အဝေးသို့
Vol. 124 Ch. 1857
“တော်တော်မောက်မာနေတာပဲ”
ခေါင်းဆောင်တပ်မှူးလျှိုက ထိုစကားကိုကြားသောအခါ သူကဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသချောင်းချောင်း ထွက်လာ၏။
သူက မြို့ရိုးကိုလက်ဖြင့် ပြင်းထန်စွာပစ်ရိုက်ပြီး ခုန်ဆင်းလိုက်၏။
တကယ်တော့ ဆူဇီမိုသည် သူ၏ တစ်မူထူးခြားသော ကျင့်ကြံရေးနည်းစနစ်များကို ထုတ်ဖော်လိုက်သည့်အချိန်မှာပင် သူက လှုပ်ရှားဖို့အတွက် ပြင်ဆင်ထားခဲ့ပြီဖြစ်၏။
သို့သော်လည်း သူ၏ အဆင့်အတန်းကြောင့် သူသည် လူတိုင်း၏ ရှေ့မှောက်မှာ တိုက်ရိုက်မတိုက်ခိုက်ခဲ့ပေ။
သို့သော် ယခု... နဂါးအသူရာချောက်နက်မြို့တော်၏ အောက်တွင် ဆူဇီမိုကို ဖိနှိမ်နိုင်သည့် တခြားမည်သူမှ မရှိတော့သည့်အတွက် ခေါင်းဆောင်တပ်မှူးလျှိုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။
နဂါးအသူရာချောက်နက်ကြယ်က ကျယ်ပြောပြီး နေရာဒေသများစွာက ရှုပ်ထွေးပွေလီသော ပတ်ဝန်းကျင်များနှင့်အတူ လူသူကင်းမဲ့လေသည်။
ခေါင်းဆောင်တပ်မှူလျှို၏ ကျင့်ကြံမှုအရ သူသည် ဆူဇီမိုကိုရှာဖွေဖို့အတွက် စစ်တပ်တစ်တပ်ကို ဦးဆောင်မည်ဆိုလျှင်တောင် အဲ့ဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသည်နှင့်တူပြီး သူ့ကိုရှာတွေ့ချင်မှ တွေ့နိုင်ပေလိမ့်မည်။
ဆူဇီမိုတွင် ရတနာတစ်ခုထက်မက ရှိသည်ကို ခေါင်းဆောင်တပ်မှူးလျှိုက သေချာပြောနိုင်လေသည်။
သူသည် စောစောက ဆူဇီမိုပြသခဲ့သော စွမ်းအားကြီးမားသည့် နည်းလမ်းများစွာမှာ လောဘရမ္မက်တက်လာခဲ့၏။
“လျှိုထုန်.... မင်းဘာလုပ်နေတာလဲ”
သူ့ဘေးမှ ပုံရိပ်တစ်ခုဖျတ်ခနဲ လှုပ်ရှားသွားသည်ကို အာရုံခံမိလိုက်ပြီး ယန်ဖေးက မျက်မှောင်ကြုတ်ကာ အော်မေးလိုက်၏။
လျှိုထုန်က လှည့်ကြည့်ခြင်းမရှိဘဲ အေးစက်စွာပြောလိုက်၏။
“ယန်ဖေး... ဒီကိစ္စမှာဝင်မပါနဲ့... မဟုတ်ရင် ငါတို့ရဲ့ နှစ်ပေါင်းများစွာဆက်ဆံရေးက ပျက်စီးသွားလိမ့်မယ်”
ယန်ဖေးက ခဏမျှတုံ့ဆိုင်းနေပြီးနောက် လှုပ်ရှားခြင်းမရှိဘဲ မြို့ရိုးပေါ်မှာ မတ်တတ်ရပ်နေ၏။
သူသည် ဆူဇီမိုကို ချီးမွမ်းမိသော်လည်း ဘာပဲပြောပြာ သူတို့မှာ မည်သည့်ပတ်သက်ဆက်နွယ်မှုမှ မရှိပေ။ သူက ဤအပြင်လူအတွက်နှင့် လျှိုထုန်ကို အတိုက်အခံပြုလုပ်မိမည်ဆိုလျှင် အဲ့ဒါက ထိုက်တန်လိမ့်မည် မဟုတ်ပေ။
