← Chapters

စိုးရိမ်ခြင်း၊ နောင်တရခြင်း၊ အကူအညီမဲ့ခြင်း(က)

Vol. 94 Ch. 1447

စိုးရိမ်ခြင်း၊ နောင်တရခြင်း၊ အကူအညီမဲ့ခြင်း(က)

Vol. 94 Ch. 1447

ထိုအသံက တိုးညင်းသော်လည်း ယင်းက ဖော်မပြနိုင်သော အေးစက်မှုကို သယ်ဆောင်ထားသည်။ အသံက ရွှီချင်း၏ နားထဲသို့ ဝင်သွားသောအခါ သူ၏ စိတ်က ရေခဲတုံးအဖြစ် ပြောင်းလဲသွားသည့်အလား သူခံစားမိသွားသည်။

ဤသည်မှာ ရေခဲတုံးတစ်တုံးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အလားပင်။

ထိုရေခဲတုံးသည် အအေးဓာတ်လှိုင်းများကို ထုတ်လွှတ်နေပြီး ရွှီချင်း၏ ဝိညာဉ်နှင့် အသိစိတ်ပေါ် သက်ရောက်သွားသည်။ ယင်းက သူ့ကို ဤအခိုက်အတန့်မှာ အနွေးဓာတ်အားလုံးကို ဆုံးရှုံးသွားစေသည်။

အအေးဓာတ်သည်သာ အရာအားလုံးကို ထိုးဖောက်သွားသည်။

ထိုအသံထဲမှ စကားလုံးများက ကျိန်စာတစ်ခုအလား ပြင်းထန်သော အအေးဓာတ်နှင့်အတူ ရွှီချင်း၏ အသိစိတ်ကို ကမောက်ကမာဖြစ်စေသည်။ ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးမှ နတ်ဘုရားအရင်းအမြစ်သည် စေးကပ်ကပ်ရေကဲ့သို့ လှုပ်ရှားတတ်ကြွမှုကို ဆုံးရှုံးသွားသည်။

အအေးဓာတ်အလွှာများ၏ အားအင်တိုးမြှင့်ပေးမှုအောက်မှာ သူက အေးခဲပြီး သေဆုံးသွားတော့မည့်ဟန် ရသည်။

ထိုခံစားချက်က ရွှီချင်း၏ အသိစိတ်ကို ရပ်တန့်သွားစေသည်။ သို့သော်လည်း သူ၏ အသိစိတ်က လုံးဝမည်းမှောင်မသွားခင် နောက်ဆုံးလက်ကျန် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်းကို လှုံ့ဆော်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှေကျီးကန်း၏ အော်သံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ထိုအော်သံသည် ဆင့်ခေါ်သံဖြစ်သည်။

ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နေလုံးကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်း၏ ခန္ဓာကိုယ်သည် လောကတစ်ခု ဖြစ်လာသည်။ ထိုလောကထဲမှ နေလုံးသည် လေထဲသို့ မြှောက်တတ်သွားပြီး သူ၏ ဝိညာဉ်ကို ထွန်းလင်းပေးလိုက်သည်။

အနက်ရောင်မီးတောက်များသည် ချက်ချင်း ပေါ်လျှိုးလာကြသည်။ ဧရိယာတစ်ခုလုံးကို လောင်ကျွမ်းပြီးနောက် အင်မော်တယ်အလင်းတန်းဆယ်ခုလည်း ထွက်ပေါ်လာကြပြီး အဆုံးမဲ့သော အလင်းနှင့် အပူကို ထုတ်လွှတ်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်ပင်လယ်ထဲတွင် နေထွက်ပေါ်လာပြီး ထွန်းလင်းတောက်ပလာသည်။

