← Chapters

အခြေအနေပေါ်အမြတ်ထုတ်ခြင်း

Vol. 124 Ch. 1853

အခြေအနေပေါ်အမြတ်ထုတ်ခြင်း

Vol. 124 Ch. 1853

သူသေဆုံးသွားသည့်အချိန်မှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ စတုတ္ထခေါင်းဆောင်သည် ဆူဇီမိုက လေထဲသို့ မည်သို့မည်ပုံ ပျောက်ကွယ်သွားပြီး သူ့နောက်မှာ မည်သို့ပေါ်ထွက်လာသည်ကို နားလည်မသွားခဲ့ပေ။

သူ မပြောနှင့် မြို့ရိုးပေါ်မှာ စောင့်ကြည့်နေသော အပြင်လူများသည်ပင် တုန်လှုပ်၍ ဖြစ်ပျက်ခဲ့သည့်အရာကို နားမလည်ကြပေ။

“ဘာဖြစ်သွားတာလဲ”

“အဲ့ဒါက တည်နေရာရွှေ့ပြောင်းခြင်းလား”

“မဖြစ်နိုင်ဘူး... လျှပ်တပြက်ခုန်ကူးခြင်းက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ... မဟူရာအင်မော်တယ်တစ်ယောက်က အဲ့ဒါကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်ပါ့မလဲ”

“ဒါပေမဲ့... ဆူဇီမိုက စောစောကလေထဲမှာ ပျောက်ကွယ်သွားတာလေ... နောက်ပြီး သူက စတုတ္ထခေါင်းဆောင်ရဲ့နောက်ဘက်မှာ ပေါ်ထွက်လာခဲ့တယ်”

ခဏမျှငြိမ်သက်သွားပြီးနောက် လူအုပ်ကြီးထဲမှ အုန်းအုန်းကျက်ကျက်အသံများက ထွက်ပေါ်လာ၏။

နဂါးအသူရာချောက်နက်မြို့တော်မှ ခေါင်းဆောင်တပ်မှူးများသည်လည်း ကြောင်တိကြောင်တောင်ဖြစ်နေကြ၏။

သူတို့အများစုသည် ဒေသခံ အဆင့်မြင့်အင်မော်တယ်များဖြစ်ကြပြီး အဖွဲ့အစည်းကြီးများမှလူများထက် အတွေ့အကြုံနှင့် ဗဟုသုတပိုမိုကြွယ်ဝလေသည်။ သို့သော်လည်း ဆူဇီမိုသည် မည်သို့မည်ပုံ ပျောက်ကွယ်သွားပြီး စတုတ္ထခေါင်းဆောင်၏ နောက်ဘက်မှာ မည်သို့ပြန်လည်ပေါ်ထွက်လာသည်ကို သူတို့ပင်လျှင် မပြောနိုင်ကြပေ။

တကယ်တော့... မဟာကျင်းနိုင်ငံတော်၏ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များပင်လျှင် ထိုလှုပ်ရှားမှုနည်းစနစ်၏ ဇာစ်မြစ်ကို မှတ်မိသိရှိလိမ့်မည် မဟုတ်ပေ။

အဲ့ဒါသည် နဂါးမျိုးနွယ်၏ ထိပ်တန်းအဆင့် လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။

နဂါးကမ္ဘာမှာ နဂါးများစွာရှိသော်လည်း အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ကျင့်ကြံဖို့ အဆင့်မီသည့်နဂါးများက များစွာမရှိပေ။

“စောစောက ဘာဖြစ်သွားတာလဲ”

ခေါင်းဆောင်တပ်မှူးလျှိုက မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒါက သာမန်နတ်ဘုရားစွမ်းအား တမလွန်ဖလှယ်​ခြင်းများလား”

“မဟုတ်လောက်ဘူး”

