← Chapters

တကယ်မတည်ရှိလောက်တဲ့ နေရာ

Vol. 94 Ch. 1453

တကယ်မတည်ရှိလောက်တဲ့ နေရာ

Vol. 94 Ch. 1453

စူး၏ လောကထဲတွင် ရွှီချင်းနှင့် အားညိုသည် ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို ကြည့်နေရင်း ကိုယ်ပိုင်အတွေးများကို ဆုံးရှုံးသွားကြသည်။

အပြင်ပိုင်းပင်လယ်ထဲမှ အတွေ့အကြုံများသည် ရွှီချင်းအတွက် အမှန်တကယ် ထူးခြားဆန်းကြယ်သည်။ လူသားအဖိုးအိုအပါအဝင် ယခင်က သူတွေ့ကြုံခဲ့ရသော အရာများသည် ထူးခြားဆန်းကြယ်ကြသည်။

ယင်းက သူ့ကို စိတ်ခံစားချက်မျိုးစုံ ဖြစ်ပေါ်စေသည်။

အထူးသဖြင့် အဖိုးအိုထွက်မသွားခင် ပြောခဲ့သော စကားများ ဖြစ်သည်။ ယင်းက စကြာဝဠာအပေါ် ရွှီချင်း၏ နားလည်မှုကို အပြင်းအထန် တုန်လှုပ်သွားစေသည်။

“ ကြယ်တာရာစက်ဝန်း(၃၆)ခု… ရှေးဦးပင်လယ်… ”

ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ရှေးဦးအပျက်အစီးထံမှ အသွေးအသားများဖြင့် ပြုလုပ်ထားသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက် ကြယ်တာရာစက်ဝန်း(၃၆)ခုနှင့်ပတ်သက်ပြီး အနည်းအကျဉ်း သူနားလည်ခဲ့သည်။

သို့သော်လည်း ဤသည်မှာ ရှေးဦးပင်လယ်ကို ပထမဆုံးအကြိမ် သူကြားဖူးခြင်း ဖြစ်သည်။

‘ အဲ့ဒါက အလိမ်အညာဖြစ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ငါလျစ်လျူမရှုနိုင်ပေမဲ့ အဲ့ဒါက အမှန်ဖြစ်ဖို့ အတော်လေး ရာခိုင်နှုန်းများတယ်… ’

ရွှီချင်းက တွေးတောလိုက်သည်။

ထိုစဉ် သူ့ဘေးမှ အားညိုက ရုတ်တရက် ပေါင်ကို ရိုက်ချလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောသည်။

“ ချင်းလေး… နောက်ဆုံးတော့ ငါနားလည်သွားပြီ ”

ယင်းကို ရွှီချင်းကြားသောအခါ သူက အားညိုကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ စီနီယာအကိုကြီး၏ အတွေးများကိုလည်း သူကြားချင်သည်။ မည်သို့ဖြစ်ပါစေ ထိုလူသားအဖိုးအိုက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်မြို့တော်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု သူ့ကိုယ်သူ ပြောကြားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနှင့် စကားများသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

ယင်းကို မယုံကြည်နိုင်စရာကောင်းသည်ဟု ပြောလျှင် လွန်ကျူးရာမကျပေ။

အားညိုက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက တည်ကြည်သွားသည်။

“ အရင်က ပင်လယ်ထဲမှာ ငါတို့ရှိနေတဲ့အချိန် ငါက ဘေးကင်းလုံခြုံပြီလို့ ပြောလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ မွန်းစတားတွေကို ငါတို့တွေ့ကြုံခဲ့ကြတယ်… အခုကြည့်ရတာတော့ အဲ့ဒါကို ဒီအဖိုးကြီးလုပ်ခဲ့တာ ဖြစ်မယ် ”

“ သူက တမင်လုပ်ခဲ့တာပဲ ”

အားညိုက အနည်းငယ် နောင်တရသွားသည်။ အစက သူက သူ၏ စကားများမှာ အမှန်တကယ် အစွမ်းရှိသည်ဟု ယုံကြည်နေခဲ့သည်။

ရှင်းလင်းစွာပင် အားညို၏ အတွေးသည် ရွှီချင်းနှင့် ခြားနားသည်။ သူက အဖိုးအိုပြောခဲ့သော နောက်ဆုံးစကားကို လုံးဝအာရုံမထားပေ။