သွမ့်ထျန်လန် ၊ ယွဲ့ဟောက်နှင့် အခြားသူများက တစ်ဖန်ပြန်လည်၍ စိုးရိမ်ထိတ်လန့်လာကြ၏။
လျှိုထုန်သည် အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ရုံသာမက သူသည် နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်လည်းဖြစ်၏။
တက်လှမ်းလာသူတစ်ယောက်အနေဖြင့် ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်အောက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်ခဲ့၏။ သူက နတ်ဆိုးဝံပုလွေတပ်သား တစ်သောင်းနီးပါးနှင့် အဖွဲ့အစည်းကြီးများမှလူများကို သတ်ဖြတ်မိသည်ဆိုလျှင်တောင် မည်သူကမှ တစ်စုံတစ်ရာပြောဆိုလိမ့်မည် မဟုတ်ပေ။
နဂါးအသူရာချောက်နက်မြို့တော်၏ ဒေသခံအဆင့်မြင့်အင်မော်တယ်များက မသိချင်ယောင်ဆောင်ပေးပေလိမ့်မည်။
သို့သော်လည်း နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်က တိုက်ခိုက်လာသည့်ခဏမှာပင် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာပေတော့မည်။
ဆူဇီမိုသည် မြို့ရိုးထက်ကနေ ခုန်ဆင်းလာသည့် လျှိုထုန်ကို တွေ့မြင်သောအခါ သူက ဣန္ဒြေရနေဆဲ ဖြစ်၏။
အရင်ဆုံး သူက သူ၏ အနီးဆုံးမှာရှိသည့် ဦးလေးကျန့် ၊ ကာကွယ်သူရွှယ်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။
“သေမင်းတံခါးဝကို ရောက်နေတာတောင်... မင်းက အခြားသူတွေရဲ့ပစ္စည်းကိုယူဖို့ အာရုံရနေသေးတယ်ပေါ့”
လျှိုထုန်က သူ၏ ခါးကိုပုတ်ပြီး အလွန်တရာစွမ်းအားကြီးမားပုံရသော နက်မှောင်နေသည့် လှံတစ်လက်ကို ထုတ်ယူလိုက်၏။
ဘန်း...
လျှိုထုန်သည် ဆူဇီမိုနှင့် မလှမ်းမကမ်းသို့ရောက်ရှိလာပြီး သူ၏ လှံဖြင့် မြေပြင်ကို ပြင်းထန်စွာပစ်ရိုက်ကာ တွင်းချိုင့်တစ်ခုကို ပေါ်ထွက်လာစေ၏။ ကျောက်ခဲများ ၊ ဖုန်များက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။
သူသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို လှည့်ပတ်လိုက်ပြီး လှံပေါ်တွင် အင်းကွက်ငါးခုကို ပေါ်ထွက်လာစေ၏။ သူတို့က တဖျတ်ဖျတ်တလက်လက်တောက်ပနေ၏။
အဲ့ဒါသည် ပကတိမဟူရာအဆင့် ဓမ္မရတနာတစ်ခုဖြစ်လေသည်။
“ကျုပ်မေးပါရစေ... ခေါင်းဆောင်တပ်မှူးလျှို... ကျုပ်က ဘာပြစ်မှုကိုများ ကျူးလွန်မိလို့လဲ”
ဆူဇီမိုက တည်ငြိမ်သော အမူအရာဖြင့်ပင် မှင်သေသေဖြင့်မေးလိုက်၏။
“ဟမ့်...”
