← Chapters

သူ့ကိုယ်သူ ရွှမ်မီးလျှံလို့ခေါ်တယ်(ခ)

Vol. 94 Ch. 1457

သူ့ကိုယ်သူ ရွှမ်မီးလျှံလို့ခေါ်တယ်(ခ)

Vol. 94 Ch. 1457

သူက ဒါဇင်ခန့်ရှိသော ဦးခေါင်းများကို ဖယ်ရှားလိုက်ပြီး ဘေးမှာ ချထားလိုက်သည်။

“ အရှင်မင်းကြီး… ဒီဟာတွေက မဟာမိတ်ဖွဲ့ဖို့ ကျွန်တော့်ရဲ့ တုံကင်တွေပါ… သူတို့ထဲက တချို့က သူတော်စင်ကုန်းမြေရဲ့ မိသားစုကြီးတွေဆီက မျိုးဆက်တွေပါ… သူတို့က သူတော်စင်ကုန်းမြေမှာ အဆင့်အတန်း မြင့်မားကြပါတယ် ”

“ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ စိတ်ရင်းမှန်ကို သက်သေပြပေးဖို့ မလုံလောက်သေးဘူးဆိုတာ သိပါတယ် ”

“ ဒါကြောင့် လျှို့ဝှက်ချက်နှစ်ခုကို ကျွန်တော်ပြင်ဆင်လာပါတယ် ”

“ ပထမတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေဟာ အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေမဟုတ်ပါဘူး… သူတို့မှာ မဟာဧကရာဇ်နှစ်ပါးရှိတာကြောင့် အဆင့်နိမ့်ဆုံး ကမ္ဘာမြေအဆင့် သူတော်စင်ကုန်းမြေတစ်ခု ဖြစ်ခဲ့ပါတယ် ”

“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်မှာ မဟာဧကရာဇ်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ မိစ္ဆာငှက်မွှေးဘိုးဘေးက နွေဦးအင်မော်တယ်အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးသွားခဲ့ပါတယ်… အဆင့်ချိုးဖြတ်မှု ကျရှုံးသွားပြီးနောက် သူ့ရဲ့ ခန္ဓာကိုယ်က အားနည်းသွားပြီး သူ့ရဲ့ ဝိညာဉ်က လွင့်ပြယ်သွားပါတယ်… သူက အမွေအနှစ်ကို ချန်ထားပြီးနောက် သေခြင်းရှင်ခြင်း တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်သွားခဲ့ပါတယ် ”

“ ဒါကြောင့် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက နိမ့်ကျသွားပြီး အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေ ဖြစ်လာခဲ့ပါတယ် ”

“ ဒါပေမဲ့ ကောလဟာလတွေအရ မိစ္ဆာငှက်မွှေးဘိုးဘေးဆီမှာ အသက်ပြန်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိနေသေးပါတယ်တဲ့… ဒါကြောင့် အရှင်မင်းကြီး သတိမပေါ့ဆဖို့ ကျွန်တော် အကြံပြုချင်ပါတယ် ”

ဖုန်းလင်းတောင်၏ အသံက ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လူများ၏ အမူအရာက ပြောင်းလဲသွားသည်။ ဖုန်းလင်းတောင်က ထိုသတင်းအချက်အလက်အား သူတို့သုံးသပ်နိုင်စေရန် အချိန်ပေးလိုက်ပြီးနောက် ဆက်ပြောသည်။

“ ဒုတိယကတော့… သူတော်စင်ကုန်းမြေတွေအားလုံး ပြန်ရောက်လာရတဲ့ အကြောင်းအရင်းပါ… ”

သူ၏ စကားက လူတိုင်း၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

လူအများအပြား၏ အကြည့်အောက်မှာ ဖုန်းလင်းတောင်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြောသည်။

“ အကြောင်းအရင်းသုံးခု ရှိပါတယ် ”

“ ပထမတစ်ခုကတော့ သူတို့က ဒီတစ်ကြိမ် တကယ် ထွက်သွားတော့မှာပါ… ဒါကြောင့် သူတို့က အပြီးတိုင် မထွက်သွားခင် သူတို့နဲ့အတူ တစ်ပါတည်း ယူဆောင်သွားဖို့ ဒီက အရင်းအမြစ်တွေကို ပြန်လာရိတ်သိမ်းတာပါ ”