ယင်းကို ရွှီချင်းကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။ စီနီယာအကိုကြီး၏ တမူထူးခြားသော စဉ်းစားပုံကို သူက နေသားကျနေပြီ ဖြစ်သည်။

‘ အမှတ်ငါးကြယ်တာရာစက်ဝန်းကို လူသားတွေနဲ့ အင်မော်တယ်တွေက အုပ်စိုးထားတယ်လို့ အဲ့ဒီစီနီယာက ပြောတယ်… ဒါပေမဲ့ အဲ့ဒါကို အပြည့်အဝ ငါတို့ယုံလို့ မဖြစ်ဘူး ’

ရွှီချင်းက စိတ်ထဲမှာ တွေးတောလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။

အားညိုသည်တော့ သူက ထိုသတင်းအချက်အလက်ကို အမှန်တကယ် ဂရုမစိုက်ခြင်းလော သို့မဟုတ် သူက သတိ‌မထားမိခြင်းလော မသေချာပေ။ ဤအခိုက်အတန့်မှာ ရွှီချင်းက အက်ကွဲကြောင်းကို ငေးကြည့်နေစဉ် အားညို၏ အကြည့်က အစောနက အဖိုးအို ဖိနပ်လှုပ်ခါခဲ့သော နေရာဆီသို့ ကျရောက်သွားသည်။

သူက ထိုနေရာသို့ ခုန်လိုက်ပြီး တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။

မကြာမီ သူက ဘေးပတ်ဝန်းကျင်မှ ရွှံ့ဗွက်အိုင်ထဲမှာ ကောက်ရိုးအမျှင်လေးခုကို ရှာတွေ့သွားသည်။

သူက ထိုကောက်ရိုးအမျှင်များကို အထွတ်အမြတ်ရတနာတစ်ခုပမာ ကောက်ယူလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဘဝင်မြင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထို့နောက် သူက ပါးစပ်ဟလိုက်ပြီး ကောက်ရိုးအမျှင်များကို သူ၏ ပါးစပ်ထဲသို့ ထည့်ကာ အကြမ်းပတမ်း ကိုက်ဝါးလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက မျက်မှောင်ကြုတ်သွားသည်။ သူက ထိုကောက်ရိုးအမျှင်များကို လုံးဝမကိုက်နိုင်ပေ။

သူက ဆက်ပြီး ကြိုးစားတော့မည့်အချိန် ရွှီချင်း၏ အသိစိတ်ကင်းမဲ့နေသော အမူအရာကို သတိထားမိသွားသည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။

“ အဲ့ဒါကို မစဉ်းစားနဲ့ ချင်းလေး ”

“ အဲ့ဒီအရာတွေက ငါတို့နဲ့ အရမ်းအလှမ်းဝေးတယ် ”

“ ဒါ့အပြင် အဲ့ဒီအဖိုးကြီးက လူကောင်းလား လူဆိုးလားဆိုတာ ပြောရခက်တယ်… ငါ့အမြင်မှာတော့ သူက မင်းရဲ့ အခြေအနေကို မြင်ချင်တဲ့အပြင် ငါတို့နဲ့ ကမ္မဆက်သွယ်မှုတစ်ခုကို တည်ဆောက်ချင်တာလို့ ငါထင်တယ် ”

“ မဟုတ်ရင် သူက ဘယ်လိုလုပ် ငါတို့ကို အသားကင်ချောင်းတွေ ခေါ်ကျွေးမှာလဲ ”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ စီနီယာအကိုကြီး… သူက လူကောင်းလား လူဆိုးလားဆိုတာ ငါတို့မသိနိုင်ဘူးလို့ မင်းပြောတယ်… မင်းက သူပြောခဲ့တဲ့ စကားတွေရဲ့ စစ်မှန်မှုကို လုံးဝသံသယမဝင်ဘူး… ”

ရွှီချင်း၏ မျက်လုံးထဲမှာ လေးနက်သော အဓိပ္ပာယ်ဖြင့် ပြည့်နှက်သွားသည်။

“ မင်းက အဲ့ဒီစီနီယာပြောခဲ့တဲ့ သတင်းအချက်အလက်တွေကို အစောကြီးကတည်းက ကြိုသိထားပြီးသားမလား ”

