← Chapters

ပကတိချေမှုန်းခြင်း

Vol. 125 Ch. 1866

ပကတိချေမှုန်းခြင်း

Vol. 125 Ch. 1866

မြင့်မားသောဘီလူးသည် ငွေရောင်တလက်လက်ဖြင့် တောက်ပနေ၏။ သူ၏ မျက်နှာက ကြောက်မက်ဖွယ်ရာကောင်းပြီး သူ့မှာနှာခေါင်း မပါရှိပေ။ သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“အဲ့ဒါဘီလူးမျိုးနွယ်ပဲ”

“အဲ့ဒါငွေဘီလူးနဲ့တူတယ်”

“အဲ့ဒီသားရဲတောကောင်သက်ရှိတွေက ဒီကိုဘာလာလုပ်တာလဲ “

သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများက တစ်သောင်းထက်ပိုမရှိတော့ပေ။

ဤနေရာသို့ ပြေးဝင်လာနေသော သားရဲတောကောင်များကတော့ သူတို့သည် အကောင်ရေသောင်းချီရှိပြီး ကြောက်စရာကောင်းသော စွမ်းပကားနှင့်အတူ ဖုန်လုံးများက တထောင်းထောင်းထနေ၏။

သူတို့က အကုန်လုံးကို ဝါးမျိုဖျက်ဆီးချင်နေသည့်အလားပင်။

“ကြည့်စမ်း... သာရဲတောကောင်အချို့ပေါ်မှာ ကျင့်ကြံသူတွေစီးနင်းလာတယ်”

သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ယောက်က မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံအားတသင့် ပြောဆိုလိုက်၏။

လူတိုင်းက ခပ်မြန်မြန်အာရုံစိုက်၍ ကြည့်လိုက်၏။

သားရဲတောကောင်သောင်းချီကြားမှာ ကျင့်ကြံသူတစ်ထောင်ကျော်ကျော်က ရောနှောပါဝင်နေ၏။ သူတို့အားလုံးက ရန်လိုခက်ထန်နေပြီး သူတို့၏ ခေါင်းဆောင်က အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။

ငွေဘီလူးက ရှေ့သို့တက်လှမ်းပြီး သူ့ဘေးတွင်ရှိသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို ဖမ်းဆုပ်ကာ ဟိန်းဟောက်လိုက်၏။

မြင့်မားသော ရှေးဟောင်းသစ်ပင်က ငွေဘီလူး၏ ခွန်အားမှာ အမြစ်ကနေ ကျွတ်ပါလာခဲ့၏။

သူတို့သည် တုန်လှုပ်စရာကောင်းသော နတ်ဘုရားဆန်ဆန် ခွန်အားကို တွေ့မြင်သောအခါ သွေးသူရိယတောင်ကြားမှ လူတိုင်းက ကြောင်အ,မှင်တင်သွားပြီး သူတို့၏ မျက်နှာများက ဖြူဖျော့သွားကြ၏။

ငွေဘီလူးသည် သစ်ပင်၏ အပိုင်းအခက်များကို သူ၏ လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းချလိုက်၏။

တစ်ခဏချင်းမှာပင် မြင်မားသော ရှေးဟောင်းသစ်ပင်သည် ငွေဘီလူး၏ လက်ထဲမှာ တုတ်ခိုင်ကြီးမားသော သစ်သားတုတ်တစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။

ငွေဘီလူးက လေထဲသို့ခုန်တက်ပြီး ရှေးဟောင်းသစ်ပင်ကိုဆုပ်ကိုင်ကာ တိုက်ပွဲနယ်မြေရှိ သွေးသူရိယတောင်ကြားစစ်တပ်ရှိရာသို့ ပစ်ရိုက်ချလိုက်၏။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

ငွေဘီလူးထံမှ ထိုတိုက်ခိုက်မှုသည် သွေးသူရိယတောင်ကြား ကျင့်ကြံသူ အနည်းဆုံး ဆယ်ယောက်ကျော်ကို သေဆုံးသွားစေ၏။

