သွေးသူရိယကို သတ်ဖြတ်ခြင်း
Vol. 125 Ch. 1869
သွေးသူရိယတောင်ကြားသခင်သည် ဤမိစ္ဆာလျှို့ဝှက်အတတ်ကို အသုံးပြုခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုများကို ကောင်းကောင်းသိထားလေသည်။
သို့သော်လည်း သူ့မှာ တခြားရွေးခြယ်စရာမရှိပေ။
သူက ထိုလျှို့ဝှက်အတတ်ကို အသက်မသွင်းဘူးဆိုလျှင် သူက သေချာပေါက်သေရပေလိမ့်မည်။
ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ခြင်းဖြင့် သူ၏ ဘဝသက်တမ်းက ကြီးမားစွာလျော့ကျသွားမည်ဖြစ်သော်လည်း သူသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ တက်လှမ်းကာ ဆူဇီမိုကို သတ်ဖြတ်နိုင်မည်ဖြစ်၏။
တောင်ကြားသခင်က ယုံကြည်မှုရှိလေသည်။
ဤလူငယ်က ဘယ်လိုပြန်ဝင်စားမွန်းစတားတစ်ယောက် ဖြစ်စေ... သူ့မှာ ဝှက်ဖဲဘယ်လောက်များများရှိသည်ဖြစ်စေ အဲ့ဒါသည် ကျင့်ကြံမှုနယ်ပယ်သုံးခု ကွာဟခြင်းကို ဖာထေးနိုင်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်လေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။
အောက်ဘုံမှာဆိုလျှင် သူသည် ကျတ်တီးမြေကို ထုတ်ဖော်လိုက်သည်နှင့် တောင်ကြားသခင်၏ လက်ကျန်ဘဝသက်တမ်းကို တစ်ခါတည်းကုန်ဆုံးစေနိုင်မည်ဖြစ်၏။
သို့သော်လည်း အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ကျတ်တီးမြေပညာရပ်သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်ခြင်း မရှိပေ။
ဒါ့အပြင် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော ဆေဘာတစ်လက်ကဲ့သို့ အချိန်ကိုလည်း သူ၏ လက်ရှိကျင့်ကြံမှုအရ ထုတ်ဖော်နိုင်ခြင်းမရှိပေ။
အဲ့ဒါကြောင့် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေသည့် သွေးသူရိယတောင်ကြားသခင်နှင့် ရင်ဆိုင်ရချိန်မှာ သူက မည်သည့်လှည့်ကွက်ကိုမှ အသုံးမပြုနိုင်လဲ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်သာဖြစ်၏။
“အဆင့်-၉ မဟူရာအမြုတေနယ်ပယ်တဲ့လား... သိပ်ကောင်းတာပေါ့”
ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြီး သူ၏ အကြည့်က တောက်လောင်ပြင်းပြနေ၏။
“ငါကလည်း... အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ရဲ့ ခွန်အားကို စမ်းသက်ကြည့်ချင်နေတာနဲ့ အတော်ပဲ”
“အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား”
ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။
သူ၏ နောက်ကျောတွင် ဧရာမဆင်စွယ်တစ်စုံက ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။
ဆင်းစွယ်တစ်စုံက ကြီးထွားလာစဥ် ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိစွမ်းအားကလည်း ရူးသွပ်စွာမြင့်တက်လာ၏။ တစ်ခဏချင်းမှာပင် အဲ့ဒါကနှစ်ဆဖြစ်လာခဲ့၏။
“ဟမ်...”
သွေးသူရိယတောင်ကြားသခင်က ရင်တစ်ချက်ထိတ်သွားပြီး တုန်လှုပ်သွားလေသည်။
ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် ဆူဇီမို၏ အော်ရာက သူနှင့် တကယ်ပင် ယှဥ်နိုင်လာခဲ့၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ဤနတ်ဘုရားစွမ်းအားတွင် မည်သည့်အားနည်းချက်မှ မရှိပေ။
ဆူဇီမို၏ ဘဝသက်တမ်းနှင့် သွေးချီက ယိုယွင်းပျက်စီးမည့် မည်သည့်လက္ခဏာမှ မပြသပေ။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် ဆူဇီမို၏ ကိုယ်ကာယ ၊ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ် ခွန်အားက တိုးလာခဲ့လေသည်။
သူက အဆင့်-၇ မဟူရာအမြုတေနယ်ပယ်သို့ မဝင်ရောက်နိုင်သော်လည်း သူက အဲ့ဒါနှင့်အရမ်းကို နီးကပ်သွားခဲ့ပြီဖြစ်၏။
အစွယ်ခြောက်ချောင်းနတ်ဆင်တစ်ကောင်က ဆူဇီမို၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး ၎င်း၏ နှာမောင်းကို မြှောက်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
ဆူဇီမိုကလည်း လောကကို လှုပ်ခါသွားစေမည့် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံကို ထုတ်ဖော်လိုက်၏။
သူ၏ အော်ရာက တိမ်စိုင်များကြားထိ ထိုးတက်သွားပြီး သူ၏ ဦးခေါင်းထက်မှာ လွင့်မျောနေသော စတုရန်းကြေးမီးဖိုနှင့်အတူ သူက တောင်ကြားသခင်ထံသို့ ပြေးဝင်သွားလေသည်။
“သတ်...”
