နတ်ဆင် ပေါ်ထွက်လာခြင်း
Vol. 124 Ch. 1854
အမြုတေသွေးက လေထဲမှာ လျင်မြန်စွာ ဆင့်ကဲပြောင်းလဲသွားပြီး ပေအတော်အတန် ရှည်လျားသော ဧရာမ ကင်းမြီးကောက်တစ်ကောင်အဖြစ် စုဖွဲ့လာခဲ့၏။ ၎င်း၏ အမြီးက ကွေးညွှတ်နေပြီး ၎င်း၏ အဆိပ်ဆူးက ၎င်း၏ ဦးခေါင်းထက်မှာ ရစ်ဝဲကာ ဆူဇီမိုထံသို့ ပြေးဝင်လာ၏။
“အသင်္ချေနယ်မြေဖြစ်စဉ်လက်သီး”
ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်း၏ အဆင့်ခုနှစ် မဟူရာအင်မော်တယ်က သူ၏ သွေးချီကို လှည့်ပတ်ပြီး ခြေလှမ်းကြဲများဖြင့် ရှေ့သို့ ပြေးဝင်လာ၏။ သူ၏ အမြုတေချီက စုဖွဲ့လာပြီး ဆူဇီမိုထံသို့ ပစ်ထိုးလိုက်၏။
ထိုလူသည် မဟူရာအဆင့် လက်အိတ်တစ်စုံကို ဝတ်ဆင်ထားသည်မှာ သိသာလေသည်။
ထိုထိုးချက်နှင့်အတူ များပြားလှစွာသော ပုံရိပ်ယောင်များက ပေါ်ထွက်လာပြီး ဆိုးယုတ်အော်ရာတစ်ခုက ချောက်ချားစရာကောင်းသော ပုံစံဖြင့် တလိပ်လိပ်ထိုးတက်လာ၏။
“မဟူရာအလင်းသော့ခတ်”
မဟူရာအလင်းဂိုဏ်း၏ အဆင့်ခုနှစ် မဟူရာအင်မော်တယ်က ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်၏။
သူမသည် သူမ၏ ဖြူဖွေးနုနယ်သော လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို သူမ၏ လက်ချောင်းထိပ်များကနေ ထွက်ပေါ်လာစေ၏။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်လာခဲ့၏။
ထို့နောက်ချက်ချင်း.. ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားဆန်ဆန်အလင်းဖြင့် တောက်ပနေသည့် ချိန်းကြိုးများက ပေါ်ထွက်လာ၏။ သူတို့မှာ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များ ပါရှိပြီး သူ၏ ခြေလက်များကို ရစ်ပတ်ကာ အဆက်မပြတ် ကျုံ့ဝင်လာခဲ့၏။
“ကောင်းကင်ဘုံမီး”
ကောင်းကင်ဘုံမီးနန်းတော်၏ အဆင့်-၇ မဟူရာအင်မော်တယ်က အင်မော်တယ်ပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး သူ၏ လက်ညိုးကို ဆန့်ထုတ်ကာ ဆူဇီမို၏ ဦးခေါင်းကို ထိုးညွှန်လိုက်၏။
ဘုန်း..
ကြီးမားသော မီးတောက်အလင်းတိုင်တစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ဆူဇီမိုအပေါ်သို့ ပစ်ကျလာခဲ့၏။
အင်မော်တယ်ငါးယောက်က သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို အနီး အဝေး တိုက်ခိုက်မှုများဖြင့် ထုတ်ဖော်လိုက်ကြ၏။ သူတို့သည် အလိုလိုနားလည်မှုရှိကြပြီး ဆူဇီမို၏ ထွက်လမ်းကို ချက်ချင်းပင် ပိတ်ဆို့လိုက်လေသည်။
ထိုတိုက်ခိုက်မှုသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက် တိုက်ခိုက်သည်ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။
ဤတစ်ခေါက်မှာတော့ တတိယခေါင်းဆောင်နှင့် ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်းမှ အဆင့်-၇ မဟူရာအင်မော်တယ်သည် အနီးကပ် ဝင်လုံးတိုက်ခိုက်လိုက်ကြ၏။
ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၊ မဟူရာအလင်းဂိုဏ်းနှင့် ကောင်းကင်ဘုံမီးနန်းတော်မှ အဆင့်-၇ မဟူရာအင်မော်တယ်များက အဝေးကနေ သူတို့၏ အင်မော်တယ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို တလိပ်လိပ်ထိုးတက်လာစေ၏။
ဆူဇီမိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
နောက်ဆုံးမှာတော့ သူ၏ ကျင့်ကြံမှုနယ်ပယ်သည် သူတို့ငါးယောက်ထက် များစွာပိုမိုနိမ့်ကျနေ၏။
ယခုအချိန်မှာ သူသည် သူ၏ သွေးချီကို အသုံးပြုရဲခြင်း မရှိပေ။ သူက အနီးကပ်တိုက်ခိုက်ရည်မှာ အသာစီးရရှိနေနိုင်သေးသော်လည်း သူ့အနေဖြင့် အချိန်တိုအတွင်းမှာ အနိုင်ရဖို့ ခဲယဉ်းပေလိမ့်မည်။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်နှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်၏ သေစေနိုင်စွမ်းအားက အလွန်တရာ ကြောက်စရာကောင်း၏။