စိတ်လှုပ်ရှားတက်ကြွသော အမူအရာနှင့်အတူ ငွေဘီလူးက ရှေးဟောင်းသစ်ပင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး လူအုပ်ကြီးထဲမှာ တုန်လှုပ်စရာကောင်းသော ခွန်အားနှင့်အတူ လွှဲယမ်းနေ၏။

သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများက အဲ့ဒါကိုလုံးဝမခုခံနိုင်ပေ။

ငွေဘီလူး၏ နောက်ဘက်မှ သားရဲတောကောင်စစ်တပ်ကလည်း ဝင်ရောက်လာခဲ့ပြီဖြစ်၏။

လူသားမျက်နှာနှင့် မြင်းတစ်ကောင်ဖြစ်သော ယင်ကျောက်က ရှေ့သို့တက်လှမ်းလာပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်သွားလေသည်။ ၎င်း၏ နင်းချေခြင်းခံရသော မည်သည့်ကျင့်ကြံသူမဆို သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြ၏။

ဧရာမပျားတစ်အကောင်သည် ၎င်း၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး တုန်လှုပ်စရာကောင်းသော တဝီဝီမြည်သံကို ထွက်ပေါ်လာစေ၏။ ၎င်း၏ အမြီးပေါ်ရှိ ဧရာမအဆိပ်ဆူးက ပျား၏ အမြီးကနေ အမှန်တကယ်ပင် ကျွတ်ထွက်သွားပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်သွား၏။

သူတို့သည် အဆိပ်ဆူးဖြင့် ခြစ်မိရုံသာ အခြစ်ခံရသည်ဆိုလျှင်တောင် သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များမှ မီးခိုးများနှင့်သွေးများ စိမ့်ထွက်လာသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့မြင်လိုက်ရ၏။

သိပ်မကြာခင် သူတို့သည် သွေးမြူများအဖြစ် ပြောင်းလဲကာ သေဆုံးသွားလေသည်။

ခေါင်းကိုးလုံးငှက်တစ်ကောင်က ကောင်းကင်ထက်ကနေ အော်မြည်ပြီး လူအုပ်ကြီးပေါ်ကနေ ပျံသန်းလာ၏။ ၎င်း၏ ခေါင်းကိုးလုံးက ယိမ်းနွဲ့သွားပြီး ၎င်း၏ ပါးစပ်များကို တစ်ချိန်တည်းမှာဖွင့်ဟကာ သွေးသူရိယတောင်ကြား ကျင့်ကြံသူများကို တစ်ချက်တည်းဝါးမျိုသွားလေသည်။

ကျန်ရှိနေသော သွေးသူရိယတောင်ကြား ကျင့်ကြံသူများသည် ဆူဇီမို၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး၌ ဖရိုဖရဲဖြစ်နေကြပြီဖြစ်၏။

သို့သော်....ယခု သူတို့သည် သားရဲတောကောင်သောင်းချီနှင့် ကြုံတေတွ့ရချိန်မှာ လုံးဝကို ရှုံးနိမ့်သွားပြီး သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေသည်။

နှင်းလေတောင်ကြောရိုးမှ လူတိုင်းက တုန်လှုပ်သွားကြ၏။

ငွေဘီလူးကဲ့သို့ စွမ်းအားကြီးမားသော သတ္တဝါများသည် နှင်းလေတောင်ကြောရိုးကို ဘာ့ကြောင့်အကူအညီလာရောက်ပေးသလဲ သူတို့က နားမလည်နိုင်ကြသေးပေ။

ကျန်ရှိနေသော သွေးသူရိယတောင်ကြား ကျင့်ကြံသူများက လုံးဝမတိုက်ခိုက်နိုင်တော့ဘဲ သွေးရူးသွေးတမ်း လှည့်ထွက်ပြေးကုန်ကြ၏။

သို့သော်လည်း သူတို့၏ မြင်းများက စွမ်းအားကြီးမားသော ကြမ်းကြုတ်တောကောင်များ ၊ ကြောက်စရာကောင်းသော သတ္တဝါများနှင့် ရင်ဆိုင်ရချိန်မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး မြေပြင်ပေါ်မှာ ဟပ်ထိုးလဲကျကုန်၏။