နောက်ထပ်ခေါင်းဆောင်တပ်မှူးတစ်ယောက်က ခေါင်းခါပြလိုက်၏။

“သူက တမလွန်ဖလှယ်ခြင်းကို အသုံးပြုတယ်ဆိုရင်တောင် ဆူဇီမိုက သူနဲ့နေရာလဲဖို့အတွက် အခြားတစ်ယောက်ကို လိုအပ်တယ်... ဒါပေမဲ့ သူက စောစောတုန်းက လေထဲကနေပျောက်ကွယ်သွားပြီး စတုတ္ထခေါင်းဆောင်ရဲ့နောက်ဘက်မှာ ရုတ်တရက်ပြန်လည်ပေါ်ထွက်လာခဲ့တယ်... အဲ့ဒါက လှုပ်ရှားမှုနည်းစနစ်တစ်ခုများလား”

နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးများက တည်ကြည်လေးနက်နေကြ၏။

သူတို့သည်ပင် စောစောက စတုတ္ထခေါင်းဆောင်၏ တူညီသောနေရာမှာရောက်ရှိနေပါက သူတို့အနေဖြင့် ထိုလှုပ်ရှားကွက်ကနေ တုံ့ပြန်နိုင်ဖို့ ခဲယဥ်းပေလိမ့်မည်။

အဲ့ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းလေသည်။

အစကတော့ သူတို့၏ မျက်လုံး​များထဲမှာ မြို့ရိုးအောက်ဘက်ရှိ ဆူဇီမိုသည် သူတို့အချိန်မရွေး နင်းခြေသတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်လေသည်။

သို့သော် ယခုအခါ ဤပုရွက်ဆိတ်မှာ သူတို့ကို ခြိမ်းခြောက်နိုင်သည့် နည်းလမ်းများရှိနေကြောင်း လူတိုင်းက နားလည်လာကြ၏။

“တာအိုရောင်းရင်းတို့... ကျေးဇူးပြုပြီး ကူညီကြပါဦး”

ထိုစဥ်မှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်က မြို့ရိုးပေါ်မှလူတိုင်းဘက်သို့လှည့်ကာ အော်ပြောလိုက်၏။

“ဒီလူ့ကိုသတ်ဖို့ ကူညီပေးနိုင်တဲ့ဘယ်သူမဆို နတ်ဆိုးဝံပုလွေတပ်ဖွဲ့က အမြုတေစုဖွဲ့ဆေးလုံး တစ်သန်းပြန်ပေးပါ့မယ်”

ဆူဇီမို့ဦးခေါင်း၏ ဆုကြေးသည် တစ်သိန်းကနေ တစ်သန်းအထိတိုးလာခဲ့လေသည်။

သူက အကူအညီမရှာနိုင်ဘူးဆိုလျှင် ဤနေရာမှာသေရတော့မည်ဖြစ်ကြောင်း တတိယခေါင်းဆောင်က နားလည်သဘောပေါက်သွားပြီဖြစ်၏။

သူက မြို့ရိုးပေါ်ရှိ အဖွဲ့အစည်းကြီးများမှ ပညာရှင်များကို အကူအညီတောင်းခြင်းဖြင့်သာ ဤလူကိုသတ်ဖြတ်နိုင်တော့မည်ဖြစ်၏။

လုံလောက်သည့်ဆုလာဘ်ကိုသာ ရရှိမည်ဆိုပါက ရဲဝံ့သောလူများက ပေါ်ထွက်လာပေလိမ့်မည်။

ဒါ့အပြင် အဖွဲ့အစည်းကြီးများသည် ဆူဇီမို၏ သိုလှောင်အိတ်ထဲရှိ အင်ကြင်းသစ်ရွက်ကို ပစ်မှတ်ထားနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

ထိုသစ်ရွက်၏ တန်ဖိုးက အမြုတေစုဖွဲ့ဆေးလုံး တစ်သန်းထက်ပင် များစွာပိုမိုထိုက်တန်လေသည်။

“ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်က အားလုံးပဲ.. ငါ့အမိန့်ကိုနာခံကြ “

ရုတ်တရက် ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်မှ သခင်​လေးက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွတ်လိုက်၏။

