← Chapters

စိုးရိမ်ခြင်း၊ နောင်တရခြင်း၊ အကူအညီမဲ့ခြင်း(ဂ)

Vol. 94 Ch. 1449

စိုးရိမ်ခြင်း၊ နောင်တရခြင်း၊ အကူအညီမဲ့ခြင်း(ဂ)

Vol. 94 Ch. 1449

သို့သော်လည်း ဤနေရာက ပင်လယ်၏ အနက်ပိုင်းနှင့် အလွန်ဝေးကွာနေဆဲပင်။

ဤနေရာက အပြင်ပိုင်းပင်လယ်၏ အစွန်းဖျားသာ ရှိသေး၏။

‘ ငါက ငါးမျှားမလို့ သူတို့ကို ဒီခေါ်လာတာလေ… ဘာလို့ သူတို့က ကြုံရာကျပန်း အကောင်ကြီးတွေကို ဆွဲဆောင်နိုင်ရတာလဲ ’

ယုလျှိုချန်းက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ လက်ဖက်ရည်ခွက်က ထွက်ပေါ်လာသည်။

“ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါဦး ”

စပျစ်ခိုင်နှင့်ဆင်တူသော မျက်လုံးများက ကျုံ့သွားကြသည်။ ထို့နောက် နွယ်ပင်နှင့်ဆင်တူသော လက်တံများက မျက်လုံးများထံမှ ဆန့်တန်းထွက်လာကြပြီး လက်ဖက်ရည်ခွက်ကို ရစ်ပတ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က ပင်လယ်ထဲသို့ ဖြည်းညင်းစွာ နစ်မြုပ်သွားကြပြီး ပင်လယ်အနက်ပိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ယုလျှိုချန်းက အကူအညီမဲ့သွားသည်။

ရွှီချင်းနှင့် အားညိုက ထွက်သွားနေပြီဖြစ်ကြောင်း သူအာရုံခံမိသောအခါ တစ်ခဏ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက မတားဆီးခဲ့ပေ။

“ နောက်လာမယ့်အချိန်မှာ ပြန်ရှင်လာနေတဲ့ အစစ်အမှန်နတ်ဘုရားကို ဘာပြဿနာမှမရှိဘဲ မျှားခေါ်ထုတ်နိုင်မယ်လို့ ငါမျှော်လင့်တယ်… အဲ့ဒါက စလှုပ်ရှားနေပြီဆိုတာ ငါခံစားမိတယ် ”

“ ပြီးတော့ အဲ့ဒါက အရမ်းအားနည်းနေတယ်… ”

မျှော်လင့်မှုက ယုလျှိုချန်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူ၏ မျှော်လင့်မှုက လက်တွေ့နှင့် ကြီးကြီးမားမား ကွဲပြားနေသည်။ ဤသည်မှာ သူ၏ ပုံပြင်နတ်ဘုရားအခွင့်အာဏာက အပြင်ပိုင်းပင်လယ်ကြောင့် သက်ရောက်ခံလိုက်ရပြီး ဖရိုဖရဲဖြစ်သွားဟန် ရသည်။

အကြောင်းအရင်းမှာ တိတ်ဆိတ်နေသော အပြင်ပိုင်းပင်လယ်ထဲ၌ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အားညိုပြောလိုက်သော တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်သည်။

“ ချင်းလေး… ဒီရက်တွေကို ငါပြန်စဉ်းစားကြည့်ခဲ့တယ်… ဟိုကောင်မလေးက ငါ့အတွေးတွေကြောင့် လှုပ်ရှားခဲ့တယ်… ဒါဆိုရင် စောစောတုန်းက နေလုံးက ငါတို့ဘေးကင်းလုံခြုံပြီလို့ ငါပြောခဲ့တာကြောင့် လှုပ်ရှားခဲ့တာများလား… ”

မဟာအတောင်ပံပေါ်တွင် အားညိုက တည်ကြည်လေးနက်သော အမူအရာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

“ တစ်စုံတစ်ခုမှားနေတယ်လို့ ငါထင်တယ် ”

“ ကြည့်ရတာ ဒီအပြင်ပိုင်းပင်လယ်မှာ ငါ့စကားတွေက ထူးဆန်းတဲ့ စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ပုံပဲ ”

“ ရှေးဟောင်းဒဏ္ဍာရီတွေက မှန်နေတာများလား ”