တောင်ကြားသခင်က အံကိုတင်းတင်းကြိတ်ပြီး နီရဲနေသော မျက်လုံးများနှင့်အတူ ရှေ့သို့ပြေးဝင်လိုက်၏။
သူ့မှာထွက်လမ်းမရှိပေ။
ဘန်း... ဘန်း.... ဘန်း...
ချွမ်... ချွမ်.... ချွမ်း...
သူတို့နှစ်ယောက်က ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားပြီး သူတို့၏ လက်သီးလက်ဝါးများက ကြိတ်ချေရိုက်ခတ်သွားလေသည်။ စတုရန်းကြေးမီးဖိုက လှံပုဆိန်နှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက လွင့်စင်ထွက်ကာ တုန်ခါလှိုင်းများက ဖြန့်ကြက်သွား၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ သွေးချီကို အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားနှင့်အတူ ထုတ်ဖော်လိုက်သောအခါ ဆူဇီမိုသည် ကျင့်ကြံမှုနယ်ပယ်သုံးခု ကွာဟခြင်းကို အမှန်တကယ်ပင် ဖာထေးနိုင်ပြီး အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လာနိုင်၏။
သူက ခွန်အားအရာမှာ အရေးနိမ့်ခြင်းမရှိပေ။
အရေးမနိမ့်သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ တိုက်ခိုက်မှုများက ပို၍ကြမ်းကြုတ်ခက်ထန်လာခဲ့၏။
တောင်ကြားသခင်ကတော့ ရင်တထိတ်ထိတ်ဖြစ်လာခဲ့လေသည်။ သူသည် ဤလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အတင်းအကျပ် မြှင့်တင်ဖို့အတွက် သူ၏ ဘဝသက်တမ်းကို စွန့်လွှတ်စတေးခဲ့သည်မှာ သူက ဆူဇိမိုကို တတ်နိုင်သမျှမြန်မြန် ဖိနှိမ်ချင်သောကြောင့်ဖြစ်၏။
သို့သော် ယခု... သူတို့နှစ်ယောက်က တစ်ဖန်တိုက်ခိုက်လိုက်ကြပြီး အချိန်တိုအတွင်းမှာ အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ ခဲယဥ်းနေလေသည်။ သူ၏ သက်လုံးအားနှင့် သွေးချီက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် များစွာနိမ့်ကျလေသည်။
ဒါ့အပြင် သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်နေလေပြီ။
သိပ်မကြာခင် တောင်ကြားသခင်သည် သူ၏ ချပ်ဝတ်တန်ဆာများကို ဖယ်ရှားပစ်လိုက်၏။ သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သည်းထန်စွာ မောဟိုက်ကာ သူ၏ လှုပ်ရှားမှုများက နှေးကွေးသည်ထက် နှေးကွေးလာခဲ့၏။
“ခွေးအိုကြီး... မင်းရဲ့သားနဲ့တွေ့ရဖို့ ပြင်ထားလိုက်တော့”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက တလိပ်လိပ်တက်လာကာ ဆူနာမီသွေး၏ အကန့်အသတ်ကို ချိုးဖျက်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် ဖန်တီးခြင်းကြာပဒုမ္မာက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
နေရာတစ်ခုလုံးက ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ စတင်ပြိုလဲကာ ယိမ်းထိုးလာခဲ့၏။
“မျိုးဆက်သွေးနယ်မြေဖြစ်စဥ်လား”
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က တုန်လှုပ်သွား၏။