လျှိုထုန်က လှောင်ရယ်လိုက်၏။
“မင်းက... ငါတို့ရဲ့စောင့်ကြည့်မှုအောက်နဲ့ နဂါးအသူရာချောက်နက်မြို့ရဲ့ အောက်တည့်တည့်မှာရှိနေတာတောင် မင်းက အရမ်းကိုမောက်မာပြီးတော့ ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့တယ်... မင်းက မိစ္ဆာတာအိုကလူတစ်ယောက်ဆိုတာ အသိသာကြီးပဲ”
လျှိုထုန်သည် မည်သည့်ဖြေရှင်းချက်မှမပေးဘဲ သူ့ကိုပြစ်တင်စွပ်စွဲလိုက်လေသည်။
တကယ်တော့... လူတိုင်းသည် တိုက်ပွဲ၏ အခြေအနေကို ကိုယ်တိုင်မြင်တွေ့ထားကြ၏။
ဆူဇီမိုတွင် ဗုဒ္ဓကျောင်းတော်များ၏ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်အချို့ အပါအဝင် နည်းလမ်းများစွာရှိလေသည်။ သူ့ကို ဗုဒ္ဓကျောင်းတော်များမှ တစ်စုံတစ်ယောက်ဟု စွပ်စွဲလျှင်ပင် နားလည်လက်ခံ၍ရနိုင်လေသည်။
သူ့ကို မိစ္ဆာတာအိုမှ တစ်စုံတစ်ယောက်ဟု ပြောဆိုခြင်းဖြင့် လျှိုထုန်သည် ဆူဇီမိုကို တမင်သက်သက် အပုပ်ချလိုက်သည်မှာ သိသာလေသည်။
ထိုနေရာအရောက်တွင် ဆူဇီမိုက ရယ်မောလိုက်လေသည်။
“မင်းက ဘာကိုလာရယ်နေတာလဲ”
လျှိုထုန်က အေးစက်စွာ မေးလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျှို နတ်ဆိုးဝံပုလွေတပ်ဖွဲ့က မဟာဓားပြလေးဖွဲ့ထဲက တစ်ဖွဲ့ပဲ... သူတို့က နဂါးအသူရာချောက်နက်ကြယ်မှာ ကျင်လည်ကျက်စားနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ဖျက်ဆီးချေမှုန်းဖို့အတွက် မင်းက ဘာ့ကြောင့်ပေါ်ထွက်မလာခဲ့တာလဲ... နတ်ဆိုးဝုံပလွေတပ်ဖွဲ့က မိစ္ဆာတာအိုကလူတွေပါလို့ မင်းဘာကြောင့်မပြောခဲ့တာလဲ”
ဆူဇီမိုက ပြန်လှန်မေးလိုက်၏။
လျှိုထုန်၏ အမူအရာက ညိုမည်းသွားပြီး သူက စကားပြောဖို့ ဟန်ပြင်လိုက်၏။
သို့သော်လည်း ဆူဇီမိုက ဆက်ပြောလိုက်၏။
“အရင်အချိန်တွေကဆိုရင်တော့... မဟာဓားပြလေးဖွဲ့က နေရာတိုင်းမှာ ကျက်စားနေလို့ သူတို့ကို ဝန်းရံပိတ်ဆို့ဖို့ခက်ခဲတယ်လို့ မင်းဆင်ခြေပေးလို့ရတယ်... ဒါပေမဲ့ အခု နတ်ဆိုးဝံပုလွေတပ်ဖွဲ့က နဂါးအသူရာချောက်နက်မြို့တော်ရဲ့ အောက်တည့်တည့်မှာ ငါ့ကိုတိုက်ခိုက်နေခဲ့တယ်... မင်းဘာလို့သူတို့ကို လျစ်လျူရှုထားတာလဲ”
“နဂါးအသူရာချောက်နက်မြို့တော်ရဲ့ ခေါင်းဆောင်တပ်မှုးတစ်ယောက်အနေနဲ့ မင်းက ဓားပြတွေကို ဖိနှိမ်ရမယ့်အစား ဓားပြတွေကို သတ်ဖြတ်ခဲ့တဲ့... ငါ့လိုမျိုး အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက်တော့ ရောက်လာခဲ့တယ်... အရမ်းကို ရယ်စရယ်ကောင်းမနေဘူးလား”
မြို့ရိုးပေါ်တွင် ကျင့်ကြံသူများစွာက စိတ်ထဲကနေ ကြိတ်၍ အားပေးလိုက်ကြ၏။
အထူးသဖြင့် ယွဲ့ဟောက်နှင့် အခြားသူများဖြစ်၏။
သူတို့၏ ဆွေမျိုးများနှင့် အရင်းနှီးဆုံးမိတ်ဆွေများက နတ်ဆိုးဝံပုလွေတပ်ဖွဲ့လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့သည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ နောက်ဆုံးမှာတော့ သူတို့၏ မိသားစုများက ဖျက်ဆီးခံခဲ့ရပြီး သူတို့က အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ၏။
သူတို့သည် မဟာဓားပြလေးဖွဲ့ကို အရိုးထိတိုင် မုန်းတီးလေသည်။