ယင်းကို အားညိုကြားသောအခါ သူက ချောင်းဟန့်လိုက်သည်။ ချင်းလေးက ပိုပိုပြီး ဉာဏ်ကောင်းလာကြောင်း သူ၏ စိတ်ထဲမှာ တွေးတောလိုက်သည်။ သူ့ကို ယခင်ကဲ့သို့ အလွယ်တကူ မလှည့်စားနိုင်တော့ပေ။ ထို့ကြောင့် သူက ကိုးရိုးကားရား ရယ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးဝင်းလက်သွားသည်။

“ အဲ့ဒီအကြောင်းကို မပြောကြရအောင်… အို ဟုတ်သားပဲ… အဲ့ဒီရွှေကြွက်ကို မင်းသတိထားမိတယ်မလား… ငါတို့ဆီမှာလည်း ရွှေကြွက်ရှိတယ်… သူတို့ကို ကျန်းကျန်းလေးရဲ့ နေရာမှာ ဥဖောက်ဖို့ ထားရစ်ခဲ့တယ်… အခု သူတို့တွေ အကောင်ပေါက်လာပြီလားဆိုတာ ငါသိချင်မိတယ် ”

“ မဖြစ်ဘူး… ရွှေကြွက်က ဒီလောက် အစွမ်းထက်မှတော့ ငါတို့တွေ နန်းမြို့တော်ဆီ ခရီးထွက်ပြီး ကျန်းကျန်းလေးရဲ့ လက်ထဲကနေ ကြွက်ပေါက်လေးတွေကို ပြန်ယူရမယ် ”

ရွှီချင်းက စကားမပြောဘဲ အားညိုကို ဆက်ပြီး ကြည့်နေသည်။

ယင်းကို မြင်သောအခါ အားညိုက ခေါင်းစဉ်ပြောင်းလိုက်ပြီး သူ၏ လက်ထဲမှ ကောက်ရိုးအမျှင်လေးခုကို ရွှီချင်းအား လှုပ်ခါပြလိုက်သည်။

“ အဲ့ဒီရွှေကြွက်က ဒီကောက်ရိုးအမျှင်တွေကို အဲ့လောက် ဂရုစိုက်နေမှတော့ ဒီဟာက ရတနာဖြစ်ရမယ် ”

“ အစောနက ငါကိုက်ဝါးကြည့်တာတော့ ဒီဟာတွေက အရမ်းမာတယ်ဆိုတာ သိလိုက်ရတယ်… အဲ့ဒါတွေကို ငါမကိုက်ဝါးနိုင်ဘူး ”

အားညိုသည် သူ၏ လက်ထဲမှ ကောက်ရိုးအမျှင်များကို ကြည့်လိုက်သည်။

“ ဒါပေမဲ့ အဲ့ဒီရွှေကြွက်က တကယ် ဦးနှောက်မရှိတဲ့ကောင်ပဲ… တကယ်လို့ မင်းက မကိုက်ဝါးနိုင်ဘူးဆိုရင် အဲ့ဒါက စားလို့မရတဲ့အရာဖြစ်လို့ပေါ့ ”

အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ငါမကိုက်ဝါးနိုင်တဲ့အရာကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်ဘူး… အဲ့ဒါကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ် ”

သူက စကားပြောပြီးနောက် အကြမ်းပတမ်း အံကြိတ်လိုက်သည်။ သူက ရွှီချင်းအား စိတ်အာရုံပြောင်းရန် သူ့ကိုယ်သူ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

သို့ဖြစ်၍ သူက ရွှီချင်း၏ အရှေ့မှာ လက်မြှောက်လိုက်ပြီး သူ၏ ဝမ်းဗိုက်ကို ခွဲလိုက်သည်။

ထို့နောက် သူက ကောက်ရိုးအမျှင်နှစ်ခုကို သူ၏ အစာအိမ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက ကွဲထွက်သွားသော ဝမ်းဗိုက်နှစ်ခြမ်းကို အတင်းအကျပ် ပြန်စေ့လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဆံခြည်မျှင်များဖြင့် ပြန်ချုပ်လိုက်သည်။

