← Chapters

အင်မော်တယ်စုံတွဲ

Vol. 125 Ch. 1873

အင်မော်တယ်စုံတွဲ

Vol. 125 Ch. 1873

ဆူဇီမိုသည် ကျောက်စိမ်းဓားမြှောင်ကို လက်လှမ်း၍ယူလိုက်လေသည်။

“ဟမ့်...”

သူ၏ လက်ဖဝါးက ကျောက်စိမ်းဓားမြှောင်၏ အနားစောင်းနှင့် ထိမိသည့်ခဏမှာပင် သူက စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ လက်ဖဝါးပေါ်မှာ ဒဏ်ရာတစ်ခုပေါ်ထွက်လာ၏။

“အထင်ကြီးစရာပဲ”

ဆူဇီမိုက သူ့ဘာသာသူရေရွတ်လိုက်၏။

သူသည် အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခံစစ်အားက အရမ်းကို သန်မာလေသည်။ အဲ့ဒါက ရေ၊ မီးနှင့် တော်ရုံတန်ရုံလက်နက်တို့ကို မမှုပေ။ မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုပင်လျှင် သူ့ကိုထိခိုက်အောင် လုပ်နိုင်ချင်မှလုပ်နိုင်ပေလိမ့်မည်။

ယခု... သူ၏ လက်ဖဝါးသည် ကျောက်စိမ်းဓားမြှောင်နှင့် ညင်သာစွာထိမိသည့်ခဏမှာပင် ဒဏ်ရာရရှိသွားခဲ့လေပြီ။

ဓားမြှောင်က အနည်းဆုံး ကမ္ဘာမြေအဆင့် ဓမ္မရတနာတစ်ခုဖြစ်ပြီး ၎င်း၏ အရည်အသွေးကလည်း သေချာပေါက်မနိမ့်ကျပေ။

ထိုသို့ဆိုပါက အသူရာချောက်နက်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာသော ဂမ္ဘီရအလင်းများအားလုံးသည် နတ်ဘုရားလက်နက်များဖြစ်နေဖို့များလေသည်။

ဆူဇီမိုက ဘေးကိုလှည့်ပတ်ကြည့်ရှုလိုက်၏။ အသူရာချောက်နက်၏ တစ်ဖက်တစ်ချက်စီတွင် ချောက်နက်ထဲသို့ မဝင်ရောက်သေးသည့် ကျင့်ကြံသူအချို့ရှိကြလေသည်။ သူကဲ့သို့ပင် သူတို့သည် အမျိုးမျိုးသော ဓမ္မရတနာများကိုကောက်ယူပြီး အကြမ်းဖျင်းစစ်ဆေးကြည့်ရှုကာ အဆုံးစွန်ရတနာတစ်ခုကို ရရှိလိုက်သည့်အလား ကျေနပ်သဘောကျနေကြ၏။

ဆူဇီမိုက ကျောက်စိမ်းဓားမြှောင်ကို သိမ်းဆည်းတော့မည့်ဆဲဆဲမှာပင် သူ၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုဖျတ်ခနဲဝင်ရောက်လာ၏။

ချောက်ချားစရာကောင်းသော ထက်ရှမှုတစ်ခုက သူ၏ ဦးခေါင်းနောက်ဘက်ဆီသို့ ပစ်ဝင်လာလေသည်။

အဲ့ဒါကရောက်မလာခင်မှာပင် သူက သူ၏ ဦးရေပြားမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

“မကောင်းတော့ဘူး”

တိုက်ခိုက်သူ၏ နည်းလမ်းများက အရမ်းကို ထက်ရှပြီး ပြတ်သားလေသည်။ သူက အခြားသောလှုပ်ရှားမှုနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူ့အနေဖြင့် ဤသေကွင်းသေကွက်တိုက်ခိုက်မှုကနေ ရှောင်လွှဲနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ အစစ်အမှန်နဂါး လျှပ်စီးကိုးချက်ကို ထုတ်ဖော်လိုက်၏။

“ရွှစ်...”

