← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

ဤမယုံနိုင်စရာကောင်းသည့် မြင်ကွင်းသည် မုန့်သုန်ရှင်းတစ်ယောက်တည်းကို​သာ မှင်တက်သွားစေခြင်း မဟုတ်ပေ။

ကြည့်ရှုနေတဲ့ ကျောင်းသားများသည်လည်း မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးကျကာ အံ့အားသင့်သွားကြ၏။

"ငါးမိနစ်ပဲလား"

"ဒီကောင်လေးက လင်ယွင်မျှော်စင်ကို ငါးမိနစ်ထဲနဲ့ အမှန်တကယ် ဖြတ်ကျော်သွားတာလား"

"ဒါက စံချိန်ချိုးမှုတစ်ခုပဲ.. အဲဒီနှစ်က ရှစ်ရှင်းချီ တင်ခဲ့တဲ့ စံချိန်ကို လုံးဝ ကျော်လွန်သွားတာပဲ"

"လခွမ်း.. ငါးမိနစ်အတွင်းမှာ လင်ယွင်မျှော်စင်ကို ကျော်ဖြတ်သွားတယ်လား.. ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲ"

"ငါ အမြင်မှားတာ ဖြစ်ရမယ်.. ဒါ.. ဒါက အရမ်းကို မျက်လှည့်ဆန်လွန်းတယ်"

"လင်ယွင်မျှော်စင်မှာ တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်ရမယ်.. မဟုတ်ရင် လင်ယွင်ကျောက်တိုင်က မတုံ့ပြန်စရာ အကြောင်းမရှိဘူး"

လူတိုင်းက သတိပြန်ဝင်လာကြပြီး ကျန်းချန်ကို မယုံကြည်နိုင်သည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် ငြိမ်သက်နေသည့် လင်ယွင်ကျောက်တိုင်သည် ရုတ်တရက် တုန်ခါသွားခဲ့၏။

ထူးခြားစွာ တောက်ပသည့် အလင်းရောင်တစ်ခုသည် လင်ယွင်ကျောက်တိုင်ပေါ်ရှိ ထိပ်ဆုံးသို့ ထိုးတက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ရွှေရောင်နာမည်သည် လင်ယွင်ကျောက်တိုင်၏ ထိပ်ဆုံးတွင် ပေါ်လာခဲ့သည်။

သူ့နာမည်က မူလက ထိပ်ဆုံးမှာရှိနေသည့် ရှစ်ရှင်းချီကို ဒုတိယနေရာသို့ တွန်းပို့လိုက်၏။

အဆိုးဆုံးမှာ မုန့်သုန်ရှင်း ဖြစ်သည်။

လင်ယွင်ကျောက်တိုင်၏ အောက်ဆုံးတွင် မိနစ်အနည်းငယ်သာ ရှိသေးသည့် သူ့နာမည်သည် ကျန်းချန်ကြောင့် လင်ယွင်ကျောက်တိုင်ကနေ ဖယ်ထုတ်ခံလိုက်ရသည်။

"ဒါတကယ်ကြီးလား"

"နှစ်ပေါင်း၃၀လုံး လင်ယွင်ကျောက်တိုင်မှာ စံချိန် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ရှစ်ရှင်းချီကို ကျန်းချန်က လုံးဝ ဖျက်ဆီးလိုက်တာပဲ"

ကျောက်တိုင်၏ ထိပ်ဆုံးမှာရှိသည့် ကျန်းချန်ဟူသော အမည်ကို ကြည့်ပြီး လူတိုင်း၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားကြသည်။

၎င်းတို့က အချိန်အတော်ကြာသည်အထိ မှင်တက်နေရာကနေ အသိမဝင်လာခဲ့ကြပေ။

သို့သော်လည်း ကျန်းချန်သည် ထိုအရာများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

အတွင်းနန်းတော်၏ ကျောင်းသား တံဆိပ်ပြားကို ရရှ်ပြီးနောက်တွင် သူသည် ကျောင်းသားများ၏ မယုံကြည်နိုင်သောအကြည့်များအောက်မှာပင် လင်ယွင်မျှော်စင်ကနေ ထွက်ခွာလာခဲ့သည်။

သူက သူ၏ ခြံဝင်းလေးသို့ ပြန်သွားခဲ့၏။

ထို့နောက် သန့်ရှင်းရေး အနည်းငယ်လုပ်ပြီး မုန့်ချင်းရွှယ်နှင့်အတူ မီးလျှံသားရဲကို ခေါ်ကာ လင်ယွင်ကျောင်းတော်၏ အတွင်းနန်းတော်သို့ ဝင်ရောက်ခဲ့သည်။