“ ဒုတိယကတော့ သွေးယဇ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ အရင်းအမြစ်တွေအများကြီးကို ရရှိဖို့အတွက် ဝမ်ကူးကုန်းမြေက မျိုးနွယ်စုတွေနဲ့ စစ်ပွဲစတင်ပါတယ် ”

“ တတိယကတော့ သူတို့က အမိန့်ကြောင့် ဒီရောက်လာကြတာပါ ”

“ သူတို့ကို အမိန့်ပေးတဲ့ လူက ရှေးဘုရင်ရွှမ်ယုံမဟုတ်ပါဘူး ”

“ တကယ်တော့ ရှေးဘုရင်ရွှမ်ယုံက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းလောက်က ထူးခြားဆန်းကြယ်စွာ ပျောက်သွားခဲ့ပါတယ်… အဲ့ဒါကြောင့် သူတော်စင်ကုန်းမြေတွေအားလုံးက ပရမ်းပတာ ဖြစ်ကုန်ပါတယ်… ဒါပေမဲ့ ဝမ်ကူးကုန်းမြေကနေ ထွက်သွားခဲ့တဲ့ ရှေးခေတ်နွေဦးအင်မော်တယ်တစ်ပါးက လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်က သူတော်စင်ကုန်းမြေဆီ ပြန်ရောက်လာပါတယ် ”

သူ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ခန်းမထဲရှိ လူသားမျိုးနွယ်မှ လူတိုင်းက နှလုံးတုန်သွားကြသည်။

ထိုသတင်းသည် အလွန်ကြီးမားသည်။

အထူးသဖြင့် ဤကိစ္စမှာ ရှေးခေတ်နွေဦးအင်မော်တယ်တစ်ပါးက ပါဝင်ပတ်သက်နေသည်။ ယင်းက လူတိုင်းကို ချောက်ချားသွားစေပြီး မယုံကြည်နိုင်ဖြစ်စေသည်။

“ ကျွန်တော့်ရဲ့ အဆင့်အတန်းက အဲ့ဒီရှေးခေတ်နွေဦးအင်မော်တယ်ရဲ့ နာမည်ကို သိခွင့်ရဖို့ အရည်အချင်းမပြည့်မီပါဘူး… ဒါပေမဲ့ လျှို့ဝှက်နေရာတချို့ကနေ ကောလဟာလတချို့ကို ကျွန်တော်ကြားခဲ့ပါတယ်… အဲ့ဒီရှေးခေတ်နွေဦးအင်မော်တယ်ရဲ့ ကျင့်ကြံခြင်းက နွေဦးအင်မော်တယ်ရဲ့ အထွတ်အထိပ်ကို ကျော်လွန်သွားပြီး မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ် ”

“ တချို့က ပြောတာတော့ အဲ့ဒီအဆင့်က အတိတ်တုန်းက ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ရဲ့ အဆင့်နဲ့ နှိုင်းယှဉ်နိုင်တယ်တဲ့… ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်က နတ်ဘုရားအရှင်သခင်အဆင့်မှာပါ… ကျင့်ကြံခြင်းလမ်းစဉ်မှာတော့ အဲ့ဒါကို အင်မော်တယ်အရှင်သခင်လို့ ခေါ်ပါတယ် ”

“ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက မတည်မငြိမ်ဖြစ်နေတဲ့ပုံပါပဲ… ဒါကြောင့် သူက သူတော်စင်ကုန်းမြေတွေဆီ ပြန်ရောက်လာတာပါ… သူက သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်အောင် ပြုလုပ်ပေးနိုင်မယ့် ပစ္စည်းတစ်ခုကို ရှာဖွေဖို့ သူတော်စင်ကုန်းမြေအားလုံးကို အမိန့်ပေးခဲ့ပါတယ်… အဲ့ဒီပစ္စည်းက ဝမ်ကူးကုန်းမြေမှာ ရှိပါတယ်… အဲ့ဒီပစ္စည်းကို ဆင့်ခေါ်ဖို့ သွေးယဇ်ပူဇော်မှုတွေကို လိုအပ်ပါတယ် ”

“ သွေးယဇ်ပူဇော်မှုက ပိုများလေ အဲ့ဒီပစ္စည်းကို ဆင့်ခေါ်နိုင်ဖို့ အခွင့်အရေးက ပိုများလေပါ… အဲ့ဒီပစ္စည်းက ဘာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ”