ဖျတ်ခနဲဆို ဆူဇီမိုက နေရာကနေပျောက်ကွယ်သွား၏။

ဆူဇီမိုပြန်ပေါ်လာသည့် အချိန်မှာ သူသည် ခပ်ဝေးဝေးသို့ ရောက်ရှိသွားပြီး အစက သူရှိနေသောနေရာကို လှမ်းကြည့်လိုက်၏။

ထိုနေရာမှာ ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက ပိန်ပါး၍ စဉ်းလဲသောမျက်လုံးများရှိပြီး သူ့ထံမှ အလွန်တရားစွမ်းအားကြီးမားသော အော်ရာတစ်ခုဖြာထွက်နေ၏။

ထိုအော်ရာသည် မဟူရာအမြုတေနယ်ပယ်ကို ကျော်လွန်နေလေပြီ။

ကမ္ဘာမြေအင်မော်တယ်...။

“အာ...”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုအကြည့်တစ်ခုပေါ်ထွက်လာ၏။

အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်အပေါ် သူ၏ အလစ်အငိုက်ဖမ်းတိုက်ခိုက်မှုက လွဲချော်သွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် ထိုအဆင့်-၆ မဟူရာအင်မော်တယ်က သူ၏ သတ်ဖြတ်ကွက်ကနေ မည်သို့လွတ်မြောက်သွားသလဲ သူက မသိလိုက်ရပေ။

“စိတ်ဝင်စားစရာပဲ”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူက သူ၏ လက်ဖဝါးက်ု ဆန့်ထုတ်ပြီး ရယ်မောလိုက်လေသည်။

“အဲ့ဒီဓားမြှောင်ကိုထုတ်ပေး... မင်းလိုမျိုး အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်က ဒီလိုမျိုးနတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားဖို့ မထိုက်တန်ဘူး”

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်၍ ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ယခုတင်သူရရှိထားသော ကျောက်စိမ်းဓားမြှောင်ကို ပစ်ထုတ်ပေးလိုက်၏။

သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကိုကြီးမားနေ၏။

သူက သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုမည်ဆိုလျှင်တောင် သူက အနိုင်ရဖို့အခွင့်အရေးမရှိပေ။

ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ယောက်၏ ရှေ့မှာ သူ့အနေနှင့် ဧရာမရွှေငှက်၏ အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင်တောင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခဲယဥ်းပေလိမ့်မည်။

သူ့အနေဖြင့် ဓမ္မရတနာတစ်ခုအတွက် ဤလူနှင့် အတိုက်အခံ​ပြုလုပ်နေစရာမလိုပေ။

ဒါ့အပြင် ဤနေရာမှာ လူပေါင်းများစွာရှိနေ၏။

သူသည် ဤကမ္ဘာမြေအင်မော်တယ်ကို အတိုက်အခံပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်ရှိလိမ့်မည် မဟုတ်ပေ။

“မင်းက... လိမ္မာသားပဲ “

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က ကျောက်စိမ်းဓားမြှောင်ကို လက်ခံယူပြီး တစ်ချက်ကြည့်လိုက်၏။ ကျေနပ်နှစ်ခြိုက်သွားသော အမူအရာဖြင့် သူက ကျောက်စိမ်းဓားမြှောင်ကို သိမ်းဆည်းလိုက်လေသည်။

ဆူဇီမိုက ဓားမြှောင်ကို ပစ်ထုတ်ပေးပြီးနောက် နောက်သို့ဆုတ်လိုက်၏။

“နေဦး”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်၏ ခန္ဓာကိုယ်က ယိမ်းနွဲ့သွားပြီး သူ၏လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်လေသည်။ တစ်ခဏချင်းမှာပင် သူက ဆူဇီမို၏ရှေ့ကနေပိတ်ရပ်ပြီး လှောင်ရယ်လိုက်၏။