ကျန်ရှိသော ကောက်ရိုးအမျှင်နှစ်ခုကိုတော့ သူက ရွှီချင်းကို ရက်ရက်ရောရော ပေးလိုက်သည်။

“ အဲ့ဒါက ဘယ်လိုအရသာရှိလဲ ငါမသိပေမဲ့ အခု အဲ့ဒါကို ငါစားလိုက်နိုင်တယ်မလား ”

အားညိုက ဘဝင်မြင့်သော အမူအရာဖြင့် သူ၏ ဝမ်းဗိုက်ကို ပုတ်လိုက်သည်။

ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

သူ၏ စီနီယာအကိုကြီးက နည်းလမ်းအမျိုးမျိုးသုံး၍ စကားလမ်းကြောင်းလွှဲနေကြောင်း သူသိသည်။

စီနီယာအကိုကြီးမှာ ယင်းကို သူ့အား မပြောပြနိုင်သည့် အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိကြောင်း သူယုံကြည်သည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းက ဆက်ပြီး မမေးတော့ပေ။ ယင်းအစား သူက ကောက်ရိုးအမျှင်နှစ်ခုကို ယူလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းလိုက်သည်။

ထို့နောက် သူ၏ အမူအရာက တည်ငြိမ်သွားသည်။

“ သွားကြစို့ ”

ရွှီချင်းက ဆက်မမေးတော့ကြောင်း မြင်သောအခါ အားညိုက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားပြီး အမြန်ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းနှင့်အတူ လေထဲသို့ ပျံသန်းသွားပြီး အက်ကွဲကြောင်းဆီသို့ အရှိန်မြှင့်တင်လိုက်သည်။

ချက်ချင်းဆိုသလို သူတို့နှစ်ယောက်က အက်ကွဲကြောင်းကို ဖြတ်ကျော်နိုင်သွားကြသည်။ သူတို့ပြန်ထွက်ပေါ်လာသည့်အခါ စူး၏ လောကထဲမှာ ဆက်ရှိမနေတော့ပေ။ သူတို့က အပြင်ပိုင်းပင်လယ်၏ ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

သူတို့က စူး၏ လောကထဲမှ ထွက်ခွာနိုင်ခဲ့ကြသော်လည်း ရွှီချင်းက စူး၏ အစစ်အမှန် အသွင်သဏ္ဍာန်ကို မမြင်နိုင်ဆဲပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့က အပြင်သို့ ရောက်ရှိသွားသည့်အခိုက် စူးက ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားသည့်အလား ပင်လယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။

၎င်းက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ အကြည့်ကို လေးနက်သွားစေသည်။ နောက်ဆုံးမှာတော့ သူက အဝေးမှ အပြင်ပိုင်းပင်လယ်၏ အနက်ပိုင်းဆီသို့ ကြည့်လိုက်သည်။

သူက အဖိုးအိုပြောခဲ့သော အမှတ်ငါးကြယ်တာရာစက်ဝန်းအကြောင်းကို စဉ်းစားနေဆဲပင်။

ပင်လယ်ရေမျက်နှာပြင်သည် တည်ငြိမ်ပြီး တိတ်ဆိတ်ငြိမ်သက်သည်။

ဘေးမှ အားညိုက ရွှီချင်း၏ အကြည့်ကို သတိထားမိသွားသည်။ သူက စိတ်ထဲမှာ ထပ်မံ သက်ပြင်းချလိုက်ပြီး ရုတ်တရက် ပြောသည်။

“ ဂျူနီယာညီလေး… အဲ့ဒီအကြောင်းကို မစဉ်းစားပါနဲ့ ”

“ အဲ့ဒါကို အစောကြီးကတည်းက ငါကြိုသိထားပြီးသားမလားလို့ စောစောက မင်းငါ့ကို မေးခဲ့တယ်… မင်းရဲ့ မေးခွန်းကို ငါမဖြေချင်လို့ ပြန်မဖြေခဲ့တာ မဟုတ်ဘူး… မင်းစဉ်းစားနေတဲ့ နေရာရဲ့ နာမည်ကို ပြောဖို့ ငါဆန္ဒမရှိတာပါ ”

