လာပြီး ညကောင်းကင်ယံတစ်ခုလုံးကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။

မီးတောက်လုံးက ဆပွားများစွာပြန့်ကားသွားပြီး အနီးဆုံးမှာရှိသည့် နတ်ဆိုးဝံပုလွေတပ်သားရာချီကို ဝါးမျိုပစ်လိုက်လေသည်။

နတ်ဆိုးဝံပုလွေတပ်သားများက မတုံ့ပြန်နိုင်ခင်မှာပင် သူတို့သည် ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များကပါ ပျက်စီးသွား၏။

“အို...”

မြို့ရိုးပေါ်မှ ကျင့်ကြံသူများစွာက တုန်လှုပ်သွားပြီး ကြောင်အ,မှင်တက်နေကြ၏။

စောစောက မီးတောက်လုံးသုံးလုံးကနေ စုဖွဲ့ထားသည့် မီးလုံးသည် ထိုအင်မော်တယ်ပညာရပ်၏ အထွတ်အထိပ်စွမ်းအား မဟုတ်သေးသည်ကို မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

လက်ရှိမီးလုံးသည် စောစောကမီးလုံးများထက် အဆများစွာ ပိုမိုသန်မာလာခဲ့၏။

ကျန်းလီက လုံးဝကိုပြောစရာစကားမဲ့သွားပြီး သူမ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးနေ၏။ သူမသည် မြို့ရိုးအောက်ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်ဖို့သာတတ်နိုင်တော့လေသည်။

ထိုအင်မော်တယ်ပညာရပ်သည် အရည်အသွေးမြင့် ကမ္ဘာမြေအဆင့် ပညာရပ်များဖြစ်နေမလား။ ဒါမှမဟုတ်....။

မဖြစ်နိုင်ဘူး... လုံးဝကို မဖြစ်နိုင်ဘူး။

ကျန်းလီက သူမ၏ ခေါင်းကိုခါယမ်းပြီး ဆက်လက်၍ မစဥ်းစားရဲတော့ပေ။

ယန်ဖေး၏ အမူအရာက တည်တံ့လာပြီး ခပ်တိုးတိုးပြောလိုက်၏။

“အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကနေ ထွက်ပေါ်လာတဲ့စွမ်းအားအရဆို အဲ့ဒါက အနည်းဆုံး အရည်အသွေးမြင့် ကမ္ဘာမြေအဆင့် ကျင့်ကြံရေးနည်းစနစ် တစ်ခုဖြစ်လောက်တယ်... နောက်ပြီးအဲ့ဒါက ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုတောင်ဖြစ်နေနိုင်တယ်”

ထိုနေရာအရောက်တွင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်များသည် ဒဏ္ဍာရီလာ ရတနာများဖြစ်ပြီး မဟာကျင်းနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များသာလျှင် ဤကဲ့သို့စွမ်းအားကြီးမားသော နည်းစနစ်မျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

“မဖြစ်နိုင်ဘူး”

ခေါင်းဆောင်တပ်မှူးလျှိုက ပြတ်သားစွာ ပြောလိုက်၏။

“ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်ဆိုတာ တကယ့်ရတနာတစ်ခုပဲ... အဲ့ဒါက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက် ထိတွေ့နိုင်တဲ့ တစ်စုံတစ်ရာမဟုတ်ဘူး”

“သူက အဲ့ဒါနဲ့ မထိတွေ့နိုင်တာကို အသာထား... သူက အဲ့ဒါကို ကျင့်ကြံမယ်ဆိုရင်တောင် သူက အဲ့ဒါကို နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ခန္ဓာကိုယ်ကလည်း အဲ့ဒါကိုတောင့်ခံနိုင်မှာ မဟုတ်ဘူး”

ထိုသို့ဆိုလျှင်တောင် ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က တောက်လောင်ပြင်းပြနေ၏။

မည်သို့ပင်ဆိုစေ ထိုအင်မော်တယ်ပညာရပ်က ကောင်းကင်အဆင့်မဟုတ်လျှင်တောင် ၎င်းသည် သေချာပေါက် ကမ္ဘာမြေအဆင့်မှာရှိလေသည်။

သူသည် ထိုအင်မော်တယ်ပညာရပ်ကို ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် အဆင့်ကျော်သတ်ဖြတ်နိုင်မည့် တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်လာမည် မဟုတ်ပါလား။

“နောက်ဆုတ်ကြ”

“မြန်မြန်နောက်ဆုတ်ကြဟေ့”

တတိယခေါင်းဆောင်က တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွားပြီး အဆုတ်ကွဲလုမတတ် အော်ဟစ်သတိပေးလိုက်၏။

