← Chapters

ညတွင်းချင်း နာမည်ကြီးလာခြင်း

Vol. 124 Ch. 1855

ညတွင်းချင်း နာမည်ကြီးလာခြင်း

Vol. 124 Ch. 1855

ဆူဇီမိုသည် ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်း၏ အဆင့်-၇ မဟူရာအင်မော်တယ်ကို ထိုးချက်တစ်ချက်ဖြင့် တွန်းလှန်ထုတ်ပြီး သူ၏ လက်ညိုးကို ညင်သာစွာဝေ့ယမ်းကာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတတစ်ခုကို ထုတ်ဖော်ခဲ့၏။

ဓားချီတစ်ခုတည်းက ထိုလူကို သတ်ဖြတ်ခဲ့လေသည်။

ထိုစဥ်မှာပင် ကောင်းကင်ဘုံမီးက ဆင်းသက်လာခဲ့၏။

ဆူဇီမိုသည် သူ၏ လက်ထဲရှိ စတုရန်းကြေးမီးဖိုကို ပစ်ထုတ်ပြီး သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲစေလိုက်၏။

ကပ်ဘေးဖြတ်ကျော်ခဲ့စဥ်အတောအတွင်း ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ သန့်သင်မွန်းမံမှုကနေတစ်ဆင့် စတုရန်းကြေးမီးဖိုသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်နှင့် ဆက်သွယ်ချက်တစ်ခုရရှိလာခဲ့လေပြီ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ပစ်ပေါက်ခြင်း ၊ ကိုင်ရိုက်ခြင်းဖြင့်သာ အသုံးချနိုင်ခဲ့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ထိုရတနာကို ထိန်းချုပ်လာနိုင်ခဲ့ပြီဖြစ်၏။

စတုရန်းကြေးမီးဖိုသည် ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲလာခဲ့၏။ ၎င်း၏ အနားသုံးဖက်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သော်လည်း ကောင်းမွန်နေသော အနားတစ်ဖက်က လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။

နီရဲနေသော မီးကျည်က ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့ပြီး စတုရန်းကြေးမီးဖိုနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။

သူတို့နှစ်ခုက ထိတွေ့ရိုက်ခတ်သွားသော်လည်း ကြီးကြီးမားမား အသံများစွာ ထွက်ပေါ်မလာခဲ့ပေ။

မီးကျည်သည် ကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့သော်လည်း ၎င်းသည် စတုရန်းကြေးမီးဖို၏ တိတ်တဆိတ်ချေဖျက်ခြင်းကို ခံလိုက်ရ၏။

စတုရန်းကြေးမီးဖိုက တုတ်တုတ်မျှလှုပ်မလာခဲ့ပေ။

သို့သော်လည်း သွေးနီရောင်အလင်းတန်းက မီးပွားကလေးများအဖြစ် ပြိုကွဲသွားပြီး အဘက်ဘက်သို့ ပြန့်ကျဲထွက်သွားလေသည်။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုအောက်မှာ မတ်တတ်ရပ်နေပြီး မီးပွားတစ်ခုကမှ သူ့ကိုလာစင်ခြင်း မရှိပေ။

ထိုအခိုက်အတန့်မှာ ဦးလေးကျန့်၏ အမြုတေသွေးကနေ ဆင့်ခေါ်ထားသော ဧရာမကင်းမြီးကောက်သည် ချဥ်းကပ်လာခဲ့ပြီဖြစ်၏။

၎င်း၏ လက်ညှပ်နှင့် အမြီးကိုဝေ့ယမ်းပြီး ဆူဇီမိထံသို့ ပစ်ထိုးလိုက်လေသည်။

“ဟမ်..”