“သူ သေသေရှင်ရှင် ငါဂရုမစိုက်ဘူး... ဒါပေမဲ့ ငါတို့က သူ့ရဲ့သိုလှောင်အိတ်ကို ရအောင်ယူရမယ်”

“နားလည်ပါပြီ”

ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်မှ လူတိုင်းက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် ပြန်ဖြေလိုက်ကြ၏။

ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်မှ သခင်လေးနောက်ဘက်ရှိ အဆင့်-၇ မဟူရာအင်မော်တယ် အဖိုးအိုက အသံနှိမ့်၍ပြောလိုက်၏။

“သခင်လေး... အောက်ကိုဆင်းမလိုက်ခဲ့နဲ့...ကျုပ်က လူဆယ်ယောက်ကို ခေါ်သွားလိုက်မယ်”

ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၏ သခင်လေးက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဦးလေးကျန့်... အဲ့ဒါဆိုရင်တော့ ကျုပ်ခင်ဗျားကိုပဲ လွှဲပေးလိုက်မယ်”

“မပူပါနဲ့သခင်​လေး”

ဦးလေးကျန့်ဟုအမည်ရသော အဖိုးအိုက ပြောလိုက်၏။

“ဒီကောင်လေးက တိုက်ပွဲရဲ့ဒီနေရာအရောက်မှာ သူ့ရဲ့ဝှက်ဖဲအများစုကို သုံးပြီးသွားလောက်ပြီ... သူက ခြိမ်းခြောက်မှုတစ်ရပ်မဖြစ်နိုင်တော့ဘူး”

“သွားကြမယ်ဟေ့”

ဦးလေးကျန့်က သူ၏ လက်ကိုဝေ့ယမ်းပြီး ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်မှ အဆင့်-၆ မဟူရာအင်မော်တယ် ဆယ်ယောက်ကျော်နှင့်အတူ မြို့ရိုးပေါ်ကနေ လျှောဆင်းသွားလေသည်။

တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်ဘုံဂြိုလ်ဆိုးဂိုဏ်း ၊ ကောင်းကင်ဘုံမီးနန်းတော်နှင့် မဟူရာအလင်းဂိုဏ်းမှ ကျင့်ကြံသူများကလည်း တဖျတ်ဖျတ်ပေါ်ထွက်လာပြီး မြို့ရိုးတစ်လျှောက်လျှောဆင်းကာ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာကြ၏။

အမြွှာနဂါးဂိုဏ်းနှင့် မိုးကြိုးတုန်ခါလှိုင်းခန်းမကသာ ဝင်မပါဖို့ ရွေးချယ်ခဲ့လေသည်။

အမြွှာနဂါးဂိုဏ်း၏ ရှုဝမ်က ဆူဇီမိုနှင့် မိတ်ဆွေဖွဲ့ချင်နေသောကြောင့် သူမက သူအားနည်းနေသည့်အချိန်မှာ သေချာပေါက်အခွင့်ကောင်းယူလိမ့်မည် မဟုတ်ပေ။

မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အခြားသောကျင့်ကြံသူများက တိုက်ခိုက်ချင်သော်လည်း သူတို့ကို အပြာရောင်ဝတ်အမျိုးသမီးက တားဆီးထား၏။

သူမသည် ယနေ့ကိစ္စမှာ ဝင်မပါတာပိုကောင်းလိမ့်မည်ဟူသော ခံစားချက်တစ်ခုကို အပြာရောင်ဝတ်အမျိုးသမီးက ဝိုးတဝါး ရရှိနေ၏။

နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော သွေးသူရိယတောင်ကြား စစ်တပ်သည် တောင်တစ်သိန်းရိုးမတွင် ဆူဇီမို၏ သတ်​ဖြတ်ခြင်းခံခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်၏။

မဟူရာယင်တောင်မှ လူများကလည်း ညစျေးတွင် ဆူဇီမို၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး မဟူရာယင်တောင်၏ သခင်လေးကလည်း သေဆုံးခဲ့ပြီဖြစ်၏။

