← Chapters

ပိုးဟပ်တစ်ကောင်၏ဇွဲ

Vol. 71 Ch. 1054

ပိုးဟပ်တစ်ကောင်၏ဇွဲ

Vol. 71 Ch. 1054

ရိုးသားစွာဝန်ခံရလျှင် အော်ရာ အတက်အကျများ ရှိနေသည့်အခိုက်အတန့်တွင် လူတိုင်းသည် အသက်ပင်မရှူဝံ့ကြပေ။

သက်သေ ကာကွယ်စောင့်ရှောက်ရေး အခန်းအတွင်းမှ မစ္စလျန့်လေးသည်ပင် အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

တကယ်တမ်းတွင် သူမသည် အသက် ၂ နှစ်သာရှိသေးသည့် ကလေးတစ်ယောက်သာ ဖြစ်သည်မဟုတ်ပါလော။

ဟုတ်ပါသည်၊ သာမန်ပိုးဟပ်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် အကြမ်းဖျင်းအားဖြင့် ၂ နှစ်ခန့်သာရှိသည်။

သို့သော် ကျင့်ကြံခြင်းလောကတွင်မူ ကွဲပြား၏။

လျန့်လေးက အသက် ၂ နှစ်ရှိပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကရှိ ပိုးဟပ်များ၏ သက်တမ်းအရ သူမသည် ကလေးအရွယ်သာ ရှိသေးသည်။

စကားမစပ်ပြောရလျှင် တကယ်တမ်းတွင် လျန့်လေးသည် ပိုးဟပ်ဝမ်ချမ်း၏ သမီးဖြစ်ပြီး ပိုးဟပ်လျန့်လေး ဟူသော နာမည်အပြည့်အစုံပင် ရှိသည်။

အကယ်၍ သူမအဖေဖြစ်သည့် ပိုးဟပ်ဘုရင်ဝမ်ချမ်းသာ မတောင်းဆိုခဲ့လျှင် လျန့်လေးသည် လူသားတစ်ဦးအတွက် သက်သေခံရန် သူမ၏ မှောင်မိုက်စိုစွတ်နေသော လှိုဏ်ဂူလေးကို ဘယ်သောအခါမှ ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။

ဆိုရလျှင် ပိုးဟပ်များနှင့် လူသားများသည် အမြဲသဘောထား ကွဲလွဲနေကြသည်။

ယနေ့အချိန်ထိ လျန့်လေးသည် လူသားများ၏ လိုက်ဖမ်းခြင်း ခံခဲ့ရသည်ကို အမှတ်ရမိနေဆဲ ဖြစ်သည်။

လူသားများသည် သူမတို့ကို မျက်စိဆံပင်မွေးစူးစရာဟု ယူဆကြပြီး ပိုးဟပ်ကို တွေ့သည်နှင့် ခြေဖြင့်နင်းကာ သုတ်သင်လေ့ရှိကြသည်။

စင်စစ် ပိုးဟပ်များအားလုံးသည် ရေဆိုးမြောင်းကဲ့သို့ ညစ်ပတ်သည့် နေရာများ၌ နေထိုင်ရသည်ကို မနှစ်သက်ကြပေ။

ယနေ့ခေတ်တွင် ပိုးဟပ်များသည် လောကီပုံစံကို လိုက်စားလာကြသည်။

ကျင့်ကြံခြင်းလောကရှိ ပိုးဟပ်များသည် ကျင့်ကြံသူများအတွက် အန္တရာယ်ရှိသော အမှိုက်အမျိုးအစား အားလုံးကိုပင် ပြိုကွဲပျက်စီးစေခဲ့သည်။

ယင်းမှာ ကျင့်ကြံသူများကို အကျိုးပြုသည်နှင့် မခြားပေ။

သက်ရှိအားလုံးသည် တန်းတူညီမျှဖြစ်ပြီး အဆုံးမဲ့သံသရာတွင် ရှိနေကြသော သတ္တဝါများ ဖြစ်သည်။

ကံဆိုးစွာဖြင့် လူတိုင်းသည် ဤသဘောတရားကို နားမလည်ကြပေ။

သက်သေ ကာကွယ်စောင့်ရှောက်ရေး အခန်းအတွင်းမှ မစ္စလျန့်လေးသည် အနည်းငယ် စိုးရိမ်ထိတ်လန့်နေခဲ့သည်။

