← Chapters

အသန်မာဆုံး မဟာအတောင်ပံကို ထုဆစ်ဖန်တီးခြင်း

Vol. 94 Ch. 1459

အသန်မာဆုံး မဟာအတောင်ပံကို ထုဆစ်ဖန်တီးခြင်း

Vol. 94 Ch. 1459

နွေဦးထွက်ခွာပြက္ခဒိန်၏ ပထမနှစ် အဆုံးသတ်တွင် နှင်းက လူသားမျိုးနွယ်၏ နန်းမြို့တော်ပေါ်သို့ ကျဆင်းလာသည်။

သို့သော်လည်း ချီယွဲ့ထုံဂိုဏ်းထဲတွင် ဆောင်းက အမြဲတမ်း နောက်ကျမှ ရောက်လာလေ့ရှိသည်။ များသောအားဖြင့် ဤနေရာတွင် မိုးက မကြာခဏ ရွာသွန်းလေ့ရှိသည်။

သို့ဖြစ်၍ နှစ်တစ်နှစ်၏ အဆုံးသတ်မှာပင် မိုးက ရွာသွန်းလာဆဲပင်။

မိုးရေသည် ဆိပ်ကမ်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ လမ်းသွားလမ်းလာများသည် မြန်မြန်သွက်သွက် လျှောက်နေကြပြီး လှေများသည် ဆိပ်ကမ်းထဲမှာ မရပ်မစဲ ဝင်ထွက်နေကြသည်။ ယင်းတို့က လှပသော ဆေးပန်းချီတစ်ချပ်ကို ပုံဖော်နေကြသည်။

မိုးရေစက်များက ဆီစက္ကူထီးရွက်ပေါ်သို့ တပေါက်ပေါက် မြည်သံနှင့်အတူ ကျဆင်းသွားနေပြီး ထီးရွက်ပေါ်တွင် သိမ်မွေ့ညင်သာသော ရေစီးကြောင်းများက ထွက်ပေါ်လာကြသည်။ ယင်းက သဘာဝတရား၏ တေးသံဖြစ်ပြီး တစ်စုံတစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။

ဤသည်မှာ ကောင်းကင်က ကမ္ဘာမြေထံသို့ ၎င်း၏ ချစ်မေတ္တာကို ဖော်ပြနေသည့်အလားပင်။

စည်းချက်ညီသော တေးသံကြားတွင် ရွှီချင်းက ဆိပ်ကမ်းအမှတ်(၁၇၆)ဆီသို့ ရောက်ရှိသွားသည်။ ကျယ်ပြောသော ဂိုထောင်ထဲတွင် ကျန်းစန်က တံစက်မြိတ်အောက်မှာ ဆောင့်ကြောင့်ထိုင်နေပြီး လယ်သမားအဖိုးအိုကဲ့သို့ ဆေးတံဖွာနေသည်။

သူ၏ ဘေးတွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာကို ရွှီချင်း မြင်သွားသည်။

အားညိုက ထိုနေရာမှာ ထိုင်နေပြီး ရေစိုရွှဲနေသော သူ၏ ဆံခြည်မျှင်များကို ရေညှစ်နေသည်။ သူက ပါးစပ်မှလည်း ပွစိပွစိ ပြောနေသည်။

ရွှီချင်းရောက်ရှိလာသည်ကို သတိထားမိသောအခါ အားညိုက လက်ဝှေ့ယမ်းလိုက်သည်။ သူ့ဘေးမှ ကျန်းစန်က မျက်လုံးဝင်းလက်သွားပြီး အမြန် မတ်တတ်ရပ်လိုက်သည်။ သူက ဆေးတံကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ သူက ရိုးသားသော အပြုံးကိုပင် ထုတ်ဖော်လိုက်သည်။

ထိုသို့အပြုံးသည် သူ၏ ရန်သူများ သို့မဟုတ် အရေးကြီးသော ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံသည့်အခါ အလိုအလျောက် ထွက်ပေါ်လာလေ့ရှိသော ကျန်းစန်၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှု ဖြစ်သည်။