“ ဒါပေမဲ့ ကျွန်တော်သေချာတာ တစ်ခုရှိပါတယ်… အဲ့ဒီခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်က နတ်ဘုရားမျက်နှာပျက်ကြီးကို တစ်ခဏကြာအောင် ပိတ်ဆို့ထားပြီး ဝမ်ကူးကုန်းမြေကနေ ပြန်ထွက်ခွာနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ထားပါတယ် ”

“ အဲ့ဒါကြောင့်ပဲ သူတော်စင်ကုန်းမြေတွေက ဝမ်ကူးကုန်းမြေဆီ ရဲရဲဝံ့ဝံ့ ဆင်းသက်လာရဲကြတာပါ ”

ဖုန်းလင်းတောင်၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ခန်းမထဲတွင် အသက်ရှူသံက မြန်ဆန်လာပြီး အာမေဋိတ်သံများက ထွက်ပေါ်လာသည်။ ဤနေရာမှာရှိကြသော လူတိုင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားကြပြီး စိတ်ဓာတ်ခိုင်မာကြသော်လည်း ဖုန်းလင်းတောင် ထုတ်ဖော်ပြောခဲ့သော သတင်းအချက်အလက်များက အလွန်ကြီးမားသည်။

နင်ယန်သည်ပင် အသက်ရှူမြန်လာပြီး သူ့ဘေးမှ မယ်တော်ကို ခဏခဏ ကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ဖုန်းလင်းတောင်၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။ ယင်းကို မြင်သောအခါ သူက စိတ်ကျေနပ်သွားသည်။

သူက လိမ်ပြောနေခြင်း မဟုတ်ပေ။ သူပြောခဲ့သမျှ အားလုံးက အမှန်ချည်းသာ ဖြစ်သည်။

သို့မှသာ သူ၏ စိတ်ရင်းမှန်ကို သက်သေပြနိုင်လိမ့်မည်။ ယခု သူက သူ၏ လုပ်ရပ်များအတွက် ဖြေရှင်းချက်တစ်ခု ပေးရလိမ့်မည်။

မည်သို့ကြောင့် သူက လူသားမျိုးနွယ်ဆီသို့ လာရောက်ခိုလှုံကြောင်း ရှင်းပြပေးရလိမ့်မည်။

ထိုသို့တွေးမိသောအခါ ဖုန်းလင်းတောင်က ထပ်မံ လက်သီးဆုပ်လိုက်ပြီး ဧကရီကို အရိုအသေပေးလိုက်သည်။ ဧကရီသည် အစမှအဆုံးအထိ အမူအရာမပျက်သွားခဲ့ပေ။

“ အရှင်မင်းကြီး… အခုလို ကျွန်တော်က စိတ်ရင်းမှန်နဲ့ အရာအားလုံးကို ထုတ်ဖော်ပြောကြားရတာက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေကြောင့်ပါ… သူတို့ဆီမှာ ကျွန်တော်ရဲ့ မဟာရန်သူတော်နှစ်ယောက် ရှိပါတယ်… တစ်ယောက်က ယွဲ့တုန်လို့ ခေါ်ပါတယ်… အဲ့ဒီကောင်မက အရမ်းရက်စက်ပြီး ဉာဏ်များပါတယ်… သူနဲ့ ကျွန်တော့်ကြားမှာ ချေဖျက်လို့မရတဲ့ ရန်ငြိုးရှိပါတယ် ”

“ နောက်တစ်ယောက်က လန်ယောင်ပါ… သူက မြေခွေးလို့ ကောက်ကျစ်စဉ်းလဲတဲ့ ကောင်မပါ… သူ့ရဲ့ မိသားစုက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ မိသားစုကြီးငါးခုထဲက တစ်ခုပါ… သူ့ရဲ့ ခင်ပွန်းကတော့ တံခါးပိတ်ကျင့်ကြံသွားတဲ့ မိစ္ဆာငှက်မွှေးဘိုးဘေးရဲ့ နောက်ဆုံးတပည့်ပါ ”

“ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှာ ကျွန်တော့်ရဲ့ သွေးမျိုးဆက်က မသန့်စင်တာကြောင့် တန်ဖိုးထားမခံရပါဘူး… အတိတ်မှာ ကျွန်တော်က သူတို့နှစ်ယောက်ကို ဆန့်ကျင်ခဲ့ပါတယ်… အဲ့ဒါက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ဝက်ကို ဆန့်ကျင်လိုက်တာနဲ့ အတူတူပါပဲ… သူတို့က ကျွန်တော့်ကို သတ်ပစ်ဖို့ ကြိုးစားနေကြပါတယ် ”

