← Chapters

သူ့ကိုယ်သူ ရွှမ်မီးလျှံလို့ခေါ်တယ်(က)

Vol. 94 Ch. 1456

သူ့ကိုယ်သူ ရွှမ်မီးလျှံလို့ခေါ်တယ်(က)

Vol. 94 Ch. 1456

သူတော်စင်ကုန်းမြေများသည် ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအသီးသီးအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိသည်။

မျှော်လင့်ခြင်းနှင့် မုန်းတီးခြင်းသည် ရှုပ်ထွေးသော စိတ်ခံစားချက်များအဖြစ် ပြောင်းလဲသွားသည်။

အကယ်၍ ထိုအတိုင်း ဆက်ပြီး အချိန်ကုန်ဆုံးသွားမည်ဆိုလျှင် အချိန်ကာလတစ်ခုကြာပြီးနောက် သူတော်စင်ကုန်းမြေများအပေါ် မျိုးနွယ်စုအသီးသီး၏ အမြင်က တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည်။ နောက်ဆုံးမှာတော့ ၎င်းတို့က မေ့လျော့ခံရလိမ့်မည်။

သို့သော်လည်း မည်သူမှ မမျှော်လင့်ထားသည်မှာ သူတော်စင်ကုန်းမြေများက တစ်ခုပြီးတစ်ခု ပြန်ရောက်လာပြီးနောက် သူတို့နှင့် စစ်ပွဲစတင်ခြင်း ဖြစ်သည်။

စစ်ပွဲမီးတောက်များက ထွန်းညှိခံလိုက်ရပြီး ဝမ်ကူးကုန်းမြေ၏ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

နှစ်ထောင်ပေါင်းများစွာကြာအောင် မျိုသိပ်ထားခဲ့သော စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်ခြင်း၊ သတ်ဖြတ်ခြင်းဆန္ဒနှင့် မကျေမချမ်းစိတ်သည် ဤအခိုက်အတန့်မှာ ပေါင်းစည်းသွားသည်။ စိတ်ခံစားချက်မျိုးစုံက ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအသီးသီး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အတိတ်မှာ မင်းတို့ထွက်သွားတုန်းက လက်ရွေးစင်တွေအားလုံးနဲ့ မျှော်လင့်ချက်ကို ယူဆောင်သွားခဲ့တယ်…

အခု မင်းတို့က အဆင့်အတန်းမြင့်မြင့်နဲ့ ပြန်ရောက်လာတော့ စစ်ပွဲစတင်တယ်တဲ့လား…

ထို့ကြောင့် ဝမ်ကူးကုန်းမြေ၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်ရှိ အစွမ်းထက်မျိုးနွယ်စုကြီးများ၏ ဦးဆောင်မှုအောက်မှာ ဝမ်ကူးကုန်းမြေ၏ အသင်္ချေမျိုးနွယ်စုများက တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

သူတို့၏ တုံ့ပြန်ပုံသည် ခြားနားကြသည်။

တချို့ဧရိယာများတွင် ကြီးမားသော စစ်ပွဲက ဖြစ်ပွားနေသည်။ နတ်ဘုရားစွမ်းအင်များနှင့် မန္တန်များက ဒေသကြီးများထဲမှာ ပြည့်နှက်နေကြသည်။

တချို့ဧရိယာများသည်တော့ ခုခံကာကွယ်ရန်သက်သက်သာ အာရုံစိုက်ကြသည်။ သူတို့က စစ်ပွဲ၏ အတိုင်းအတာကို ထိန်းချုပ်ထားကြသည်။

အရှေ့ပိုင်းဒေသသည်တော့ လက်ဦးမှုယူခြင်းနှင့် စည်းချက်အပေါ်မှာ အာရုံစိုက်ထားသည်။ အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေလေးခုက ကောင်းကင်ဘုံမီးတောက်နှင့်အတူ ဆင်းသက်လာကြသည်နှင့်ချက်ချင်း အလင်းတိုင်(၉၉)ခုသည် အရှေ့ပိုင်းဒေသ၏ နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။