ရှင်းလင်းစွာပင် လက်ရှိ ရွှီချင်းက သူ့အတွက် ရင်းနှီးသလို မရင်းနှီးပေ။ သူ့အား ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိစေသည်မှာ အစောပိုင်းနှစ်များမှ သူတို့၏ မှတ်ဉာဏ်များ ဖြစ်သည်။ သို့သော်လည်း ယခု ရွှီချင်း၏ မြင့်မားသော ကျင့်ကြံခြင်းနှင့် အံ့ဖွယ်ကောင်းသော သရုပ်က သူ့အား မရင်းနှီးသော ခံစားမှုကို ပေးသည်။

“ ရွှီ… ”

ကျန်းစန်က တုံ့ဆိုင်းနေသည်။ သူက ရွှီချင်းကို မည်သို့နှုတ်ဆက်သင့်ကြောင်း မသိတော့ပေ။

“ စီနီယာအကိုကြီးကျန်းစန် ”

ကျန်းစန်က တုံ့ဆိုင်းနေစဉ် ရွှီချင်းက ပြုံးလိုက်ပြီး ပြောသည်။

သူက စကားပြောပြီးနောက် တံစက်မြိတ်အောက်သို့ ဝင်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ယင်းက အတိတ်မှာ အားညိုက ရွှီချင်းကို ကျန်းစန်နှင့် တွေ့ဆုံပေးရန် ခေါ်သွားပေးခဲ့စဉ်ကနှင့် အတူတူပင်။

ကျန်းစန်က ပြုံးလိုက်သည်။ အားညိုသည်တော့ အဝေးသို့ ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေလိုက်သည်။ ထို့နောက် သူက မကျေနပ်စွာ ပြောသည်။

“ ငှက်စုတ်ဟွမ်ယန်က ဘယ်မှာလဲ… သူက မင်းနဲ့အတူရှိနေတာ မဟုတ်ဘူးလား… ချင်းလေး… ငါမင်းကို ပြောပြမယ်… အဲ့ဒီငှက်စုတ်က စိတ်ကောင်းမရှိဘူး ”

အားညိုက နှာခေါင်းရှုံ့လိုက်သည်။

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် နူးညံ့စွာ ပြောသည်။

“ စီနီယာအကိုကြီး… ဟွမ်ယန်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် သူက ဒီကို ရောက်မလာရင်တောင် မင်းပြောတာကို ကြားနိုင်လောက်တယ် ”

ယင်းကို အားညိုကြားသောအခါ သူက မျက်လုံးပြူးကျယ်သွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဒီနေရာက ချီယွဲ့ထုံဂိုဏ်းပဲ… ဂျူနီယာညီမလေးနဲ့ ဆရာက အနားမှာရှိနေတဲ့ဟာ သတ္တမတောင်ထွတ်ရဲ့ စီနီယာအကိုကြီးဖြစ်တဲ့ ငါက ဘာလို့ ငှက်တစ်ကောင်ကို ကြောက်ရမှာလဲ ”

ယင်းက တိုက်ဆိုင်မှုလော သို့မဟုတ် တမင်ဖြစ်ပျက်သွားခြင်းလော မသေချာသော်လည်း အားညို၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ လျှပ်စီးက တဝင်းဝင်း လင်းလက်သွားပြီး မိုးခြိမ်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

အားညိုက ထိတ်လန့်သွားသည်။

ကျန်းစန်က ခေါင်းကိုက်သွားသည်။ ခေါင်းဆောင်သည် မနက်က သူ့ဆီသို့ ရောက်လာခဲ့သည်။ သူက ရောက်လာပြီးနောက် နေရာမှာထိုင်ပြီး အချိန်အတော်ကြာအောင် ကျိန်ဆဲနေခဲ့သည်။

ကျန်းစန်က မည်သူ့ဘက်မှ မရပ်တည်ချင်ပေ။ ယခု ရွှီချင်းရောက်လာသည်ကို မြင်သောအခါ သူက ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။