သွေးသူရိယတောင်ကြား ကျင့်ကြံသူများ၏ လှုပ်ရှားမှုနည်းစနစ် အမြန်နှုန်းအရ သူတို့သည် သားရဲတောကောင်များစွာ၏ လိုက်လံဖမ်းဆီးမှုကနေ မလွတ်မြောက်နိုင်ကြပေ။

သားရဲတောကောင်အချို့၏ မျက်လုံးများက နီရဲနေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ရှချင်းယင်နှင့် အခြားသူများထံ ပြေးဝင်သွားကြ၏။

ထိုသားရဲတောကောင်များ၏ မျက်လုံးများထဲမှာ သွေးသူရိယတောင်ကြားနှင့် နှင်းလေတောင်ကြောရိုးအကြား မည်သည့်ကွဲပြားခြားနားမှုမှ မရှိပေ။

သားရဲများ၏ မျက်လုံးများထဲမှာ ထိုကျင့်ကြံသူများသည် သူတို့ဝါးမျိုစားသောက်နိုင်သည့် အစာသာဖြစ်လေသည်။

“မရဘူး... မလုပ်နဲ့”

ထိုစဥ်မှာပင် ခွေးဝါကြီးတစ်ကောင်ကို လူတစ်ယောက်က စီးနင်းလာပြီး သားရဲတောကောင်များကို တားဆီးကာ အော်ပြောလိုက်၏။

“သူတို့က ငါတို့လူတွေပဲ... သူတို့ကို သတ်လို့မရဘူး”

“လူဝကြီးသွမ့်”

နှင်းလေတောင်ကြောရိုးမှလူတစ်ယောက်က ခွေးဝါကြီးပေါ်မှလူကို မှတ်မိသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

ရှချင်းယင်ကလည်း အာရုံစိုက်၍ကြည့်လိုက်၏။

အဲ့ဒါသည် လွန်ခဲ့သည့်နှစ်များက နှင်းလေတောင်ကြောရိုးကနေ ဆူဇီမို ခေါ်သွားခဲ့သော သွမ့်ထျန်လန်ဖြစ်လေသည်။

နှစ်​၆၀ မျှနှင့် သွမ့်ထျန်လန်သည် အဆင့်-၃ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့လေပြီ။

သားရဲတောကောင်များစွာက သွမ့်ထျန်လန်ကို မှတ်မိပြီး ထိုသူက ဆူဇီမို၏ နောက်လိုက်တစ်ယောက်ဆိုတာကို သိသော်လည်း သူတို့အားလုံးက သူ့အမိန့်ကိုနာခံကြလိမ့်မည် မဟုတ်ပေ။

သားရဲတောကောင်အချို့က အချိန်မီရပ်တန့်၍ သူတို့၏သတ်ဖြတ်လိုစိတ်ကို ရုပ်သိမ်းလိုက်၏။

သို့သော်လည်း သားရဲတောကောင်အချို့သည် သွမ့်ထျန်လန်ကို လျစ်လျူရှုပြီး ရှချင်းယင်နှင့် အခြားသူများထံသို့ ပြေးဝင်လာ၏။

ရွှစ်...

ထိုစဥ်မှာပင် ကောင်းကင်ထက်ကနေ အလျှံညီးညီး ဆေဘာအလင်းတန်းတစ်ခုက ဆင်းသက်လာခဲ့၏။

ဘုန်း... ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်သံထွက်ပေါ်လာ၏။

ချက်ချင်းပင် နှင်းလေတောင်ကြောရိုးမှ လူများထံသို့ပြေးဝင်လာသော သားရဲတောကောင်များသည် ဆေဘာအလင်းတန်းဖြင့် ခါးလယ်ကနေ ပိုင်းဖြတ်ခံလိုက်ရပြီး သွေးများက လျှံထွက်လာ၏။

