← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

"ဒီကောင်လေးက ဘယ်သူလဲ.. ဘာလို့ ဒီလောက် မောက်မာနေရတာလဲ.. သူက အတွင်းနန်းတော်ကို ဝင်ချင်တိုင်း ဝင်လို့ရတယ်လို့များ ထင်နေတာလား"

"ညီနောင်.. ခင်ဗျား အပြင်ရောက်နေတာလား.. သူ့ကိုတောင် မသိဘူးလား.. သူက ကျန်းချန်လေ.. လင်ယွင်ကျောင်းတော်မှာ မကြာသေးခင်ကစပြီး အကျော်ကြားဆုံးလူပဲ"

"ဟ.. သူလား.. ဒါကြောင့် ဒီလောက် မောက်မာနေတာကိုး"

လူတိုင်းက ကျန်းချန်ကို ကြည့်ပြီး သူ့အကြောင်း ပြောနေကြချိန်တွင် ကျန်းချန်၏ မျက်လုံးများသည် လင်ယွင်မျှော်စင်ဘေးရှိ ခမ်းနားထည်ဝါသည့် အပြာရောင် ကျောက်တိုင်ကြီးဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုအပြာရောင် ကျောက်တိုင်ကြီးပေါ်တွင် ကျန်းချန်သည် နာမည်တစ်ရာ နီးပါးခန့် ရေးထားသည်ကို တွေ့လိုက်ရသည်။

အထူးသဖြင့် ကျောက်တိုင်၏ ထိပ်ဆုံးမှ နာမည်သုံးခု၏ စာလုံးများသည် တောက်ပနေပြီး အတော်လေး ထင်ရှားနေ၏။

"ဒီကျောက်တိုင်ပေါ်က နာမည်တွေက ဘာအဓိပ္ပါယ်လဲ"

ကျန်းချန်က အပြာရောင် ကျောက်တိုင်ကို ကြည့်လိုက်ပြီး သူ့ဘေးရှိ မုန့်ချင်းရွှယ်ကို မေးလိုက်သည်။

"ဒါက လင်ယွင်မျှော်စင်ထဲကို ဝင်ရောက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အဆင့်သတ်မှတ်ချက်ပဲ"

"လင်ယွင်မျှော်စင်မှာ အထပ်ဆယ်ထပ်ရှိတယ်.. အတွင်းနန်းဆောင် ကျောင်းသားတွေ အတွက် တံဆိပ်ပြားကို ဆယ်ထပ်မြောက်မှာ ထားထားတယ်.. ဆယ်ထပ်လုံးကို ကျော်ဖြတ်နိုင်သရွေ့ အတွင်းနန်းတော်ရဲ့ ကျောင်းသား ဖြစ်နိုင်တယ်"

"ဒီလင်ယွင်မျှော်စင်က မျှော်စင်ထဲ ဝင်ရောက်တဲ့ သူရဲ့ အလားအလာကိုလည်း တစ်နည်းတစ်ဖုံ ဖော်ပြပေးနိုင်တယ်.. မျှော်စင်ကို ကျော်ဖြတ်ဖို့ အချိန်နည်းလေလေ အလားအလာ ပိုများလေလေပဲ"

"ကျောက်တိုင်ပေါ်မှာ ရှိတဲ့ နာမည်တစ်ရာက လင်ယွင်ကျောင်းတော် တည်ထောင်ကတည်းက ရေတွက်ရင် အထူးချွန်ဆုံး ပါရမီရှင် တစ်ရာလို့ ပြောလို့ရတယ်"

မုန့်ချင်းရွှယ် မပြောခင်မှာပင် မုန့်သုန်ရှင်း၏ အသံသည် သူ့နားထဲကို ဝင်ရောက်လာခဲ့သည်။

"ဒီအဆင့်သတ်မှတ်ချက်က စိတ်ဝင်စားစရာ ကောင်းသားပဲ"

ထို့နောက်တွင် ကျန်းချန်သည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ထိပ်ဆုံးက ရှစ်ရှင်းချီက ဘယ်လောက်ထိ အချိန်ယူခဲ့ရလဲ"

"ရှစ်ရှင်းချီက လွန်ခဲ့တဲ့ အနှစ်၃၀က လင်ယွင်ကျောင်းတော်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ...သူက လင်ယွင်မျှော်စင်ကို ဆယ်မိနစ် မပြည့်တပြည့် အချိန်အတွင်းမှာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရတယ်"