“ အဲ့ဒီစကားလုံးသုံးလုံးက တားမြစ်ချက်ဖြစ်ပြီး အတိတ်နိမိတ်ဆိုးပဲ ”

“ အခုဘဝမှာရော ငါ့ရဲ့ အတိတ်ဘဝတွေမှာရော သူ့ကို တစ်ခါမှ ငါမမြင်ဖူးတာ သေချာတယ်… ဒါပေမဲ့ အဲ့ဒီနာမည်ကို သူပြောလိုက်တဲ့အချိန်မှာ သူ့ရဲ့ သရုပ်ကို နည်းနည်း ငါခန့်မှန်းနိုင်ခဲ့တယ် ”

“ ဒီဟာက ဝမ်ကူးကုန်းမြေမှာ ပထမဆုံးအကြိမ် သူထွက်ပေါ်လာဖူးတာ မဟုတ်ဘူး ”

“ ဆရာလည်းပဲ အဲ့ဒီအဖိုးကြီးအကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ သိထားတယ်… တကယ်တော့ အဲ့ဒီနေရာက တားမြစ်ချက်ဖြစ်ပြီး အတိတ်နိမိတ်ဆိုးလို့ ငါ့ကို ပြောပြခဲ့တဲ့လူက ဆရာပဲ… ဆရာက သူ့အကြောင်းကို နှစ်တွေအကြာကြီး အသေးစိတ် စုံစမ်းလေ့လာခဲ့တယ်… အဲ့ဒီအဖိုးကြီးက ဝမ်ကူးကုန်းမြေရဲ့ သမိုင်းမှာ နှစ်ကြိမ်ထွက်ပေါ်လာခဲ့တယ်လို့ ဆရာက ငါ့ကို ပြောဖူးတယ် ”

“ ပထမအကြိမ် သူထွက်ပေါ်လာတုန်းက ရှေးခေတ်နွေဦးအင်မော်တယ်တွေရဲ့ အရှေ့မှာပဲ… သူက နွေဦးအင်မော်တယ်တွေကို ‘ အမှတ်ငါးကြယ်တာရာစက်ဝန်း ’အကြောင်း မိတ်ဆက်ပေးခဲ့တယ်… အဲ့ဒီနောက် နွေဦးအင်မော်တယ်တွေက ပျောက်သွားကြတယ်… ကြည့်ရတာ သူတို့က အဲ့ဒီနေရာကို သွားခဲ့ကြတဲ့ပုံပဲ… ဒါပေမဲ့ အခုထိ ဘယ်သူမှ ပြန်ရောက်မလာကြဘူး ”

“ ဒုတိယအကြိမ်ကတော့ ရှေးဘုရင်ရွှမ်ယုံထွက်မသွားခင်မှာ အဲ့ဒီအဖိုးကြီး ရောက်လာခဲ့တယ်လို့ ဆရာက ခန့်မှန်းခဲ့တယ်… ဧကရီနဲ့ ဆရာရဲ့ သုံးသပ်မှုအရ ရှေးဘုရင်ရွှမ်ယုံက သူတော်စင်ကုန်းမြေထဲမှာ ရှိမနေတာ သေချာတယ်… ဒီလိုဆိုရင် ရှေးဘုရင်ရွှမ်ယုံက ဘယ်ကိုသွားတာ ဖြစ်နိုင်မလဲ ”

“ အခုက တတိယအကြိမ်ပဲ… သူက မင်းနဲ့ ငါ့ရဲ့ အရှေ့မှာ ထွက်ပေါ်လာတယ် ”

“ သူပြောသွားတဲ့ စကားလုံးသုံးလုံးနဲ့ အဲ့ဒီနေရာက… ဆရာရဲ့ သုံးသပ်မှုအရ တကယ် မတည်ရှိတဲ့ နေရာပဲ… ဒါပေမဲ့ လူအများကြီးက အဲ့ဒီဟာကို ကြားလိုက်တဲ့အခါမှာ အဲ့ဒါက တကယ် တည်ရှိလာတယ်… သူတို့က အဲ့ဒီစကားလုံးသုံးလုံးကို ပိုပြီးပြောလေ အဲ့ဒီနေရာက တကယ် ဖြစ်တည်လာလေပဲ ”