အစိမ်းရောင်ကြာပင်တစ်ခုလုံးက ကျောက်စိမ်းရောင်ဖြစ်ပြီး ၎င်း၏ အရွက်များက အလွန်ကြီးမားလေသည်။ ၎င်း၏ အရိုးက မြားတစ်စင်းကဲ့သို့ ဖြောင့်တန်းနေပြီး ၎င်းက အဆုံးမဲ့အရောင်အဝါတစ်ခုနှင့်အတူ ပွင့်လန်းလာခဲ့၏။ လောကတစ်ခုလုံးက မနှိုင်းယှဥ်သာအောင် နတ်ဘုရားဆန်ဆန် ပုံစံတစ်ခုနှင့်အတူ တောက်ပလင်းထိန်လာခဲ့၏။
“ငါ့ရဲ့အမြုတေသွေးကနေ သွေးနေတစ်စင်း ဖြစ်ပေါ်စမ်း”
သူ၏ လှံပုဆိန်ကို ဆုပ်ကိုင်ပြီး တောင်ကြားသခင်က သူ၏ လက်ကောက်ဝတ်ကို ရက်ရက်စက်စက် လှီးဖြတ်ကာ သွေးများကို စီးကျလာစေ၏။
သူက မန္တန်တစ်ခုကို ရွတ်ဆိုပြီး အင်မော်တယ်အတတ်တစ်ခုကို ထုတ်ဖော်ကာ သူ့ရှေ့တွင် ဒဏ်ရာရထားသော လက်ကောက်ဝတ်ကို ဝေ့ယမ်းလိုက်၏။
အင်မော်တယ်ပညာရပ်၏ အသက်ဝင်လာမှုအောက်တွင် တစ်စုံတစ်ရာ၏ ဆွဲယူခြင်းခံလိုက်ရသည့်အလား သူ၏ လက်ကောက်ဝတ်ထဲမှ သွေးများကပန်းထွက်လာခဲ့၏။
တောင်ကြားသခင်၏ မျက်နှာက အလျင်အမြန်ပင် ဖြူဖျော့သွားလေသည်။
ချက်ချင်းပင် သူက ပို၍ပင်အိုစာသွား၏။
ထိုအင်မော်တယ်ပညာရပ်သည် သူ၏ မျိုးဆက်သွေး ထက်ဝက်နီးပါးကို ဝါးမျိုလိုက်လေသည်။
သူ့ဘဝ၏ နှောင်းပိုင်းအရွယ်အရ ဤမျှအထိများပြားသော သူ၏ မျိုးဆက်သွေးကို ဆုံးရှုံးရခြင်းက သူ့ကိုယ်သူသတ်သေခြင်းနှင့် သိပ်မကွာပေ။
တောင်ကြားသခင်သည် ဘာပဲပြောပြာ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အံမခန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့လေသည်။ သူက အလျှော့ပေး၍ အသာတကြည်အသေမခံလိုပေ။ အဲ့ဒါကြောင့်ပင် သူက ဤမျှများပြားသည့် သူ၏ မျိုးဆက်သွေးကို စွန့်လွှတ်စတေးပြီး ဤသွေးရောင်နေတစ်စင်းကို စုဖွဲ့လိုက်ခြင်းဖြစ်၏။
အဲ့ဒါက သူ၏ အသက်စတေးတိုက်ခိုက်မှုဖြစ်လေသည်။
သွေးရောင်နေက ဆူဇီမိုကိုသတ်ဖြတ်နိုင်သည်ဖြစ်စေ.. မသတ်ဖြတ်နိုင်သည်ဖြစ်စေ... သူကတော့ သိပ်ကြာကြာရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုက ဂရုမစိုက်သောအမူအရာနှင့်အတူ သူ၏ ခေါင်းကို ခါလိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကလွဲလျှင် အခြားသောအောက်ဘုံကမ္ဘာငယ်များစွာသည် ဖန်တီးခြင်းကြာပဒုမ္မာကို ကြားပင်မကြားဖူးသည့်ပုံရှိလေသည်။
တောင်ကြားသခင်က သူဘာနှင့် ရင်ဆိုင်နေရသည်ဆိုတာကို နားလည်သဘောပေါက်ခြင်း မရှိပေ။
ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွားပြီး လောကတစ်ခုလုံးက တုန်ခါသွား၏။
ဘုန်း... ဘုန်း... ဘုန်း...
ကြီးမားသော နန်းတော်ကြီးက စတင်၍ ပြိုကျသွားပြီး ကျောက်ခဲများနှင့် အုတ်ခဲများက လိမ့်ဆင်းလာခဲ့၏။
ထိုယိမ်းနွဲ့မှုနှင့်အတူ ဝဲဂယက်တစ်ခုက လေဟာနယ်ထဲမှာ ဖြန့်ကြက်သွားပုံရပြီး မလှမ်းမကမ်းမှာရှိသော သွေးရောင်နေကို ဖြတ်ကျော်သွားလေသည်။
ဖျောက်... ဖျောက်... ဖျောက်...