သူတို့က အဲ့ဒါနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ကျင့်ကြံသူများစွာသည် နဂါးအသူရာချောက်နက်မြို့တော်၏ လျစ်လျူရှုမှုအပေါ် မကျေမနပ်ဖြစ်နေကြ၏။
ဆူဇီမို၏ စကားလုံးများက ကျင့်ကြံသူများစွာ၏ အတွေးကို ဖော်ပြပေးလိုက်ခြင်းဖြစ်၏။
ရှုဝမ်က စိုးရိမ်ပူပန်သောအမူအရာဖြင့် ညင်သာစွာသက်ပြင်းချလိုက်၏။
သူမ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ခေါင်းဆောင်တပ်မှူးလျှိုထံမှာ အညံ့ခံမည်ဆိုလျှင် သူက အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ရကောင်းရနိုင်သေး၏။
သို့သော် ယခုဆူဇီမိုသည် ဤကဲ့သို့သောပုံစံဖြင့် ခေါင်းဆောင်တပ်မှူးလျှိုကို ဆန့်ကျင်လိုက်ပြီဖြစ်ပြီး သူက ယနေ့သေရဖို့များသွားခဲ့လေပြီ။
လျှိုထုန်သည် အသံတိတ်နေပြီး သူ၏ မျက်နှာကို နှင်းခဲတစ်လွှာက ဖုံးအုပ်လာသည်ဟုထင်ရ၏။
သူက ကြမ်းကြုတ်ခက်ထန်သော အကြည့်ဖြင့် မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။
နဂါးအသူရာချောက်နက်မြို့ရိုးပေါ်မှ ကျင့်ကြံသူများပင်လျှင် လျှိုထုန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်၏။
အဲ့ဒါကို သတိမထားမိသည့်အလား ဆူဇီမိုက သရော်တော်တော်အမူအရာဖြင့် မေးလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျှို... ငါမင်းကိုမေးပါရစေ... မင်းက နဂါးအသူရာချောက်နက်မြို့တော်ရဲ့ ခေါင်းဆောင်တပ်မှူးလား... နတ်ဆိုးဝုံပလွေတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တပ်မှူးလား”
“တောကောင်လေး... မင်းကတော့ သေချင်နေပြီပဲ”
လျှိုထုန်က အော်ငေါက်လိုက်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ဆူဇီမိုထံသို့ ပြေးဝင်သွား၏။
သူ့လက်နှစ်ဖက်က အနည်းငယ်တုန်ယင်နေပြီး သူ့လက်ထဲရှိလှံသည် သူ့ကိုယ်ပိုင်အသက်တစ်ခုရှိလာသည့်အလားပင်။ ၎င်းက စိတ်ဝိညာဥ်မြွေတစ်ကောင်ကဲ့သို့ လျှောထွက်သွားပြီး လေထဲတွင် နောက်ချန်ပုံရိပ်များကို ကျန်ရစ်ခဲ့စေ၏။
ဆူဇီမိုက သူ၏မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး နောက်သို့ဆုတ်ရင်း ဆန်းကြယ်တောင်ပံများ၊ ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။ သူ၏အလျင်အဟုန်က ဆပွားများစွာတိုးလာခဲ့ပြီး အဝေးသို့ပြေးထွက်သွားလေသည်။
“ခေါင်းဆောင်တပ်မှူးလျှို... ငါတို့နောက်ကျရင် ပြန်တွေ့ကြတာပေါ့... အခုတော့ မင်းငါ့ကို လိုက်ပို့စရာ မလိုသေးဘူး”
ဆူဇီမိုက ရယ်မော၍ ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
“ထွက်ပြေးချင်သေးတာလား”
လျှိုထုန်က လှောင်ရယ်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ ကောင်းကင်နှင့်မြေကြီး အမြုတေချီက သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ခွေလာပြီး သူ၏ အလျင်အဟုန်ကလည်း တိုးလာခဲ့၏။ သူက လျင်မြန်စွာပြေးလွှား၍ သူ၏ လှံနှင့်အတူ ပြေးလိုက်သွားလေသည်။
သူတို့နှစ်ယောက်က သိပ်မကြာခင် လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