ဆေဘာအလင်းတန်းက အရမ်းကိုကြောက်စရာကောင်းပြီး မြေပြင်ပေါ်မှာ ရှည်လျားသော ဧရာမလျှိုမြောင်တစ်ခုကို ဖြစ်ပေါ်စေကာ သွေးများက နီစွေးသွား၏။

ခါးလယ်ကနေ ပိုင်းဖြတ်ခံရသော သားရဲတောကောင်များ၏ အလောင်းများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် လျှိုမြောင်ထဲမှာ ပြည့်နှက်လုနီးပါးဖြစ်နေ၏။

ထိုသားရဲတောကောင်များသည် ရှချင်းယင်နှင့် အခြားသူများကို မထိတွေ့နိုင်ခင်မှာပင် ထိုခုတ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ကြရ၏။

ကျန်ရှိနေသော သားရဲများက တုန်လှုပ်သွားကြလေသည်။

ရှေ့သို့ ပြေးဝင်တော့မည်ဆဲဆဲ သားရဲတောကောင်အချို့က သူတို့၏​ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

ဝေ့ရှန်ကိုသတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ထိုသူ၏ ဆေဘာကို ဆွဲယူကာ ခုတ်ပိုင်းချလိုက်ခြင်းဖြစ်၏။

ဆူဇီမိုက အေးစက်စက်အမူအရာတစ်ခုနှင့်အတူ ပျံသန်းလာ၏။

သားရဲတောကောင်စစ်တပ်က သန်မာသော်လည်း နောက်ဆုံးမှာတော့ သူတို့ကို ထိန်းချုပ်ရသည်က မလွယ်ကူပေ။

သူတို့က စတင်တိုင်ခိုက်သည်နှင့် သူတို့သည် သွေးကိုမြင်ရသည့်အချိန်မှာ ရူးသွပ်ပေါက်ကွဲသည့်အခြေအနေသို့ ဝင်ရောက်သွားဖို့ လွယ်ကူလေသည်။

ဆူဇီမို၏ ခုတ်ချက်က သားရဲတောကောင်များ၏ စိတ်ကို ချက်ချင်းပင် တည်ငြိမ်သွားစေ၏။

သားရဲတောကောင်အလောင်းများဖြင့် ပြည့်နှက်နေသော လျှိုမြောင်က ကျန်ရှိနေသော သားရဲများအတွက် သတိပေးချက်တစ်ခုလည်းဖြစ်လေသည်။

ထိုစည်းကိုဖြတ်ကျော်သောမည်သူမဆို အညာအတာမဲ့စွာ သတ်ဖြတ်ခံရပေလိမ့်မည်။

သားရဲတောကောင်များသည် ဆူဇီမို၏ စိတ်ဆန္ဒကို နားလည်သွားပြီး သွေးသူရိယတောင်ကြား ကျင့်ကြံသူများဘက်သို့ ပြန်လှည့်သွားကြ၏။

ဤတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာ မလိုတော့ပေ။

သားရဲတောကောင်သောင်းချီ၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုအောက်မှာ ထွက်ပြေးလွတ်မြောက်နိုင်သော သွေးသူရိယတောင်ကြား ကျင့်ကြံသူများက များများစားစား မရှိပေ။

ဆူဇီမိုသည် လေထဲကနေ ဆင်းသက်လာပြီး ရှချင်းယင်နှင့် အခြားသူများရှေ့သို့ ရောက်ရှိလာ၏။

ရှချင်းယင်က ဆူဇီမိုကိုကြည့်ပြီး ကြိုးစား၍ပြုံးပြလိုက်၏။

“ရှင်... ရောက်လာတာပဲ”

သူမက ယခုအချိန်မှာ ကျေးဇူးတင်စကားပြောဆိုပြီး ကျေးဇူးတင်ကြောင်းပြသသင့်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူမသည် တဖြည်းဖြည်းအေးစက်လာနေသည့် သူမဖခင်၏ အလောင်းကို ပွေ့ပိုက်ထားပြီး အလွန်တရာဝမ်းနည်းပူဆွေးနေ၏။ သူမက စိတ်အားညှိုးငယ်နေပြီး တစ်ခုခုပြောဖို့ကို တကယ်ပင်စိတ်မပါနိုင်ဖြစ်နေ၏။