ဆူဇီမို၏ ရှေးကျသောမီးဖိုက သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေပြီး သူက လှောင်ရယ်လိုက်၏။ သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး သူက ဧရာမကင်းမြီးကောက်ကို လက်ညိုးထိုးကာ အော်ငေါက်လိုက်၏။

“ငရဲတာအို”

ချက်ချင်းပင် မကောင်းဆိုးဝါးဆန်သောပုံစံဖြင့် ငရဲဘုံတစ်ခုဆင်းသက်လာပြီး လေထဲမှာသွေးချီက ပြည့်နှက်ကာ မှောင်မည်းသွားလေသည်။

ကောင်းကင်ဘုံကင်းမြီးကောက်သည် ငရဲခန်းထဲသို့ ကျဆင်းသွားပြီး ဆူဇီမိုကို မတွေ့မြင်ရတော့ပေ။ မရေမတွက်နိုင်သော ဆိုးယုတ်တစ္ဆေများက သူ့ထံသို့ ပြေးဝင်လာပြီး သူ၏ အသားကို ဝါးမျိုချင်နေသည်ဟု ခံစားလိုက်ရ၏။

ကောင်းကင်ဘုံကင်းမြီးကောက်သည် ဦးလေးကျန့်၏ နှစ်ပေါင်းရာချီကျင့်ကြံမှုကနေ စုဖွဲ့ထားခြင်းဖြစ်၏။

သို့သော်လည်း ငရဲတာအိုထဲသို့ ကျဆင်းသွားခြင်းသည် အဆုံးမဲ့ချောက်နက်တစ်ခုထဲသို့ ကျဆင်းသွားခြင်းနှင့်တူပြီး ပြန်လည်ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။

သိပ်မကြာခင် ကောင်းကင်ဘုံကင်းမြီးကောက်သည် ဆိုးယုတ်တစ္ဆေများ၏ ရစ်ပတ်ခြင်းကိုခံရပြီး လုံးဝသန့်စင်မွန်းမံခံရကာ ပျောက်ကွယ်သွားလေသည်။

ဦးလေးကျန့်၏ မျက်နှာက ဖြူဖျော့သွား၏။

သူသည် သူ၏ နှစ်ပေါင်းရာချီကျင့်ကြံမှုကို စွန့်လွှတ်ခဲ့ရ၏။

သို့သော်လည်း အဲ့ဒါက ဆူဇီမို၏ အဝတ်စကို မထိတွေ့နိုင်ခင်မှာပင် ထိုသူ၏ သာမန်နတ်ဘုရားစွမ်းအားဖြင့် ဘာမှမကျန်အောင် ပျက်ပြယ်သွားရပြီဖြစ်၏။

ဆူဇီမိုသည် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သောအခါ သူ၏ ခွန်အားက နှစ်ဆတိုးလာခဲ့၏။

သူထုတ်ဖော်လိုက်သော သာမန်နတ်ဘုရားစွမ်းအားသည်လည်း မြင့်တက်လာသောစွမ်းအားကို လက်ခံရရှိပြီး ဦးလေးကျန့်၏ အင်မော်တယ်ပညာရပ်ကို အလွယ်တကူချေဖျက်နိုင်ခဲ့၏။

ကျဆုံးသွားသော ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်းမှ အဆင့်-၇ မဟူရာအင်မော်တယ်နှင့်ယှဥ်လျှင် သူကအတော်လေး ကံကောင်းလှသည်ဟု ဆိုရပေမည်။

တိုက်ခိုက်မှုများက နှေးကွေးသည်ဟုထင်ရသော်လည်း တကယ်တော့... တစ်ခဏအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်းပင်။

ထိုအခါမှသာ မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများက တုံ့ပြန်လာနိုင်ပြီး အံအားတသင့်ရေရွတ်လိုက်ကြ၏။

“ဘုရားရေ... သူက ငါးယောက်တစ်ယောက် တိုက်ခိုက်နေတာတောင်... အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်လိုက်သေးတယ်”

“အဲ့ဒီလူရဲ့နောက်ခံက ဘာပါလိမ့်... သူက အောက်​ဘုံကနေ တက်လှမ်းလာတဲ့လူတစ်ယောက် တကယ်ရောဟုတ်ပါ့မလား။