“ အဲ့ဒါကြောင့် ကျွန်တော်က လူသားမျိုးနွယ်ဆီမှာ လာရောက်ခိုလှုံတာပါ ”

“ အရှင်မင်းကြီးခင်ဗျာ… ကျွန်တော်ပြောနေတာတွေက အခြေအမြစ်မရှိတဲ့ စကားတွေ မဟုတ်ပါဘူး… လူသားကျင့်ကြံသူနှစ်ယောက်က လန်ယောင်၊ ယွဲ့တုန်နဲ့ ကျွန်တော့်ကြားက ရန်ငြိုးကို သက်သေပြုပေးနိုင်ပါတယ်… ကျွန်တော်ခံစားမိတာတော့ အဲ့ဒီလူသားနှစ်ယောက်က သာမန်လူတွေ မဖြစ်နိုင်ပါဘူး… လူသားမျိုးနွယ်ထဲမှာ သူတို့က အတော်လေး နာမည်ကျော်ကြားရပါမယ် ”

ဖုန်းလင်းတောင်သည် စကားဆုံး‌အောင် ပြောပြီးနောက် ဧကရီကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ခန်းမထဲမှ လူအများစုက တည်ကြည်လေးနက်သွားကြပြီး ဧကရီကို ကြည့်လိုက်ကြသည်။

ဧကရီက တည်ငြိမ်စွာ ပြောသည်။

“ စောစောက နင်ပြောသွားတဲ့ လူသားကျင့်ကြံသူနှစ်ယောက်ရဲ့ နာမည်က ဘာလဲ ”

ယင်းကို ဖုန်းလင်းတောင်ကြားသောအခါ သူက ချက်ချင်း ပြောသည်။

“ တစ်ယောက်က သူ့ကိုယ်သူ ရွှမ်မီးလျှံလို့ ပြောပါတယ်… တခြားတစ်ယောက်ကတော့ သူ့ရဲ့ စီနီယာအကိုကြီးပါ… ဒါပေမဲ့ အဲ့ဒါက နာမည်အတုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်… သူတို့ရဲ့ အစစ်အမှန်သရုပ်ကတော့ ဒီအတောအတွင်းမှာ ကံကောင်းစွာပဲ အနည်းအကျဉ်း ကျွန်တော်သိခဲ့ရပါတယ် ”

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ပုံရိပ်နှစ်ခု ထွက်ပေါ်လာကြသည်။

သူတို့ထဲမှ တစ်ယောက်သည် အရပ်ရှည်ပြီး ဖြောင့်မတ်သည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများက ကြယ်များအလား လင်းလက်တောက်ပပြီး သူ၏ မျက်နှာက ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားသည်။

တခြားတစ်ယောက်သည်လည်း အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အသွင်သဏ္ဍာန်က သာမန်မျှသာဖြစ်သော်လည်း သူ၏ မျက်နှာက ဉာဏ်များပုံပေါ်သည်။

တစ်လမ်းလုံး သေချင်ဟန်ဆောင်ခဲ့ပြီး အရေးကြီးအခိုက်အတန့်မှ သူ့ဆီမှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ခိုးယူသွားခဲ့သော ထိုလူအပေါ် ဖုန်းလင်းတောင်က အခဲမကျေသေးကြောင်း ထင်ရှားပေသည်။

ခန်းမထဲမှ လူများက ထိုကျင့်ကြံသူနှစ်ယောက်ကို မြင်သွားသည့်အခိုက် သူတို့၏ အမူအရာက ထူးဆန်းသွားသည်။ နင်ယန်၏ မျက်လုံးက ပြူးကျယ်သွားသည်။

“ အရှင်မင်းကြီး… ကျွန်တော်ပြောတာ အမှန်ဟုတ်မဟုတ် သိချင်တယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ကို မေးမြန်းနိုင်ပါတယ် ”

ဖုန်းလင်းတောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

…..