သို့သော်လည်း သူ၏ သတိပေးချက်က နောက်ကျသွားခဲ့လေပြီ။

နတ်ဆိုးဝံပုလွေတပ်သားထောင်ချီက တိုက်ခိုက်လိုက်ကြပြီး အင်မော်တယ်ပညာရပ်များ ၊ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများစွာက လေထုကိုဆုတ်ဖြဲ၍ ကောင်းကင်တစ်ခွင်အုပ်မိုးသွား၏။

ဆူဇီမို၏ စတုရတီတာအိုမီးက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အဲ့ဒါသည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိပေ။

ဧရာမမီးလုံးသည် နတ်ဆိုးဝံပုလွေတပ်သားတစ်သောင်း၏ ပူးပေါင်းအင်အားဖြင့် ကြေမွသွားလေသည်။

ထိုအခိုက်အတန့်မှာ ကပ်ဘေးက စတင်ရုံသာရှိသေး​လေသည်။

မီးလုံးက အပိုင်းပိုင်းကွဲထွက်သွားပြီး မရေမတွက်နိုင်သော မီးတောက်များအဖြစ် ပြောင်းလဲကာ လူအုပ်ကြီး ရှိရာနေရာတိုင်းသို့ ပန်းပွင့်များကဲ့သို့ ပြန့်ကျဲကျဆင်းလာ၏။

ထိုမီးတောက်များနှင့်ထိခတ်မိသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ အဆင့်-၆ မဟူရာအင်မော်တယ်များပင်လျှင် အဲ့ဒါကိုခံနိုင်ရည်မရှိဘဲ နေရာမှာပင်လောင်ကျွမ်းပြာကျကာ အလောင်းပင်မကျန်ဘဲ သေဆုံးသွားကြ၏။

မရေမတွက်နိုင်သော မီးတောက်များက ဧရာမမီးတောက်ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေပြီး နတ်ဆိုးဝံပုလွေတပ်သားများစွာကို လွှမ်းခြုံသွားလေသည်။

“အ... အား.... အား...”

မရေမတွက်နိုင်သော နတ်ဆိုးဝံပုလွေတပ်သားများသည် ရုန်းကန်အော်ဟစ်၍ မီးတောက်ပင်လယ်ထဲကနေ အကူအညီရလိုရငြားပြေးထွက်လာကြ၏။

အဲ့ဒါက လောင်ကျွမ်းနေသော ငရဲခန်းတစ်ခုနှင့်တူလေသည်။

မရေမတွက်နိုင်သော သက်ရှိများသည် ထိုငရဲခန်းထဲမှာ လှုပ်ရှားရုန်းကန်နေကြသော်လည်း မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။

မြို့ရိုးထက်တွင်...။

ကျင့်ကြံသူများစွာက သူတို့၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့်အတူ ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။

အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်က ဤကဲ့သို့သော နည်းလမ်းများကို ထုတ်ဖော်နိုင်သည့်အချက်သည် တကယ့်ကိုကြောက်စရာကောင်းလွန်းနေပြီဖြစ်၏။

တတိယခေါင်းဆောင်နှင့် စတုတ္ထခေါင်းဆောင်၏ မျက်လုံးများက ပြုးကျယ်နေပြီး သူတို့၏ မျက်နှာများကလည်း ဖြူဖျော့နေကြ၏။

သူတို့သည် ရှေ့သို့တက်လှမ်းမလာသည့်အတွက် စတုရတီတာအိုမီးကြောင့် ထိခိုက်ဒဏ်ရာမရရှိကြပေ။

သို့သော်လည်း ချစ်ချစ်တောက်ပူလောင်သော မီးတောက်ပင်လယ်၏ အစပ်မှာပင်လျှင် သူတို့နှစ်ယောက်က ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရဆဲဖြစ်၏။

အဲ့ဒါက ပြီးသွားလေပြီ။

အရာရာတိုင်းက ပြီးသွားလေပြီ။

နတ်ဆိုးဝံပုလွေတပ်သားတစ်သောင်းသည် ကြောက်စရာကောင်းသော ထိုမီးတောက်များဖြင့် အကုန်လုံးနီးပါး ​ချေမှုန်းဖျက်ဆီးခံလိုက်ရ၏။

မီးတောက်ပင်လယ်ကနေတစ်ဆင့် သူတို့နှစ်ယောက်သည် ငရဲကနေဖက်တက်လာသည့် မိစ္ဆာတစ်ကောင်ကို ကြည့်နေရသည့်အလား သူတို့ရှေ့တည့်တည့်လေထဲမှာရှိသော အစိမ်းရောင်ပုံရိပ်ကို ငေးကြည့်နေကြ၏။

All Chapters