သို့သော်လည်း ဓားချီက ပျက်ပြယ်သွားသည်နှင့် သူတို့သည် အဆင့်-၇ မဟူရာအင်မော်တယ်များကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
“သတ်”
ထိုစဉ်မှာပင် တိုက်ပွဲနယ်မြေ၏ အစပ်မှာရှိသော အဆင့် ၆ မဟူရာအင်မော်တယ်များက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ သူတို့က သူတို့၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများကို ဆင့်ခေါ်ပြီး စီပိုးခြယ်လှယ်သော ပုံစံတစ်ခုနှင့်အတူ ဆင်းသက်လာစေ၏။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် လှည့်ပတ်ကာ ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ရုတ်တရက်.. သူ၏ နောက်ကျောဘက်ကနေ ဧရာမ အဖြူရောင် ဆင်စွယ်နှစ်ချောင်းက ပေါ်ထွက်လာခဲ့၏။ သူတို့က ကြောက်စရာကောင်း၍ ထက်ရှနေပြီး အရာရာတိုင်းကို ထိုးဖောက်ပစ်နိုင်သည့်အလားပင်။
ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား…
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆူဇီမိုသည် ထိုပင်ကိုနတ်ဘုရားစွမ်းအားကို ၎င်း၏ အထွတ်အထိပ်အထိ နားလည်ဆင်ခြင်နိုင်ခဲ့ပြီးပြီဖြစ်၏။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် ဆင်စွယ်ခြောက်ချောင်းစလုံး၏ စွမ်းအားက ပေါ်ထွက်လာပေလိမ့်မည်။
သူ၏ ခွန်အားကလည်း ခြောက်ဆတိုးလာမည်ဖြစ်၏။
သို့သော်လည်း အထက်ဘုံမှာ သူသည် လောကနိယာမများဖြင့် ကန့်သတ်ခံထားရ၏။
ဒါ့အပြင် ထိုပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခြင်းက သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ် ကြီးမားစွာ အားအင်ကုန်ခမ်းစေ၏။
သူ၏ အဆင့်-၇ မဟူရာအမြုတေစိတ်ဝိညာဉ် ကျင့်ကြံမှုနှင့်ပင်လျှင် ဆူဇီမိုသည် ဆင်စွယ်နှစ်ချောင်းကိုသာလျှင် ထုတ်ဖော်နိုင်၏။
ထိုသို့ဆိုလျှင်တောင် သူ၏ ခွန်အားက ချက်ချင်းပင် နှစ်ဆတိုးလာခဲ့၏။
သူ၏ ကိုယ်ကာယခွန်အားသာ တိုးလာသည် မဟုတ်ဘဲ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကပါ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အလား သိသိသာသာ တိုးလာခဲ့၏။
“အဲဒါ ဘာပါလိမ့်”
“အဲဒီ နတ်ဘုရားစွမ်းအားကို ငါ အရင်က ဘာလို့ မမြင်ဖူးရတာလဲ”
“ဒီကောင်လေးရဲ့ အော်ရာက တခြားလူတစ်ယောက်ဖြစ်သွားတဲ့အတိုင်း သိသိသာသာတိုးလာတယ်လို့ ငါ ဘာလို့ခံစားနေရတာပါလိမ့်”
မြို့ရိုးပေါ်ရှိ လူတိုင်းက တုန်လှုပ်သွားကြ၏။
“ကြည့်စမ်း.. အဲဒါ ဘာလဲ”
ကျင့်ကြံသူများစွာက အာရုံစိုက်၍ ကြည့်လိုက်ပြီး ဆူဇီမို၏ နောက်ဘက်တွင် ဧရာမ နတ်ဆင်တစ်ကောင် ခပ်ရေးရေး ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်းက အစွယ်ဖြူခြောက်ချောင်း ပါရှိသည့် နတ်ဆင်တစ်ကောင်ဖြစ်ပြီး ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။
အစွယ်ခြောက်ချောင်းနတ်ဆင် ဆင်းသက်လာသောအခါ နဂါးအသူရာချောက်နက်မြို့တော်ရှိ ကျင့်ကြံသူများစွာသည် ရှင်းမပြတတ်သော ရင်တလှပ်လှပ် ခံစားချက်တစ်ခုကို ရရှိလိုက်ပြီး သူတို့က ဦးညွှတ်ချင်စိတ်ပေါက်လာ၏။
အဆင့်-၈ မဟူရာအင်မော်တယ်များနှင့် ခေါင်းဆောင်တပ်မှူးလျှိုပင်လျှင် တုန်လှုပ်သွားရ၏။
အစွယ်ခြောက်ချောင်းနတ်ဆင်က ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။
၎င်းက နဂါးအသူရာချောက်နက်ကြယ်ပေါ်သို့ ဆင်းသက်လာသောအခါ ကြီးကျယ်သည့် အစွယ်ခြောက်ချောင်းနတ်ဆင်၏ သိပ်သည်းပြင်းထန်သော ဖိအားကို ခံနိုင်ရည်မရှိဘဲ အနည်းငယ် တုန်ခါလာသည့်အလားပင်။
ရုတ်တရက် ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ နောက်ဘက်မှာ ရှိသော နတ်ဆင်ပုံရိပ်ယောင်က ၎င်း၏ နှာမောင်းကို လွှဲယမ်းပြီး ၎င်း၏ ဦးခေါင်းကို မော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ဖန်း.. ဖန်း.. ဖန်း..
ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလင်းချိန်းကြိုးများက ကျိုးပြတ်သွားပြီး ဘာမှမကျန်ရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အဝါရောင်သဲ လက်တစ်ဆုပ်ကို ပစ်ထုတ်လိုက်၏။
အဝါရောင်သဲက ပြန့်ကျဲသွားပြီး ရွှေရောင်အလင်းတစ်ခုနှင့်အတူ တောက်ပလာကာ ဧရာမ အဝါရောင်သဲ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေပြီး အဆင့်-၆ မဟူရာအင်မော်တယ်များစွာ၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများကို ပိတ်ဆို့တားဆီးလိုက်၏။
အဲဒါသည် အဆင့်ကိုး ဖန်တီးခြင်းကြာပဒုမ္မာကနေ ပေါ်ထွက်လာသည့် အဆုံးစွန် ရတနာတစ်ခုဖြစ်၏။
ဖန်တီးခြင်းကြာပဒုမ္မာ အဆင့်ကိုးသို့ ရောက်ရှိလာသည့်အခါ ပေါ်ထွက်လာမည့် အပြောင်းအလဲများကို ဤလောကမှာ သိရှိသည့်သူ များစွာမရှိပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဖန်တီးခြင်းကြာပဒုမ္မာသည် နောက်ပိုင်းအဆင့်များမှာ မဟာအခွင့်အလမ်းများကို ပေါ်ထွက်လာစေနိုင်သည်ဟုသာ တျဲယွဲ့က ပြောခဲ့၏။ သို့သော်လည်း ပေါ်ထွက်လာမည့်အရာ အတိအကျကို သူမပင်လျှင် မသိရှိပေ။
အဲဒါကြောင့် ဆူဇီမိုသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ထုတ်ဖော်သည့်အခါ အခြားသူများ မှတ်မိသိရှိသွားမည်ကို စိုးရိမ်မနေပေ။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ ဘယ်ဘက်လက်ဖြင့် စတုရန်းကြေးမီးဖိုကို ကိုင်ပြီး ရှေ့သို့ ပြေးဝင်လာသည့် တတိယခေါင်းဆောင်ကို ဖိနှိမ်လိုက်၏။
သူ၏ ညာဘက်လက်ကို တင်းတင်းဆုပ်ပြီး ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်း၏ အသင်္ချေနယ်မြေဖြစ်စဉ်လက်သီးကို လှည့်ကြည့်ခြင်း မရှိဘဲ ပစ်ထိုးလိုက်၏။
ဘုန်း..
တစ်ချိန်တည်းနီးပါးမှာပင် ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။
တတိယခေါင်းဆောင်က ဆတ်ခနဲ တုန်ယင်သွားပြီး ကြောက်စရာကောင်း၍ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုက ရွှေရောင်တင်းပုတ်ကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည်ဟု သူက ခံစားလိုက်ရ၏။
သူ၏ ကိုယ်ကာယနှင့်ပင်လျှင် သူက အဲဒါကို ခံနိုင်ရည်မရှိပေ။
ထိုစွမ်းအားသည် အစက ဆူဇီမို ထုတ်ဖော်ခဲ့သော စွမ်းအားထက်ပင် များစွာပိုမိုသန်မာနေ၏။
“အား..”