ကျန်းချန်က အတွင်းနန်းတော်၏ ကျောင်းသား အဝတ်အစားကို ရရှိပြီးနောက်တွင် အတွင်းနန်းတော်၌ နေရာချလိုက်သည်။

ထို့နောက် မုန့်ချင်းရွှယ်ကို ဓားအမှတ်အသားခန်းမသို့ ခေါ်သွားခိုင်းခဲ့သည်။

ဓားအမှတ်အသားခန်းမသည် လင်ယွင်ကျောင်းတော်၏ အတွင်းနန်းတော်ရှိ အဓိက အဆောက်အအုံများထဲမှ တစ်ခုဖြစ်သည်။

ဓားအမှတ်အသားခန်းမတွင် လင်ယွင်ကျောင်းတော်၏ ဘိုးဘေးတစ်ယောက်သည် ဓားအမှတ်အသား သုံးခုကို ချန်ရစ်ခဲ့သည်ဟု ဆိုကြသည်။

ဤဓားအမှတ်အသား သုံးခု၏ ဓားအမှတ်အသား တစ်ခုစီတွင် ဘိုးဘေး၏ ဓားဆန္ဒ ပါဝင်နေ၏။

ဓားဆန္ဒဆိုသည်မှာ ဓားပညာရပ်၏ အစစ်အမှန် အဓိပ္ပါယ်တစ်မျိုး ဖြစ်သည်။

စင်စစ် ဓားဆန္ဒကို နားလည်ရန်မှာ အလွန်ပင် ခက်ခဲ၏။

လင်ယွင်ကျောင်းတော်၏ နှစ်ပေါင်းရာချီ သမိုင်းမှာပင် ဓားဆန္ဒကို နားလည်နိုင်သည့် ပါရမီရှင် အနည်းငယ်သာ ရှိ၏။

မည်သူမဆို နားလည်နိုင်သည်နှင့် အဆင့်တူတွင် မရှုံးနိမ့်နိုင်တော့ပေ။

ကိုယ့်ထက် အဆင့်မြင့်မားသည့် ရန်သူကို သတ်ဖြတ်ရန် အတွက်ပင် မဖြစ်နိုင်ဟု ပြော၍မရပေ။

ဆယ်မိနစ်ခန့်အကြာတွင် မုန့်ချင်းရွှယ်သည် ကျန်းချန်ကို ဓားအမှတ်အသား ခန်းမ၏ တံခါးဝသို့ ခေါ်လာခဲ့သည်။

လင်ယွင်ကျောင်းတော်၏ အတွင်းနန်းတော် ကျောင်းသားများသည် ဓား​ဆန္ဒကို နားလည်ရန် ဓားအမှတ်အသားခန်းမကို လာခွင့် ရှိကြသည်။

သို့သော် တစ်ကြိမ်ဝင်ရောက်ရန်အတွက် ကျောင်းသား အမှတ် ၁၀၀၀၀ ပေးရမည် ဖြစ်၏။

ယေဘုယျအားဖြင့် လင်ယွင်စာရင်း၏ ပါရမီရှင်များမှလွဲ၍ ဓားဆန္ဒကို နားလည်ရန်အတွက် ကျောင်းသားအမှတ် ၁၀၀၀၀ကို သုံးစွဲချင်သူ အလွန်ပင် နည်းပါးသည်။

မုန့်ချင်းရွှယ်က သူ့အတွက် ကျောင်းသားအမှတ် ၁၀၀၀၀ ပေးပြီးနောက်တွင် ကျန်းချန်သည် ဓားအမှတ်အသား ခန်းမထဲသို့ လှမ်းဝင်သွားခဲ့သည်။

ခန်းမက အရမ်းကြီး မကျယ်ပေ။

ခန်းမ အလယ်တွင် စတုရန်းပုံ ကျောက်တုံးတစ်ခုမှ လွဲရင် တခြားဘာမျှ မရှိချေ။

ကျန်းချန်က ကျောက်တုံးကို အကဲခတ်ကြည့်လိုက်ရာ ကျောက်တုံးပေါ်တွင် ဓားရာသုံးခုကို တွေ့လိုက်ရသည်။

ဓားအမှတ်အသား တစ်ခုစီသည် အလွန်ပင် လျှို့ဝှက်နက်နဲပြီး အမှတ်အသားကိုယ်တိုင်က ထက်မြက်သော ဓားတစ်လက်နှင့် ဆင်တူ၏။

"ဒင်.. ဓားအမှတ်အသား ကျောက်တုံးကို ကြည့်ရှုပြီး အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ဓားဆန္ဒတစ်ခုကို အောင်မြင်စွာ နားလည်နိုင်ခဲ့ပါပြီ"

အခန်း(၉၅) ပြီး၏

All Chapters