← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"ကောင်စုတ်လေး.. ငါရှန်းထျန်းရှုံးက မင်းကို ငါတို့ ထျန်းလုံကျိုက်နဲ့ ရန်ဖြစ်ရင် ဘယ်လောက်ထိ ကံဆိုးမလဲ ဆိုတာ မကြာခင် သိစေရမယ်"

ရှန်းထျန်းရှုံးက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သူက သူ့နောက်မှ ရွှေရောင်ဝတ်စုံဝတ် လူလေးယောက်ကို အမိန့်ပေးလိုက်သည်။

"ထျန်းလုံဗျူဟာခင်းပြီး ဒီကောင်စုတ်လေးကို သတ်"

ရှန်းထျန်းရှုံရဲ့ အမိန့်ပေးသံကို ကြားလျှင် ရွှေရောင်ဝတ်စုံဝတ် လူထွားကြီး လေးယောက်သည် သူ့နောက်ကနေ တိုက်ရိုက် ပြေးထွက်လာခဲ့သည်။

ရွှေရောင်ဝတ်စုံဝတ် လူထွားကြီးလေးယောက်က ကျန်းချန်ကို ဗဟိုပြု၍ အရပ်မျက်နှာ အလိုက် လေးဘက်လေးတန် ဝိုင်းထားပြီးနောက် တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။

ကျန်းချန်၏ မျက်နှာက အေးစက်သွားသည်။

သူက ချက်ချင်းပင် မှိန်ဖျော့ဖျော့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏ လက်သီးကနေ ပြင်းထန်သော လက်သီးချက်များက ပေါက်ကွဲထွက်လာခဲ့ပြီး လေထဲတွင် လက်သီးရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ဝတ်စုံဝတ် လူထွားကြီး လေးယောက်သည် ကျန်းချန်၏ လက်သီးချက်များကို ထိမှန်သွားခဲ့၏။

လူထွားကြီးလေးယောက်က လေထဲတွင် လွင့်စင်သွားခဲ့ပြီး မီတာအနည်းငယ် အကွာတွင် ပြုတ်ကျသွားသည်။

"သတိထား.. ကောင်လေး.. ထျန်းလုံကျိုက်ရဲ့ ထျန်းလုံ ကိုယ်ရံတော် လေးယောက်က လျှို့ဝှက်နည်းစနစ် တစ်ခုကို လေ့ကျင့်ထားတယ်"

"သူတို့လေးယောက် အတူတူ ပူးပေါင်းလိုက်ရင် သူတို့ရဲ့ ကာကွယ်ရေးနဲ့ ပြန်လည်ခုခံနိုင်စွမ်းက အရမ်းအားကောင်းပြီး ကိုင်တွယ်ဖို့ တကယ် မလွယ်တော့ဘူး"

ထိုအချိန်တွင် ကျန်းချန်၏ နောက်ကနေ သတိပေးသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အနည်းငယ် တုန်လှုပ်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် သူ့ကြောင့် ယခုလေးတင် လဲကျသွားသည့် ရွှေရောင်ဝတ်စုံဝတ် လူထွားကြီးလေးယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ထို့နောက်တွင် ရွှေရောင်ဝတ်စုံဝတ် လူထွားကြီးလေးယောက်သည် အထိအခိုက်မရှိဘဲ မြေပြင်ကနေ အကုန်လုံး ထရပ်လိုက်ကြ၏။

"ဟားဟား... ကောင်စုတ်လေး.. ငါတို့ ထျန်းလုံကျိုက်ရဲ့ ကိုယ်ရံတော် လေးယောက်ကသာ အတူတကွ ပူးပေါင်းပြီး လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်မယ်ဆိုရင် ချီကာကွယ်ရေး အဆင့်၉က ကျင့်ကြံသူတောင် သူတို့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"

"မင်းက မူလဘူတ နယ်ပယ်အဆင့်က မဟုတ်ရင် ဒီနေ့ သေမှာ သေချာသလောက်ပဲ"

ထိုအချိန်တွင် ရှန်းထျန်းရှုံးသည် မာန်တက်သော အမူအရာဖြင့် ရယ်မောနေခဲ့သည်။

ကျန်းချန်က ခဏမျှ အံ့အားသင့်ပြီးနောက်တွင် အသိစိတ် ပြန်ဝင်လာခဲ့သည်။

ထို့နောက်တွင် သူ့က ရွှေရောင်ဝတ်စုံဝတ် လူထွားကြီးလေးယောက်ကို မထီတထီကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