“မင်းကို ဘယ်သူက သွားခွင့်ပေးသေးလို့လဲ”

“အဆင့်မြင့်အင်မော်တယ်... အသူရာချောက်နက်ထဲမှာ ပိုပြီးတော့ကြီးမားတဲ့ အခွင့်အလမ်းတွေရှိတယ်... ခင်ဗျားက ကျုပ်လိုမျိုး မဟူရာအင်မော်တယ်တစ်ယောက်နဲ့ အချိန်ဖြုန်းနေလို့ ဘာများအကျိုးရှိမှာလဲ”

ဆူဇီမိုက သူ၏ စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးပြောလိုက်၏။

“ဟမ့်..”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က သရော်ပြုံးပြုံးလိုက်ပြီး သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ခုကို ထုတ်ဖော်ကာ အေးစက်စွာမေးလိုက်၏။

“စောစောက ငါ့ရဲ့တိုက်ခိုက်မှုကိုရှောင်ဖို့ မင်းက ဘာနည်းစနစ်ကို သုံးခဲ့တာလဲ”

ဆူဇီမိုသည် ရွှံ့ညွန်တောတစ်ခုထဲ ကျဆင်းသွားသည့်အလား ခံစားလိုက်ရပြီး သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ ကျရောက်သွားလေသည်။

သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိပေ။

“ရတယ်လေ... မင်းမပြောဘူးဆိုလည်း ငါကိုယ်တိုင် မင်းရဲ့ဝိညာဥ်ကို ရှာဖွေကြည့်ရမှာပေါ့”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်၏ မျက်လုံးက ကြမ်းကြုတ်ခက်ထန်စွာ ​တောက်ပလာပြီး သူက ဆူဇီမို၏ ခေါင်းကို လှမ်းဆွဲလိုက်၏။

ကမ္ဘာမြေအင်မော်တယ်၏ စိတ်ဝိညာဥ်အသိစိတ် စွမ်ပကားနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် ရုန်းထွက်ချင်သည်ဆိုပါက သူ၏ သွေးချီနှင့် ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ရပေမည်။

သို့သော်လည်း ထိုအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပေါက်ကြားသွားနိုင်လေသည်။

ဒါ့အပြင် သူက ဝှက်ဖဲများအားလုံးကို အသုံးပြုမည်ဆိုလျှင်တောင် သူ့အနေဖြင့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ လက်ထဲကနေ လွတ်မြောက်နိုင်ဖို့ ခက်ခဲလေသည်။

“တာအိုရောင်းရင်း... ခင်ဗျားက တင်စီးလွန်းမနေဘူးလား”

ထိုစဥ်မှာပင် မလှမ်းမကမ်းလေထဲကနေ ညင်သာသောအသံတစ်သံ ထွက်ပေါ်လာ၏။

အဲ့ဒီနောက် ပို၍ပင်သန်မာသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက တိုးဝင်လာပြီး ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်၏ စိတ်ဝိညာဥ်အသိစိတ်ကို ချေဖျက်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ရှေ့မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အတက်အကျ ပြင်းထန်စွာဖြစ်ပေါ်လာ၏။ အချိန်တိုအတွင်းမှာပင် အမြုတေချီဓားသွားတစ်ခုက စုဖွဲ့သွားပြီး ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“ဟမ့်...”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က တည်တံ့သွားပြီး သူသည် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိသည့်အလား သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုပေါ်ထွက်လာ၏။ သူက နောက်သို့အလောတကြီးဆုတ်ပြီး အော်မေးလိုက်၏။

“ဘယ်သူလဲ”

ဆူဇီမိုသည်လည်း သေဘေးကနေ လွတ်မြောက်လာပြီးနောက် လှမ်းကြည့်လိုက်လေသည်။

လေထဲတွင် လူနှစ်ယောက်က မတ်တတ်ရပ်နေ၏။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။