"လွန်ခဲ့တဲ့ အနှစ်၃၀ကစပြီး သူ့ရဲ့ စံချိန်ကို ဘယ်သူမှ မကျော်ဖြတ်နိုင်ခဲ့ဘူး"

"ကျန်းချန်.. ရှစ်ရှင်းချီနဲ့ မယှဉ်ချင်နဲ့.. လင်ယွင်ကျောက်တိုင်မှာ နာမည် ကျန်ရစ်အောင်ပဲ အရင်ကြိုးစားကြည့်ပါဦး"

မုန့်သုန်ရှင်းက မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

"ကြည့်စမ်း.. အပြင်စည်းနန်းတော်က လီရှန့်ကျယ် ဆိုတဲ့ ရွှေအဆင့်ကျောင်းသားက လင်ယွင်မျှော်စင်က ထွက်လာပြီ"

"သူ့လက်ထဲက တံဆိပ်​ပြားက အတွင်းနန်းတော် ရဲ့ ကျောင်းသား တံဆိပ်ပြားပဲ ဖြစ်ရမယ်"

"ဟုတ်တယ်.. သူ့ကို အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ ကျောင်းသားများ အားလုံးသည် လင်ယွင်မျှော်စင်ကနေ ထွက်လာသည့် လီရှန့်ကျယ်ကို ကြည့်ကာ အားကျသော အမူအရာများကို ပြသခဲ့ကြသည်။

မုန့်သုန်ရှင်းသည် သူအနိုင်ယူဖူးသည့် လီရှန့်ကျယ်က မျှော်စင်ကို ကျော်ဖြတ်ရာတွင် အောင်မြင်သွားသည်ကို မြင်လျှင် ရုတ်တရက် မအောင့်အီးနိုင်တော့ပေ။

သူက လင်ယွင်မျှော်စင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့၏။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် မုန့်သုန်ရှင်းသည် အတွင်းနန်းတော်၏ ကျောင်းသား တံဆိပ်ပြားနှင့် အတူ လင်ယွင်မျှော်စင်ကနေ ထွက်လာခဲ့သည်။

ယင်းအချိန်မှာပင် လင်ယွင်မျှော်စင်ဘေးရှိ ကျောက်တိုင်တွင် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

တောက်ပသည့် နာမည်တစ်ခုကလည်း ကျောက်တိုင်၏ အောက်ဆုံးအဆင့်တွင် ချက်ချင်း ပေါ်လာခဲ့သည်။

"ဟားဟား... မင်းတို့ မြင်ကြလား.. ငါ့နာမည် လင်ယွင်ကျောက်တိုင်မှာ ကျန်ရစ်ခဲ့ပြီ"

သူ့နာမည် ကျောက်တိုင်ပေါ်တွင် ပေါ်လာသည်ကို မြင်လျှင် မုန့်သုန်ရှင်းသည် ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ကျောက်တိုင်ရဲ့အောက်ဆုံးမှာ နာမည်တစ်ခု ကျန်ခဲ့တာပဲလေ.. ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ.. မင်းက ဟာသပဲ"

မုန့်သုန်ရှင်းက လှောင်ရယ်၍ ကျန်းချန်ကို ပြောလိုက်သည်။

"မင်းမှာ အစွမ်းအစရှိရင် လင်ယွင်ကျောက်တိုင်မှာ နာမည်ကျန်ရစ်အောင်ပဲ အရင်လုပ်ပါဦး"

"လင်ယွင်ကျောက်တိုင်မှာ နာမည်ကျန်ရစ်ဖို့ ဆိုတာက စိန်ခေါ်မှုတစ်ခု မဟုတ်ဘူး"

"လုပ်ပြီဆိုမှတော့ ကြီးကြီးမားမားပဲ လုပ်မယ်"

ကျန်းချန်က မုန့်သုန်ရှင်းကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အထက်စီးဆန်သော အသံသည် လူတိုင်း၏ နားထဲ၌ ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ဒီနေ့ ငါ ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်မယ်"

"ဒီနေ့ကစပြီး ဒီလင်ယွင်ကျောက်တိုင်ရဲ့ ထိပ်ဆုံးနေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်"

အခန်း(၉၃) ပြီး၏

All Chapters