ယင်းက အအေးဓာတ်နှင့် ထိတွေ့သွားသည်နှင့်ချက်ချင်း နူးညံ့သော ရယ်မောသံက ရွှီချင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မောင်လေး… ငါ့ရဲ့ သတိပေးမှုကို မှတ်ထားပါ… ပြီးတော့ မင်းရဲ့ မိတ်ဆွေပြောတာ မှားတယ်… ငါက တစ္ဆေမဟုတ်ဘူး… သူငါ့ကို နောက်တစ်ခါ မကျိန်ဆဲမိစေဖို့ သတိပေးထားပါ… မဟုတ်ရင် သူ့ကို တစ္ဆေအဖြစ် ငါပြောင်းပစ်မယ် ”

ထိုအသံသည် ရှုပ်ထွေးနက်နဲပြီး ယင်းထဲမှာ လေးနက်သော အဓိပ္ပာယ်တစ်ခု ပါဝင်နေဟန် ရ၏။ ထိုသို့ပြောပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နေလုံးက အလုပ်ဖြစ်သွားခြင်းလော သို့မဟုတ် ကောင်မလေးက စိတ်ပြောင်းသွားခြင်းလော မသေချာသော်လည်း ရွှီချင်း၏ ကျောပေါ်မှ အအေးဓာတ်က မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

သူ၏ နားထဲမှ ရယ်သံသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးရှေ့မှ အမှောင်ထုက ပျောက်ကွယ်သွားပြီး သူ၏ နှလုံးထဲမှ အအေးဓာတ်က မီးတောက်များကြောင့် ဖယ်ရှားခံလိုက်ရသည်။

အအေးဓာတ်က လောင်ကျွမ်းခံလိုက်ရပြီး သူ၏ စိတ်အာရုံက ပြန်ရောက်လာသည်။

အမြင်အာရုံကို ပြန်ရသွားသည့်အခိုက် ရွှီချင်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်သည်။

သူ၏ အနောက်တွင် မည်သူမှ မရှိပေ။

သူ၏ ဘေးမှ အားညိုသည်သာ ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း အားညို၏ ခန္ဓာကိုယ်ထဲမှ အပူဓာတ်တစ်မျိုး ထွက်ပေါ်နေသည်။ ယင်းထဲမှာ လက်ဖက်ရည်အနံ့ ပါဝင်ပြီး ယင်းက ရေခဲကို ဖြည်းဖြည်းချင်း အရည်ပျော်စေသည်။

ထိုလက်ဖက်ရည်သည် သူ့ကို ယုလျှိုချန်း တိုက်ခဲ့သောအရာ ဖြစ်သည်။

သူ၏ စီနီယာအကိုကြီးက အဆင်ပြေနေကြောင်း အာရုံခံမိသွားသောအခါ ရွှီချင်းက သူ၏ နှလုံးသားထဲမှ လှိုင်းအတတ်အကျများကို ဖိနှိပ်လိုက်ပြီး မဟာအတောင်ပံကို အရှိန်မြှင့်လိုက်သည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူတို့က ထိုအပျက်အစီးဧရိယာကို ဖြတ်ကျော်နိုင်သွားသည်။

မဟာအတောင်ပံက အဝေးသို့ ရောက်သွားသည့်အခါ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး အမှောင်ထု၏ ဖုံးလွှမ်းခံထားရသော အပျက်အစီးဧရိယာကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး အပြင်ပိုင်းပင်လယ်အပေါ် သူ၏ သတိထားမှုက ပိုပြီးအားကောင်းလာသည်။

“ အဲ့ဒါ ဘယ်လိုနတ်ဘုရားလဲ ”

ရွှီချင်းက နှလုံးတုန်သွားသည်။ သူက နတ်ဘုရားများစွာကို မြင်ဖူးသည်။ သို့သော်လည်း ထိုကောင်မလေးက သူ့ကို ပေးသော ခံစားချက်သည် နတ်ဘုရားများနှင့် ဆက်နွယ်နေဟန် ထင်ရသော်လည်း အတိအကျ မဟုတ်ပေ။