ရှေးဦးပင်လယ်ပေါ်မှာ အားညိုက နှာချေလိုက်သည်။

“ တစ်ယောက်ယောက်က ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်းကို ပြောနေတဲ့ပုံပဲ ”

အားညို၏ မျက်လုံးက ပြန်ကောင်းမွန်လာသည်။ သူက ဓမ္မလှေပေါ်မှာ လဲလျောင်းနေပြီး စူးစမ်းလိုသော အရိပ်အယောင်ဖြင့် ပြောသည်။

ရွှီချင်းသည်တော့ သူ့ကို လျစ်လျူရှုထားပြီး မျက်လုံးမှိတ်လျက် တရားထိုင်နေသည်။ သူက ကျင့်ကြံနေရင်း သူ၏ ခန္ဓာကိုယ်မှ အပြောင်းအလဲများကို စစ်ဆေးကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်သည် အပြင်ပိုင်းပင်လယ်ဆီသို့ သူမသွားခင်ကထက် အနည်းငယ် ပိုပြီးသိပ်သည်းလာသည်။ သူ၏ နတ်ဘုရားအခွင့်အာဏာများသည်လည်း ထို့အတူပင်။ ယင်းတို့က ပိုပြီးထွန်းလင်းတောက်ပလာကြသည်။

ဤသည်မှာ သူစားခဲ့သော အသားကင်ချောင်းများ၏ ရလဒ်ဖြစ်သည်။

စူး၏ အသားသည် အလွန်ထူးခြားသည်။

အဓိက တိုးမြှင့်သွားသည်မှာ သူ၏ ဝိညာဉ်ဖြစ်သည်။

သူ့ဝိညာဉ်၏ သိပ်သည်းမှုသည် အဆပေါင်းများစွာ တိုးမြှင့်သွားသည်။ ထိုပြင် ယင်းက ဆက်လက် အားဖြည့်ပေးခြင်းခံနေရဆဲပင်။

သူ၏ နတ်ဘုရားအသိစိတ်က ယင်းကြောင့် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ သူ၏ နတ်ဘုရားစွမ်းအင်က ပိုပြီးအားကောင်းလာသည်။

ဝိညာဉ်၏ တိုးမြှင့်လာမှုနှင့်အတူ ဝိညာဉ်နှင့် သူ၏ ရုပ်ခန္ဓာကိုယ်ကြားမှ လိုက်လျောညီထွေဖြစ်မှုသည်လည်း မြင့်တတ်သွားသည်။

“ ငါ့ရဲ့ တိုက်ပွဲစွမ်းအားက သိသိသာသာ တိုးမြှင့်သွားတာပဲ ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက ယနေ့အတွက် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူက မျက်လုံးဖွင့်လိုက်ပြီး အတွင်းပိုင်းပင်လယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ ငါတို့ရောက်တော့မယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

ဤလထဲမှာ သူတို့နှစ်ယောက်က ဓမ္မလှေကို အစွမ်းကုန် တိုးမြှင့်၍ အတွင်းပိုင်းပင်လယ်ဆီသို့ မြန်နိုင်သမျှမြန်မြန် ပြန်လာခဲ့ကြသည်။ သူတို့က လမ်းခရီးတစ်လျှောက်မှာ အန္တရာယ်တချို့ဖြင့် တွေ့ကြုံခဲ့သော်လည်း သူတို့က ကံကောင်းနေခြင်းလော သို့မဟုတ် ယုလျှိုချန်း၏ နတ်ဘုရားအစွမ်းကြောင့်လော မသေချာသော်လည်း ပြဿနာကြီးကြီးမားမား မရှိခဲ့ပေ။

အတိုချုပ်ပြောရလျှင် သူတို့၏ ခရီးစဉ်က အတော်လေး အဆင်ပြေချောမွေ့သည်။

ယခု သူတို့က အတွင်းပိုင်းပင်လယ်ဆီသို့ ရောက်ရန် နေ့တစ်ဝက်မျှသာ လိုအပ်တော့သည်။

အတွင်းပိုင်းပင်လယ်နှင့် နီးကပ်လာကြောင်း အာရုံခံမိသောအခါ အားညိုက သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ သူက သန့်ရှင်းသပ်ရပ်သော သူ့ပုံစံကို ထိန်းသိမ်းချင်သည်မှာ ထင်ရှားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆံခြည်မျှင်များကို မညှပ်ပစ်နိုင်သော်လည်း အားညို၏ ဦးနှောက်က သာမန်မဟုတ်ပေ။ ထို့ပြင် သူက အတော်လေး အရည်အချင်းရှိသည်။

သူက အပြန်လမ်းခရီးတွင် ထိုဆံခြည်မျှင်များကို တစ်မျှင်ချင်း ရက်လုပ်ခဲ့သည်။ ထို့ကြောင့် ယခု ထိုဆံခြည်မျှင်များက အမွှေးထူစစ်ချပ်ဝတ်နှင့်ဆင်တူသော ဝတ်ရုံရှည်တစ်ထည်အဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှီချင်းက အားညို၏ လုပ်ရပ်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် ချီးကျူးလေးစားမှုဖြင့် ပြည့်နှက်သွားသည်။

