စိုးရိမ်ခြင်း၊ နောင်တရခြင်း၊ အကူအညီမဲ့ခြင်း(ခ)
Vol. 94 Ch. 1448
အဆိုးဝါးအချိန်မှာ သူ၏ တစ်ကိုယ်လုံးကို ဆံခြည်မျှင်များက အပြည့်ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ အကယ်၍ သူက အဝတ်အစား မဝတ်ထားလျှင်ပင် ဆံခြည်မျှင်များက သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးနိုင်ပေသည်။
ထို့ပြင် သူက မည်သို့ညှပ်ပစ်ပါစေ ယင်းတို့ကို လုံးဝမဖယ်ရှားနိုင်ပေ။
သို့သော်လည်း အားညို၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အလွန်အားကောင်းသည်ဟု ဆိုရမည်။ သူက အစတွင် ဒေါသထွက်ခဲ့သော်လည်း နောက်ရက်များတွင် ယင်းကို နေသားကျသွားသည်။ အမှန်မှာ သူက အနည်းငယ် ဘဝင်မြင့်နေပုံပေါ်သည်။
“ ချင်းလေး… ဒီဆံပင်တွေက အရမ်းအားကောင်းတဲ့ ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်… အဲ့ဒါကို ငါ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလိုက်တဲ့အခါ ငါက စစ်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသလိုပဲ ”
“ ပြီးတော့ အဲ့ဒါက နွေးတယ် ”
“ မဆိုးဘူး… မဆိုးဘူး… ဆံပင်က ဒီထက် နည်းနည်းပိုရှည်လာမယ်ဆိုရင် အဲ့ဒါကို ဖြတ်ဖို့ နည်းလမ်းတစ်ခု ငါစဉ်းစားပြီး အဲ့ဒါကို အဝတ်အစားတွေအဖြစ် ရက်လုပ်ဖို့ ဝတ်ရုံမျိုးနွယ်စုဆီ ပို့လိုက်မယ်… ပြီးကျရင် အဲ့ဒါတွေကို ဈေးကောင်းကောင်းနဲ့ ငါရောင်းစားပစ်မယ် ”
အားညိုက သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆံခြည်မျှင်များကို ထိလိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။
“ ပြီးတော့ ငါ့ခန္ဓာကိုယ်ပေါ်မှာ ဒီဆံခြင်မျှင်တွေ ပေါ်လာကတည်းက ငါတို့ခရီးစဉ်က အဆင်ချောမွေ့နေတာကို ငါသတိထားမိတယ်… ငါတို့တွေ အခုထိ ဘာအန္တရာယ်မှ မတွေ့ကြုံရသေးဘူး… ”
“ ဒီနေရာမှာ ဖိအားက အရမ်းကြီးမားတာ စိတ်မကောင်းစရာပဲ… မဟုတ်ရင် ငါတို့တွေ ကောင်းကင်ပေါ်မှာ ပျံသန်းပြီး မြန်မြန် ခရီးဆက်လို့ရတယ် ”
ရွှီချင်းသည် အားညို၏ ပေါက်ကရပြောနေခြင်းကို လျစ်လျူရှုထားသည်။ သူက မျက်လုံးမှိတ်ထားပြီး တရားကျင့်ကြံနေသည်။ အားညိုသည်တော့ ဆက်လက် ပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းက ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။ အားညို၏ အသံသည်သည်း ရပ်တန့်သွားသည်။
သူတို့နှစ်ယောက်က အဝေးသို့ ပြိုင်တူကြည့်လိုက်ကြသည်။
မဟာအတောင်ပံနှင့် အတန်ငယ် ဝေးကွာသော နေရာသည် အစက မည်းမှောင်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ နေတစ်စင်းက ပင်လယ်မျက်နှာပြင်ပေါ်မှာ မြှောက်တတ်လာသည်။