ယင်းက မျိုးနွယ်စုအသီးသီး၏ အင်အားဖြင့် ဖွဲ့စည်းထားသော ပြိုင်ဘက်ကင်း စည်းချအစီအရင်တစ်ခုဖြစ်သည်။ ယင်းက ဒြပ်နှောများဖြင့် ပေါင်းစပ်သွားပြီးနောက် အရှေ့ပိုင်းဝမ်ကူးကုန်းမြေကို ဖုံးလွှမ်းသွားသည်။ ထိုထဲမှာ နန်းဟွမ်ကုန်းမြေနှင့် အတွင်းပိုင်းပင်လယ်လည်း ပါဝင်သည်။

စည်းချအစီအရင်သည် နှင်ထုတ်ခံလိုက်ရသော အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများ၏ အပြန်လမ်းကို ပိတ်ဆို့လိုက်သည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကြားတွင် နယ်နိမိတ်အကန့်အသတ်တစ်ခုကိုလည်း ရေးဆွဲလိုက်သည်။

ယင်းက အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေလေးခုကို အကာအကွယ်အလွှာ၏ အပြင်ဘက်မှာသာ ရပ်တန့်သွားစေသည်။

တစ်ချိန်တည်းမှာ အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ ဒြပ်နှောများသည် အရေးကြီးသော တာဝန်တစ်ခုကို ဆောင်ရွက်ပေးခဲ့သည်။ ယင်းက ကောင်းကင်ထဲမှာ စိမ့်ဝင်သွားပြီး သူတော်စင်ကုန်းမြေများထံသို့ ကျူးကျော်ဝင်ရောက်သွားသည်။

ချက်ချင်းဆိုသလို မီးလျှံလ၏ နတ်ဘုရားသုံးပါးနှင့် ဧကရီက ထွက်ပေါ်လာကြသည်။ စစ်ပွဲအတွက် ကြိုပြင်ဆင်ထားသော မီးလျှံလ၏ အင်မော်တယ်လက်နက်နှင့် လူသားမျိုးနွယ်၏ အာရုဏ်ဦးနေမင်းနှင့်အတူ သူတို့က သူတော်စင်ကုန်းမြေလေးခု၏ မဟာဧကရာဇ်များနှင့် အထွတ်အထိပ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။

ထိုတိုက်ပွဲသည် ခုနစ်ရက် ကြာမြင့်ခဲ့သည်။

ထိုခုနစ်ရက်အတွင်းမှာ ကောင်းကင်က ပရမ်းပတာဖြစ်သွားပြီး စိတ်ကူးယဉ် ပန်းချီကားတစ်ခုကို ရေးဆွဲလိုက်သည်။

သာမန်လူများသည် ယင်းကို နားမလည်နိုင်ကြချေ။ ထိုတိုက်ပွဲ၏ ရလဒ်သည် မသိရပေ။ ခုနစ်ရက်ကြာပြီးနောက် နတ်ဘုရားသုံးပါးက ပြန်ရောက်လာကြပြီး တံခါးပိတ်ကျင့်ကြံခြင်း ဝင်သွားကြသည်။ ဧကရီသည်တော့ မည်သည့်အပြောင်းအလဲမှ မပြချေ။

သူတော်စင်ကုန်းမြေများမှ မဟာဧကရာဇ်များကိုလည်း အကဲဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း နောက်ပိုင်းစစ်ပွဲများတွင် မဟာဧကရာဇ်လေးပါးသည် နတ်ဘုရားသုံးပါးနှင့်အတူ နောက်တစ်ကြိမ် ထွက်ပေါ်မလာတော့ချေ။

ထိုသို့ဖြင့် တစ်လကုန်ဆုံးသွားသည်။

မီးလျှံလနှင့် လူသားမျိုးနွယ်၏ လက်ဦးယူမှုအောက်မှာ သေးငယ်သော စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲပင်။

ရံဖန်ရံခါ သူတော်စင်ကုန်းမြေများမှ ကျင့်ကြံသူတချို့သည် အထူးနည်းလမ်းများကို အသုံးပြု၍ အရှေ့ပိုင်းဝမ်ကူးကုန်းမြေ၏ စည်းချအစီအရင်ထဲသို့ အတင်းဝင်ရောက်လာကြပြီး စည်းချအစီအရင်၏ အဓိကအမြူတေကို ဖျက်ဆီးပစ်ရန် ကြိုးစားကြသည်။ သို့သော်လည်း အရှေ့ပိုင်းဒေသမှ မျိုးနွယ်စုအသီးသီး၏ အထူးတပ်ဖွဲ့များသည် ၎င်းတို့ကို ခြေရာခံ၍ တစ်ယောက်ပြီးတစ်ယောက်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ကြသည်။

