Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

ကျန်းချန်၏ အထက်စီးဆန်သော အသံကြောင့် ပတ်ဝန်းကျင်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် လူတိုင်းသည် မှင်တက်နေရာကနေ အသိပြန်ဝင်လာကြ၏။

အားလုံးက ကျန်းချန်ကို ကြည့်ကာ ခနဲ့လိုက်ကြသည်။

"လခွမ်း.. ငါပဲ နားကြားမှားတာလား"

"ကျန်းချန်က ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်ချင်တယ်ဆိုပဲ"

"ရှစ်ရှင်းချီက ငါတို့ လင်ယွင်ကျောင်းတော်ရဲ့ နှစ်ပေါင်းရာချီအတွင်းမှာ တစ်ယောက်သာ ထွက်ပေါ်လာတဲ့ ပါရမီရှင်ပဲ.. သူ့ရဲ့ စံချိန်ကို ကျန်းချန်က ဘယ်လို ချိုးဖျက်နိုင်မှာလဲ"

"ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်ဖို့ မပြောနဲ့.. ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲကို ဝင်နိုင်ရင်တောင် ငါ သူ့ကို ဒူးထောက်ပြီး အဖေလို့ ခေါ်လိုက်မယ်"

"ဟားဟား.. ကျန်းချန်.. ကောင်းကင်က ဘယ်လောက်မြင့်လဲ ဆိုတာ နားမလည်ဘဲ ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်ချင်နေတာလား"

မုန့်သုန်ရှင်းက ရုတ်တရက် မထီမဲ့မြင် ရယ်မောလိုက်သည်။

ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က သူ့ထက် ပိုသာသည်ကို လက်ခံသော်လည်း သူ့ကို သတ်လျှင်ပင် ကျန်းချန်က လင်ယွင်ကျောင်းတော်၏ ပြိုင်ဘက်ကင်း ပါရမီရှင်ထက် ပိုပြီး ပါရမီရှိသည်ဟု ယုံကြည်မည် မဟုတ်ပေ။

"ချိုးဖျက်နိုင်မလားဆိုတာ ကြိုးစားကြည့်ရင် သိရမှာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လူအများရှေ့မှာပင် လင်ယွင်မျှော်စင်ထဲကို ဝင်ရောက်သွားခဲ့သည်။

"အမ.. ဒီကောင်က အရမ်း မောက်မာတဲ့ကောင်ပဲ.. အမ ဘာလို့ သူ့နောက်ကို လိုက်ချင်နေတာလဲ.. ကျွန်တော် တကယ် နားမလည်တော့ဘူး"

မုန့်သုန်ရှင်းက မျှော်စင်ထဲကို ဝင်သွားသည့် ကျန်းချန်၏ နောက်ကျောကို ကြည့်ကာ မုန့်ချင်းရွှယ်ကို ပြောလိုက်သည်။

"အမက ဒီလို..."

"တော်စမ်း.. ငါ ပြောပြီးပြီ...ငါ့ကိစ္စကို နင်ဝင်ပါစရာ မလိုဘူး"

"ငါ နင့်ကို တစ်ခု သတိပေးမယ်.. သူ့စိတ်ကို မဆွမိစေနဲ့.. သူက နင်ရင်မဆိုင်နိုင်တဲ့လူပဲ"

"နင်သာ သူ့ကို တကယ်ပဲ စော်ကားမိရင် ငါလည်း နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး"

မုန့်ချင်းရွှယ်က မုန့်သုန်ရှင်း၏ စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။

"သူက အထက်စီးဆန်ပေမဲ့ ဘယ်တော့မှ ကြီးကြီးကျယ်ကျယ် မပြောတတ်ဘူး...သူက စံချိန်ကို ချိုးဖျက်ချင်တယ်လို့ ပြောရင် ဒီလင်ယွင်ကျောက်တိုင်ရဲ့ ထိပ်ဆုံးနေရာက သူ့အတွက် သေချာပေါက် ဖြစ်လာမှာပဲ "