ထိုအချိန်မှာပင် မစ္စလျန့်လေး၏ အခန်းရှိ ကွန်ပျုတာဖန်သားပြင်ကနေ လူသတ်ငွေ့များနှင့်အတူ အရိပ်တစ်ခုက ထွက်ပေါ်လာသည်။

သို့သော် ထွက်ပေါ်လာပြီးနောက်တွင် ထိုအရိပ်သည် လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

အကြောင်းအရင်းမှာ အခန်း၌ မည်သူ့ကိုမှ မတွေ့ရှိရသောကြောင့် ဖြစ်သည်။

“လျန့်လေးက ဒီမှာရှိမနေဘူးလား”

အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲထားသော ဝူယွမ်ကျီသည် သံသယများနှင့် ပြည့်နှက်သွားခဲ့သည်။

နေရာမှားခြင်းဖြစ်နိုင်သည်ဟု သံသယရှိခဲ့သော်လည်း ဤနေရာက သက်သေကာကွယ်ရေးအခန်း ဖြစ်နေသည်မှာ ထင်ရှားနေသည်။

“ဒီမှာ မရှိရင် မစ္စလျန့်လေးက ဘယ်နေရာမှာ ရှိနေနိုင်မလဲ”

ဝူယွမ်ကျီက ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

“နင်ငါ့ကိုရှာနေတာလား”

ဝူယွမ်ကျီ စိတ်ရှုပ်ထွေးနေသော အချိန်မှာပင် ချစ်စဖွယ်ကောင်းသောအသံ တစ်သံ ထွက်ပေါ်လာသည်။

ထိုအသံက ကလေးမလေး တစ်ယောက်၏အသံ ဖြစ်ပြီး ချွဲ့နွဲ့သောအသံမျိုး ဖြစ်သည်။

ဝူယွမ်ကျီက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ဤအခန်းထဲ၌ မည်သူမှမရှိကြောင်း ထပ်မံ အတည်ပြုလိုက်ပြီးနောက် ဝူယွမ်ကျီသည် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

အသံပိုင်ရှင်က မည်သည့်နေရာတွင် ရှိနေပါသနည်း။

အာရုံနောက်လာသောကြောင့် ဤအမှုကို လက်မခံရန်ပင် တွေးမိခဲ့သည်။

စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် တစ်ခါတစ်ရံတွင် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများထက် ပိုမိုဆိုးရွားသည် မဟုတ်လော။

“နင်ငါ့ကို ရှာနေတာလား”

ကလေးမလေး၏ ချွဲချွဲနွဲ့နွဲ့ အသံက ထပ်မံ ထွက်ပေါ်လာ၍ ဝူယွမ်ကျီ ထိတ်လန့်သွားသည်။

ထို့နောက်တွင် ဝူယွမ်ကျီသည် အသံလာရာဆီသို့ အသေးစိတ်ဂရုတစိုက် ရှာဖွေခဲ့သည်။

အဆုံးသတ်တွင် အသံက သူ့ရှေ့ရှိ ငါးကန်ထဲမှ ထွက်လာသည်ကို အတည်ပြုနိုင်ခဲ့သည်။

ကန်ထဲတွင် ငါးမရှိပေ။

သူ့ကိုမော့ကြည့်နေသော ပိုးဟပ်လေး တစ်ကောင်သာ ရှိ၏။

“ပိုးဟပ်လား”

ဝူယွမ်ကျီက တုန်လှုပ်သွားခဲ့ပြီး ဖြစ်နိုင်ချေတစ်ခုကို တွေးမိခဲ့သည်။

“ဒါက လျန့်လေးလို့တော့ ငါ့ကိုမပြောနဲ့နော်”

“နင်လျန့်လေးကို ရှာနေတာမဟုတ်လား.. ငါကလျန့်လေးပဲ”

လျန့်လေးက ဝူယွမ်ကျီ၏ အရိပ်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေသည်။

ပိုးဟပ်မျိုးနွယ်စုသည် အရိပ်ကို သဘာဝအတိုင်း ချစ်မြတ်နိုးတတ်သောကြောင့် လျန့်လေးသည် ဝူယွမ်ကျီကို မြင်လိုက်သော အခိုက်အတန့်တွင် အနည်းငယ်မျှ မကြောက်ရွံ့တော့ဘဲ ထူးဆန်းသော ရင်းနှီးမှုမျိုးကို ခံစားခဲ့ရသည်။