“ နောက်ဆုံးအချိန်မှာ ငါ့ရဲ့ အင်မော်တယ်အလင်းက အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုပေမဲ့… တကယ်တော့ သူက ထွက်သွားဖို့ ရွေးချယ်ခဲ့တဲ့ပုံပဲ… ဘာဖြစ်လို့ပါလဲ ”

“ ငါ့မိတ်ဆွေပြောတဲ့ တစ္ဆေတစ်ကောင်မဟုတ်ဘူးဆိုတာက… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက ရေခဲရုပ်တုအဖြစ် ပြောင်းနေသော ခေါင်းဆောင်ကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်အလင်းက ပျံ့နှံ့ထွက်လာပြီး ရေခဲရုပ်တုပေါ်သို့ ကျဆင်းသွားသည်။

တဖြည်းဖြည်း ရေခဲက အရည်ပျော်သွားသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ရေခဲရုပ်တုက လုံးဝအရည်ပျော်သွားသည်။ အားညိုက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ပြန်လှုပ်ရှားနိုင်ပြီးနောက် ပထမဆုံး လုပ်လိုက်သည့်အရာမှာ အရည်ပျော်သွားသော ရေခဲထံမှ အအေးဓာတ်ကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။

အသက်ရှူသွင်းပြီးနောက် အားညို၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ရေခဲသည် သူ၏ မျက်ခုံးနှင့် ဆံပင်ပေါ်မှာ ထွက်ပေါ်လာသည်။

အအေးဓာတ်သည် သူ၏ ပုံမှန်အသုံးပြုနေကျ နတ်ဘုရားအတတ်ပညာဖြစ်သည်။ ဤတစ်ကြိမ် အန္တရာယ်သည် အားညို၏ အလိုလောဘကို ကျော်လွန်နိုင်ခြင်း မရှိဟန် ရသည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်က ထပ်မံ အေးခဲသွားနေသော လက္ခဏာကို ပြလာသည်။ သို့သော်လည်း သူက အအေးဓာတ်လေကို အတင်းအကျပ် စုပ်ယူနေဆဲပင်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အားညို၏ အမူအရာက ပြောင်းလဲသွားပြီး သူက ရုတ်တရက် အော့အန်လိုက်သည်။

သူ၏ ပါးစပ်ထဲမှ ထွက်ကျလာသည်မှာ အပုပ်နံ့ထနေသော ဆံခြည်မျှင်များ ဖြစ်သည်။

ဆံခြည်မျှင်များက အောက်သို့ ပြုတ်ကျသွားသည်နှင့် ယင်းတို့က အအေးဓာတ်သို့ ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ဆံခြည်မျှင်အားလုံးကို အော့အန်ပြီးသောအခါ အားညိုက အမောတကော အသက်ရှူလိုက်ပြီး ထိုင်ချလိုက်သည်။ သူက ကြောက်လန့်စွာ ပြောသည်။

“ ငါတွက်ချက်တာ မှားသွားတယ်… အဲ့ဒါက အအေးဓာတ်စွမ်းအင် မဟုတ်ဘူး… အဲ့ဒါက တိုက်စားခြင်းဂုဏ်သတ္တိပါဝင်တဲ့ အလောင်းကောင်စွမ်းအင်တစ်မျိုးပဲ… အဲ့ဒါက စေးကပ်ပြီး ငါ့အတွက် ဘာအကျိုးမှမရှိဘူး ”

“ ဘာလိုငရဲလဲ… အဲ့ဒီ… ”

အားညိုက ဝမ်းဗိုက်ကို ဖက်ထားလိုက်ပြီး သူ့အနောက်မှ အပျက်အစီးဧရိယာကို ကြည့်လိုက်သည်။ သူက စကားဆုံးအောင် မပြောနိုင်မီ ရွှီချင်းက အမြန်ကြားဖြတ်ပြောလိုက်သည်။