“သူက အဆင့်မြင့်အင်မော်တယ်တစ်ပါး ပြန်ဝင်စားလာတာများလား”

အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများကို မပြောနှင့် နဂါးအသူရာချောက်နက်မြို့တော်မှ ဒေသခံအဆင့်မြင့် အင်မော်တယ်များပင်လျှင် တုန်လှုပ်သွားကြ၏။

ခေါင်းဆောင်တပ်မှူးများ၏ မျက်လုံးများထဲတွင်လည်း မယုံကြည်နိုင်မှုများက ပေါ်ထွက်လာ၏။

တိုက်ပွဲ၏ ဤနေရာအရောက်ထိ ဆူဇီမိုထုတ်ဖော်ခဲ့သော ဝှက်ဖဲများသည် သူတို့ကဲ့သို့ ဒေသခံအင်မော်တယ်များပင်လျှင် မယှဥ်နိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။

သို့သော်လည်း ထိုသူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။

အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်သည် ဤမျှများပြားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဘယ်လိုလုပ်ပြီး တတ်ကျွမ်းနေရတာလဲ။

တိုက်ပွဲက ပြီးဆုံးမသွားသေးသော်လည်း လက်ရှိအခြေအနေသည် လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်လာခဲ့ပြီဖြစ်၏။

ယန်ဖေးက အံအားတသင့်ရေရွတ်လိုက်၏။

“ဒီကောင်လေးက ညတွင်းချင်း ကျော်ကြားလာတော့မှာပဲ”

ကျင့်ကြံသူများစွာသည် ညစျေးမှမြင်ကွင်းကို ပြန်လည်အမှတ်ရလာကြ၏။

ခေါင်းဆောင်တပ်မှူးလျှိုသည် ပွဲကြီးပွဲကောင်း တစ်ပွဲကို ကြည့်ရှုဖို့အတွက် ဤနေရာသို့ လူတိုင်းကို ဖိတ်ခေါ်ခဲ့၏။

ခေါင်းဆောင်တပ်မှူးလျှိုပင်လျှင် ဤကဲ့သို့သော မြင်ကွင်းပေါ်ထွက်လာလိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူများစွာသည် မြို့ရိုးပေါ်ရှိ ခေါင်းဆောင်တပ်မှူးလျှိုကို အလိုလိုခိုးကြည့်လိုက်ကြ၏။

ခေါင်းဆောင်တပ်မှူးလျှိုက အမူအရာကင်းမဲ့နေပြီး တိုက်ပွဲမြေပြင်ကို တိတ်တဆိတ်ဖြင့် စောင့်ကြည့်နေ၏။ သူဘာစဥ်းစားနေသည်ကို မည်သူကမှ မသိရပေ။

သွမ့်ထျန်လန် ၊ ယွဲ့ဟောက်နှင့် အခြားသူများကတော့ ကျေနပ်နှစ်ခြိုက်သွားကြ၏။

ရှုဝမ်က တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သက်ပြင်းရှည်တစ်ချက်ချလိုက်၏။

သူမက စိတ်သက်သာရာရသလို ခံစားရလေသည်။

ကံကောင်းထောက်မစွာဖြင့် သူမသည် ဤလူနှင့် ရန်သူဖြစ်ဖို့ မရွေးချယ်ခဲ့ပေ။

ဤလူ၏ ပါရမီအလားအလာက အရမ်းကိုကြီးမားလေသည်။

သူက ယနေ့မသေဘူးဆိုလျှင် သူသည် နောက်ထပ်နှစ်ပေါင်းထောင်ဂဏန်းတချို့ကျင့်ကြံပြီး ထပ်မံ၍ကြီးပြင်းလာသည်နှင့် သူသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မြင့်မားသောအဆင့်အတန်းတစ်ခုကို သေချာပေါက်ပိုင်ဆိုင်လာပေလိမ့်မည်။