"ဘယ်လိုတောင် အမှိုက်ဆန်တဲ့ လျှို့ဝှက်နည်းစနစ်လဲ.. ဒါက သာမန်အစီအရင် နည်းစနစ်နဲ့ ပေါင်းစပ်ထားတဲ့ တိုက်ခိုက်ရေး နည်းစနစ်လေးပါပဲ"

"ဒီလူလေးယောက်လောက်နဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား"

"မင်းရဲ့ မျက်လုံးတွေကို ဖွင့်ထားပြီး ငါ သူတို့ကို ဓားတစ်ချောင်းတည်းနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြည့်ထားလိုက်"

ကျန်းချန်ဆီမှ အေးစက်သော အသံက ထွက်လာခဲ့သည်။

ကျန်းချန်က ယန်လုံဓားကို ထုတ်လိုက်ရာ နက်နဲသည့် ဓားဆန္ဒသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။

သူက ယန်လုံဓားကို လေထဲတွင် လေးချက် ဝှေ့ယမ်းလိုက်၏။

ချက်ချင်းဆိုသလို မရှုံးနိုင်တဲ့ စိတ်ခံစားချက်များ ကိန်းအောင်းနေသည့် ထက်မြက်သော ဓားအရှိန်အဝါ လေးခုသည် မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ဝတ်စုံဝတ် လူလေးယောက် ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းကို ဖြိုခွဲလိုက်သည်။

ထိုမျှလောက်နှင့်မပြီးသေးဘဲ သူတို့၏ ခန္ဓာကိုယ်များပင် ကျန်းချန်၏ ကြောက်မက်ဖွယ် ဓားအရှိန်အဝါလက်ချက်ဖြင့် ချက်ချင်း နှစ်ပိုင်းဖြတ်ခံလိုက်ရ၏။

ကျန်းချန်က ဓားချက်လေးချက်ဖြင့်ပင် ထျန်းလုံကျိုက်၏ ကိုယ်ရံတော် လေးယောက်ကို ဖြေရှင်းလိုက်သည်။

ထျန်းလုံကျိုက်ဖြစ်စေ၊ ဟော်မိသားစု ဖြစ်စေ သူတို့၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ကျွတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။

"ဒေါ်လေးလန်.. သူက ဘာလို့ ဒီလောက်ထိ အင်အားကြီးနေရတာလဲ"

"သူက မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်နေမလား"

ဟော်ကျိလွမ်က အခြေအနေကို တွေဝေစွာ စိုက်ကြည့်နေသည်။

သူမက အံ့အားသင့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။

ဤကောင်လေး၏ အဂ္ဂိရတ်ပညာ ပါရမီသည် ပုံမှန်မဟုတ်ပေ။

၎င်းက စစ်မှန်သည့် တတိယအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်၏။

သို့သော်လည်း ဤကောင်လေးသည် ကိုယ်ခံပညာ ပါရမီတွင်လည်း ပုံမှန်မဟုတ်ဟု ဟော်ကျိလွမ် မမျှော်လင့်ခဲ့ပေ။

ထျန်းလုံကျိုက်၏ ကိုယ်ရံတော် လေးယောက်ကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်သည်မှာ မူလဘူတ နယ်ပယ် အဆင့်မှ ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

"သူက မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဟုတ်မဟုတ်တော့ ငါမသိဘူး.. ဒါပေမယ့် သူ အခုလေးတင် အသုံးပြုခဲ့တဲ့ ဓားအရှိန်အဝါ လေးခုမှာ မဖော်ပြနိုင်တဲ့ စိတ်ခံစားချက်တစ်ခု ပါဝင်နေတယ်"

"ငါ့ရဲ့ ခန့်မှန်းချက်မမှားရင် ဒါက ဒဏ္ဍာရီလာ ဓားဆန္ဒပဲ ဖြစ်ရမယ်"

လူလတ်ပိုင်းအရွယ် အမျိုးသမီးသည် ကျန်းချန်ကို ကြည့်နေရင်း သူမ၏ လှပသော မျက်ဝန်းထဲတွင် မယုံနိုင်လောက်အောင် တုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

"သူက ဓားပါရမီရှင်လား"

သူ့ရှေ့မှ ကောင်လေးသည် ဓားဆန္ဒကို နားလည်သည့် မဟာ ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပါသလော။

အခန်း(၁၂၀) ပြီး၏

All Chapters