“ ရွှီချင်း… မင်းတို့တွေ အပြင်ပိုင်းပင်လယ်ဆီ သွားခဲ့တယ်လို့ ခေါင်းဆောင်ဆီကနေ ငါကြားခဲ့တယ် ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အတော်လေး ပျက်စီးနေသော မဟာအတောင်ပံကို ထုတ်လိုက်သည်။ ဗုန်းဟူသော မြည်သံနှင့်အတူ ၎င်းက ဂိုထောင်၏ ခြံဝန်းပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းက ခြံဝန်းတစ်ခုလုံးနီးပါးကို သိမ်းပိုက်သွားသည်။

မဟာအတောင်ပံက အတော်လေး ပျက်စီးနေသော်လည်း ၎င်းထံမှ နတ်ဘုရားသက်ရှိ၏ အရှိန်အဝါနှင့် အပြင်ပိုင်းပင်လယ်မှ ဒြပ်နှောများက အတူတကွ ပေါင်းစပ်သွားပြီး အလွန်သိပ်သည်းသော အနက်ရောင်မြူခိုးထုကို ထုတ်လွှတ်လိုက်သည်။

၎င်းက အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ မိုးရေစက်များသည်ပင် ဘေးပတ်ဝန်းကျင်ဆီသို့ မြန်ဆန်စွာ ပျံ့ပွားသွားနေသော မြူခိုးထု၏ ဝါးမျိုခံလိုက်ရသည်။

မြူခိုးထုက ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက မည်းမှောင်သွားလိမ့်မည်။

ကျန်းစန်က အံ့ဩထိတ်လန့်သွားသည်။

ရွှီချင်းက ညင်သာစွာ ဖိချလိုက်သည်။ ချက်ချင်းဆိုသလို မဟာအတောင်ပံမှ ထုတ်လွှတ်နေသော မြူခိုးထုက ဖိနှိပ်ခံလိုက်ရသည်။ ယင်း၏ ပျံ့ပွားမှုက ရပ်တန့်သွားပြီး တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

“ စီနီယာအကိုကြီးကျန်းစန်… မဟာအတောင်ပံက ပျက်စီးသွားပြီ… မင်းမှာ အဲ့ဒါကို ပြန်ပြင်ဖို့ နည်းလမ်းရှိလား ”

ရွှီချင်းက ကျန်းစန်ကို ကြည့်လိုက်သည်။

သူက ကျန်းစန်၏ လက်မှုပညာကို ချီးကျူးလေးစားသည်။ ထို့ပြင် အစကတည်းက ကျန်းစန်သည် သူ၏ ဓမ္မလှေများကို စီမံဆောင်ရွက်ပေးခဲ့သည်။ ကျန်းစန်၏ နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံကြောင့် ယင်းတို့ကို သူကိုယ်တိုင် မတည်ဆောက်ပေးနိုင်သော်လည်း သူက ဓမ္မလှေ၏ ပုံကြမ်းများကို ရေးဆွဲပေးခဲ့သည်။

ကျန်းစန်က အတော်လေး ထိခိုက်ပျက်စီးသွားသော မဟာအတောင်ပံကို ကြည့်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ ကြည့်ရတာ အဲ့ဒါက ဧရာမပါးစပ်ပေါက်တစ်ခုရဲ့ အပိုင်းပိုင်း ကိုက်စားခံထားရပုံပဲ… ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ အားညိုက ချောင်းဟန့်လိုက်သည်။

“ ကျန်းစန်… မင်းခန့်မှန်းတာ မမှားဘူး… ဧရာမသားရဲတစ်ကောင်က ငါရယ်၊ ချင်းလေးရယ် ပြီးတော့ ဒီမဟာအတောင်ပံကိုပါ ဝါးမျိုပစ်လိုက်တယ်… ဟုတ်တယ်… အဲ့ဒီအကောင်ကို ငါဆင့်ခေါ်ခဲ့တာ ”

အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

စီနီယာအကိုကြီး၏ ဘဝင်မြင့်သော အမူအရာကို မြင်သောအခါ ရွှီချင်းက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သို့သော်လည်း သူ၏ စကားထဲမှာ အမှန်တရားတချို့ ပါဝင်နေဟန် ရ၏။

ယင်းကို ကြားသောအခါ ကျန်းစန်က မျက်လုံးပြူးကျယ်သွားသည်။ ထို့နောက် သူက ခေါင်းခါလိုက်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ အတွေ့အကြုံကို မစူးစမ်းခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်ဟု ကျန်းစန် ခံစားမိသည်။

‘ ငါ့ရဲ့ သေးငယ်တဲ့ ဘဝက အဲ့ဒီကိစ္စကြီးတွေထဲမှာ ပါဝင်ဖို့ မသင့်တော်ဘူး… ’

ကျန်းစန်သည် သူ၏ လက်ရှိဘဝကို အတော်လေး စိတ်ကျေနပ်သည်။ သူ့မှာ အတော်လေး အားကောင်းသော နောက်ခံရှိပြီး ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခုကိုလည်း ဖွင့်ထားနိုင်သည်။ သူက ဆိပ်ကမ်းမှတဆင့် ဝိညာဉ်ကျောက်တုံးအများအပြားကို နေ့စဉ် ရရှိခဲ့သည်။ သူက ဂိုဏ်းထဲမှာ တာအိုလက်တွဲဖော်တချို့ကိုပင် ရှာတွေ့ခဲ့သည်။

ဂိုဏ်းထဲတွင် လူအနည်းစုသာ သူ့ကို ဆန့်ကျင်ဝံ့ကြသည်။

ထိုသို့ဘဝမျိုးကို သူက အလွန်နှစ်ချိုက်သည်။

သူက သေလမ်းမရှာချင်ပေ။

ထို့ကြောင့် သူက ခေါင်းဆောင်ကို စကားပြန်မပြောပေ။ ယင်းအစား သူက မဟာအတောင်ပံဆီသို့ အမြန်လျှောက်သွားပြီး စတင်စစ်ဆေးကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် ကျန်းစန်က အကြမ်းဖျဉ်း စစ်ဆေးပြီးသွားသောအခါ တံစက်မြိတ်အောက်သို့ ပြန်ဝင်လာသည်။ သူက ဆေးတံကို ပြန်ထုတ်လိုက်ပြီး အကြိမ်ရေအနည်းငယ် ဖွာလိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။

“ အဲ့ဒါကို အသုံးမပြုနိုင်တော့ဘူး… အဲ့ဒါကို တစ်စစီဖြုတ်ပြီး ပြန်ပြုပြင်မယ်ဆိုရင်တောင် ကုန်ကြမ်းပစ္စည်းတွေက အတော်လေး ပျက်စီးနေပြီ ”

“ ရွှီချင်း… အဲ့ဒါကို ငါမပြုပြင်နိုင်ဘူး ”

ရွှီချင်း၏ အကြည့်က ပျက်စီးနေသော မဟာအတောင်ပံပေါ်သို့ ကျရောက်သွားပြီး တစ်ခဏကြာအောင် သူနှုတ်ဆိတ်သွားသည်။

“ စီနီယာအကိုကြီးကျန်းစန်… အသစ်တစ်ခုကို ငါတို့တည်ဆောက်မယ်ဆိုရင်ရော ”

ကျန်းစန်က ခေါင်းခါလိုက်သည်။

“ မင်းရဲ့ ကျင့်ကြံခြင်းအရ သာမန်မဟာအတောင်ပံတွေက ဘာမှအသုံးမဝင်ဘူး ”

“ ထူးခြားတဲ့ မဟာအတောင်ပံကျတော့ အရမ်းအရည်အသွေးမြင့်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို လိုအပ်တယ်… ဒါပေမဲ့ အရမ်းအရည်အသွေးမြင့်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုကျတော့ ငါမကိုင်တွယ်နိုင်ဘူး… အဲ့ဒီအတွက် ငါက အကူအညီတွေကို လိုအပ်လိမ့်မယ်… အဲ့ဒီထဲမှာ မင်းလည်း ပါဝင်ကူညီပေးရလိမ့်မယ် ”

