ဝမ်လင်း၏လက်အရှိန်
Vol. 71 Ch. 1055
အခြားတစ်ဖက်တွင်လည်း ဖူဖူရှန့်သည် ထိန်းသိမ်းရေးစခန်းတွင် အခြေအနေကို စောင့်ဆိုင်းနေခဲ့သည်။
သူက သတင်းကောင်းကို မရရှိခဲ့ဘဲ ဝူယွမ်ကျီကို အရှင်လတ်လတ် ဖမ်းမိခဲ့သည်ဟူသည့် သတင်းကိုသာ ရရှိခဲ့သည်။
ဖူဖူရှန့်က ထိုင်ခုံပေါ်တွင် ပစ်လဲကျသွားပြီး ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
ထိန်းသိမ်းရေးစခန်းရှိ ရဲများ၏ အဆိုအရ ဖူဖူရှန့်၏ ဆံပင်များသည် ညတွင်းချင်းပင် ဖြူသွားကြောင်း သိခဲ့ရ၏။
ဝူယွမ်ကျီကို အရိပ်အသွင်မှ ဖယ်ရှားလိုက်ပြီးနောက်တွင် ဝိညာဉ်လက်ထိပ်ဖြင့် ချုပ်နှောင်လိုက်သည်။
ကောင်းထျန်းက ဝူယွမ်ကျီကို အဘယ်ကြောင့်ဤမျှ အစွမ်းထက်နေရသနည်းဟု မေးလိုက်သောအခါတွင် ဝူယွမ်ကျီ၏ အဖြေသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
“အဲဒါက အေးခဲထားတဲ့ ဖက်ထုပ်တစ်ထုပ်ကို စားမိခဲ့လို့ပါ”
ဝူယွမ်ကျီက ပြန်ဖြေလိုက်သည်။
“ဒီတစ်ခါလည်း အေးခဲထားတဲ့ ဖက်ထုပ်ပဲလား”
ရဲဗျူရို၏ အကြီးအကဲကျိုးက မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အကြီးအကဲကျိုးက ကျန့်ကျင်းရွှယ် ဝန်ခံပြီးနောက်တွင် အေးခဲထားသော ဖက်ထုပ် တစ်ထုပ်က်ို ဝယ်စားခဲ့သည်။
သူ ဝယ်စားခဲ့သည့် ဖက်ထုပ်မှာ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးမှ ထုတ်လုပ်သည့် ဘရိုကိုလီအရသာ အေးခဲထားသော ဖက်ထုပ် ဖြစ်သည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ ဖက်ထုပ်သည် တခြားဖက်ထုပ်များထက် ပို၍ စျေးကြီးသည်။
အကြောင်းအရင်းမှာ ၎င်းတို့က ဖက်ထုပ်လုပ်ရန် အတွက် ဘရိုကိုလီကို ကိုယ်တိုင် စိုက်ပျိုးထားခြင်းကြောင့် ဖြစ်၏။
“အဲဒီဖက်ထုပ်ထဲမှာ ဘာတွေထည့်ထားတာလဲ”
ကောင်းထျန်းက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“အရသာကတော့ အရမ်းကောင်းတယ်.. ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက် အထူးသင့်လျော်တဲ့ အာဟာရဖက်ထုပ်တွေ ဖြစ်တယ်ဆိုတာပဲ မှတ်မိတယ်”
ဝူယွမ်ကျီက ပြန်လည်ဖြေကြားလိုက်သည်။
“မင်းမှာ ကိုယ်ဝန်မရှိဘဲ ဘာလို့ ဒါတွေစားသောက်နေရတာလဲ”
ငွေရောင်လေးက တအံ့တဩဖြစ်ကာ မေးလိုက်သည်။
“ငါ့ရဲ့ရုံးဝန်ထမ်းတွေကို လစာပေးဖို့ လိုတယ်လေ.. ငါစားခဲ့တဲ့အေးခဲဖက်ထုပ်က ဒိတ်လွန်နေလို့ ဆိုင်ပြန်သွင်းတဲ့ပစ္စည်းပဲ.. အဲဒီလို ပစ္စည်းတွေက ပုံမှန်ထက် ဈေးသက်သာတယ်လေ”
“ငါသဘောပေါက်ပြီ”
ကောင်းးထျန်းက ခေါင်းညိမ့်၍ ပြောလိုက်သည်။
ဝူယွမ်ကျီပြောသော အေးခဲဖက်ထုပ်၏ အခြေခံအချက်အလက်သည် ဖေဖေကျန့် ဝန်ခံသောအကြောင်းအရာနှင့် တူညီမှုရှိနေသည်။