"အမ.. အမ ရူးနေတာလား"

"ရှစ်ရှင်းချီက လင်ယွင်ကျောင်းတော်ရဲ့ ဒဏ္ဍာရီပါ.. ဒီကောင်က ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ အမ တကယ်ကြီး ယုံကြည်နေတာလား"

မုန့်သုန်ရှင်းက ခဏမျှ မှင်တက်နေပြီးမှ ရုတ်တရက် လှောင်ရယ်လိုက်၏။

"မင်းရဲ့အမ မရူးပါဘူး"

"ရှစ်ရှင်းချီက လင်ယွင်ကျောင်းတော်ရဲ့ ဒဏ္ဍာရီပါ...ဒါပေမယ့် ငါ့အတွက်တော့ ဒဏ္ဍာရီဆိုတာ ချိုးဖျက်ဖို့ပဲ"

"ခုနက မင်း ရှစ်ရှင်းချီကို အရမ်း ချီးကျူးနေတာကို နားထောင်မိတော့ ဒီစံချိန်ကို ချိုးဖျက်ဖို့ ခက်ခဲမယ်လို့ ထင်နေခဲ့တာ.. ဒီလောက်ထိ လွယ်ကူမယ်လို့ မထင်ထားမိဘူး"

"လင်ယွင်ကျောက်တိုင်ပေါ်က စံချိန်က ချိုးဖျက်ရတာ အရမ်း လွယ်ကူတာပဲ"

မုန့်သုန်ရှင်းက မုန့်ချင်းရွှယ်ကို လှောင်ရယ်၍ မဆုံးခင်မှာပင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။

ထိုအသံကြောင့် မုန့်သုန်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

သူက ရုတ်တရက် အသံလာရာဆီသို့ ကြည့်လိုက်ရာ ကျန်းချန်သည် အတွင်းနန်းတော်၏ ကျောင်းသား တံဆိပ်ပြား နှင့်အတူ လင်ယွင်မျှော်စင်က ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဤထူးဆန်းသည့် မြင်ကွင်းကြောင့် မုန့်သုန်ရှင်းက ကြောက်လန့်တကြား ဖြစ်ကာ နေရာမှာပင် ဝိညာဥ်လွင့်မတတ် ဖြစ်သွားခဲ့သည်။

လင်ယွင်မျှော်စင်ထဲ ကျန်းချန် ဝင်ရောက်သွားပြီးနောက်တွင် သူ့အမနှင့် တခဏမျှ စကားပြောခဲ့၏။

ဤဖြစ်စဉ်က ငါးမိနစ်ထက် ပိုကြာမည်မဟုတ်ပေ။

သို့သော် ဤမျှတိုတောင်းတဲ့ အချိန်အတွင်း ကျန်းချန်သည် အတွင်းနန်းတော်၏ ကျောင်းသား တံဆိပ်ပြားနှင့် အတူ လင်ယွင်မျှော်စင်က ထွက်လာခဲ့၏။

ထိုအချိန်က ရှစ်ရှင်းချီပင် လုပ်ငန်းစဉ်တစ်ခုလုံး အတွက် ကိုးမိနစ် ကြာမြင့်ခဲ့သည်။

ယင်းက ကျန်းချန်သည် ရှစ်ရှင်းချီ၏ စံချိန်ကို ချိုးဖျက်ရုံတင် မဟုတ်ဟု ဆိုလိုပါသလော။

"အချိန်ကိုတောင် တစ်ဝက်နီးပါး လျှော့ချလိုက်သေးတယ်လား"

ထိုအချိန်တွင် မုန့်သုန်ရှင်း၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်တွင် မကြုံစဖူး ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

"နတ်ဆိုးဆန်တယ်.. ဒီကောင်ရဲ့ ပါရမီက တကယ့်ကို နတ်ဆိုးဆန်တာပဲ"

အခန်း(၉၄) ပြီး၏