ရွှီချင်းက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။

အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက နူးညံ့စွာ ပြောသည်။

“ ဒါဆို စီနီယာအကိုကြီး… မင်းရဲ့ ကိုယ်ပိုင်သုံးသပ်မှုကရော ”

အားညိုက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းခါလိုက်သည်။

“ ဆရာရဲ့ သုံးသပ်မှုက အဓိပ္ပာယ်ရှိတယ်… ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ငါသဘောတူတယ်… တခြားတစ်စိတ်တစ်ပိုင်းကိုတော့ ငါသံသယရှိတယ် ”

“ ဘာပဲဖြစ်ဖြစ် ဆရာက အဲ့ဒီနေရာကို မရောက်ဖူးဘူးမလား… အဲ့ဒီနေရာက တကယ်ရှိတာဖြစ်မယ်လို့ ငါခံစားမိတယ်… ဒါပေမဲ့ အစောနက အဖိုးကြီးက လူကောင်းလား လူဆိုးလားဆိုတာ ပြောရခက်တယ် ”

“ ပြီးတော့ နတ်ဘုရားတွေ ကြီးစိုးထားတဲ့ ဒီစကြာဝဠာထဲမှာ ထူးဆန်းတဲ့အရာတွေ အများကြီးပဲ ရှိတယ်… အရာအားလုံးက ဖြစ်နိုင်ခြေရှိတယ်… ”

“ ဥပမာ ငါ့လိုပေါ့ ”

အားညိုက တီးတိုးရေရွတ်လိုက်သည်။

ရွှီချင်းအတွက်တော့ နောက်ဆုံးစကားက ကောင်းကင်ဘုံမိုးခြိမ်းသံပမာ သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက သူ၏ အသက်ရှူသံကို မြန်ဆန်လာစေသည်။

ထိုစကားနှင့် နှိုင်းယှဉ်လျှင် အရှေ့က တခြားသတင်းအချက်အလက်များက ရွှီချင်းအတွက် အရေးမကြီးတော့ပေ။

သူက ယခုအချိန်ထိ စီနီယာအကိုကြီး၏ အစစ်အမှန်သရုပ်ကို မသိသေးပေ။ သို့သော်လည်း ရွှီချင်းက အတိတ်တွင် သူ့စီနီယာအကိုကြီး ထုတ်ဖော်ပြခဲ့သော ထူးခြားဆန်းကြယ်မှုများပေါ်မူတည်၍ ခန့်မှန်းမှုများစွာကို ပြုလုပ်ခဲ့သည်။

“ စီနီယာအကိုကြီး… မင်း… ”

အားညိုက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ဇဝေဇဝါဖြစ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထိုသို့အမူအရာသည် သူ့အတွက် အလွန်ရှားပါးသည်။

“ ဂျူနီယာညီလေး… တချို့လူတွေက ငါ့ကို နတ်ဘုရားအပြစ်သားလို့ ခေါ်တယ်… တချို့လူတွေကတော့ ငါ့ကို လူထူးဆန်းလို့ ခေါ်တယ် ”

“ ငါဟာ တကယ်ပဲ ဘာလဲ… ဆရာလည်း မသိဘူး… ငါလည်း မသိဘူး ”

“ တကယ်တော့ ငါက ရှာဖွေခံနေရတာပါ… ”

“ ငါ့ရဲ့ မှတ်ဉာဏ်တွေကတော့… အချိန်ကြာလာတာနဲ့အမျှ ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားလာတာနဲ့အမျှ အတိတ်ဘဝတချို့ကို ငါပြန်မှတ်မိသွားတဲ့အခါတိုင်း ပစ္စုပ္ပန်က မှတ်ဉာဏ်တွေကို မေ့သွားတယ် ”

“ တကယ်တော့ ဒီဘဝရဲ့ အလေ့အကျင့်တချို့နဲ့ မှတ်ဉာဏ်တချို့ကို ငါစတင်မေ့နေပြီ ”

“ ဂျူနီယာညီလေး… တစ်နေ့ကျရင် မင်းနဲ့ ဆရာ့ကို ငါမေ့သွားမှာ အရမ်းကြောက်တယ်… နောင်ဘဝကျမှပဲ မင်းတို့တွေကို ငါပြန်မှတ်မိနိုင်လိမ့်မယ် ”