ထိုအဖွဲ့အစည်းနှစ်ခုကလွဲလျှင် အဖွဲ့အစည်းကြီး ၈ ခုကြားမှာ ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက် ၊ မဟူရာအလင်းဂိုဏ်း ၊ ကောင်းကင်ဘုံမီးနန်းတော်နှင့် ကောင်းကင်ဘုံဂြိုလ်ဆိုးဂိုဏ်းတို့က တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီး အခြေအနေအပေါ် အမြတ်ထုတ်ကာ ဆူဇီမို၏ ရတနာများကို လုယူချင်လေသည်။

အဖွဲ့အစည်းလေးခုကို သူတို့သခင်လေးများ၏ သက်တော်စောင့်များဖြစ်သော အဆင့်-၇ မဟူရာအင်မော်တယ် လေးယောက်က ဦးဆောင်လာ၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်အပါအဝင် အဲ့ဒီမှာ အဆင့်-၇ မဟူရာအင်မော်တယ် ၅ယောက်ရှိလာခဲ့၏။

သူတို့နောက်ဘက်မှာ အဆင့်-၆ မဟူရာအင်မော်တယ် အတော်များများလည်း ပါဝင်လာလေသည်။

အဲ့ဒီမှာ ကျင့်ကြံသူများစွာ မပါရှိသော်လည်း... သူတို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့လောက် လူအရေအတွက်မများသော်လည်း သူတို့က အရမ်းကိုသန်မာကြ၏။

စောစောက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို မီးလောင်တိုက်သွင်းခဲ့သည့် မီးတောက်များကို ထုတ်ဖော်ဖို့အတွက် ဆူဇီမိုက စွမ်းအင်မြောက်မြားစွာကို သုံးစွဲခဲ့ရမည်ဖြစ်ပြီး သူက အချိန်တိုအတွင်းမှာ အဲ့ဒါကို ထပ်မံ၍ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ဟု လူတိုင်းက သိရှိထားကြ၏။

သူကအဲ့ဒါကို ထုတ်ဖော်နိုင်မည်ဆိုလျှင်တောင် အဆင့်-၇ မဟူရာအင်မော်တယ် ငါးယောက်က ထိုမီးတောက်များကို ကောင်းကောင်းဖိနှိမ်နိုင်ပေလိမ့်မည်။

ဆူဇီမိုက အဲ့ဒါကို အာရုံခံမိသောအခါ သူက ယိမ်းယိုင်သွားခြင်းမရှိဘဲ လှောင်ရယ်လိုက်၏။ သူတို့ကို ကြည့်ပင်ကြည့်မနေဘဲ သူက စတုတ္ထခေါင်းဆောင်၏ သိုလှောင်အိတ်နှင့် နက်မှောင်နေသော ဓါးကျိုးကို ဆွဲယူလိုက်လေသည်။

နက်မှောင်နေသောဓားကျိုးက အသိစိတ်ရှိသောရတနာတစ်ခုဖြစ်၏။ ၎င်းက ချို့ယွင်းပျက်စီးနေသော်လည်း အဲ့ဒါက သူ့အတွက် အရမ်းကိုအသုံးတည့်လေသည်။

ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး အနက်ရောင်ဓားကျိုးကို သိမ်းဆည်းလိုက်၏။

အချိန်တိုအတွင်းမှာ ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက် ၊ မဟူရာအလင်းဂိုဏ်းနှင့် အခြားသော အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများက ရောက်ရှိလာပြီး ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

“တာအိုရောင်းရင်းတို့... ကျုပ်တို့အတူပူးပေါင်းပြီး ဒီကောင်လေးကို ကိုင်တွယ်လိုက်ရအောင်”

ဦးလေးကျန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တခြားလူတွေက ရှေ့ကိုတက်လာစရာမလိုဘူး... အပြင်ဘက်အစပ်ကနေ အခွင့်အရေးတစ်ခုကို ရှာပြီးတော့ ခင်ဗျားတို့ရဲ့ အစွမ်းကုန်နဲ့ တိုက်ခိုက်ကြ။”

“ရတယ်လေ”