အမျိုးသားက စွမ်းပကားကြီးမားသော သွင်ပြင်ရှိပြီး သူ၏ ဆံပင်ရှည်များကို သူ၏ ပခုံးပေါ်မှာ ဒီတိုင်းချထားလေသည်။ သူက အတော်လေးချောမောကြည့်ကောင်းသော်လည်း ဆွဲဆောင်မှုအရှိဆုံးအရာမှာ သူ၏ နက်ရှ်ိုင်း၍ လွမ်းမောဖွယ်ရာကောင်းသော မျက်လုံးများဖြစ်လေသည်။ သူက ဘဝ၏ လောကဓံတရားများကို ထွင်းဖောက်မြင်နေသည့်အလားပင်။

အမျိုးသမီးမှာ ပြိုင်ဘက်ကင်းသွင်ပြင်များရှိပြီး သူမ၏ အသားအရေက နှင်းများထက်ပင် ပို၍ဖြူဖွေးနေ၏။ သူမ၏ မျက်လုံးများက ရေကဲ့သို့ကြည်လင်နေပြီး သူမ၏ လက်ချောင်းများက သွယ်လျနေလေသည်။ သူမမှာ ကြော့ရှင်းတင့်တယ်သော ဟန်ပန်တစ်ခုရှိပြီး အထက်တန်းကျသော အော်ရာတစ်ခုက ဖြာထွက်နေ၏။

သူတို့နှစ်ယောက်သည် သန့်ရှင်းသပ်ရပ်သော အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ အတူတကွ မတ်တတ်ရပ်နေရင်း သူတို့သည် အင်မော်တယ်စုံတွဲတစ်တွဲနှင့်တူနေလေသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

လွမ်းမောဖွယ်ရာကောင်းသော အမျိုးသားက ပြုံးပြလိုက်၏။

“တာအိုရောင်းရင်း... ဒီမဟူရာအင်မော်တယ်က ခင်ဗျားကို အဲ့ဒီဓားမြှောင်ထုတ်ပေးပြီးပြီပဲ... ခင်ဗျားက ဘာလို့သူ့ကို သတ်ဖို့ကြိုးစားနေရတာလဲ”

“ဟမ့်...”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က လှောင်ရယ်လိုက်၏။

“ငါသူ့ကို သတ်ချင်တယ်ဆိုတော့ရော ဘာဖြစ်လဲ... အောက်ဘုံကလာတဲ့ မဟူရာအင်မော်တယ်တစ်ယောက်က ပုရွတ်ဆိတ်တစ်ကောင်နဲ့အတူတူပဲ... ငါသူ့ကို နင်းချေသတ်ဖြတ်ချင်တယ်ဆိုရင်ရော ဘာဖြစ်လဲ... မင်းတို့ အသက်ရှည်ရှည်နေချင်ရင် သူများကိစ္စတွေမှာ ဝင်မပါဖို့ မင်းတို့နှစ်ယောက်ကို ငါအကြံပေးလိုက်မယ်”

ထိုသို့ပြောရင်း ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က သူ၏ ခါးပေါ်မှ တံဆိပ်ပြားကို အမှတ်တမဲ့ထိလိုက်လေသည်။

လွမ်းမောဖွယ်ရာအမျိုးသားက ဂရုမစိုက်သော အမူအရာတစ်ခုရှိလေသည်။

“ထောင့်လေးထောင့်ကျွန်းဆိုတာ မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းပဲ.... အဲ့ဒါက မဟာကျင်းနိုင်ငံမှာဆို ဘာမှမဟုတ်ဘူး”

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်၏ ခါးပေါ်ရှိ တံဆိပ်ပြားသည် ထောင့်လေးထောင့်ကျွန်း၏ ဂိုဏ်းတံဆိပ်ပြားဖြစ်လေသည်။

အစကတော့... သူသည် သူ့ဂိုဏ်း၏ အမည်ကို အသုံးချပြီး သူတို့နှစ်ယောက်ကို ခြိမ်းခြောက်ချင်လေသည်။