“ အဲ့ဒါက အခြေခံပဲရှိသေးတယ် ”

“ အရေးကြီးတာက ကုန်ကြမ်းပစ္စည်းတွေပဲ… နတ်ဘုရားသက်ရှိတွေက မလုံလောက်တော့ဘူး… ပိုပြီးအဆင့်မြင့်တဲ့ နတ်ဘုရားတွေရဲ့ အသွေးအသားတွေကို မင်းလိုအပ်လိမ့်မယ်… မင်းဆီမှာ အဲ့ဒါတွေ ရှိလောက်တယ်… ဒါပေမဲ့ အရေးကြီးဆုံးက အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပေးမယ့် ကြားခံနယ်တစ်ခုကို မင်းလိုအပ်တယ် ”

“ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ အသွေးအသားတွေကို သယ်ဆောင်ပေးနိုင်မယ့် အရာကို ငါမစဉ်းစားနိုင်ဘူး ”

ကျန်းစန်က အကူအညီမဲ့သွားသည်။

ရွှီချင်းက တွေးတောလိုက်သည်။

အားညိုက မျက်လုံးဝင်းလက်သွားသည်။

“ သူတော်စင်ကုန်းမြေရဲ့ တောင်က အလုပ်ဖြစ်လောက်တယ်… ချင်းလေး… ငါတို့တွေ ဆရာ့ရဲ့ နာမည်ကို အသုံးပြုပြီး အဲ့ဒီတောင်ကို ဧကရီဆီကနေ ပြန်တောင်းကြမလား ”

ကျန်းစန်က ခေါင်းညိတ်လိုက်သည်။ သူတော်စင်တောင်ကို တစ်ခါမှ သူမမြင်ဖူးသော်လည်း သူ၏ နားလည်ထားမှုအရ ယင်းက ကုန်ကြမ်းပစ္စည်းများကို အခြေခံအုတ်မြစ်အဖြစ် သယ်ဆောင်ပေးရန် အထူးသင့်တော်သည်။

ရွှီချင်းက တစ်ခဏကြာ တွေးတောပြီးနောက် ပျက်စီးနေသော မဟာအတောင်ပံကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ အသားတစ်တုံးကို ထုတ်လိုက်သည်။

ယင်းက ရွှင်းထိုင်နတ်ဆိုး၏ အသွေးအသားဖြစ်သည်။

ထိုအသားတုံးကို တစ်ခဏကြာ စိုက်ကြည့်ပြီးနောက် ရွှီချင်းက သူ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်လိုက်သည်။ ထိုအခါ သူ၏ လက်ထဲမှ အသားတုံးက ပြိုကွဲပျက်စီးသွားသည်။ မီးခိုးရောင်အလင်းတန်းတစ်ခုက ပြိုကွဲသွားသော အသားတုံးထဲမှ ချက်ချင်း ပျံသန်းထွက်လာပြီး ပျက်စီးနေသော စေတီအဖြစ် လေထဲမှာ ပြောင်းလဲသွားသည်။ ထို့နောက် စေတီအပျက်က ခြံဝန်းပေါ်သို့ ကျဆင်းလာသည်။

ယင်းက ပင်လယ်ကြမ်းပြင်ပေါ်တွင် ရွှီချင်းရှာတွေ့ခဲ့သော စေတီအပျက်ဖြစ်သည်။

အတိတ်တွင် ထိုစေတီအပျက်ကို ရွှင်းထိုင်နတ်ဆိုး၏ အသားထဲမှာ သိမ်းဆည်းခဲ့သည်။ ရွှီချင်းက ယုလျှိုချန်း၏ အကူအညီကြောင့် အမဲလိုက်ခံရခြင်းမှ လွတ်မြောက်သွားခဲ့သော်လည်း ရွှင်းထိုင်နတ်ဆိုး၏ အသွေးအသားထဲမှ စေတီအပျက်ကို ပြန်မထုတ်ယူခဲ့ပေ။

