← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

"လင်းယွီက တကယ်ပဲ ဓားဆန္ဒကို သဘောပေါက်သွားပြီလား"

လင်းယွီ၏ အေးစက်စက် စကားများကို ကြားပြီးနောက်တွင် လင်းယွီဆီကနေ ထွက်ပေါ်လာသည့် အံ့သြဖွယ် အရှိန်အဝါကို ခံစားမိပြီး ပတ်ဝန်းကျင်၌ ကြည့်ရှုနေသည့် ကျောင်းသားများသည် အံ့သြသွားကြသည်။

"လင်းယွီက လင်ယွင်ကျောင်းတော်ရဲ့ အလားအလာအရှိဆုံး ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်"

"ဟုတ်တယ်.. သူက ဓားဆန္ဒကိုတောင် နားလည်နိုင်လိမ့်မယ်လို့ မထင်ထားဘူး"

"ဓားဆန္ဒ.. ဒါက ဓားကျင့်ကြံသူတွေတောင် တစ်သက်လုံး နားလည်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး.. ကျန်းချန်တော့ ဒီတစ်ခါ ခံရတော့မယ်"

လင်းယွီဆီကနေ ပေါက်ကွဲထွက်လာသည့် ဓားဆန္ဒကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ကျောင်းသားများသာ အံ့သြသွားခြင်း မဟုတ်ပေ။

မုန့်ချင်းရွှယ်၏ လှပသည့် မျက်ဝန်းထက်မှာပင် အံ့သြသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့၏။

ဓားဆန္ဒက နားလည်သဘောပေါက်ရန် မည်မျှခက်ခဲမှန်း မုန့်ချင်းရွှယ် ရှင်းရှင်းလင်းလင်း သိသည်။

သူမ၏ ပါရမီဖြင့်ပင် ယခုအချိန်၌ အပေါ်ယံကိုသာ နားလည်နိုင်သေး၏။

သို့သော် လင်းယွီ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် ဓားဆန္ဒသည် ပြီးပြည့်စုံသော ဓားဆန္ဒ၏ ရှေ့ပြေးပုံစံ ဖြစ်နေခဲ့ချေပြီ။

၎င်းသည် တဖြည်းဖြည်း ပြည့်စုံလာသည်နှင့် အမျှ စစ်မှန်သည့် ဓားဆန္ဒအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်သည်။

ဓားဆန္ဒကို မရှုံးနိမ့်နိုင်တဲ့ အရာဟုလည်း သတ်မှတ်ကြ၏။

ဓားဆန္ဒကို နားလည်တဲ့ မည်သူမဆို အဆင့်တူတွင် ပြိုင်ဘက်ကင်း ဖြစ်လာပြီး ပိုမို မြင့်မားသည့်အဆင့်က ကျင့်ကြံသူကို သတ်ရန်ပင် ပြဿနာမရှိပေ။

လင်းယွီ၏ ဓားဆန္ဒကို မြင်လျှင် ကျန်းချန် အလွန်အမင်း သန်မာသည်ကို သိထားသည့် မုန့်ချင်းရွှယ်ပင် သူမ၏ လှပသော မျက်လုံးလေး၌ စိုးရိမ်ပူပန်မှုကို မဖော်ပြဘဲ မနေနိုင်ခဲ့ချေ။

"ဓားဆန္ဒကို နားလည်နိုင်တယ် ဆိုတော့ မင်းမှာ ပါရမီနည်းနည်းပါးပါး ရှိသားပဲ"

"ဒါပေမယ့်... မင်းအားကိုးနေတဲ့ မဖွဲ့စည်းရသေးသည့် ဓားဆန္ဒရဲ့ ရှေ့ပြေးပုံစံက ငါ့အတွက် ဘာအန္တရာယ်မှ မဖြစ်စေနိုင်ဘူး"

လင်းယွီဆီက ထွက်ပေါ်လာသည့် ဓားဆန္ဒကို ရင်ဆိုင်ရင်း ကျန်းချန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

သူက လင်းယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် မုန့်ချင်းရွှယ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ချင်းရွှယ်.. မင်းရဲ့ဓားကို ငါ့ကို ခဏဌားပေးပါ"

မုန့်ချင်းရွှယ်က အနည်းငယ် အံ့သြသွားသော်လည်း သူမ၏ ဓားကို အမြန်ထုတ်ယူကာ ကျန်းချန်ကို ပစ်ပေးလိုက်သည်။