မဟူရာအလင်းဂိုဏ်းနှင့် အခြားသောအဖွဲ့အစည်းများ၏ အဆင့်-၇ မဟူရာအင်မော်တယ်များက ခေါင်းညိတ်လိုက်ကြ၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်ကလည်း ကန့်ကွက်​ခြင်းမရှိပေ။

“ဘာလို့လဲ”

ဆူဇီမိုက ဝန်းရံခံထားရသော်လည်း သူက မည်သည့်ကြောက်ရွံ့မှု အရိပ်အယောင်မှမရှိပေ။ ထိုအစား သူ၏ အမူအရာက ပို၍ပင်တက်ကြွလာပြီး သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုကာ လှောင်ရယ်လိုက်၏။

“မင်းတို့တွေက နတ်ဆိုးဝုံပလွေတပ်ဖွဲ့နဲ့ ပူးပေါင်းချင်တာလား”

အဖွဲ့အစည်းကြီးများ၏ အဆင့်-၇ မဟူရာအင်မော်တယ်များက အသံတိတ်၍ စိုးရိမ်ပူပန်သောအမူအရာများနှင့်အတူ ဆူဇီမိုကိုသာ အေးစက်စွာစိုက်ကြည့်နေကြ၏။

သူတို့သည် ဤအခိုက်အတန့်မှာ ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ကို မခံစားချင်ကြပေ။

အစိမ်းရောင်ဝတ်ကျင့်ကြံသူမှာ ဝှက်ဖဲများစွာနှင့် အံ့မခန်းနည်းလမ်းများစွာရှိလေသည်။ သူတို့က အရေအတွက်အားသာချက်ရှိသည်ဆိုလျှင်တောင် သူတို့က မဆင်မခြင်ပြုမူရဲခြင်းမရှိပေ။

ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။

“သိပ်ကောင်းတယ်... မင်းတို့တွေက အခြေအနေပေါ် အမြတ်ထုတ်ချင်တယ်ဆိုမှတော့... အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ရမယ့်အတွက် ငါ့ကိုမပြစ်မတင်ကြနဲ့တော့”

ဆူဇီမိုက ပြုံးနေသော်လည်း သူ၏ စကားလုံးများက လက်ရှိလူတိုင်းကို တုန်လှုပ်သွားစေ၏။

“ကောင်လေး... မင်းတော်တော်ဘဝင်မြင့်နေတာပဲ”

ဦးလေးကျန့်ကအော်ငေါက်လိုက်၏။

“ငါမင်းကို ပြောလိုက်မယ်... မင်းလိုမျိုး အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်က နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မဟုတ်ဘူး... မင်းက ဒီနေရာမှာမောက်မာနေဖို့ အဆင့်မမီဘူး”

“တိုက်...”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် အဆင့်-၇ မဟူရာအင်မော်တယ် ငါးယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြပြီဖြစ်၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်က အနီရောင်ဆေးလုံးတစ်လုံးကိုမျိုချပြီး သူ၏ အော်ရာက ရုတ်တရက် အလွန်တရာ ယုတ်ရင်းကြမ်းတမ်းလာ၏။

သူက နီရဲလာသော မျက်လုံးများနှင့်အတူ မာန်ဖီဟိန်းဟောက်၍ ဆူဇီမိုထံသို့ ပြေးဝင်သွား၏။

ဦးလေးကျန့်က အင်မော်တယ်ပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူ၏ လျှာဖျားကိုကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို ထွေးထုတ်ကာ အော်ပြောလိုက်၏။

“ကောင်းကင်ဘုံကင်းမြီးကောက်ဆင်းသက်ခြင်း”

ထိုအဆီအနှစ်သွေးတစ်လုတ်သည် သူ၏ နှစ်ပေါင်းရာချီကျင့်ကြံမှုနှင့် တူညီလေသည်။

ဦးလေးကျန့်က တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက သူ၏ ခွန်အားကုန်ကို ထုတ်သုံးလာခဲ့၏။

All Chapters