မည်သို့ဖြစ်ပါစေ ရွှီချင်း၏ လက်ရှိစွမ်းရည်အရ ထိုစေတီအပျက်ကို သူက မသိမ်းဆည်းနိုင်ပေ။ ထို့ကြောင့် ၎င်းကို ရွှင်းထိုင်နတ်ဆိုး၏ အသွေးအသားထဲမှာ သိမ်းဆည်းထားခြင်းက ပိုပြီးသင့်တော်သည်။

၎င်းကို ထုတ်ယူပြီးနောက် ရွှီချင်းက ကျန်းစန်ကို ကြည့်လိုက်သည်။

“ ဒီပစ္စည်းဆိုရင်ရော ”

ကျန်းစန်က စကားမပြောနိုင်ခင်မှာ အားညိုက ချက်ချင်း မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထိုစေတီအပျက်ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါနှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ အရှိန်အဝါကို သူအာရုံခံမိသွားသည်။ ယင်းက သူ့ကို အံ့ဩသွားစေသည်။

“ ဒါက ပစ္စည်းကောင်းပဲ ”

သူက စကားပြောလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ပျံသန်းထွက်လာပြီး စေတီအပျက်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ၎င်းက စေတီကို ဝန်းရံလိုက်ပြီး စိတ်ခံစားချက်လှိုင်းအတတ်အကျကို ထုတ်ဖော်လိုက်သည်။

ရွှီချင်း၏ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်လည်း ပျံသန်းထွက်လာပြီး စေတီကို ရစ်ပတ်လိုက်သည်။

၎င်းက အားညို၏ နွယ်ပင်နှင့် အတူတကွ ယှက်ထွေသွားသည့်အခါ ကြယ်အလင်းရောင်က နွယ်ပင်နှစ်ခုစလုံးထံမှာ ထွက်ပေါ်လာသည်။ စေတီအပျက်သည်ပင် သက်ရောက်ခံလိုက်ရပြီး ၎င်းက ကြယ်အလင်းရောင် ထွန်းလင်းတောက်ပလာသည်။

ကျန်းစန်၏ အမူအရာသည်လည်း လေးနက်လာသည်။ သူက စေတီအပျက်ကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် အံ့ဩထိတ်လန့်သွားသည်။ နောက်ဆုံးမှာတော့ သူက ရွှီချင်း၏ ခွင့်ပြုချက်နှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ ကူညီပေးမှုကြောင့် စေတီအပျက်၏ ဘေးပတ်ဝန်းကျင်မှ ပူဖောင်းထဲသို့ ဝင်ရောက်နိုင်သွားသည်။

တစ်ခဏကြာပြီးနောက် သူက ပြန်ထွက်လာသည်။ သူ၏ အသိစိတ်က ပရမ်းပတာဖြစ်နေပြီး သူ၏ မျက်လုံးက လင်းလက်တောက်ပနေသည်။ သူက အံ့အားသင့်စွာ ပြောသည်။

“ အမည်မသိပစ္စည်းပဲ… အဲ့ဒါကို ကြည့်ရတာ သန့်စင်ခံထားရပုံမပေါ်ဘူး… အဲ့ဒါက သဘာဝပစ္စည်းတစ်ခုဖြစ်ဖို့ ရာခိုင်နှုန်းများတယ် ”

“ စေတီကနေ ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ရှေးဦးဖရိုဖရဲအရှိန်အဝါပဲ… အဲ့ဒါက ဖော်မပြနိုင်အောင် အရမ်းရှေးကျတယ်… အဲ့ဒါက မင်းတို့တွေရဲ့ နွယ်ပင်တွေနဲ့ ဇစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်… ”

“ ပစ္စည်းကောင်းပဲ… ဒီလိုဟာမျိုးက အရမ်းရှားပါးတယ်… အသေးစိတ်ကိုတော့ နောက်မှ သေသေချာချာ ငါလေ့လာကြည့်တော့မှ သိနိုင်လိမ့်မယ် ”