သူတို့ထဲတွင် ဖုန်းလင်းတောင်က အကျိုးဆောင်မှုများစွာကို ပြုလုပ်ခဲ့သည်။

သူက လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ လွန်ခဲ့သော လေးပတ်မြောက်က ရောက်ရှိလာခဲ့သည်။ သူက သူ၏ သရုပ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဧကရီကို တွေ့ခွင့်ရရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ဧကရီက သူ့ကို ချက်ချင်း မဆင့်ခေါ်ခဲ့ချေ။ ယင်းအစား သူ့ကို အထူးတပ်ဖွဲ့များနှင့် ပူးပေါင်းစေပြီး ကျူးကျော်ဝင်ရောက်လာသူများကို ခြေရာခံစေခဲ့သည်။

ဖုန်းလင်းတောင်သည် ကာကွယ်ပေးမှုကို ရရှိရန်အတွက် အလွန်အလုပ်ကြိုးစားခဲ့သည်ဟု ဆိုရမည်။ သူက ကျူးကျော်ဝင်ရောက်လာသူ အများအပြားကို ခြေရာခံပေးခဲ့သည်။

ထို့ပြင် သူက ထိုကျူးကျော်ဝင်ရောက်လာသူများနှင့် တိုက်ခိုက်သည့်အခါ လုံးဝ သနားညှာတာခြင်း မရှိပေ။ သူက သူ့မျိုးနွယ်ဝင်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

သူက မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ဖြတ်ပြီးသွားတိုင်း ထိုလူ၏ ဦးခေါင်းကို ဖြတ်တောက်၍ သူ၏ ခါးမှာ ချိတ်ဆွဲလေ့ ရှိသည်။ နောက်ဆုံးမှာတော့ ဦးခေါင်းအရေအတွက်က ပိုမိုများပြားလာသည့်အခါ ယင်းက ဂါဝန်ရှည်တစ်ထည်ကဲ့သို့ ဖြစ်လာသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် သူ့အား မြင်လိုက်ရုံဖြင့် အလွန်ချောက်ချားသွားလိမ့်မည်။

နောက်ဆုံးမှာတော့ သူ၏ အလုပ်ကြိုးစားမှုကြောင့် လွန်ခဲ့သော လဝက်ခန့်က ဧကရီ၏ ဆင့်ခေါ်မှုကို သူရရှိသွားခဲ့သည်။

ဤအခိုက်အတန့်မှာ သူက နန်းတော်ထဲမှ ခန်းမ၏ အပြင်ဘက်မှာ တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေသည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင်က ထွက်ပေါ်နေသော်လည်း သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင် အေးစက်မှုနှင့် ညှိုးငယ်မှုက ပုန်းကွယ်နေသည်။

‘ ဒီအတောအတွင်း လူသားဧကရီရဲ့ အကြောင်းကို ငါကြားခဲ့တယ်… ’

‘ သူက အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ အရင်လူသားဧကရာဇ်တွေရဲ့ လမ်းစဉ်ကို ဖြတ်တောက်လိုက်တယ်… သူက နတ်ဘုရားကျင့်ကြံခြင်းကို ပြောင်းလဲလိုက်ပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဖြစ်လာခဲ့တယ်… ’

‘ ဒီဧကရီက မရိုးရှင်းဘူး… ဒါပေမဲ့ လူတစ်ယောက်က ပိုပြီးထူးခြားလေ သူ့ကိုယ်သူ ပိုပြီးယုံကြည်မှုရှိလေပဲ… ပြောရရင် အဲ့လိုလူက… ငါ့အတွက်ငါ ပြင်ဆင်ထားတဲ့ လွတ်လမ်းအတွက် ပိုပြီးသင့်တော်တယ် ’

ဖုန်းလင်းတောင်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပြီး သူ၏ ခါးအောက်မှ လူ့ဦးခေါင်းဂါဝန်ကို ငုံ့ကြည့်လိုက်သည်။