ထိုသို့ဖြင့် နာရီအနည်းငယ်ကြာပြီးနောက် အတွင်းပိုင်းပင်လယ်နှင့် အပြင်ပိုင်းပင်လယ်၏ နယ်နိမိတ်ကြားတွင် အနက်ရောင်မြူခိုးက တအိအိလှုပ်ခတ်နေစဉ် သူတို့၏ ဓမ္မလှေက နိမ့်ချည်မြင့်ချည် ရွေ့လျားသွားနေသည်။

သူတို့က အတွင်းပိုင်းပင်လယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် စည်းချအစီအရင်၏ စွမ်းအားက ရုတ်တရက် ပေါ်လျှိုးလာသည်။ ယင်းက သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးနောက် လွင့်ပြယ်သွားကာ ရွှီချင်းနှင့် အားညိုကို အတွင်းပိုင်းပင်လယ်ထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။

ယနေ့ နေရောင်ခြည်သည် ထွန်းလင်းတောက်ပပြီး လှပသည်။

ပင်လယ်လေပြေသည် သိမ်မွေ့ညင်သာသည်။

ကောင်းကင်ပေါ်တွင် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခါနေစဉ် ဖီးနစ် သို့မဟုတ် လင်းယုန်နှင့်ဆင်တူသော ဧရာမပုံရိပ်တစ်ခုက အဝေးမှ အမြန်ပျံသန်းလာသည်။ ဓမ္မလှေနားသို့ ရောက်ရှိလာသည့်အခါ ၎င်းက ဟွမ်ယန်သို့ ပြောင်းလဲသွားသည်။ သူက ပင်လယ်ပြင်ပေါ်တွင် ရပ်လိုက်ပြီး ရွှီချင်းကို ခါးသီးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီ… စီနီယာအမရှေ့မှာ မင်းကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာမယ်လို့ ငါကတိပေးခဲ့တယ်… ဒါပေမဲ့ မင်းက ပျောက်သွားခဲ့တယ်… ရွှီချင်း… မင်းက စီနီယာအမရှေ့မှာ ငါ့ကို မျက်နှာပျက်အောင် လုပ်တာပဲ ”

အပြုံးတစ်ခုက ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဟွမ်ယန်က ဓမ္မလှေပေါ်မှာ ခြေချလိုက်သည်။ ထို့နောက် သူက အားညိုကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ အပြင်ပိုင်းပင်လယ်ကို မင်းခရီးထွက်သွားတာ ဘာဖြစ်လာတာလဲ… နွားက အမွှေးတွေ ရှည်လာရင် ဘယ်လိုခေါ်ပါလိမ့်… အမွှေးရှည်နွားလား ”

အားညိုက နှာခေါင်းရှုံ့လိုက်သည်။

“ ငှက်စုတ်… မင်းဘာသိလို့လဲ… မင်း အပြင်ပိုင်းပင်လယ်ကို ရောက်ဖူးလို့လား… ငါမင်းကို ပြောပြလိုက်မယ်… ဒီဟာက အပြင်ပိုင်းပင်လယ်က မျိုးနွယ်စုတွေကြားမှာ အရမ်းနာမည်ကျော်ကြားတဲ့ ဝတ်ရုံပဲ ”

ဟွမ်ယန်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ နောက်အခိုက်အတန့်မှာ လေပြင်းမုန်တိုင်းက အားညိုကို ရိုက်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ကီလိုမီတာတစ်သောင်းသို့ လွင့်စင်သွားစေသည်။

“ နောက်ဆုံးတော့ နားအေးသွားပြီ ”

ဟွမ်ယန်က ပြုံးလိုက်သည်။

“ သွားကြစို့ ချင်းလေး… အိမ်ပြန်ကြရအောင် ”

“ ပြီးတော့ စီနီယာအမက မင်းကို အမှာစကားပါးလိုက်တယ်… မင်းကို လူတွေအများကြီးက စောင့်နေကြတယ်တဲ့… ”

ထိုနေရာသို့ ရောက်သည့်အခါ ဟွမ်ယန်က ချောင်းဟန့်လိုက်သည်။

“ သူတို့က ကောင်မလေးတွေ… ”

All Chapters