ထိုနေလုံးသည် အလွန်ကြီးမားကျယ်ပြောသည်။ ၎င်းထွက်ပေါ်လာသည့်အခိုက် ကောင်းကင်က လင်းထိန်သွားပြီး ပင်လယ်ရေက လှိုင်းထသွားကာ နေလုံးကို ရောင်ပြန်နေသည်။ ကောင်းကင်နှင့် ပင်လယ်မှ အလင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုအလင်းသည် သွေးနီရောင်ဖြစ်သည်။ ယင်းက နေဝင်ဆည်းဆာအလင်းနှင့် ဆင်တူသည်။
ရွှီချင်းက နှလုံးတုန်သွားပြီး အားညိုက မျက်လုံးပြူးကျယ်သွားသည်။ သို့သော်လည်း မြင့်တတ်လာနေသော အရာက နေလုံးမဟုတ်ကြောင်း သူတို့က မြန်ဆန်စွာ ရှာတွေ့သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် တခြားဦးတည်ရာဘက်တွင် ဒုတိယနေလုံးက ပင်လယ်မျက်နှာပြင်ပေါ်မှ တကယ်ကြီး မြှောက်တတ်လာနေသည်။
ယင်းက အဆုံးသတ် မဟုတ်သေးပေ။ အဝေးတစ်နေရာတွင် တတိယနေလုံးက ထွက်ပေါ်လာသည်။
ထို့နောက် စတုတ္ထ၊ ပဉ္စမ၊ ဆဌမ…
လောကသည် ပိုပြီးထွန်းလင်းတောက်ပလာသည်။ နောက်ဆုံးမှာတော့ ဆယ်မိနစ်ကြာပြီးနောက် နေလုံး(၃၀)ကျော်သည် လေထဲသို့ မြှောက်တတ်သွားကြသည်။
နေတစ်လုံးစီက အလင်းရောင်ကို အတိုင်းအတာအမျိုးမျိုး ထုတ်လွှတ်နေသည်။
၎င်းတို့ထံမှ ထုတ်လွှတ်လိုက်သော အလင်းရောင်သည် အဝေးကြီးသို့ မရောက်နိုင်သလို အပြင်ပိုင်းပင်လယ်တစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ ယင်းက သတ်မှတ်ထားသော ဧရိယာအတွင်းကိုသာ အလင်းရောင် ထွန်းလင်းပေးနိုင်သည်။
ထူးခြားချက်အနေဖြင့် ၎င်းတို့က အပူကို လုံးဝမထုတ်လွှတ်ကြပေ။
ပိုပြီးထူးခြားသည်မှာ မြင့်တတ်လာနေသော နေလုံးများသည် တစ်ခုပြီးတစ်ခု မြန်ဆန်စွာ ပြုတ်ကျသွားကြသည်။ ၎င်းတို့မှာ သတ်မှတ်ချက်မရှိပေ။ တစ်ခါတစ်ရံမှာ ၎င်းတို့က ပင်လယ်ပြင်ပေါ်သို့ မြန်ဆန်စွာ မြှောက်တတ်သွားကြပြီး တစ်ခါတစ်ရံမှာ ပင်လယ်ထဲသို့ မြန်ဆန်စွာ နစ်မြုပ်သွားကြသည်။
သို့ဖြစ်၍ အပြင်ပိုင်းပင်လယ်ထဲတွင် အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ဤနေရာမှ ဒြပ်နှောများသည် ပိုပြီးသိပ်သည်းလာပြီး နတ်ဘုရားအရှိန်အဝါသည် ပိုပြီးအားကောင်းလာသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် အားညိုက နှလုံးတုန်သွားကြစဉ် ကြီးမားသော အက်ကွဲကြောင်းတစ်ခုက သူတို့နှစ်ယောက်နှင့် အနီးဆုံးသော နေလုံး၏ အလယ်ဗဟိုမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် အက်ကွဲကြောင်းက ပျံ့ပွားသွားပြီး ပွင့်သွားသည်။
၎င်းက မျက်လုံးတစ်လုံးနှင့် ဆင်တူသည်။
အတိအကျဆိုရလျှင် ၎င်းက အမှန်တကယ် မျက်လုံးဖြစ်သည်။