သူ၏ အစွမ်းအစအရ... သူသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ကိုးခုမြောက် အဖွဲ့အစည်းကြီးတစ်ခုကို တည်ထောင်နိုင်ဖို့ အခွင့်များလေသည်။

“သခင်မလေး... ဟိုလူက သွေးသူရိယတောင်ကြားက ကာကွယ်သူတစ်ယောက်ထင်တယ်”

ထိုစဥ်မှာပင် ရှုဝမ်၏ နောက်ဘက်မှာရှိသော ဗလတောင့်တောင့်အမျိုးသားက မြို့၏အောက်ဘက်မှ ပုံရိပ်တစ်ခုကို လက်ညိုးထိုးပြီး ခပ်တိုးတိုးပြောလိုက်၏။

နဂါးအသူရာချောက်နက်မြို့တော်အောက်တွင်...။

တိုက်ပွဲက အကြိတ်အနယ်ရှိလာပြီး နောက်ထပ်ပုံရိပ်တစ်ခုက တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာသည်ကို မည်သူကမှ သတိမထားမိကြပေ။

အဲ့ဒါက သွေးသူရိယတောင်ကြား၏ ကာကွယ်သူရွှယ်ဖြစ်၏။

“တာအိုရောင်ရင်းတို့...”

အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ ကာကွယ်သူရွှယ်က ဆက်လက်၍ အငြိမ်မနေနိုင်တော့ဘဲ တိုက်ပွဲနယ်မြေသို့ ရောက်ရှိလာ၏။ သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်နှင့် အခြားသူများထံ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် ခင်ဗျားတို့က ဘာလို့အချိန်ဖြုန်းနေကြတာလဲ... ကျုပ်တို့က အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တွေကို တိုက်ရိုက်အသုံးပြုလိုက်ကြတာပေါ့”

ပုံမှန်အခြေအနေမှာဆိုလျှင် အထက်ဘုံမှာဖြစ်စေ... အောက်ဘုံမှာဖြစ်စေ ကျင့်ကြံသူများသည် တိုက်ခိုက်နေစဥ်အတွင်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို အလွယ်တကူ အသုံးမပြုတတ်ကြပေ။

အမြုတေစိတ်ဝိညာဥ်တစ်ခုက ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် ၎င်းကို ကုသဖို့က အလွန်တရာခဲယဥ်းပြီး သူတို့၏ အနာဂတ်ကျင့်ကြံမှုအပေါ်မှာ သက်ရောက်မှုရှိလာနိုင်၏။

ဒါ့အပြင် ပညာရှင်များစွာ၏ ရင်ထဲမှာ သူတို့သည် အဆင့်-၇ မဟူရာအင်မော်တယ်များဖြစ်ပြီး ဆူဇီမိုထက် ကျင့်ကြံမှုအဆင့်သေးနှစ်ဆင့် ပိုမိုမြင့်မားလေသည်။ သူတို့က တိုက်ခိုက်မှုတစ်ရပ်စီဖြင့် ထိုသူကို ဖိနှိမ်နိုင်မည်ဟု တွေးထင်ထားခဲ့ကြ၏။

လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို အသုံးပြုဖို့မဟုတ်ပေ။

သို့သော် ယခုအခါ ကာကွယ်သူရွှယ်၏ စကားက လက်ရှိလူတိုင်းကို ပြန်လည်သတိဝင်လာစေ၏။

အဲ့ဒါအမှန်ပဲ...။

သူတို့၏ ကျင့်ကြံမှုအဆင့်များက ဆူဇီမိုထက် ပိုမိုမြင့်မားပြီး ထိုသူသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို သေချာပေါက်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဤလူ့မှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ချေဖျက်နိုင်သည့် ဝှက်ဖဲတချို့ရှိမည်ဆိုလျှင်တောင်...။