သို့သော် လွမ်းမောဖွယ်ရာအမျိုးသားက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်က မချင့်မရဲ ဖြစ်သွား၏။ သူက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဆူဇီမိုကို စိုက်ကြည့်ကာ လှည့်ထွက်သွားလေသည်။

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

သူက အင်မော်တယ်စုံတွဲ၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ကာ ဦးညွှတ်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်၏။

“ခင်ဗျားတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်... အဆင့်မြင့်အင်မော်တယ်တို့... ကျုပ်က ခင်ဗျားတို့ရဲ့ အသက်ကယ်ကျေးဇူးကို မှတ်သားထားပါ့မယ်... ခင်ဗျားတို့ကို ကျုပ်ဘယ်လိုခေါ်ရမလဲမသိဘူး”

“အဲ့ဒါက အထွေအထူးမဟုတ်ပါဘူး”

လွမ်းမောဖွယ်ရာအမျိုးသားက ခေါင်းညိတ်၍ တစ်စုံတစ်ရာထပ်မံပြောဆိုခြင်း မရှိတော့ပေ။

အဲ့ဒါက အထွေအထူးမဟုတ်သော်လည်း သူတို့နှစ်ယောက်ကလွဲလျှင် ဆူဇီမိုကဲ့သို့ မဟူရာအင်မော်တယ်တစ်ယောက်အတွက် တခြားဘယ်သူကများ ပိန်ပိန်ပါးပါး ကမ္ဘာမြေအင်မော်တယ်နှင့် အတိုက်အခံပြုလုပ်ပါ့မလဲ။

အဖြူရောင်ဝတ်အမျိုးသမီးက ဆူဇီမိုကိုကြည့်ပြီးမေးလိုက်၏။

“မင်းက... အခွင့်အလမ်းတွေကို ရှာဖွေဖို့အတွက် ဒီနေရာကိုရောက်လာတာလား”

“ဟုတ်ပါတယ်... ကျုပ်က ကံစမ်းကြည့်ချင်လို့ ဒီနေရာကို ရောက်လာတာ”

ဆူဇီမိုက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပေ။

အဖြူရောင်ဝတ်အမျိုးသမီးက ပြောလိုက်၏။

“ဒီချောက်နက်က အရမ်းကိုထူးခြားတယ်... အခုဆိုရင် ပညာရှင်တွေအများကြီးရောက်လာပြီ... လမ်းမှာဆိုရင် ငါတို့က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က ပြိုင်စံရှားအချို့ကိုတောင် တွေ့ခဲ့ရတယ်”

“အဲ့ဒီမှာ ကောင်းကင်အင်မော်တယ်အညာရှင်တချို့တောင် ရောက်လာတာ တွေ့ရတယ်”

လွမ်းမောဖွယ်ရာအမျိုးသားက တည်တံ့သောအမူအရာဖြင့် ဆက်ပြောလိုက်၏။

အဖြူရောင်ဝတ်အမျိုးသမီးက ညင်သာစွာ ပြောလိုက်လေသည်။

“မင်းရဲ့ကျင့်ကြံမှုအဆင့်အရဆို... မင်းကရှေ့ကိုဆက်သွားလို့ရှိရင် သေဖို့များတယ်... မင်းသတိထားရမယ်”

အဖြူရောင်ဝတ်အမျိုးသမီးက အဲ့ဒါကို အသေးစိတ်​ပြောဆိုမနေသော်လည်း သူမသည် ဆူဇီမိုကို ရှေ့ဆက်မတိုးဖို့ သတိပေးနေခြင်းဖြစ်၏။

“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဆင့်မြင့်အင်မော်တယ်တို့”

ဆူဇီမိုက ကျေးဇူးတင်ကြောင်း နောက်တစ်ဖန်ပြသလိုက်၏။

လွမ်းမောဖွယ်ရာအမျိုးသားနှင့် အဖြူရောင်ဝတ်အမျိုးသမီးက ဆူဇီမိုကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားကြလေသည်။

All Chapters