ဝူယွမ်ကျီက သူ၏ ထိတ်လန့်မှုကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ပြင်းထန်စွာ ရယ်မောလိုက်သည်။

“ဟက်.. ပိုးဟပ်ကို သက်သေအဖြစ် သုံးဖို့အထိ ဒီလူတွေ ရူးသွားပြီလား”

ထိုကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသော သက်သေကို တရားရုံးက မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

သို့သော်လည်း ဤနေရာကိုရောက်နေပြီ ဖြစ်၍ ဝူယွမ်ကျီက လက်ဗလာနှင့် ပြန်မသွားနိုင်ပေ။

ဤပိုးဟပ်က သူခက်ခက်ခဲခဲ ရှာဖွေနေသော လျန့်လေးဖြစ်သည်ကို အတည်ပြုပြီးနောက်တွင် “လျန့်လေး.. ကျေးဇူးပြုပြီး ငရဲကို သွားလိုက်တော့”ဟု ကြုံးဝါးလိုက်၏။

ဝူယွမ်ကျီက လူအများအပြားကို သတ်ခဲ့သော အတွေ့အကြုံရှိ၍ ၂ နှစ်သား ပိုးဟပ်လေးတစ်ကောင် အတွက် စိတ်ထိခိုက်နေမည် မဟုတ်ပေ။

ထိုခဏမှာပင် အရိပ်အသွင်ပြောင်းထားသော ဝူယွမ်ကျီသည် အလွန် ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအားက လက်ဖဝါးကနေ ထွက်ပေါ်လာခဲ့သည်။

“ဝုန်း”

ငါးကန်က ချက်ချင်းပင် ကွဲထွက်သွား၏။

ဤမျှကြီးမားသော ဝိညာဉ်ရေး ဖိအားအောက်တွင် လျန့်လေးသည် သတိလစ်သွားခဲ့သည်။

“ယုတ်ညံ့တဲ့သတ္တဝါကိုတော့ ငရဲကို ပို့လိုက်ပြီ”

ဝူယွမ်ကျီက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ့လက်ဝါးကိုရုပ်သိမ်းလိုက်သည်။

ဤသည်မှာ ပိုးဟပ်တစ်ကောင်မျှသာ ဖြစ်သည်။

သူ့အနေဖြင့် ပိုးဟပ်တစ်ကောင်ကိုပင် မကိုင်တွယ်နိုင်လျှင် ကျင့်ကြံခြင်းလောကတွင် နတ်ဆိုးရှေ့နေ ဟူသောဂုဏ်ပုဒ်နှင့် ရပ်တည်ရန် လိုအပ်တော့မည် မဟုတ်ပေ။

သို့သော် ဝူယွမ်ကျီ ထွက်ခွာခါနီးတွင် သေဆုံးပြီဟု ယူဆခဲ့သော လျန့်လေးသည် ပြန်လည်နိုးထလာခဲ့သည်။

“အား.. ကျွတ်ကျွတ်.. နာလိုက်တာ.. ကျွန်မက ၂ နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးလေးပါ.. ဒီလောက်ထိ မရက်စက်လို့ မရဘူးလား.. ပြောစရာရှိရင် အေးအေးဆေး‌ဆေး ဆွေးနွေးလို့ရပါတယ်”

လျန့်လေးက စိတ်ဆိုးနေသော အမူအရာဖြင့် ပြောလိုက်သည်။

“သူမ တကယ်ပဲ အသက်ရှင်နေတာလား”

ဝူယွမ်ကျီ၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားသည်။

သူက မဆိုင်းမတွပင် နောက်သို့လှည့်၍ လျန့်လေးကို ကြည့်လိုက်သည်။

သူ၏ လက်ဝါးရိုက်ချက်က သူမကို ထိမှန်ကြောင်း သေချာ၏။

ဤလက်ဝါးရိုက်ချက်ကို ကျင့်ကြံသူများပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူတစ်ဦးသည်ပင် သူ၏ လက်ဝါးဖြင့် တိုက်ရိုက် ထိမှန်ပါက နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည် ဖြစ်သည်။

“ဟက်.. ပိုးဟပ်လို သတ္တဝါကများ ငါ့ကို အံတုရဲတယ်လား”