သူတို့က အတူပူးပေါင်း၍ တစ်ချိန်တည်းမှာ အဲ့ဒါကိုထုတ်ဖော်လိုက်ပါက ဤလူက သေချာပေါက်သေရပေလိမ့်မည်။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင် ၊ မဟူရာအလင်းဂိုဏ်း၏ ချောမောလှပသောအမျိုးသမီးနှင့် ကာကွယ်သူရွှယ်တို့က အကြည့်ချင်းဖလှယ်ပြီး သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်ကြ၏။

“အားလုံးပဲ... လုံးဝထိန်ချန်မနေကြနဲ့... ကျုပ်တို့က နောက်ရန်တစ်ခါတည်းအေးအောင် ဒီကောင်လေးကို ကျုပ်တို့ရဲ့ခွန်အားအပြည့်နဲ့ သတ်ဖြတ်ရမယ်”

ကာကွယ်သူရွှယ်က ထပ်မံ၍ သတိပေးလိုက်၏။

သူ့စကားမဆုံးသေးခင်မှာပင် သူ၏ နှာရောင်က ဂမ္ဘီရအလင်းတစ်ခုဖြင့်တောက်ပလာပြီး အလွန်တရာစွမ်းအားကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းသည် လေထဲမှာသွေးနီရောင်နေတစ်စင်းအဖြစ်စုဖွဲ့သွားပြီး ဆူဇီမိုထံသို့ ပြေးဝင်လာလေသည်။

“အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုပဲ”

မြို့ရိုးပေါ်မှာ ရှုဝမ်က သုန်မှုန်နေသော အမူအရာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။

“မကောင်းတော့ဘူး”

ယန်ဖေးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခပ်တိုးတိုးပြောလိုက်၏။

“အဲ့ဒီကောင်လေးက ဘယ်လောက်ပဲသန်မာသန်မာ အဆင့်-၇ မဟူရာအင်မော်တယ် ငါးယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုတွေကို ခုခံနိုင်မှာ မဟုတ်ဘူး”

ခေါင်းဆောင်တပ်မှူးလျှိုက လှောင်ရယ်လိုက်၏။

“အရူးတစ်အုပ်စုပဲ... မင်းတို့တွေက အခုတော့ မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တွေကို အသုံးပြုဖို့ သတိရသေးတယ်ပေါ့”

တိုက်ပွဲနယ်မြေတွင်... တတိယခေါင်းဆောင်၏ နှာရောင်က ပွင့်ဟသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က သိပ်သည်းကျစ်လစ်လာကာ ရွှေရောင်အလင်းတစ်ခုကို ထုတ်ဖော်ပြီး ဆူဇီမိုထံသို့ ပစ်ဝင်သွားစေ၏။

မဟူရာအလင်းဂိုဏ်းမှ ချောမောလှပသော သက်လတ်ပိုင်းအမျိုးသမီး၏ နှာရောင်ကလည်း ဂမ္ဘီရအလင်းရောင်ခြည်တစ်ခုဖြင့် တောက်ပသွားပြီး လက်ညိုးလုံးလောက်တုတ်ခိုင်သော အလင်းတန်းတစ်ခုကို ထွက်ပေါ်လာစေ၏။ သူမအမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ဖြန့်ကြက်သွားပြီး သူမ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်က ​ထွက်ပေါ်လာခဲ့၏။

ဦးလေးကျန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို စုဖွဲ့ကာ သူကလည်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

တစ်ခဏချင်းမှာပင် အဆင့်-၇ မဟူရာအင်မော်တယ်ငါးယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြ၏။

ပညာရှင်ငါးဦး၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် လေထဲမှာ မတ်တတ်ရပ်နေဆဲ ဖြစ်၏။ သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေပြီး မည်သည့်ကြောက်ရွံ့ထိတ်လန့်မှုမှ မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်လုံးများထဲမှာ လှောင်ပြောင်သရော်လိုသော အကြည့်တစ်ခုရှိနေသည်ဟု ထင်ရ၏။

“မင်းတို့က မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ်နဲ့တိုက်ခိုက်ချင်တယ်ပေါ့လေ.. ရတာပေါ့”

ဆူဇီမိုက မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။

All Chapters