← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

ကျန်းချန် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ပတ်ဝန်းကျင်ရှိ လူအားလုံးကို အံ့အားသင့်စေခဲ့၏။

"ဒီကောင်က ဘယ်သူလဲ.. မီးလျှံသားရဲရဲ့ ပိုင်ရှင်လား"

"ဘာပဲဖြစ်ဖြစ် ဒီကောင်က တကယ်ကို ကံကောင်းတာပဲ.. ဆဋ္ဌမအဆင့် မီးလျှံသားရဲပေါက်လေးကို ရနိုင်ခဲ့တယ်"

"တော်စမ်းပါ.. မီးလျှံသားရဲကို ရတော့ရာ ဘာထူးသွားမှာ မို့လို့လဲ.. အချိန်တန်ရင် တစ်ယောက်ယောက်က လုယူသွားမှာပဲ မဟုတ်လား.. အခုတောင် မီးလျှံသားရဲကို ဝူဖေးယွီက လုယူနေတာ မင်းမတွေ့ဘူးလား"

လူတိုင်းက ကျန်းချန်ကို ကြည့်ပြီး တီးတိုး ပြောနေချိန်မှာပင် အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် ကောင်လေးတစ်ယောက်သည် အနက်ရောင်​မြွေကြီး၏ နောက်ကနေ မာနကြီးသော အမူအရာဖြင့် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

လူငယ်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ မေးလိုက်သည်။

"ဟိတ်ကောင်.. ဒီမီးလျှံသားရဲက မင်းရဲ့သားရဲလား"

ကျန်းချန်က ပြန်မဖြေဘဲ အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် ကောင်လေးကို စိုက်ကြည့်နေခဲ့၏။

"မင်းက ငါ့ရဲ့ မီးသားရဲကို ဒဏ်ရာရအောင် လုပ်ဖို့ ဒီတွားသွားသတ္တဝါကို ညွှန်ကြားခဲ့တာလား"

"ငါညွှန်ကြားခဲ့တယ်ဆိုရင်ရော.. မင်းက ဘာဖြစ်ချင်လို့လဲ"

အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ ကောင်လေးက ပြယ်ရယ်ပြု၍ ပြောလိုက်သည်။

"ငါက သူ့ကို နာကျင်စေချင်တာ မဟုတ်ဘူး.. သူ့ကို မွေးချင်ရုံပဲ.. ဒါပေမယ့် သူက ငြင်းဆန်နေမှတော့ ငါလည်း ဒဏ်ရာရအောင် ဆုံးမဖို့ကလွဲပြီး ဘာမှ မတတ်နိုင်ဘူး"

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

"ဒါက ငါ့ရဲ့ မီးလျှံသားရဲပဲ.. မင်း မွေးချင်တိုင်း မွေးလို့ရမလား"

"ဒီကမ္ဘာမှာ ငါ ဝူဖေးယွီ သဘောကျတဲ့အရာ ရှိသရွေ့ ငါ မရနိုင်တဲ့အရာ မရှိဘူး"

ဝူဖေးယွီက ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"မင်းက မီးလျှံသားရဲကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး"

ကျန်းချန်က လှောင်ရယ်၍ တုံ့ပြန်လိုက်သည်။

"ငါ မထိုက်တန်ဘူး ဆိုတော့ မင်းကရော ထိုက်တန်လို့လား"

"သိပ်ကို ထိုက်တန်တာပေါ့"

ဝူဖေးယွီက မာနကြီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ငါက တတိယအဆင့် သားရဲသခင်ပဲ.. သိပ်မကြာခင် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်တော့မယ်.. ငါ့လက်ထဲမှာဆို မီးလျှံသားရဲက ပိုမိုကောင်းမွန်စွာ ကြီးပြင်းလာနိုင်မှာပဲ"

"မင်းလို သေးနုတ်တဲ့ တတိယအဆင့် သားရဲသခင်လောက်က ငါ့ရှေ့မှာ မာန်တက်ဖို့ အရည်အချင်း မရှိသေးဘူး"

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားသည်။

"မီးလျှံသားရဲက ငါ့ရဲ့သားရဲ.. သူ့ကို ကြီးပြင်းအောင် မွေးမြူတာက ငါ့ရဲ့ ကိစ္စ...မင်းနဲ့ ဘာမှမဆိုင်ဘူး"