ချက်ချင်းပင် သွေးရောင်နေပေါ်မှာ အက်ကွဲကြောင်းတချို့ပေါ်ထွက်လာ၏။
တောင်ကြားသခင်၏ အမူအရာက မှေးမှိန်သွားလေသည်။
နောက်ခဏ၌ သွေးနေက ကြေမွပျက်စီးသွား၏။
သူက သူ၏ မျိုးဆက်သွေးကို စွန့်လွှတ်စတေးခဲ့သည်ဆိုလျှင်တောင် သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းပကားကို ခုခံနိုင်ခြင်း မရှိပေ။
အစိမ်းရောင်ကြာပန်း ယိမ်းနွဲ့ခြင်းကနေ ဖြစ်ပေါ်လာသည့် ဝဲဂယက်များက သွေးသူရိယတောင်ကြားသခင်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွား၏။
တောင်ကြားသခင်၏ အမူအရာက တောင့်တင်းအေးခဲသွားပြီး သူ၏ အသိစိတ်ထဲရှိ သူ၏ စိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး တောင်ကြားသခင်၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေသည်။
အဲ့ဒီနောက် သူက တောင်ကြားသခင်၏ အလောင်းကို လှည့်ပင်မကြည့်တော့ပေ။ သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး အစိမ်းရောင်ကြာပန်း နယ်မြေဖြစ်စဥ်ကို ပယ်ဖျက်ကာ လှည့်ထွက်လိုက်လေသည်။
တစ်ခဏချင်းမှာပင် တောင်ကြားသခင်က နန်းတော်အောက်မှာ မြှုပ်နှံခံလိုက်ရလေသည်။
သွေးသူရိယတောင်ကြား...။
ခုခံနေကြသော စစ်တပ်သည် ဆူဇီမို၏ စတုရတီတာအိုမီးဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကုန်ကြပြီး ခြေဦးတည့်ရာလှည့်ထွက်ပြေးကုန်ကြပြီဖြစ်၏။
ယခုအချိန်မှာ မီးတောက်များက တဖြည်းဖြည်း ငြိမ်းသေလာခဲ့၏။
ယခုအချိန်ထိ တောင့်ခံထားနိုင်ဆဲဖြစ်သော သွေးသူရိယတောင်ကြား ကျင့်ကြံသူများစွာသည် ကြီးမားသော နန်းတော်ကြီးက ပြိုကျသွားသည်ကို တွေ့မြင်လိုက်ရ၏။
ဆူဇီမိုနှင့် တောင်ကြားသခင်၏ အကြား တိုက်ပွဲကို ဘယ်သူကမှ သေချာသိရှိရခြင်း မရှိပေ။
သို့သော်လည်း လက်ရှိအခြေအနေအရ အဲ့ဒါက ဘယ်လောက်တောင် ပြင်းထန်ကြမ်းတမ်းသည်ကို သူတို့က ခံစားမိလိုက်ကြရ၏။
“တောင်ကြားသခင်ရှိနေမှတော့... ဆူဇီမိုက သေချာပေါက်ရှင်သန်နိုင်မှာ မဟုတ်ဘူး”
“ဆူဇီမိုက သေသွားမယ်ဆိုရင်တောင် အဲ့ဒါက ငါတို့ရဲ့ဆုံးရှုံးမှုတွေကို ဖာထေးနိုင်မှာ မဟုတ်ဘူး”
သွေးသူရိယတောင်ကြားမှာ ရှင်သန်ကျန်ရစ်သော ကျင့်ကြံသူများက စုစည်း၍ သက်ပြင်းချလိုက်ကြ၏။
“ကြည့်စမ်း... အဲ့ဒါဟိုလူပဲ... အဲ့ဒီလူ ဟုတ်တယ်မလား”
ထိုစဥ်မှာပင် သွေးသူရိယတောင်ကြား ကျင့်ကြံသူတစ်ယောက်က မလှမ်းမကမ်းရှိ ပြိုကျသွားသော နန်းတော်ဘက်ကိုလက်ညှိုးထိုးကာ သူ၏ အသံက တုန်ယင်နေ၏။
လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။
တထောင်းထောင်းထနေသော ဖုန်လုံးများကြားကနေ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လေထဲကနေပျံသန်းလာ၏။
သူ၏ ခန္ဓာကိုယ်က မည်သည့်ဒဏ်ရာအနာတရမှ မရှိဘဲ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်လောင်ပြင်းပြနေ၏။ သူက အပျက်အစီးပုံထဲကနေ လျှောက်လှမ်းထွက်လာသည့် နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ ဖြစ်ပြီး သူ့ကို လုံးဝလျစ်လျူရှု၍ မရနိုင်ပေ။