ဆူဇီမိုက ရှချင်းယင်ကိုကြည့်ပြီး ညင်သာစွာသက်ပြင်းချလိုက်၏။ သူသည် ယခင်က နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်နှင့် တစ်ခါမှ မတွေ့ဆုံဖူးခဲ့ပေ။

ယခု... သူတို့ပထမဆုံးအကြိမ် တွေ့ဆုံသည့်အချိန်မှာ ပိုင်နက်အရှင်က သေဆုံးသွားခဲ့လေပြီ။

“ညီကိုဆူ... ခင်ဗျားသေချာပေါက် ရောက်လာမယ်ဆိုတာ ကျုပ်သိတယ်”

ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အားနည်းသော အသံတစ်သံကထွက်ပေါ်လာ၏။

ဆူဇီမိုက အသံလာရာဘက်သို့ လှည့်​ကြည့်လိုက်သောအခါ မြေပြင်ပေါ်မှာ အားအင်ချိနဲ့စွာထိုင်နေသည့် သွေးများစိုရွှဲနေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။

သူ၏ မျက်နှာက ညိုမည်း၍ သူ၏ အကြည့်က ထိုင်းမှိုင်းနေ၏။ သူ၏ အသက်ဓာတ်အားက အားနည်းနေပြီး သူက လမ်းဆုံးခါနီးသို့ ရောက်ရှိနေလေပြီ။

“လူအိုကြီးယန်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ သူက ရှေ့သို့အလောတကြီးပြေးတက်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးအချို့ကိုထုတ်ယူကာ လူအိုကြီးယန်၏ ပါးစပ်ထဲကို ထိုးထည့်ပေးလိုက်၏။

သို့သော်လည်း ထိုဆေးလုံးများက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် ပြန်ထွက်ကျလာ၏။

လူအိုကြီးယန်က အနးည်ငယ်မောဟိုက်နေ၏။

သူမှာ ဆေးလုံးကိုမျိုချဖို့ပင် ခွန်အားမကျန်ရှိတော့ပေ။

“ညီကိုဆူ... ကျုပ်အဲ့ဒါကို ဖြတ်ကျော်နိုင်မှာ မဟုတ်တော့ဘူး”

လူအိုကြီးယန်က ရယ်ချင်သည့်အလား သူ၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွား၏။

“ကျုပ်မသေခင် ခင်ဗျားကိုတွေ့လိုက်ရတာကပဲ မဆိုးတော့ပါဘူး”

တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လူအိုကြီးယန်က ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။

“ညီကိုဆူ... ကျုပ်ခလေးနဲ့ တာအိုလက်တွဲဖော်က စောစောကတိုက်ပွဲမှာ ကျုပ်နဲ့လူချင်းကွဲသွားတယ်... ကျုပ်သူတို့ကို စိုးရိမ်တယ်... ခင်ဗျား သူတို့ကိုရှာပြီး ကူညီပေးဖို့....”

ထိုနေရာအရောက်တွင် လူအိုကြီးယန်၏ အသံက ဆက်လက်၍ ထွက်မလာတော့ပေ။

ဆူဇီမိုက ရှချင်းယင်ကို အလိုလိုလှည့်ကြည့်လိုက်၏။

ရှချင်းယင်၏ အမူအရာက ညှိုးငယ်နေပြီး သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

လူအိုကြီးယန်၏ ခလေးနှင့် တာအိုလက်တွဲဖော်က သေဆုံးသွားပြီဆိုတာကို ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။

သို့သော်လည်း သူက အမှန်တရားကိုပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

“လူအိုကြီးယန်... ဘာမှမပူနဲ့ ကျုပ်သူတို့ကို သေသေချာချာ ဂရုစိုက်ပေးလိုက်...”

ဆူဇီမိုက စကားကိုဆုံးအောင် မပြောလိုက်နိုင်ပေ။

သူလှည့်ကြည့်လိုက်သည့်အချိန်မှာ လူအိုကြီးယန်က သေဆုံးသွားခဲ့လေပြီ။

All Chapters