"ငါမင်းနဲ့ ဒီမှာ အချိန်မဖြုန်းချင်ဘူး"

ဝူဖေးယွီက စိတ်မရှည်သည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ မီးလျှံသားရဲကို စိတ်ဝင်စားတယ်.. မင်းအနေနဲ့ အတွေးမမှားဘဲ ငါ့ကို ရောင်းလိုက်သင့်တယ်"

ကျန်းချန်၏ မျက်နှာက အေးစက်သွားသည်။

"မင်းက ရောင်းပေးပါ ပြောတိုင်း ငါက မင်းကို ရောင်းပေးရမှာလား"

"မင်းသိထားရမှာက ဆဋ္ဌမအဆင့် မီးလျှံသားရဲက မင်း ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး"

"ပြောရရင် ဒါက မင်းရဲ့အပြစ်လည်း မဟုတ်ပါဘူး.. ဒီလိုလုပ်လေ.. ငါက မင်းကို ရွှေဒင်္ဂါးတစ်သိန်း ပေးမယ်.. မင်း ငါ့ကို မီးလျှံသားရဲ ရောင်းပေးပါ...ဒါက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ"

"မဟုတ်ရင်.. ဒီမီးလျှံသားရဲက မင်းကို သတ်ဖြတ်မှုတစ်ခု ဆောင်ကြဥ်းပေးလာနိုင်တယ်"

ဝူဖေးယွီက ကျန်းချန်ကို သိသိသာသာပင် ခြိမ်းခြောက်လိုက်သည်။

"ငါ တစ်ခါပဲ ပြောမယ်...မီးလျှံသားရဲကို ငါ ရောင်းမှာ မဟုတ်ဘူး.. ဈေးပိုပေးရင်တောင် ငါ မရောင်းဘူး"

ကျန်းချန်က စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။

မီးလျှံသားရဲသည် နတ်သားရဲ၏ သွေးပါသည့် ဆဋ္ဌမအဆင့် သားရဲတစ်ကောင် ဖြစ်သည်။

၎င်း၏တန်ဖိုးက အဖိုးဖြတ်၍ပင် မရပေ။

[ဟက်...ဒီကောင်က ငါ့ရဲ့ မီးလျှံသားရဲကို ရွှေဒင်္ဂါးတစ်သိန်းနဲ့ လိုချင်တာတဲ့လား]

[ဒါက အင်အားသုံးပြီး လုယက်တာနဲ့ ဘာထူးလို့လဲ]

"မင်းကို ငါ နောက်ဆုံးအကြိမ် ပြောမယ်.. ငါ့ကို မီးလျှံသားရဲ ရောင်းပေးပါ.. မဟုတ်ရင်တော့ ရွှေဒင်္ဂါးတစ်သိန်းကိုပါ ရနိုင်တော့မှာ မဟုတ်ဘူး"

ကျန်းချန်က ဆက်တိုက်ငြင်းဆန်နေ၍ ဝူဖေးယွီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"မီးလျှံသားရဲကို မရောင်းဘူးလို့ ငါ ပြောပြီးပြီ.. လူစကား နားမလည်ဘူးလား"

"ငါမင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောချင်ဘူး.. အစောပိုင်းက မင်းနဲ့ မင်းရဲ့ တွားသွားသတ္တဝါက ငါ့ရဲ့ မီးလျှံသားရဲကို နာကျင်စေခဲ့တယ်.. ဒါကြောင့် မင်း သူ့အတွက် ပြန်ပေးဆပ်ရမယ်"

ကျန်းချန်၏ အမူအရာက အလွန်အမင်း အေးစက်သွား၏။

သူ၏ ထက်ရှသော အကြည့်သည် ဝူဖေးယွီထံ တိုက်ရိုက် ရောက်ရှိသွားသည်။

သူ၏ အေးစက်စက် အသံသည် ချက်ချင်းပင် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။

"ငါ အခု မင်းကို ရွေးချယ်ခွင့် ပေးမယ်.. မင်း သေဖို့ ရွေးချယ်မလား ဒါမှမဟုတ် မင်းရဲ့ တွားသွားသတ္တဝါ သေဖို့ ရွေးချယ်မလား"

အခန်း(၁၀၃) ပြီး၏

All Chapters