← Chapters

သွေးသစ်သီး။

Vol. 52 Ch. 719

သွေးသစ်သီး။

Vol. 52 Ch. 719

"ဝုန်း!"

ဝမ်ဖုန်းတို့အုပ်စုက ဒုတိယလွှာ၏အနက်ပိုင်းသို့ တိုးဝင်သွားတော့မည့်အခိုက်၌ တောင်တန်းများနှင့်သစ်တောအုပ်ကြီးသည် ရုတ်တရက်ခါယမ်းလာခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးက ချာလပတ်ရမ်းနေခဲ့သည်။ ၎င်းတောင်တန်းနှင့် သစ်တောများအထက်၌ မြူခိုးထုတစ်ခု ထွက်ပေါ်လာပြီးလျှင် ဝမ်ဖုန်းတို့အုပ်စုထံသို့ လှိုင်းများကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

၎င်းမြူခိုးထုထံမှ ဝမ်ဖုန်းသည် သန်မာသောအကြပ်အတည်းတစ်ခုကို ခံစားခဲ့ရသည်။ သူ၏စိတ်အာရုံမှာ အေးခဲ့သွားခဲ့သည်။ သူဟာကိုယ်တွင်းရှိ စွမ်းရည်ကို အရူးအမူးလှည့်ပတ်စေခဲ့သည်။ အစွမ်းထက်သော အရှိန်အဝါများသည် သူ့ကိုဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ မြူခိုးထုကြီးကို ထုတ်ကန်ခဲ့သည်။

"ဘုန်း!"

စွမ်းအားများသည် ဝမ်ဖုန်းတို့အပေါ်၌ ဗဟိုပြုလျက်ကြီးမားသော အကာအရံကြီးကို ဖြစ်ပေါ်စေခဲ့သည်။မြူခိုးများသည် ၎င်းအကာအရံကြီးနှင့် ထိတွေ့မိသည့်အခါ တကျွီကျွီမြည်လျက် အငွေ့ပျံသွားခဲ့သည်။ ၎င်းမြူခိုးများသည် အရမ်းကိုတိုက်စားမှုနှုန်း ပြင်းထန်၍ သူ၏ခွန်အားကိုတောင် ဝါးမြိုနိုင်စွမ်းရှိကြောင်း ဝမ်ဖုန်းတစ်ယောက် ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။

ဒါကြောင့် ဝမ်ဖုန်းဟာ အနည်းငယ်တောင်လျစ်လျူမရှုတော့ပါ။ သူဟာခွန်အားတစ်ခုလုံးကိုအသုံးပြု၍ အကာရံအလွှာကို အားဖြည့်ပေးခဲ့သည်။ မြူခိုးများ၏တိုက်စားမှုကိုခုခံခြင်းဖြင့်၊ ဝမ်ဖုန်းသည် ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကိုခေါ်ဆောင်ကာ တောအုပ်၏အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။

"ဒီအဖြူရောင်မြူခိုးတွေကဘာလဲ"

ဝမ်ဖုန်းသည် ပတ်ပတ်လည်ရှိအဖြူရောင်မြူခိုးများကို စိုက်ကြည့်လျက် သံသယများဖြင့် ရေရွတ်ပြောဆိုခဲ့သည်။

သူ၏ကျင့်ကြံမှုမှာ သန်မာ၍ခွန်အားကလုံလောက်ခဲ့၍သာ အဖြူရောင်မြူခိုးများကို ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ သာမန်ပါရမီရှင်များဆိုပါက မြူခိုးများ၏အရိုးပါမကျန် တိုက်စားခြင်းကို ခံခဲ့ရမည်။

အလွှာကိုးလွှာပါဝင်သော သွေးမျှော်စင်ကြီးသို့ ဝင်ရောက်သွားပြီးနောက်တွင် ဝမ်ဖုန်းသည် ကြုံတွေ့ခဲ့ရသော အန္တရာယ်များကြောင့် ပဟေဠိဖြစ်နေခဲ့ရသည်။ သွေးမျှော်စင်၏စမ်းသပ်မှုများမှာ အတော်လေးလွန်လွန်ကဲကဲရှိကြောင်း ဝမ်ဖုန်းတစ်ယောက်ခံစားနေရသည်။ သူစောနက ကြုံတွေ့ခဲ့ရသော မကောင်းဆိုးဝါး လူငယ်လေးနှင့် အဖြူရောင်မြူခိုးများကတောင် သန်မာသောပါရမီရှင်တစ်စုကို သတ်ဖြတ်စေရန် လုံလောက်လေသည်။