သို့သော်လည်း ဝူယွမ်ကျီသည် သူ၏ လက်စလက်နကို ယုံကြည်သည်။

ဤသည်က ပိုးဟပ်တစ်ကောင်မျှသာ ဖြစ်သည်။

ယခုအခါတွင် စကားပြောနေသော်လည်း ခဏအကြာတွင် ပိုးဟပ်ကြော် အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထိုသို့ တွေးလိုက်ကာ ဝူယွမ်ကျီက အားပါးတရ ရယ်မောလိုက်၏။

ထိုအချိန်မှာပင် ပြားချပ်နေသောလျန့်လေးသည် လေထိုးလိုက်သော အရုပ်တစ်ရုပ်ကဲ့သို့ ဖောင်းကားလာခဲ့သည်။

“နင်က အရမ်းရက်စက်တာပဲ.. အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ ဥပဒေကို နင်ချိုးဖောက်ခဲ့တယ်”

လျန့်လေးက ဝူယွမ်ကျီကို ပြောလိုက်သည်။

ထင်မှတ်မထားသော မြင်ကွင်းကြောင့် ဝူယွမ်ကျီက အံ့ဩထိတ်လန့်သွားခဲ့သည်။

“ဒါဆို ပိုးဟပ်တွေ မသေနိုင်ဘူးဆိုတဲ့ ကောလာဟလက တကယ်ပဲပေါ့.. ပိုးဟပ်က တကယ်ပဲ ဖျက်ဆီးလို့မရတဲ့ သတ္တဝါလား”

ဝူယွမ်ကျီက ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ ကမ္ဘာကြီးပေါ်အမြင်များ ပြိုလဲတော့မည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း အမှန်တရားမှာ လျန့်လေးသည် ပိုးဟပ်ဘုရင်ဝမ်ချမ်းထံမှ ဆင်းသက်လာ၍ အသက်ပြင်းနေခြင်းသာ ဖြစ်သည်။

ပိုးဟပ်ဘုရင်ဝမ်ချမ်း ဆိုသည်မှာ မည်သို့သော ပိုးဟပ်မျိုးနည်း။

၎င်းက ဝမ်လင်း၏ ခေါက်ဆွဲကြွပ်ကြော်များကို စားသုံး၍ ရှင်သန်လာသည့် အသန်မာဆုံးပိုးဟပ်တစ်ကောင် ဖြစ်သည်။

အသန်မာဆုံးပိုးဟပ်၏ မျိုးဆက်သည် အရိုက်အနှက်ခံနိုင်သော စွမ်းရည်ကို သဘာဝအတိုင်းပင် အမွေဆက်ခံနိုင်ပေသည်။

လျန့်လေး၏ ကြောက်မက်ဖွယ်စွမ်းရည်က ရဲအရာရှိအားလုံးကို အံ့အားသင့်စေခဲ့သည်။

လျန့်လေးက သူတို့ကို အချိန်ဆွဲပေးခဲ့၍ ဝူယွမ်ကျီ လူသတ်ရန် ကြိုးပမ်းနေချိန်တွင် ရဲများသည် အခန်းတစ်ခုလုံးကို အတားအဆီး အစီအရင်များ ချထားလိုက်ပြီ ဖြစ်သည်။

ထို့နောက်တွင် ရဲများသည် ကွန်ပျူတာ၏ ပါဝါအရင်းအမြစ်ကို ဖြတ်ချလိုက်၍ ဝူယွမ်ကျီအနေဖြင့် စခရင်ထဲမှ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

အခန်းအတွင်း မီးများလင်းသွားသော အချိန်တွင် အရိပ်သဏ္ဍာန် ဖြစ်နေသည့် ဝူယွမ်ကျီသည် ထိုအရာက ထောင်ချောက်တစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည်။

သူက အခန်းထဲတွင် ပိတ်မိသွားပြီဖြစ်ပြီး ကောင်းထျန်းနှင့်ကျိုးရီတို့သည် တံခါးဝတွင် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

ကျိုးရီ “ရှေ့နေဝူ.. မင်းမလွတ်မြောက်နိုင်တော့ဘူး”

ကောင်းထျန်း “ရှေ့နေဝူ.. မင်းက သက်သေတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားတယ်.. တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်တယ်.. ဒါ့အပြင် တားမြစ်မှော်အတတ်တွေကို ကျင့်ကြံတဲ့အတွက် ငါတို့ ရဲတွေက ဖမ်းလိုက်ပြီ.. မင်းအနေနဲ့ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်”

အပိုင်း(၁၀၅၄) ပြီး၏

All Chapters