ထိုသို့ပြောပြီးနောက် ကျန်းစန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ရွှီချင်း… ငါ့ရဲ့ ပင်ကိုယ်ဗီဇအရ တကယ်လို့ ဒီစေတီကို သန့်စင်ဖို့ နည်းလမ်းတစ်ခု ရှိမယ်ဆိုရင်… အဲ့ဒါကို စစ်သင်္ဘောအဖြစ် တည်ဆောက်တဲ့အခါ အရမ်းအံ့ဩဖို့ကောင်းလိမ့်မယ် ”

“ တကယ်လို့ စေတီကို ငါမသန့်စင်နိုင်ဘူးဆိုရင်တောင် အဲ့ဒါကို ကိုးကားမယ်ဆိုရင် တန်ဖိုးက အရမ်းကြီးမားလိမ့်မယ်… ပြီးတော့ မင်းရဲ့ နွယ်ပင်… အဲ့ဒါကိုလည်း သေချာဂရုတစိုက် ငါစဉ်းစားရမယ်… ပြီးတော့ မီးတောက်ဖီးနစ်အရှင်ရဲ့ အကူအညီကိုလည်း ငါတို့လိုအပ်လိမ့်မယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး ဟွမ်ယန်ကို အသံပို့လွှတ်လိုက်သည်။

တစ်ခဏကြာပြီးနောက် အားညိုက ငြင်းဆန်နေစဉ် ဟွမ်ယန်က ရောက်လာသည်။

သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားသည့်အခိုက် လေထဲတွင် မီးပွားများ ထွက်ပေါ်လာဟန် ရသည်။

ရွှီချင်းက မြန်ဆန်စွာ အရှေ့ထွက်လာပြီး သူတို့နှစ်ယောက်၏ ကြားမှာ ဝင်ရပ်လိုက်သည်။ ကျန်းစန်သည်လည်း ရွှီချင်းအတွက် မဟာအတောင်ပံအသစ်တစ်ခုကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဟွမ်ယန်ကို ပြောပြသည်။

ယင်းကို ဟွမ်ယန်ကြားသောအခါ သူ၏ အကြည့်က စေတီပေါ်သို့ ကျရောက်သွားသည်။ စေတီကို တစ်ချက်ကြည့်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

“ ငါ့ရဲ့ မီးတောက်ကို လိုအပ်တာလား… ကိစ္စမရှိဘူး ”

ကျန်းစန်က သဘောတူတော့မည့်အချိန် အားညိုက ချောင်းဟန့်လိုက်ပြီး ကျန်းစန်ကို ကြည့်လိုက်သည်။

“ ကျန်းစန်… ချင်းလေးအတွက် မဟာအတောင်ပံကို ဖန်တီးဖို့ ရေခဲစွမ်းအားကိုလည်း မင်းလိုအပ်တယ်မလား ”

အားညို၏ အကြည့်ဖြင့် ရင်ဆိုင်ရသောအခါ ကျန်းစန်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ရသည်။ ထို့ကြောင့် အားညိုနှင့် ဟွမ်ယန်က နောက်တစ်ကြိမ် စူးစိုက်ကြည့်လိုက်ကြသည်။ နောက်ဆုံးမှာတော့ ကျန်းစန်နှင့် ရွှီချင်း၏ ဝင်ရောက်ဖြေရှင်းပေးမှုနှင့်အတူ သူတို့အားလုံးက စေတီကို သန့်စင်ရန် စတင်လိုက်ကြသည်။

ရွှီချင်းအတွက် မဟာအတောင်ပံကို တည်ဆောက်ပေးခြင်းက ချီယွဲ့ထုံဂိုဏ်းအတွက် အထူးကိစ္စရပ်တစ်ရပ် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ကျန်းစန်တစ်ယောက်တည်းက မလုံလောက်ပေ။ ထို့ကြောင့် ဒုတိယစီနီယာအမ၏ သဘောတူညီမှုအောက်မှာ ချီယွဲ့ထုံဂိုဏ်းမှ သန့်စင်သူအားလုံးက လာရောက်ကူညီပေးကြသည်။