ယင်းတို့က မဟာမိတ်ဖွဲ့ရန် သူ့အတွက် တုံကင်များ ဖြစ်ကြသည်။

လူသားမျိုးနွယ်ကို အညံ့ခံခြင်းသည် ဂရုတစိုက် သူစဉ်းစားပြီးနောက် ရွေးချယ်ခဲ့သောအရာ ဖြစ်သည်။ ယင်းက လေးလေးနက်နက် သူသုံးသပ်ပြီးနောက် ရှာတွေ့ခဲ့သော တစ်ခုတည်းသော လွတ်လမ်းလည်း ဖြစ်သည်။

‘ ဒါပေမဲ့ ငါ့ရဲ့ တန်ဖိုးကို ထုတ်ဖော်ပြီး ငါက သူတို့ဘက်မှာဆိုတာ သက်သေပြရဦးမယ် ”

ဖုန်းလင်းတောင်က မျက်လုံးမှေးကျဉ်းလိုက်သည်။ မည်သည့်အရာကို သူစဉ်းစားနေကြောင်း နတ်ဘုရားများက အကြည့်တစ်ချက်ဖြင့် မြင်နိုင်စွမ်းရှိသည်ကို သူသိသည်။ ထို့ပြင် ယင်းက သူတမင်ထုတ်ဖော်ထားသောအရာ ဖြစ်သည်။

သူက တွေးတောစဉ်းစားနေစဉ် တည်ငြိမ်သော အသံက သူ့အရှေ့မှ ခန်းမထဲမှ မြည်ဟိန်းထွက်လာသည်။

“ ဖုန်းလင်းတောင်… ခန်းမထဲကို ဝင်ရောက်စေ ”

ယင်းကို ကြားသောအခါ ဖုန်းလင်းတောင်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက အထဲသို့ မဝင်ခင် ခန်းမကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

သူက ခန်းမထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း လူသားကျင့်ကြံသူတစ်ရာကျော်ကို မြင်သွားကြသည်။ ထိုလူများကို အဆင့်လေးဆင့် ခွဲခြားထားကြပြီး ယခု သူတို့အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။

အရှေ့ဆုံးမှ အလွှာများပေါ်တွင် ထိုင်ခုံအများအပြား ရှိကြသည်။ ထိုနေရာမှာ ကောင်းကင်ဘုံအမတ်များက ထိုင်နေကြသည်။ သူတို့၏ အပေါ်တွင် ကောင်းကင်ဘုရင်များက ထိုင်နေကြသည်။

ထိပ်ဆုံးပေါ်တွင် ကြီးကျယ်ခမ်းနားသော ရာဇပလ္လင်တစ်ခုရှိပြီး ထိုနေရာမှာ ဧကရီက အမူအရာကင်းမဲ့စွာ ထိုင်နေသည်။

အိမ်ရှေ့စံမင်းသားဝတ်စုံနှင့် လူငယ်တစ်ယောက်က သူ၏ ဘေးမှာ ရပ်နေသည်။ ထိုလူငယ်က နင်ယန်ဖြစ်သည်။

အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံရပြီးနောက် နင်ယန်သည် ညီလာခံတိုင်းမှာ ဧကရီ၏ ဘေးတွင် ရပ်လိမ့်မည်။ သူ၏ ရည်ရွယ်ချက်က အုပ်ချုပ်ရေးကိစ္စများကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း သင်ယူရန် မဟုတ်ပေ။ ယင်းအစား ညီလာခံအတွင်းမှ အခြေအနေအလုံးစုံကို စောင့်ကြည့်ရန် ဖြစ်သည်။ ယင်းက သူ့မယ်တော်၏ တောင်းဆိုမှုဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက လူသားမျိုးနွယ်ဆီသို့ လာရောက်ခိုလှုံသော သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူကို လေ့လာစောင့်ကြည့်လိုက်သည်။

“ ဖုန်းလင်းတောင်က လူသားဧကရီနွေဦးထွက်ခွာကို နှုတ်ဆက်ပါတယ် ”

ဖုန်းလင်းတောင်က မြန်ဆန်စွာ အကြည့်ပြန်ရုပ်လိုက်ပြီး ဧကရီကို ဦးညွတ်လိုက်သည်။ သူက ခေါင်းပြန်မော့လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။

All Chapters