“ သူက ငါ့ကို ပြောတယ်… မင်းသူ့ကို နောက်တစ်ခါ ကျိန်ဆဲမယ်ဆိုရင် မင်းကို တစ္ဆေအဖြစ် ပြောင်းပစ်မယ်တဲ့ ”

ယင်းကို အားညိုကြားသောအခါ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။

သူက စိတ်ချောက်ချားသွားသည်။ စောစောတုန်းက ကောင်မလေးက ခေါင်းလှည့်လိုက်ပြီး သူတို့အား ကြည့်ခဲ့သည်ကို ပြန်အမှတ်ရသွားသောအခါ သူက တုန်ယင်သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။

“ အဲ့ဒါက ဘယ်လိုတစ္ဆေလဲ… ’

‘ ငါ့အတွေးကြောင့် သူရောက်လာတာလား ’

‘ အရမ်းအမြင်ကျဉ်းတာပဲ ’

အားညိုက တုံ့ဆိုင်းသွားသည်။

ဤအခိုက်အတန့်မှာ အားညိုထက် ပိုပြီးတုံ့ဆိုင်းနေသူမှာ ယုလျှိုချန်းဖြစ်သည်။

သူက ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေပြီး အပျက်အစီးဧရိယာဆီသို့ တည်ကြည်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

သူ၏ မျက်လုံးထဲမှ မြင်ကွင်းသည် အစောနက ရွှီချင်းနှင့် အားညို မြင်ခဲ့ရသည်နှင့် ကွဲပြားခြားနားနေသည်။

ထိုအပျက်အစီးများသည် အပျက်အစီးမဟုတ်ပေ။

ယင်းအစား မရေမတွက်နိုင်သော ဆံခြည်မျှင်အထုံးများဖြင့် အတူတကွ ဖွဲ့စည်းထားသော ဧရာမဆံခြင်မျှင်ဘောလုံးတစ်လုံး ဖြစ်သည်။

ပုပ်သိုးဆွေးမြေ့ခြင်း၊ ခြောက်သွေ့ခြင်းနှင့် ယိုယွင်းပျက်စီးခြင်းသည် ထိုနေရာမှ ပျံ့နှံ့ထွက်နေသည်။

ကောင်မလေးသည်တော့ ဆံခြည်မျှင်အခွေများဖြင့် ရက်လုပ်ထားသော ပုံရိပ်တစ်ခု ဖြစ်သည်။ ယခု သူက အဆုံးမဲ့သော မကောင်းဆိုးဝါးစိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး ယုလျှိုချန်းကို စိုက်ကြည့်နေသည်။

‘ ရွှီချင်းရဲ့ ထူးခြားမှုကလား ဒါမှမဟုတ် အားညိုရဲ့ ထူးခြားမှုကလား ဒီလိုအရာမျိုးကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်… ’

ယုလျှိုချန်းသည် တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် မိတ်ဆွေလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်၍ သူက သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်၏ အမျှင်တန်းတစ်ခုကို ခွဲထုတ်လိုက်ပြီး လက်ဖက်ရည်ခွက်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်သည် ကောင်မလေးဆီသို့ ပျံသန်းသွားသည်။

“ လက်ဖက်ရည်သောက်ပါဦး ”

ကောင်မလေးသည် ပြုံးလိုက်သည်။ အရေအတွက်များပြားသော ဆံခြည်မျှင်များက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး လက်ဖက်ရည်ခွက်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်သည် ဆံခြင်မျှင်ဘောလုံးထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

အားညိုက ဆံခြည်မျှင်အများကြီးကို အော့အန်ခဲ့သော်လည်း သူ၏ ဝမ်းဗိုက်က ဒဏ်ရာရသွားဆဲဖြစ်ကြောင်း ထင်ရှားသည်။ နောက်တစ်လအတွင်းမှာ သူ၏ တစ်ကိုယ်လုံးက အနက်ရောင်သို့ ပြောင်းလဲသွားပြီး အပုပ်နံ့ထနေသော ဆံခြည်မျှင်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

All Chapters