အစတွင် ၎င်းက နက်ရှိုင်းစွာ အိပ်မောကျနေဟန် ရ၏။ ယခု ၎င်းက နိုးထလာပြီး ရွှီချင်း၏ မဟာအတောင်ပံကို စိုက်ကြည့်နေသည်။
ထိုအကြည့်က ကျဆင်းလာသည်နှင့်ချက်ချင်း မဟာအတောင်ပံက တုန်ယင်သွားပြီး စတင်ပျက်စီးလာသည်။ ထိုအကြည့်ထံမှ ထုတ်လွှတ်နေသော ဖရိုဖရဲစွမ်းအားသည် ရွှီချင်းနှင့် အားညိုပေါ်မှာလည်း သက်ရောက်လာသည်။
သူတို့၏ ခန္ဓာကိုယ်က ချက်ချင်း သန္ဓေပြောင်းလဲသွားသည်။
အားညိုက ကြောက်ရွံ့တုန်လှုပ်နေစဉ် သူ၏ အသံက ပိုပြီးအက်ရှလာသည်။
“ ချင်းလေး… ငါနဲ့အတူ ယဇ်ပူဇော်အကကို အမြန်လုပ်ဆောင်ပါ… အဲ့ဒါက အမည်မသိ နတ်ဘုရားတစ်ပါးရဲ့ အိမ်မက်ပဲ… အဲ့ဒီနတ်ဘုရားက အရမ်းကြောက်စရာကောင်းတယ်… သူ့ရဲ့ အိမ်မက်က အစစ်အမှန်လောကကို အတိုင်းအတာတစ်ခုထိ သက်ရောက်နိုင်တယ် ”
သူက စကားပြောပြီးနောက် ချက်ချင်း ကခုန်လိုက်သည်။ သူက နတ်ဘုရားများကို ဖျော်ဖြေသော ယဇ်ပူဇော်အကကို ကလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆံခြည်မျှင်များက သူ၏ ဘေးပတ်ပတ်လည်မှာ လှုပ်ခတ်သွားကြသည်။
သူက ကိုးကွယ်ပူဇော်သော စကားများကိုပင် နှုတ်မှ ရွတ်ဆိုလိုက်သည်။
ရွှီချင်းသည်လည်း လျစ်လျူမရှုဝံ့ချေ။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ခေါင်းဆောင်နှင့်အတူ ကခုန်လိုက်သည်။
အားညိုသည် အတိတ်ဘဝတွင် လပူဇော်ဒေသကြီး၏ မဟာယဇ်ပူဇော်အကသမား ဖြစ်ခဲ့သည်။ ထို့ကြောင့် သူက နတ်ဘုရားများ၏ အိမ်မက်အကြောင်းကို တခြားလူများထက် ပိုပြီးနားလည်သည်။ ဤအခိုက်အတန့်မှာ သူက ကခုန်လိုက်သည့်အခါ နေလုံးနှင့်ဆင်တူသော မျက်လုံးက ရပ်တန့်သွားသည်။ ဤသည်မှာ တစ်စုံတစ်ခုက ၎င်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည့်အလားပင်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ခြောက်နာရီကြာပြီးနောက် ဧရာမမျက်လုံးက ဖြည်းညင်းစွာ ပြန်မှိတ်သွားသည်။ ၎င်းက တခြားနေမျက်လုံးများနှင့်အတူ ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် ပျက်စီးနေသော မဟာအတောင်ပံကို ထိန်းချုပ်လိုက်ပြီး ဤဧရိယာမှ မြန်ဆန်စွာ ထွက်သွားကာ အမှောင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားသည်။
မည်သည့်မူမမှန်မှုမှ မရှိတော့ကြောင်း အာရုံခံပြီးနောက် မဟာအတောင်ပံပေါ်မှ ရွှီချင်းနှင့် အားညိုသည် တစ်ပြိုင်နက်တည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။
“ ချင်လေး… ယုလျှိုချန်းက အနားမှာ ရှိနေသေးတယ်လို့ မင်းထင်လား ”
“ ဒီနေရာက အရမ်းအန္တရာယ်များတယ်လို့ ငါခံစားမိတယ်… ယုလျှိုချန်းက တစ်စုံတစ်ခုကို ဖမ်းမိသွားပြီလို့ ငါထင်တယ်… ဘာလို့ ငါတို့ အနောက်ပြန်မလှည့်တာလဲ ”
ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် ဘေးဘီကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ အနောက်ပြန်လှည့်ရအောင်… တကယ်လို့ စီနီယာယုလျှိုချန်းက ဆန္ဒမရှိဘူးဆိုရင် သူက ထွက်ပေါ်လာပြီး ငါတို့ကို ပြောလိမ့်မယ်… ”
“ ဟုတ်တယ်… တကယ်လို့ သူထွက်ပေါ်မလာရင် အဲ့ဒါက ငါတို့ကို ထွက်သွားခွင့်ပြုလိုက်တာလို့ ယူဆနိုင်တယ် ”
အားညိုက မြန်ဆန်စွာ သဘောတူလိုက်သည်။ သူတို့နှစ်ယောက်က နောက်တစ်ကြိမ် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ရွှီချင်းက တုံ့ဆိုင်းခြင်းမရှိဘဲ မဟာအတောင်ပံ၏ ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး အတွင်းပိုင်းပင်လယ်ဆီသို့ ရွေ့လျားသွားသည်။
ထိုအခိုက်အတန့်မှာ သူတို့ပြောနေသော ယုလျှိုချန်းက ပင်လယ်ရေအောက်ထဲမှာ ရှိနေသည်။
ပင်လယ်ရေအောက်ထဲတွင် အစောနက ပင်လယ်ထဲသို့ နစ်မြုပ်သွားကြသော နေလုံး(၃၀)ကျော်သည် မူလနေရာဆီသို့ ပြန်ရောက်သွားကြပြီး အတူတကွ စုဝေးသွားကြသည်။
ဧရာမမျက်လုံးများသည် အရေအတွက်သုံးဆယ်ကျော်သည်။ ၎င်းတို့ကြားတွင် သေးငယ်သော ချည်မျှင်များရှိပြီး ယင်းတို့က မျက်လုံးတစ်လုံးနှင့်တစ်လုံးကို ဆက်သွယ်ပေးထားကြသည်။ သို့ဖြစ်၍ အဝေးမှကြည့်လျှင် ၎င်းက စပျစ်ခိုင်နှင့် ဆင်တူသည်။
ဤအခိုက်အတန့်မှာ မျက်လုံးအားလုံးက ယုလျှိုချန်းကို စိုက်ကြည့်နေကြသည်။
ယုလျှိုချန်းက နှုတ်ဆိတ်နေသော်လည်း စိတ်ထဲမှာ ကျိန်ဆဲနေသည်။
ဤသည်မှာ အပြင်ပိုင်းပင်လယ်ထဲသို့ ပထမဆုံးအကြိမ် သူရောက်ဖူးခြင်း မဟုတ်ပေ။ ဤမတိုင်ခင် သူက အပြင်ပိုင်းပင်လယ်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးလေ့လာခဲ့သည်။
အပြင်ပိုင်းပင်လယ်က လျှို့ဝှက်ဆန်းကြယ်ပြီး ဧရိယာအများအပြားက သူ့အတွက်ပင် အန္တရာယ်ရှိသော်လည်း အပြင်ပိုင်းပင်လယ်၏ ကျယ်ပြောမှုက အတိုင်းအဆမဲ့သည်။ သို့ဖြစ်၍ သူက ပင်လယ်၏ အနက်ပိုင်းထဲသို့ မစွန့်စားသွားသရွေ့ သူလက်ဖက်ရည်တိုက်ရမည့် တည်ရှိမှုများက အလွန်အမင်း ရှားပါးချေသည်။
သို့သော်လည်း ဤတစ်ကြိမ်ခရီးက ယခင်ကနှင့် ခြားနားသည်။
အစောနက သူတွေ့ဆုံခဲ့သော ကောင်မလေးကို တိုက်ဆိုင်မှုဟု သတ်မှတ်နိုင်သော်လည်း ဤအခိုက်အတန့်မှာ သူက ကြောက်စရာကောင်းသော မျက်လုံးများဖြင့် နောက်ထပ် တွေ့ဆုံနေရပြန်သည်။ ၎င်းက ပုံမှန်ဆိုလျှင် အပြင်ပိုင်းပင်လယ်၏ အနက်ပိုင်းထဲမှာ အိပ်မောကျနေလေ့ရှိကြောင်း သူမှတ်မိသည်။ သို့သော်လည်း မမျှော်လင့်ထားဘဲ ၎င်းက ဤနေရာမှာ တကယ်ကြီး ထွက်ပေါ်လာသည်။