ယင်းကို ရွှီချင်းကြားသောအခါ သူက အားညိုကို ကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူသည်လည်း ခရီးတစ်လျှောက်တွင် တူညီသော မေးခွန်းကို စဉ်းစားနေခဲ့သည်။ သို့သော်လည်း ယင်းက သူ၏ စီနီယာအကိုကြီးကြောင့်ဟု သူမထင်ပေ။ ယင်းအစား ရွှေကျီးကန်းဟူသော သူ၏ သရုပ်ကြောင့် ဖြစ်နိုင်ပေသည်။

အပြင်ပိုင်းပင်လယ်ထဲသို့ သူခြေချပြီးနောက် ရှေးဟောင်းအကြည့်တစ်ခုက သူ့ကို စိုက်ကြည့်နေသည်ဟု ဝေဝေဝါးဝါး သူခံစားနေမိသည်။

အားညို၏ စကားကို ကြားသောအခါ ရွှီချင်းက မေးသည်။

“ ဘာဒဏ္ဍာရီလဲ ”

အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာက အပြင်ပိုင်းပင်လယ်ထဲမှာ ဆရာသခင်တစ်ပါးရှိတယ်… အဲ့ဒီဆရာသခင်က ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားပြီး ကောင်းကင်နဲ့ မြေပြင်မှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တယ်… သူက ဖော်မပြနိုင်တဲ့ ဂုဏ်အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး သူ့မှာ မရေမတွက်နိုင်တဲ့ ကြင်ယာတော်တွေ အများကြီး ရှိတယ်… သူက ရှေးကျပြီး မြင့်မြတ်တယ်… ဒါပေမဲ့ တစ်နေ့မှာ သူက ပြိုင်ဘက်ကင်းရတာကို ငြီးငွေ့သွားပြီး အပြင်ပိုင်းပင်လယ်ကနေ ထွက်သွားခဲ့တယ် ”

“ သူက မထွက်သွားခင်မှာ သတင်းစကားတစ်ခုကို ချန်ထားခဲ့တယ်… တစ်နေ့ ငါပြန်လာတဲ့အခါ နတ်ဘုရားအားလုံးက ငါ့ကို အရိုအသေလာပေးရမယ် ”

အားညိုက ချောင်းဟန့်လိုက်သည်။

အစတွင် ရွှီချင်းက စိတ်ဝင်တစား နားထောင်နေသည်။ သို့သော်လည်း မကြာမီ ယင်းက တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူနားလည်သွားသည်။

“ စီနီယာအကိုကြီး… ဒီဒဏ္ဍာရီကို ဘယ်ကနေ မင်းကြားလာတာလဲ ”

“ ငါ့ဆီကနေလေ ”

အားညိုက ကျယ်လောင်စွာ ရယ်မောလိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆံခြည်မျှင်များက လှုပ်ခါသွားကြသည်။

“ ငါက မင်းကို နောက်နေတာပါ… ဟား ဟား… ဒီရက်တွေမှာ ငါတို့က အရမ်းစိုးရိမ်ကြောင့်ကြနေခဲ့တာ မဟုတ်လား… ဒါကြောင့် မင်းစိတ်သက်သာသွားအောင်လို့ ငါက ပြောလိုက်တာပါ… ဘာမှမစိုးရိမ်ပါနဲ… လမ်းကြောင်းကို ငါမှတ်ထားပါတယ်… အရှေ့က ပင်လယ်ဧရိယာကို ဖြတ်ကျော်ပြီးသွားတာနဲ့ ငါတို့ ဘေးကင်း… ”

အားညို၏ စကားမဆုံးခင်မှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော ပေါက်ကွဲမှုသည် သူတို့ရှိနေသော ဧရိယာထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက တိတ်ဆိတ်ငြိမ်သက်နေသော အပြင်ပိုင်းပင်လယ်ထဲမှာ ရုတ်ချည်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကြီးမားသော လှိုင်းလုံးများက ပင်လယ်၏ မျက်နှာပြင်ပေါ်မှာ မြှောက်တတ်လာကြသည်။