အားညို၏ အသံက တဖြည်းဖြည်း တိုးညင်းသွားသည်။

ရွှီချင်း၏ နှလုံးသားထဲမှာ ဖော်မပြနိုင်သော စိတ်ခံစားချက်အတတ်အကျက ထွက်ပေါ်လာသည်။ ထိုခံစားချက်က မည်သည့်အရာဖြစ်ကြောင်း သူသေချာမသိပေ။ သို့သော်လည်း ယင်းက အလွန်ခါးသီးစရာကောင်းပြီး သူ့ကို နာကျင်စေသည်။

ရွှီချင်း၏ အမူအရာကို သတိထားမိသောအခါ အားညိုက ဘဝင်မြင့်သွားသည်။ သူက စိတ်ထဲမှာ သူ့ဘာသာ ကြိတ်တွေးလိုက်သည်။

‘ အို ချင်းလေး… ချင်းလေး… မင်း ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ မင်းက အမြဲတမ်း ငါ့ရဲ့ ဂျူနီယာညီလေးဖြစ်နေမှာပါပဲ… မင်းကို လှည့်စားဖို့က အလွယ်လေးပါ… အခု ပြီးပြည့်စုံတဲ့ အဆုံးသတ်ကို ငါလုပ်ရမယ် ’

ထိုသို့စဉ်းစားမိသောအခါ အားညိုက ချောင်းဟန့်လိုက်သည်။

“ ဝမ်းနည်းစရာကောင်းတဲ့ အဲ့ဒီကိစ္စတွေကို မပြောတာပဲ ကောင်းတယ်… ဂျူနီယာညီလေး… မင်းဘာမှစိတ်မကောင်းမဖြစ်နဲ့… အနာဂတ်မှာ ပစ္စည်းကောင်းတွေရှိရင် စီနီယာအကိုကြီးကို ဝေစုပိုပေးဖို့ သတိရပါ ”

“ ဥပမာ နတ်ဘုရားတွေရဲ့ အသွေးအသားတွေ၊ နတ်ဘုရားအခွင့်အာဏာတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေပေါ့… ပိုများလေ ပိုကောင်းလေပဲ… အဲ့ဒါ ငါလောဘကြီးတာ မဟုတ်ဘူးနော်… မင်းငါ့ကို အများကြီး ပိုပေးမှ ငါ့မှတ်ဉာဏ်တွေက ပိုပြီးနက်ရှိုင်းလာမှာပါ ”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်ကာ အားညိုကို ပေးသည်။

အားညိုက အမြန်လှမ်းကြည့်လိုက်ပြီး မပျော်မရွှင် ပြောသည်။

“ တစ်ခုတည်းလား ”

ရွှီချင်း၏ အမူအရာက ခါးသီးသွားသည်။

“ စီနီယာအကိုကြီး… မင်းက ဝိညာဉ်ကျောက်တုံးတွေကို စားရတာ အရမ်းကြိုက်တာလေ… မင်းက တစ်ခါစားတိုင်း ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ စားတယ်… ဘာလဲ… အဲ့ဒီအလေ့အကျင့်ကို မင်းမေ့သွားတာလား… ”

အားညိုက ဆွံ့အသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက လေးနက်သော အမူအရာဖြင့် ပြောသည်။

အားညိုက တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ဝိညာဉ်ကျောက်တုံးကို ယူလိုက်သည်။ သူက ရွှီချင်းကို တစ်ချက်ကြည့်ပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဝိညာဉ်ကျောက်တုံးကို အကြိမ်ရေအနည်းငယ် ကိုက်စားလိုက်ပြီး မျိုချလိုက်သည်။

ထို့နောက် သူက စကားပြောရန် ဟန်ပြင်လိုက်စဉ် ရွှီချင်းက ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဖတ်လိုက်လေရာ ဓား၏ ကိုယ်ထည်တစ်ခုလုံး သံချေးတတ်သွားသည်။ ထို့နောက် သူက သံချေးတတ်နေသော ဓားကို အားညိုကို ပေးလိုက်သည်။

“ ဟမ်… ဒါ ဘာအဓိပ္ပာယ်လဲ ”