နောက်ဆုံးမှာတော့ သန့်စင်မည့် တည်နေရာကို တားမြစ်ဒေသကြီးထဲမှ နယ်မြေလွတ်တစ်ခုမှာ ရွေးချယ်လိုက်သည်။

ထိုနေရာတွင် လက်နက်သန့်စင်သော ပညာရှင်ရာထောင်ချီက စုဝေးရှိနေကြပြီး ရွှီချင်းအတွက် မဟာအတောင်ပံအသစ်ကို စတင်သန့်စင်ပေးနေကြသည်။

ဤအတောအတွင်းမှာ သူတို့က ရွှီချင်း၏ အကူအညီကို မလိုအပ်သေးပေ။ ထို့ကြောင့် ရွှီချင်းက ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကိုသာ ထားရစ်ခဲ့သည်။

သို့ဖြစ်၍ အချိန်ကာလတစ်ခုထိတော့ ရွှီချင်းက လွတ်လပ်နေသည်။

သူက အချိန်တချို့ကို အအလေး၏ ကျင့်ကြံခြင်းအား လမ်းညွှန်ပေးရင်း ကုန်ဆုံးခဲ့သည်။ တစ်ချိန်တည်းမှာ သူက ချီယွဲ့ထုံဂိုဏ်းထဲမှာ သင်ခန်းစာတချို့ကို သင်ကြားပြသပေးခဲ့သည်။

သူက ကျင့်ကြံခြင်းလမ်းစဉ်အပေါ် သူ၏ အမြင်နှင့် နားလည်မှုကို ချီယွဲ့ထုံဂိုဏ်းသားများအပေါ် ပြန်လည်မျှဝေခဲ့သည်။ တစ်ချိန်တည်းမှာ သူက ဂိုဏ်းသားများ၏ သံသယများနှင့် သူတို့နားမလည်သော ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။

တစ်လဟူသော အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

ယနေ့ နံနက်ခင်းတွင် ရွှီချင်းက လှိုဏ်ဂူထဲမှာ တရားထိုင်နေစဉ် ကျန်းစန်၏ အသံပို့လွှတ်မှုကို ရရှိသွားသည်။

“ ရွှီချင်း… မင်းရဲ့ မဟာအတောင်ပံက အကြမ်းဖျဉ်းပြီးသွားပြီ… လုပ်ငန်းစဉ်က ချောမွေ့တယ်လို့ ဆိုနိုင်ပေမဲ့ အပြည့်အစုံတော့ မဟုတ်ဘူး… မင်းဒီကို လာကြည့်တဲ့အခါ နားလည်သွားလိမ့်မယ် ”

ရွှီချင်းက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လှိုဏ်ဂူအပြင်သို့ လျှောက်သွားသည်။ သူက တားမြစ်ဒေသကြီးဆီသို့ သွားတော့မည့်အချိန် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ ထို့ကြောင့် သူက ခေါင်းမော့လိုက်သည်။ မကြာမီ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အဝေးမှ ကောင်းကင်ယံတွင် သက်တံ့တစ်စင်းက လေကို ဖြတ်သန်း၍ သတ္တမတောင်ထွတ်ဆီသို့ ဦးတည်လာနေသည်။

သက်တံ့ထဲတွင် ပုံရိပ်နှစ်ခုရှိသည်။

တစ်ယောက်က သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး တခြားတစ်ယောက်က မိန်းမငယ်လေး ဖြစ်သည်။

ထိုသက်လတ်ပိုင်းအမျိုးသားက အဖိုးကိုးဖြစ်ပြီး မိန်းမငယ်လေးသည်တော့ လင်းအာမှလွဲ၍ တခြားမဟုတ်ပေ။

“ အကိုရွှီချင်း ”

လင်းအာ၏ ဝမ်းသာပျော်ရွှင်သော အသံက ငွေခေါင်းလောင်းမြည်သံပမာ အဝေးမှ ပျံ့လွင့်လ

All Chapters