တတိယခေါင်းဆောင်က ခပ်စူးစူးအော်လိုက်၏။
စတုရန်းကြေးမီးဖိုသည် သူ့လက်ထဲရှိ ရွှေရောင်တင်းပုတ်ကို လွင့်စင်ထွက်သွားစေ၏။
သူ၏ လက်ဖဝါးက ကွဲထွက်သွားပြီး သွေးများက စီးကျလာခဲ့၏။
ရွှေရောင်တင်းပုတ်က စင်ထွက်သွားပြီး အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်လာခဲ့၏။ ၎င်းသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အပြင်ဘက်မှာ ရှိသော လူအုပ်ထဲသို့ ပစ်ဝင်သွား၏။
အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော အဆင့်-၆ မဟူရာအင်မော်တယ်နှစ်ယောက်က ရွှေရောင်အလင်းဖြင့် ထိခတ်မိသွားလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် နေရာမှာပင် ကြေမွသွားပြီး သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
အခြားတစ်ဖက်မှာတော့ လက်သီးနှစ်လုံးက ထိတွေ့သွား၏။
ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်းမှ အဆင့်-၇ မဟူရာအင်မော်တယ်၏ လက်သီးသည် မဟူရာအဆင့် ဓမ္မရတနာတစ်ခုကို ဝတ်ဆင်ထားပြီး အင်မော်တယ်ပညာရပ် အသင်္ချေနယ်မြေဖြစ်စဉ်လက်သီးကို ထုတ်ဖော်ကာ အဆုံးမဲ့သော ပုံရိပ်ယောင်များကို ထွက်ပေါ်လာစေ၏။
သို့သော်လည်း နယ်မြေဖြစ်စဉ်၏ ပုံရိပ်ယောင်များသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံမှ လက်သီးထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွား၏။
ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်း၏ အဆင့်-၇ မဟူရာအင်မော်တယ်ကလည်း တုန်လှုပ်သွားပြီး သူ၏ လက်ပေါ်ရှိ အင်္ကျီလက်စက ကြေမွပျက်စီးသွားကာ ကြမ်းကြုတ်သော စွမ်းအားတစ်ခုက တလိပ်လိပ်တိုးဝင်လာ၏။
သူ၏ လက်က သွေးသံရဲရဲ ဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီဖြစ်၏။
၎င်းသည် ဆူဇီမို၏ ထိုးချက်ထံမှ စွမ်းအားကို ခံနိုင်ရည်မရှိသည်မှာ သိသာလေသည်။
ထိုလူက နာကျင်နေသော အမူအရာနှင့် သူ၏ လက်ကို စိုက်ကြည့်ပြီး နက်နက်ရှိုင်းရှိုင်း ညည်းတွားအော်ဟစ်လိုက်၏။
ဘန်း..
ထို့နောက် အားလုံး၏ အကြည့်အောက်မှာပင် သူ၏ လက်က ပေါက်ကွဲထွက်သွားပြီး အသားစများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။ တစ်ခဏချင်းမှာပင် အရိုးဖြူဖြူ အပိုင်းအစတချို့သာ ကျန်ရစ်ခဲ့ပြီး အပြင်ဘက်မှာ တွဲလောင်းကျနေ၏။
သိပ်သည်းပြင်းထန်သော နာကျင်မှုက ထိုလူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး သူက နေရာမှာပင် သတိလစ်လုမတတ် ဖြစ်သွားရ၏။
ထိုစဉ်မှာပင် သူ၏ မျက်ဝန်းထောင့်ကနေ အဖြူရောင် အလင်းတစ်ခုကို ရုတ်တရက် တွေ့မြင်လိုက်ရ၏။
အဲဒီနောက် အလွန်တရာ ထက်ရှသော အော်ရာတစ်ခုက သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုနှင့်အတူ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ ထိုလူသည် ရေခဲမြစ်ထဲသို့ ကျဆင်းသွားသည့်အလား တစ်ကိုယ်လုံး ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။
“မကောင်းတော့ဘူး”
ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်းမှ အဆင့် ၇ မဟူရာအင်မော်တယ်၏ စိတ်ထဲသို့ ထိုအတွေးကသာ ဝင်ရောက်လာခဲ့၏။
နောက်ခဏ၌ အဖြူရောင် ဓားချီက သူ၏ နဖူးထဲသို့ ဝင်ရောက်သွားလေသည်။
ဖောက်..
သွေးသံရဲရဲ အပေါက်တစ်ပေါက်က ထိုသူ၏ နှာရောင်ပေါ်မှာ ပေါ်ထွက်လာပြီး သွေးများက စီးထွက်လာလေသည်။
ကောင်းကင်ဂြိုဟ်ဆိုးဂိုဏ်းမှ အဆင့်-၇ မဟူရာအင်မော်တယ်က သေဆုံးသွားခဲ့လေပြီ။