ထုတ်လုပ်သူအချို့က ဤအေးခဲထားသော ဖက်ထုပ်များကို စမ်းသပ်မှုတစ်ခုအနေဖြင့် အသုံးပြုနေပြီး ဖက်ထုပ်ထဲတွင် တရားမဝင် ဆေးဝါးများ ထည့်ထားခြင်း ဖြစ်နိုင်ပါသလော။
ကောင်းထျန်းက ဖြစ်နိုင်ချေကို တွေးတောနေသည်။
မူးယစ်ဆေးဝါးနှင့် တရားမဝင် ဆေးဝါးများကို နှိမ်နင်းရန်မှာ လူတိုင်းတွင် တာဝန်ရှိသည်မဟုတ်လော။
ဆိုရလျှင် မူးယစ်ဆေးဝါးနှင့် တရားမဝင် ဆေးဝါးများကြောင့် မိသားစုမည်မျှ ပျက်စီးခဲ့ရမှန်း မသိတော့ပေ။
ရက်စက်ကြမ်းကြုတ်သော မူးယစ်ဆေးဝါးရောင်းဝယ်သူများကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိများစွာ စတေးခဲ့ရသည်မှာ အမှန်တရား တစ်ခုပင်။
ဆိုရလျှင် မူးယစ်ဆေးဝါးနှင့် တရားမဝင် ဆေးဝါးတိုက်ဖျက်မှုသည် အမျိုးသား ခုခံရေးလှုပ်ရှားမှုပင် ဖြစ်သင့်၏။
ယခုအခါ ဈေးကွက်ထဲတွင် မူးယစ်ဆေးဝါး အသစ်များသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ အေးခဲဖက်ထုပ်များထဲတွင် ထိုကဲ့သို့ ဆေးဝါးမျိုးကို ထည့်သွင်းထားသည်ဆိုလျှင် အမှန်တကယ် ဒေါသထွက်စရာ လုပ်ရပ်တစ်ခုပင် ဖြစ်၏။
“ဒီဖက်ထုပ်တွေရဲ့ ဇစ်မြစ်ကို ချက်ချင်း လိုက်ရှာကြည့်ပါ”
အကြီးအကဲကျိုးက ပြဿနာ မည်မျှပြင်းထန်သည်ကို ရှင်းလင်းစွာ သိရှိပြီးနောက်တွင် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
သို့ရာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အတွက် အေးခဲထားသောဖက်ထုပ် ဟူသော အကြောင်းကိုကြားလျှင် ကျိုးရီ၏ အမူအရာသည် ချိတုံချတုံ ဖြစ်သွားခဲ့သည်။
သူ့ဆရာ၏အမေသည် ကိုယ်ဝန်ဆောင် ဖြစ်နေပြီး ကျင့်ကြံခြင်းဌာန စတိုးဆိုင်ကနေ ပစ္စည်းအများအပြားကို ဝယ်ယူခဲ့ရာ ထိုအထဲတွင် အေးခဲဖက်ထုပ်များ ပါဝင်နေခဲ့သည်။
ကျိုးရီက ဝမ်မိသားစုအိမ်ငယ်လေးသို့ အလည်သွားစဉ်တွင် မေမေဝမ်က ဒိတ်လွန်သွားသော ကုန်ပစ္စည်းများကို ထရပ်ကားပေါ်သို့ ပြန်လည်ရွှေ့ခဲ့ပြီး ထိုအထဲတွင် အေးခဲဖက်ထုပ် ဘောက်စ် တစ်ခု ပါဝင်ကြောင်း ကျိုးရီသတိထားမိသည်။
ထို့ကြောင့် စတိုးဆိုင်ကို ပြန်သွင်းသည့် ကုန်ပစ္စည်းကဏ္ဍတွင် တစ်ချိန်က ဝမ်မိသားစု အိမ်ငယ်လေး ထံ၌ ရှိခဲ့ဖူးသော အေးခဲဖက်ထုပ်ဘောက်စ် ရှိနေသည်မှာ သေချာသည်။
ထိုဖက်ထုပ်က ဝူယွမ်ကျီနှင့် ဖေဖေကျန့်တို့ စားသုံးခဲ့သော ဖက်ထုပ်များနှင့် ဆက်စပ်မှုရှိမရှိ ဆိုသည်ကိုမူ ကျိုးရီ မသိသေးပေ။
“ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးမဟုတ်လား”
သူက ဤကိစ္စကို မှတ်သားထားခဲ့ပြီး အတည်ပြုရန်အတွက် သူ၏ဆရာကို မက်ဆေ့ချ်ပို့ရန် စီစဉ်ခဲ့သည်။
