← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

လူငယ်က ခြံဝင်းထဲကို ထွက်လာသည့် ကျန်းချန်ကို ကြည့်ပြီး မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

သူက ကျန်းချန်ကို ပေါ့ပါးစွာ ကြည့်၍ မေးလိုက်သည်။

"ဒါက မင်းရဲ့ ခြံဝင်းလို့ ပြောပုံထောက်ရင် မင်းက ကျန်းချန်ပဲ ဖြစ်ရမယ်"

"ငါဘယ်သူလဲဆိုတာ အရေးကြီးလို့လား"

ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ ခြံဝင်းထဲကို ကျူးကျော်လာတဲ့အပြင် ငါ့လူတွေကိုပါ နာကျင်စေခဲ့တယလ"

"ဒါက သာမန် ခွေးအစေခံ နှစ်ယောက်ပဲ.. သူတို့က ငါ့ကို ဟန့်တားလို့ ဆုံးမလိုက်တာပဲ.. သူတို့ရဲ့ အသက်ကို မယူခဲ့တာပဲ သူတို့အတွက် အတော်လေး ကံကောင်းနေပြီ"

လူငယ်က ကျန်းချန်ကို လုံးဝ ဂရုမစိုက်သော အမူအရာဖြင့် တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"ငါက မုန့်ချင်းရွှယ်ကို ရှာနေတာ.. မုန့်ချင်းရွှယ်ကို ငါ့ဆီ ခေါ်လာပေးပါ"

သူ၏ အသံက အစေခံကို အမိန့်ပေးသလို အထက်စီးဆန်နေတယ်"

ကျန်းချန်က လူငယ်၏စကားကို လျစ်လျူရှုကာ ပြောလိုက်သည်။

"မင်းရဲ့ မျက်လုံးထဲမှာတော့ သူတို့က ခွေးအစေခံတွေပဲ.. ဒါပေမယ့် ငါ့ရဲ့ မျက်လုံးထဲမှာတော့ မင်းက ခွေးထက်တောင် ယုတ်ညံ့တယ်"

"မင်း ဘာစကားပြောတာလဲ"

"လင်ယွင်ကျောင်းတော်ရဲ့ အတွင်းနန်းတော် ကျောင်းသားတစ်ယောက်က ငါ့ကို စော်ကားရဲတယ် ဆိုတော့ အသက်ရှင်ရတာကို ငြီးငွေ့နေပြီထင်တယ်"

လူငယ်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

ကျန်းချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"မင်းက လင်ယွင်ကျောင်းတော်က မဟုတ်ဘဲ လင်ယွင်ကျောင်းတော်မှာ အသံကောင်း လာဟစ်နေတယ်.. မင်းကမှ အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ငါထင်တယ်"

"ဟားဟား... လင်ယွင်ကျောင်းတော်က ဘာမို့လို့လဲ.. လင်ယွင်ကျောင်းတော် မပြောနဲ့.. မဟာရှားနိုင်ငံ တစ်ခုလုံးမှာတောင် ငါ မုန့်ရှင်းယွဲ့ ကြောက်ရမဲ့နေရာ တစ်နေရာမှမရှိဘူး"

မုန့်ရှင်းယွဲ့က အော်ဟစ် ရယ်မောလိုက်သည်။

မကြာခင်မှာပင် သူက ကျန်းချန်ကို စိတ်မရှည်စွာ ကြည့်၍ ပြောလိုက်သည်။

"မုန့်ချင်းရွှယ်ကို အမြန်ခေါ်ထုတ်ပြီး ငါ့ကို လာတွေ့ခိုင်းပါ.. ဒါဆို ငါမင်းကို မသတ်ဘဲ ချမ်းသာပေးလိုက်မယ်"

"မုန့်ချင်းရွှယ်က အခု ငါ့ရဲ့ အစေခံပဲ"

ကျန်းချန်က မုန့်ရှင်းယွဲ့ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ အစေခံကို မင်း တွေ့ချင်တိုင်းတွေ့ရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ"

"ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့တယ်.. ဒါပေမယ့် မင်းက သေချင်နေတာပဲ"

"အဲဒီလိုဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

"သွားသေလိုက်စမ်း"

မုန့်ရှင်းယွဲ့က ကျန်းချန်၏ စကားများကြောင့် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲထွက်သွားခဲ့သည်။

သူက အေးစက်သော အမူအရာဖြင့် တစ်ချက် ကြည့်ပြီး ညာဘက်လက်ဝါးဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

သူ၏လက်ဝါးရိုက်ချက်တွင် မူလဘူတ နယ်ပယ်အဆင့်၏ ခွန်အား ပါဝင်နေခဲ့သည်။

"မူလဘူတနယ်ပယ်အဆင့် ကျင့်ကြံသူ"

သူ့ရှေ့မှလူက မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူမှန်းသိလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ယန်လုံဓားကို အမြန်ဆွဲထုတ်ပြီး မုန့်ရှင်းယွဲ့ကို တိုက်ခိုက်လိုက်သည်။

ထက်ရှသော ဓားအရှိန်အဝါသည် မုန့်ရှင်းယွဲ့၏ လက်ဝါးရိုက်ချက်ကို မျက်တောင်တစ်ခတ်အတွင်း ချိုးဖျက်လိုက်သည်။

ဓားအရှိန်အဝါက မုန့်ရှင်းယွဲ့၏ လက်ဝါးအင်အားကို ဖောက်ထွင်းပြီးနောက် အရှိန်လျော့မသွားသေးဘဲ မုန့်ရှင်းယွဲ့၏ လက်ဝါးထဲကို ဝင်ရောက်သွားခဲ့၏။

ဖောက်..

တစ်ခဏချင်းမှာပင် မုန့်ရှင်းယွဲ့၏ ညာဘက်လက်ဖဝါးတွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး သွေးများ စိမ့်ထွက်လာခဲ့သည်။

"မူလဘူတအဆင့် ဓားအရှိန်အဝါ.. မင်းလည်း မူလဘူတအဆင့် ကျင့်ကြံသူလား"

သူ၏ ညာဘက်လက်ဖဝါးမှ ဒဏ်ရာကို ကြည့်ရင်း ကျန်းချန်ကို ကြည့်နေသည့် မုန့်ရှင်းယွဲ့၏ အကြည့်တွင် ရုတ်တရက် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။

သူက ကျန်းချန်ကို အတွင်းနန်းတော်၏ သာမန် ကျောင်းသားတစ်ယောက်ဟုသာ ထင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် မူလဘူတ အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့၏။

သူသိသလောက် လင်ယွင်ကျောင်းတော်တွင် လင်ယွင်စာရင်း၏ ပထမနေရာတွင် ရှိသည့် ဝူဖေးလုံမှလွဲ၍ မူလဘူတအဆင့် ကျောင်းသားမရှိပေ။

"ဒီကောင်လေးက ဘယ်ကနေ ပေါ်ထွက်လာတာလဲ"

"မင်းလို ခွေးထက်နိမ့်တဲ့ ကောင်က မူလဘူတ အဆင့်ကို ရောက်နိုင်တယ် ဆိုမှတော့ ငါလည်း မူလဘူတ အဆင့်ကို မရောက်နိုင်ဘူးလား"

ကျန်းချန်က မုန့်ရှင်းယွဲ့ကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။

သူက သူ့လက်ထဲမှ ယန်လုံဓားဖြင့် မုန့်ရှင်းယွဲ့ကို ချိန်ရွယ်လိုက်သည်။

ထို့နောက် သူ၏ အေးစက်သော အသံသည် မုန့်ရှင်းယွဲ့၏ နားထဲကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့၏။

"မုန့်ရှင်းယွဲ့.. မင်း မသေချင်ရင် ငါ့ရဲ့ ခြံဝင်းကနေ ချက်ချင်း ထွက်သွားစမ်း"

"မဟုတ်ရင်.. မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ်"

အခန်း(၁၀၆) ပြီး၏

All Chapters