ယင်းက ဆူနာမီနှင့် ဆင်တူသည်။

ထိုသို့အဖြစ်အပျက်မျိုးကို ယခင်က သူတို့မတွေ့ကြုံခဲ့ဖူးပေ။

ရွှီချင်းက နှလုံးတုန်သွားသည်။ အားညိုက မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူတို့နှစ်ယောက်က ပင်လယ်ပြင်ပေါ်မှ လှိုင်းလုံးများကို ရှောင်တိမ်းရန် မဟာအတောင်ပံကို လေထဲသို့ ပျံသန်းသွားရန် ချက်ချင်း ထိန်းချုပ်လိုက်ကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ဤဧရိယာမှ ပင်လယ်ပြင်သည် လေထဲသို့ အရင်ဦးစွာ မြှောက်တတ်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ဤဧရိယာ၏ ပင်လယ်ပြင်က စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး လွန်စွာ ကြီးမားကျယ်ပြောကြောင်း မြင်နိုင်လိမ့်မည်။ ယခု ထိုဧရိယာက အပေါ်သို့ မြှောက်တတ်သွားနေသည်။ ပင်လယ်ပြင်ပေါ်မှာ ရွှီချင်းနှင့် အားညိုရှိနေသော မဟာအတောင်ပံသည် ယင်းနှင့် နှိုင်းယှဉ်လျှင် ဖုန်မှုန့်တစ်ခုထက် မပိုချေ။

စက်ဝိုင်းပုံသဏ္ဍာန် ပင်လယ်သည် အပေါ်သို့ မြှောက်တတ်သွားပြီး ထင်ရှားလာသည်။ နောက်ဆုံးမှာတော့ ယင်းက ဇလုံတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

အမှန်မှာ ဤပင်လယ်ဧရိယာသည် ဇလုံအတွင်းမှ ပင်လယ်တစ်ခုသာ ဖြစ်သည်။

လက်များစွာရှိသော ပင်လယ်မိစ္ဆာတစ်ကောင်သည် ၎င်း၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်လိုက်သည်။ ယင်းက ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သော်လည်း ပြည်နယ်တစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သည်။

ပင်လယ်မိစ္ဆာသည် အလွန်ကြောက်စရာကောင်းပြီး အတိုင်းအဆမဲ့အောင် ကြီးမားသည်။

၎င်း၏ လက်တစ်ဖက်စီတိုင်းက ပစ္စည်းတစ်ခုကို ဆုပ်ကိုင်ထားကြသည်။ ထိုထဲမှ လက်တစ်ဖက်သည် ရွှီချင်းနှင့် အားညိုရှိနေသော ပင်လယ်ဇလုံကို ဆုပ်ကိုင်ထားသည်။

၎င်းက အရှေ့သို့ ရွေ့လျားသွားနေသည်။

ရွှီချင်းနှင့် အားညိုသည် အပြင်းအထန် နှလုံးတုန်သွားကြပြီး လုံးဝ မလှုပ်ရှားဝံ့ကြချေ။

ရှင်းလင်းစွာပင် သူတို့၏ တည်ရှိမှုက ကြောက်စရာကောင်းသော ဤပင်လယ်မိစ္ဆာအတွက် ပုရွက်ဆိတ်နှင့် မခြားပေ။ ထို့ကြောင့် နာရီပေါင်းများစွာကြာမြင့်ပြီးနောက် ဧရာမပင်လယ်မိစ္ဆာသည် ပင်လယ်ပြင်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

ဇလုံသည်လည်း ပင်လယ်ထဲသို့ ပြန်နစ်မြုပ်သွားသည်။

မဟာအတောင်ပံပေါ်တွင် ရွှီချင်းနှင့် အားညိုက မျက်နှာဖြူဖျော့နေကြသည်။

အဝေးမှ ဟင်းလင်းပြင်ထဲတွင် ယုလျှိုချန်းသည်လည်း မျက်နှာဖြူဖျော့နေသည်။

“ ဒီနှစ်ကောင်မှာ ပြဿနာတစ်ခုခုရှိနေတာ သေချာတယ်… မဟုတ်ရင် ဒီလိုသေးငယ်တဲ့ ငါးစာက ကြောက်စရာကောင်းတဲ့ အဲ့ဒီရှေးခေတ်တည်ရှိမှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး ”

“ ငါက ငါးမျှားဖို့ မင်းတို့ကို ခေါ်လာတာလေ… ငါက ငါးပဲ မျှားချင်တာပါ… ငါးမန်းကို မဟုတ်ဘူး ”

အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ထိုနှစ်ကောင်က ပိုပြီးကြောက်စရာကောင်းသော တည်ရှိမှုများကို ဆွဲဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ယုလျှိုချန်း ခံစားမိနေသည်။ ထိုအချိန်ကျလျှင် သူဖမ်းချင်သော ငါးက ရောက်မလာမီ ငါးစာနှင့် ငါးဖမ်းသမားဖြစ်သော သူက အရင်ဦးစွာ သေဆုံးသွားရလိမ့်မည်။

ထိုသို့တွေးမိသောအခါ ယုလျှိုချန်းက ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက ဟင်းလင်းပြင်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ရွှီချင်းနှင့် အားညိုရှိသော မဟာအတောင်ပံပေါ်သို့ ရောက်ရှိသွားသည်။

ယုလျှိုချန်းကို မြင်သွားသောအခါ ရွှီချင်းနှင့် အားညို၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူတို့က အပြစ်ရှိစိတ်ကို အနည်းငယ် ခံစားမိသွားကြပြီး ချက်ချင်း အရိုအသေပေးလိုက်ကြသည်။

“ နှုတ်ဆက်ဖို့မလိုဘူး… မင်းတို့ကို ငါလမ်းပြပေးမယ် ”

“ အယ်… ငါတို့ဘာသာ သွားရမယ်လို့ မင်းမပြောခဲ့ဘူးလား ”

အားညိုက အလျင်စလို မေးသည်။

“ မင်းတို့ဘာသာ ဆက်ပြီး ငါလွှတ်ထားမယ်ဆိုရင် ငါ့ကို တစ်လုပ်တည်းနဲ့ ဝါးမျိုနိုင်တဲ့ တည်ရှိမှုတစ်ခု ထွက်ပေါ်လာမှာကိုပဲ ငါစိုးရိမ်တယ် ”

ယုလျှိုချန်းက စကားအပိုမပြောတော့ပေ။ သူက စကားပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းနှင့် အားညိုကို ဖမ်းယူလိုက်ကာ ကောင်းကင်ပေါ်သို့ ခြေချလိုက်သည်။

“ စီနီယာ… မင်းက အတော်နောက်တတ်တာပဲ… မင်းကို တစ်လုပ်တည်းနဲ့ ဝါးမျိုနိုင်တဲ့ တည်ရှိမှုကို ဘယ်လိုလုပ် ငါတို့က တွေဆုံနိုင်မှာလဲ… ”

အားညိုက ထိုသို့ပြောလိုက်သည့်အခါ ရွှီချင်း၏ ဦးရေပြားက စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့စီနီယာအကိုကြီး၏ ပေါက်ကရစကားများက မည်မျှသက်ရောက်မှု ပြင်းထန်ကြောင်း ယုလျှိုချန်းအား သတိပေးရန် သူစဉ်းစားလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ယုလျှိုချန်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။

ရွှီချင်းနှင့် အားညိုသည်လည်း မူမမှန်မှုကို ခံစားမိသွားကြသည်။ သူတို့က ချက်ချင်း ခေါင်းမော့လိုက်ကြသည်။

“ ဘာလို့ ကောင်းကင်က အနီရောင်ပြောင်းသွားတာလဲ ”

အားညိုက မျက်လုံးပြူးကျယ်သွားပြီး အကြီးအကျယ် ထိတ်လန့်သွားသည်။

“ ငါ့ရဲ့ စကားတွေက အပြင်ပိုင်းပင်လယ်ထဲမှာ တကယ်ကြီး သက်ရောက်မှုရှိနေတာလား ”

ရွှီချင်းသည်တော့ ထိတ်လန့်ခြင်းအပြင် တခြားခံစားမှုကို ခံစားမိသွားသည်။

အပြင်ပိုင်းပင်လယ်ထဲသို့ သူစတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ဝေဝေဝါးဝါး ခံစားမိခဲ့သော ထိုအကြည့်က ဤအခိုက်အတန့်မှာ ပိုပြီးထင်ရှားလာနေကြောင်း ခံစားမိသွားသည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်က ပြိုကျလာသည်။

ဤသည်မှာ ကမ္ဘာတုန်ဟီးစေနိုင်သော ဧရာမတည်ရှိမှုတစ်ခုက ပါးစပ်ဖွင့်ဟလိုက်သည့်အလားပင်။

သို့မဟုတ် ထိုတည်ရှိမှုက အစောကြီးကတည်းက ပါးစပ်ဖွင့်ဟထားပြီး ယခုမှ ပါးစပ်ပြန်ပိတ်လိုက်သည့်အလားပင်။

All Chapters