သူ၏ဆရာက လုပ်စရာမရှိသည့် အခါမျိုးတွင် စွဲမက်ဖွယ်ကောင်းသော စားစရာများ စားရသည်ကို နှစ်သက်ကြောင်း သူသိထား၏။
အကယ်၍ သူ့ဆရာသာ ဤအေးခဲဖက်ထုပ်ကို အမှန်တကယ်စွဲလမ်းမိခဲ့လျှင် အရာအားလုံးသည် အဓိပ္ပါယ်ရှိလာမည်ဖြစ်သည်။
သူ့ဆရာ စားသုံးသော အေးခဲဖက်ထုပ်များကို စားသုံးသူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်တွင် လျင်မြန်စွာ အဆင့်မတက်နိုင်မှသာ ထူးဆန်းနေလိမ့်မည်။
၎င်းတို့က ရုတ်တရက် တိုးတက်လာသော ခွန်အားများကို မှန်ကန်သည့်နေရာတွင် အသုံးပြုလျှင် ကောင်းမွန်မည်ဖြစ်၏။
အကယ်၍ ၎င်းတို့က ဝူယွမ်ကျီ ကဲ့သို့ ဥပဒေကို ချိုးဖောက်ရာတွင် အသုံးပြုလျှင်မူ လူ့အဖွဲ့အစည်းအတွက် အနှောင့်ယှက်ဖြစ်စေရုံမက ရဲများသည်လည်း အမြဲလိုလို အလုပ်များနေမည်ဖြစ်သည်။
ထိုညတွင်ပင် ဝူယွမ်ကျီသည် စစ်ဆေးမေးမြန်းမှုအတွင်း သူ၏ ပြစ်မှုများကို ဝန်ခံခဲ့သည်။
သူကျူးလွန်ခဲ့သည့် အပြစ်များက များပြားလွန်းနေ၍ ဝူယွမ်ကျီတွင် ခုခံချေပရန် နည်းလမ်းမရှိတော့ပေ။
သူက အနည်းဆုံး ထောင်ဒဏ်နှစ်တစ်ရာ အထိ ကျခံရတော့မည် ဖြစ်၏။
ဉာဏ်ပညာနှင့် မလိုလားအပ်သော နည်းပညာများကို အသုံးချ၍ တရားရေးမဏ္ဍိုင်ကို အနှောင့်အယှက်ပေးခဲ့သော နတ်ဆိုးရှေ့နေသည် အဆုံးသတ်တွင် ဥပဒေမှ မလွတ်မြောက်နိုင်တော့ပေ။
နောက်တစ်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၃၇ ရက်မြောက်နေ့ ဖြစ်သည်။
ထိုနေ့ရုံးချိန်းတွင် ဖူဖူရှန့်သည် တစ်ယောက်တည်း ဖြစ်နေခဲ့သည်။
သူ့တွင် ရှေ့နေလိုက်ပေးမည့်သူ မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဝူယွမ်ကျီ အဖမ်းခံရပြီးနောက်တွင် စုန့်ဟိုင်တစ်မြို့လုံးရှိ ရှေ့နေများသည် ဤအမှုကို ကူညီဆောင်ရွက်ပေးရန် ဆန္ဒမရှိကြချေ။
အလားတူပင် လျန့်လေး၏ အသွင်အပြင်သည်လည်း ကျင့်ကြံခြင်း လောကတစ်ခုလုံးကို အံ့ဩတုန်လှုပ်စေခဲ့သည်။
ဝမ်လင်း မနက်အိပ်ရာထသောအခါတွင် အတန်းချက်ဂရုသည် အသက်ဝင်နေခဲ့ပြီ ဖြစ်သည်။
ပိုးဟပ်ကို သက်သေအဖြစ် အသုံးပြုလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
“သက်သေက ပိုးဟပ်.. တကယ်ပဲလား.. ငါ့ရဲ့ခန့်မှန်းချက်က တကယ်ပဲ ဖြစ်လာတာလား”
ချန်းချောင်က အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်သည်။
မကြာသေးမီကပင် သူသည် ပိုးဟပ် သို့မဟုတ် အခြားပိုးကောင်အချို့က ဖြစ်ပျက်ခဲ့သည်များကို မြင်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း တရားရုံးတွင် သက်သေထွက်ဆိုရန် အတွက် ပိုးဟပ်ကို အမှန်တကယ် ရှာတွေ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချက်ဂရုတွင် တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုနေသော ပိုးဟပ်လေး၏ ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေထားခဲ့သည်။