ယခုအချိန်မှာ ဆူဇီမိုသည် လျှိုထုန်နှင့် မတိုက်ခိုက်လိုသေးပေ။
ပထမတစ်ချက် သူသည် အဆင့်-၅ မဟူရာအမြုတေနယ်ပယ်မှာသာရှိပြီး သူနှင့် လျှိုထုန်ကြားမှာ ကျင့်ကြံမှုနယ်ပယ်သေးသုံးခု ကွာဟနေ၏။
ယခု... အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကြောင့် တိုးလာသည့် သူ၏ ခွန်အားကလည်း တဖြည်းဖြည်းပျက်ပြယ်သွားခဲ့ပြီဖြစ်၏။
သူတို့နှစ်ယောက်က တိုက်ခိုက်ကြသည်နှင့် ရလဒ်ကိုကြိုတင်ခန့်မှန်း၍ ရနိုင်တော့မည် မဟုတ်ပေ။
ဒုတိယတစ်ချက် လျှိုထုန်သည် နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်၏။
သူကလျှိုထုန်ကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုလျှင်တောင် သူသည် နဂါးအသူရာချောက်နက်မြို့တော်တစ်ခုလုံးနှင့် သေချာပေါက်ဆန့်ကျင်တိုက်ခိုက်ရပေတော့မည်။
ထိုအချိန်ကျလျှင်... သူသည် နဂါးအသူရာချောက်နက်မြို့တော်မှ အစောင့်တပ်သားများနှင့် ဒေသခံအင်မော်တယ်များ၏ အမဲလိုက်ခြင်းကိုခံရမည်ဖြစ်၏။
ထိုအခါ သူ၏ အခြေအနေက အလွန်တရာအန္တရာယ်များလာပေလိမ့်မည်။ အဲ့ဒါက စွန့်စားကြည့်ဖို့ မထိုက်တန်ပေ။
ဆူဇီမိုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော်လည်း သူက သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားခြင်းမရှိဘဲ သူ၏ စိတ်က ကြည်လင်ရှင်းလင်းနေ၏။
နဂါးအသူရာချောက်နက်မြို့တွင်...။
ကျင့်ကြံသူများစွာက ထိုသည်ကို တွေ့မြင်သောအခါ မတူညီသော အမူအရာများရှိပြီ ညည်းတွားရေရွတ်လိုက်ကြ၏။
ဤတိုက်ပွဲက ဤကဲ့သို့သောပုံစံဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်က ပြောလိုက်း၏။
“ဒီကောင်လေးက တော်တော်နုံအတာပဲ... သူက ဒီလောက်အကြီးအကျယ်တိုက်ခိုက်ပြီးတဲ့နောက် သူ့ရဲ့သက်လုံအားက အတော်လေးကုန်ခန်းသွားလောက်ပြီ... သူ့ရဲ့ကျင့်ကြံမှုကလည်း လျှိုထုန်ထက် အများကြီးနိမ့်ကျနေတယ်... သူကဘယ်လိုလုပ် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ”
ယန်ဖေးက အတွေးနက်စွာဖြင့် သူ၏ မျက်လုံးက တဖျတ်ဖျတ်လက်သွား၏။
ခဏနေပြီးနောက် သူက ရှုဝမ်၊ ယွဲ့ဟောက်နှင့် အခြားသူများထံသို့ အသံတစ်ခုကို ရုတ်တရက်ပို့လွှတ်လိုက်၏။
“နဂါးအသူရာချောက်နက်မြို့ကနေ အခုပဲထွက်သွားကြတော့”
“ဟမ်..”
ရှုဝမ်နှင့် အခြားသူများက မှင်တက်သွားကြ၏။
ယန်ဖေးက အလေးအနက်ပြောလိုက်လေသည်။
“ဆူဇီမိုက လျှိုထုန်ကိုမျှားခေါ်ထုတ်ဖို့ အဲ့ဒါကိုလုပ်ခဲ့တာ ဖြစ်ဖို့များတယ်”
ရှုဝမ်နှင့် အခြားသူများက ရင်ထဲမှာထိတ်ခနဲ ဖြစ်သွားကြ၏။
ယန်ဖေးက ထပ်မံ၍ သတိပေးလိုက်၏။
“တကယ်တော့... အဲ့ဒါက သူ့ရဲ့အစစ်အမှန် ရည်ရွယ်ချက် ဟုတ် မဟုတ် ငါလည်းသေချာမသိဘူး... ဒါပေမဲ့ လျှိုထုန်သာ နောက်ပိုင်း လက်ဗလာနဲ့ပြန်ရောက်လာခဲ့မယ်ဆိုရင်... သူက မင်းတို့တွေဘက်ကို လှည့်ပြီးမဲလာလိမ့်မယ်”
ရှုဝမ်နှင့် အခြားသူများကလည်း လိမ္မာပါးနပ်ကြပြီး အလျင်အမြန်တုံ့ပြန်လိုက်ကြ၏။ သူတို့က ယန်ဖေးကို အလျင်အမြန်ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားကြ၏။