အားညိုက သံသယဖြစ်စွာ ပြောသည်။

“ စီနီယာအကိုကြီး… ဝိညာဉ်ကျောက်တုံးတစ်တုံးကို မင်းစားပြီးတဲ့အခါတိုင်း အဲ့ဒါက အရသာမရှိဘူး သံချေးတတ်နေတဲ့ ဓားတစ်ချောင်းကို စားချင်တယ်လို့ အမြဲတမ်း မင်းပြောတယ်လေ… ”

ရွှီချင်းက ရိုးသားစွာ ပြောသည်။

အားညိုက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက တဟားဟား ရယ်လိုက်သည်။

“ ဂျူနီယာညီလေး… စောစောက ငါမင်းကို နောက်နေတာပါ… ငါက ဘယ်လိုလုပ် မှတ်ဉာဏ်ဆုံးရှုံးမှာလဲ… ငါလုံးဝအဆင်ပြေပါတယ် ”

ရွှီချင်းက အားညိုကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က လေးနက်သွားသည်။ သူက နူးညံ့စွာ ပြောသည်။

“ စီနီယာအကိုကြီး… မင်း စောစောက ပြောသွားတာတွေက အမှန်ဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါသေချာမသိဘူး… ဒါပေမဲ့ စကားလုံးသုံးလုံးနဲ့ နေရာကို မင်းအရမ်းသတိထားနေတာ ငါအာရုံခံနိုင်တယ်… ဒါကြောင့် ငါမင်းကို တစ်ခုပြောချင်တယ်… ”

“ မင်းနဲ့ ငါချစ်ခင်ရတဲ့ လူတွေအားလုံး မကောင်းတာ ဘာမှမဖြစ်ရအောင် ငါကြိုးစားမယ် ”

“ တကယ်လို့ အဲ့လိုငါမလုပ်နိုင်ဘူးဆိုရင်… ဖြစ်လာမယ့်အရာတွေကို ငါတို့အတူတူ ရင်ဆိုင်ကြမယ် ”

ရွှီချင်း၏ အသံက အားညို၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ နှလုံးသားက ပရမ်းပတာ လှုပ်ခါသွားသည်။

အားညိုက ရွှီချင်းကို ကြည့်နေစဉ် ဖော်မပြနိုင်သော စိတ်ခံစားချက်က သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို သူနှင့်ပတ်သက်သော အရာအားလုံးကို ဖွင့်ပြောချင်လာသည်။

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ စီနီယာအကိုကြီး… မင်းမှာ လျှို့ဝှက်ချက်တွေ ရှိတယ်… အဲ့ဒီလိုပဲ ငါနဲ့ ဆရာ့မှာလည်း လျှို့ဝှက်ချက်တွေရှိတယ်… အချိန်သင့်ပြီလို့ မင်းထင်တဲ့ တစ်နေ့ကျရင် ငါ့ကို ပြောပြပါ ”

အားညိုက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ပြုံးလိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ ”

…..

“ ငါတို့ရောက်တော့မယ်… ”

ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်၊ ကြယ်တာရာကောင်းကင်တွင် သူတော်စင်ကုန်းမြေတစ်ခုပြီးတစ်ခုသည် လေဟာနယ်မုန်တိုင်းကို လှုံ့ဆော်လိုက်သည်။ ၎င်းတို့က ကြောက်စရာကောင်းသော အရှိန်အဝါနှင့်အတူ ဝမ်ကူးကုန်းမြေဆီသို့ ချဉ်းကပ်လာနေကြသည်။

သူတော်စင်ကုန်းမြေအများအပြား၏ အနောက်တွင် လက်ရှစ်ဖက်ရှိသော ရုပ်တုတစ်ခုရှိသည်။ ရုပ်တု၏ အပေါ်တွင် အရာအားလုံးက ပုံပျက်တွန့်လိမ်နေသည်။

ထိုနေရာမှာ ပုဂ္ဂိုလ်တစ်ယောက်က တင်ပျဉ်ခွေထိုင်နေဟန် ရသည်။

“ ငါ့ရဲ့ ဇာတိမြေ၊ ငါ့ရဲ့ တပည့်တွေ… ပြီးတော့ ရှေးဦးပင်လယ်… ”

All Chapters