ကျန်းချန်က မုန့်ချင်းရွှယ်၏ ငွေရောင်ဓားရှည်ကို ဖမ်းယူလိုက်၏။

ထို့နောက် သူ၏ တိုးညင်းသော အသံသည် ထွက်ပေါ်လာခဲ့သည်။

"ငါလည်း အစောပိုင်းက ဓားအမှတ်အသား ခန်းမမှာ ဓားအမှတ်အသား ကျောက်တုံးကို လေ့လာရင်း မတော်တဆ ဓားဆန္ဒကို နားလည်သွားခဲ့တယ်"

"မင်းက ဓားဆန္ဒကို အသုံးပြုပြီး တိုက်ခိုက်မယ် ဆိုမှတော့ ငါလည်း မတော်တဆ နားလည်ထားတဲ့ ဓားဆန္ဒနဲ့ မင်းကို ရင်ဆိုင်မယ်"

"ငါက မင်းကို စစ်မှန်တဲ့ ဓားဆန္ဒက ဘယ်လိုလဲဆိုတာ မြင်ခွင့်ပေးမယ်"

ကျန်းချန်၏ စကားများသည် ပတ်ဝန်းကျင်ရှိ လူအားလုံးကို အံ့အားသင့်စေခဲ့ပြီး ပါးစပ်ထဲတွင် ဘဲဥတစ်လုံး ထည့်လို့ရလောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

"ဒီကောင်က ဓားဆန္ဒကိုလည်း နားလည်တယ်လို့ တကယ်ပဲ ပြောလိုက်တာလား"

"ဒီကောင်က ဒီနေ့မှ ဓားအမှတ်အသား နန်းတော်ကို သွားတာလေ.. ချက်ချင်းပဲ မတော်တဆ နားလည်သွားတယ်တဲ့လား"

"ဒီကောင်က ဓားဆန္ဒကို လမ်းဘေးက တရုတ်ဂေါ်ဖီထုပ်လို ပေါပေါပဲပဲ ထင်နေတာလား မသိဘူး"

"လခွမ်း...ဓားဆန္ဒက နားလည်ချင်တိုင်း နားလည်လို့ရတယ်များ ထင်နေတာလား"

"ဟားဟား ကျန်းချန်.. မင်းက ပထမဆုံးအကြိမ် ဓားအမှတ်အသား ခန်းမထဲကို ဝင်လိုက်တာနဲ့ ဓားဆန္ဒကို နားလည်လိုက်တယ်တဲ့လား"

လင်းယွီက မထီမဲ့မြင် ရယ်မောလိုက်သည်။

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်၏။

"ဘာလဲ မဖြစ်နိုင်လို့လား"

"မင်းက လေလုံးကတော့ မလျော့ဘူးပဲ.. ဒါဆိုလည်း မင်း မတော်တဆ နားလည်ထားတဲ့ ဓားဆန္ဒကို ငါကြည့်ပါဦးမယ်"

လင်းယွီက ပြုံး၍ ပြောလိုက်ပြီး ဓားဆန္ဒဖြင့် ရောနှောထားသည့် ဓားဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

တစ်ခဏ အတွင်းမှာပင် မီးခိုးရောင်နှင့် အဖြူရောင် ဓားအရှိန်အဝါ တစ်ခုသည် ကျန်းချန်ဆီသို့ တည့်မတ်စွာ ဦးတည်လာခဲ့၏။

ဓားအရှိန်အဝါထဲမှာ ပါဝင်သည့် သတ်ဖြတ်လိုစိတ်သည် အရာအားလုံးကို ထိုးဖောက်ပြီး သေစေနိုင်ပုံရ၏။

ကျန်းချန်က လင်းယွီ၏ ဓားဆန္ဒဖြင့် တိုက်ခိုက်မှုကို အေးဆေးစွာ ကြည့်ရှုနေခဲ့သည်။

ထိုခဏမှာပင် အစစ်အမှန် ဓားဆန္ဒတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က ချက်ချင်းဆိုသလို ဓားရှည် ကိုင်ထားသည့် သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် အော်ဟစ်သံ တစ်သံသည် အားလုံးရဲ့ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့၏။

"ဖျက်ဆီးပစ်လိုက်"

အခန်း(၁၀၀) ပြီး၏

All Chapters