လျန့်လေး တရားရုံးတွင် အဖြစ်မှန်များကို အခိုင်အမာ ပြောဆိုနေသည့် မြင်ကွင်းကို မြင်လိုက်သူတိုင်းသည် မရယ်မောဘဲ မနေနိုင်တော့ပေ။
“ဒီပိုးဟပ်လေးက ဘာလို့ ချစ်ဖို့ကောင်းနေရတာလဲ.. အရင်ကတော့ ပိုးဟပ်တွေက ရွံဖို့ကောင်းတယ်လို့ ငါထင်ခဲ့ဖူးတယ်.. ဒါက ပိုးဟပ်လေးရဲ့ ချစ်စရာကောင်းတဲ့အသံကြောင့် ဖြစ်နိုင်လား”
“ဟုတ်တယ်.. ဖြစ်နိုင်တယ်.. ချွဲပစ်ပစ်အသံက မကောင်းမှုအားလုံးရဲ့ အရင်းခံပဲ.. တချို့တွေကတော့ ဒီအသံနဲ့ သူများရဲ့ ပိုက်ဆံကို လိမ်လည်ဖို့ အသုံးပြုကြတယ်.. ပိုးဟပ်လေးကတော့ ချစ်စရာကောင်းတဲ့ အသံနဲ့ တွဲဖက်အသုံးပြုတယ်”
ထိုအချိန်တွင် ဆရာမဖန်က ချက်ဂရုထဲတွင်ဝင်ပြောလိုက်သည်။
“ကျောင်းသားတို့.. ဒါက သက်ရှိအားလုံး တန်းတူညီမျှရှိတဲ့ သက်သေပဲ.. သက်ရှိအားလုံးကြားမှာ သဟဇာတ ရှိနေသရွေ့ ပိုးဟပ်တောင်မှ လူသားတွေကို ကူညီဖို့ ဖြစ်လာခဲ့တယ်.. ဒါကအလွန်အရေးပါတဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက် သေချာဆင်ခြင်သုံးသပ်သင့်တယ်.. ဒါကြောင့် ကျောင်းသားတို့.. မင်းတို့ကို ငါ တာဝန်တစ်ခု ထပ်ပေးမယ်”
လူတိုင်း “..........”
“အဓိကအကြောင်းအရာအဖြစ် လူသားနဲ့ပိုးဟပ်တွေ အတွက် အပြုသဘောဆောင်တဲ့ စာစီစာကုံးကို စကားလုံး ၈၀၀ ထက်မနည်း ရေးရမယ်.. စာစီစာကုံးထဲမှာ သက်ရှိသတ္တဝါအချင်းချင်းကြားက ချစ်ကြည်ရင်းနှီးမှုကိုလည်း ဖော်ကျူးရမယ်”
“..........”
အသက်ဝင်နေသော ချက်ဂရုက ချက်ချင်းပင် ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
“???”
ဆရာမဖန် “ကျောင်းသားတို့.. မင်းတို့ဘာလို့ တစ်ခွန်းမှ ဝင်မပြောရတာလဲ.. စာစီစာကုံးမှာ စာလုံးရေ နည်းလွန်းတယ်လို့ ခံစားရလို့လား.. ဒီလိုလုပ်ပါလား.. ချက်ဂရုထဲမှာ ပထမဆုံး တုံ့ပြန်တဲ့ ကျောင်းသား ၅ယောက်က စာလုံး ၈၀၀ လောက်ပဲ ရေးရမှာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အနည်းဆုံး စာလုံး ၂၀၀၀ လောက် ရေးရလိမ့်မယ်”
ဝမ်လင်းက ချက်ချင်းပင် စာချန်ပြအမှတ်အသားဖြင့် တုံ့ပြန်လိုက်သည်။
(-)
“အရမ်းလိမ္မာတယ်.. စာလုံး ၈၀၀ ပဲ ရေးရမယ့် ပထမဆုံးကျောင်းသားလေး ဝမ်လင်းကို ဂုဏ်ပြုပါတယ်”
ဆရာမဖန်က ကျေနပ်စွာခေါင်းကို ညိမ့်လိုက်သည်။
“မေဘေးဝမ်လင်း.. မင်းက ငလည်ပဲ.. မင်းပုန်းနေတယ် ဆိုတာ ငါသိပေမဲ့ မင်းရဲ့ လက်အရှိန်က ဒီလောက်မြန်တာ ငါတစ်ခါမှမြင်ဖူးဘူး”
ချန်းချောင်က ကူကယ်ရာမဲ့စွာဖြင့် ဝမ်လင်းကို ပြောလိုက်သည်။
အပိုင်း(၁၀၅၅) ပြီး၏