ထာဝရညည့်ဦးယံမြို့ရဲ့ မြို့အရှင်တိုက်ပွဲကို အကြိမ်ပေါင်းများစွာကျင်းပခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ဘယ်သူကမှ ဒီအကြီးအကဲရဲ့အမွေအနှစ်ကိုမှမရသေးတာကိုး။ ဒီလိုကြောက်စရာကောင်းတဲ့စမ်းသပ်မှုမျိုးက သာမန်လူတို့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။

ဝမ်ဖုန်းတို့မသိခဲ့သည့် ကိစ္စတစ်ခုလည်းရှိနေခဲ့သေးသည်။ အဖြူရောင်မြူခိုးထုထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းတို့သတ်ဖြတ်ခဲ့သော မကောင်းဆိုးဝါးလူငယ်နှင့် အကောင်းဆိုးဝါးစစ်တပ်ကြီး၏သွေးများသည် မြေပြင်အတွင်းစုပ်ယူခံခဲ့ရသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးဟာ မံမီရုပ်အလောင်းများကဲ့သို့ ခြောက်ကပ်သွားခဲ့သည်။ လေပြေလေအေးတိုက်ခတ်သွားသည့်အခါ ၎င်းအလောင်းများသည် အစအနပါမကျန်ပျောက်ကွယ်သွား၏။ ဝမ်ဖုန်းတို့သာ ထိုထူးဆန်းသော အခြေအနေကို တွေ့မြင်ခဲ့ရလျှင် ကျိန်းသေပေါက်ထိတ်လန့်သွားမည်ဖြစ်သည်။

ထူထပ်သောမြူခိုးကြောင့် ဝမ်ဖုန်းတို့သည် အရပ်မျက်နှာများကိုတောင် မမှန်းဆနိုင်တော့ပါ။ သူတို့ဟာ ခေါင်းမပါသောပိုးကောင်များကဲ့သို့ စမ်းတဝါးဝါး လမ်းလျှောက်နေခဲ့ရသည်။ သူတို့သည်ကျယ်ပြောသော တောင်တန်းနယ်နမိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့ရှေ့တွင် မိုးထိအောင်မြင့်မားနေသော ဧရာမသစ်ပင်ကြီးများကို တွေ့မြင်နေရသည်။

အဆိုပါသစ်ပင်များသည် အရမ်းကိုကြီးမားလွန်းတာကြောင့် ကောင်းကင်ကိုတောင် ဖုံးကာထားနိုင်သည်။

သစ်ပင်ကြီးများ၏ ပင်စည်ပေါ်တွင် အရိုးဖြူများကဲ့သို့ အလင်းတန်းများက တောက်ပနေခဲ့သည်။ ၎င်းပင်စည်များပေါ်တွင် အလင်းတန်းကလေးများဖြတ်သန်းသွားလာခြင်းက အရမ်းကိုထူးဆန်းပါသည်။

ဝမ်ဖုန်းတို့သည် ဧရာမသစ်ပင်ကြီးတစ်ပင်အောက်သို့ လမ်းလျှောက်သွားခဲ့ကြသည်။သစ်ပင်ကို နီးနီးကပ်ကပ် စိုက်ကြည့်လိုက်သည့်အခါ သစ်ပင် ပင်စည်ပေါ်တွင် လူသားသွေးကျောကဲ့သို့အနီ ရောင်မျဉ်းကြောင်းငယ်ကလေးများရှိကြောင်းကို ဝမ်ဖုန်းသည် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့၏။

"ရွှမ်!"

ဤအချိန်တွင်ဦးခေါင်းထက်မှ လေကိုခွင်းလိုက်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာကောင်းကင်ပေါ်မှ ဓားတစ်စင်းပြုတ်ကျလာသည့် အလားဖြစ်နေခဲ့ကာ ဝမ်ဖုန်းတို့၏ဦးရေပြားများကို ထုံကျဉ်သွားစေခဲ့သည်။ ဝမ်ဖုန်းတို့သည် အထိတ်ထိတ်အလန့်လန့်ဖြင့် ခုန်၍ရှောင်လိုက်ကြရသည်။

"ဘုန်း"!

ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်ခဲ့သည်။ ပြုတ်ကျလာသောအရာဝတ္ထုကို ဝမ်ဖုန်းတို့နောက်ဆုံးမှာတွေ့မြင်ခဲ့ကြသည်။ ၎င်းမှာသစ်သီးတစ်ခုဖြစ်ပါ၏။ တစ်ကိုယ်လုံး စွေ့စွေ့နီနေသည့်သစ်သီးဖြစ်ကာ ၎င်း၏အလေးချိန်က တောင်တန်းတစ်ခုကဲ့သို့ လေးလံပုံကျသည်။ ဧရာမတွင်းပေါက်ကြီးသည် မြေပြင်ထက်၌ဖြစ်ပေါ်လာခဲ့သည်။

သစ်သီးကို တွေ့မြင်ခဲ့သည့်အခါ ဝမ်ဖုန်းတို့သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါ။ ထူထပ်သော မြူခိုးများအကြား ပိတ်မိနေခဲ့တာကြောင့် သူတို့၏အာရုံကြောများကတောင် အနည်းငယ်တောင့်တင်းနေခဲ့သည်။ ဤအချိန်တွင် တစ်ခုခုသောလှုပ်ရှားမှုကတောင် သူတို့ကို အကြောက်တရားများဖြင့် တုန်ယင်စေနိုင်သည်။ သူတို့ ပြုလုပ်နိုင်တာ ဘာမှရှိမနေပါချေ။ ဤသည်မှာ အင်မော်တယ်ဧကရာဇ်စွမ်းအားရှင်ကြီး၏ စမ်းသပ်မှုမဟုတ်ပါလော။ ဝမ်ဖုန်းတို့သည် အနည်းငယ်တောင် မပေါ့ဆရဲကြပါ။

အန္တရာယ်ကို သတိမပြုမိတာကြောင့် ဝမ်ဖုန်းတို့ အုပ်စုသည် သစ်သီးထံသို့လမ်းလျှောက်သွားခဲ့ကြသည်။ ဝမ်ဖုန်းက လက်ကို ခါယမ်းလိုက်ပြီး စွမ်းအင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ၎င်းအလင်းသည် သစ်သီးနှင့်ထိခတ်မိလိုက်သည့်အခါ သတ္တုချင်းပွတ်တိုက်မိသကဲ့သို့ အသံတစ်သံထွက်ပေါ်လာခဲ့ကာ မီးပွားများလွင့်စင်လာခဲ့၏။ ဒါကဝမ်ဖုန်းတို့ကိုအံ့ဩသွားစေခဲ့သည်။

သစ်သီးလေးတစ်လုံးက ဒီလောက်တောင်မာလှချည်လား၊!?

သူတို့ဟာ ဦးခေါင်းထက်ရှိ ကောင်းကင်ပေါ် မော့ကြည့်လိုက်မိသည်။ သူတို့သည် ဧရာမသစ်ပင်ပင်စည်ကြီးများကိုသာ တွေ့မြင်နိုင်ပြီး သစ်ပင်များ၏ထိပ်ဖျားကို လုံးဝမတွေ့မြင်နိုင်ပါ၊၊ ဝမ်ဖုန်း၏စွမ်းအားဖြင့်တောင် မြူခိုးထုကိုဖြတ်သန်း၍ သစ်ပင်၏ထိပ်ပိုင်းကို မတွေ့မြင်နိုင်ခဲ့ချေ၊၊

"ဒါကဘယ်လို သစ်သီးမျိုးလဲ။ အရမ်းကိုမာလွန်းတယ်။"

ဝမ်ဖုန်းသည် သစ်သီးလေးကို စူးစိုက်ကြည့်လျက် မျက်နှာပေါ်တွင် စူးစမ်းနေသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကလည်း သစ်သီးကို ဂရုတစိုက် စိုက်ကြည့်ခဲ့ကြသည်။ ဝမ်ဖုန်း၏ခွန်အားက ဘယ်လောက်ထိတ်လန့်စရာရှိပါလိမ့်၊၊ သာမန်တိုက်ကွက်ဆိုရင်တောင် သာမန်စွမ်းအားရှင်‌ေတွ ၊ရင်ဆိုင်နိုင်တာမျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီသစ်သီးကတော့ခံနိုင်ခဲ့တာလား။ ဘယ်လိုတောင်ထူးခြားနေရသလဲ?

"ဝှမ်း"!

မယုံကြည်နိုင်ဖြစ်နေခဲ့တာကြောင့် ဝမ်ဖုန်းသည် လက်တစ်ဖက်ကိုဆန့်တန့်လျက် လက်ဖဝါးပြင်ကို ဓားသဏ္ဍာန် အသုံးပြုလိုက်သည်။ သူ့ကိုယ်တွင်းရှိစွမ်းအင်များသည် သူ၏လက်ဖဝါးအတွင်း စုရုံးသွားခဲ့သည်။ လက်ဝါးစောင်းမှနေ၍ သန်မာသော ဓားအလင်းတန်းတစ်ခု ဖြတ်ပိုင်း ထွက်ပေါ်လာခဲ့သည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် တောင်တန်းတခွင် ပေါက်ကွဲဟိန်းထွက်သွားခဲ့သည်။ ပြင်းထန်သော ခွန်အားကြောင့် သစ်သီးသည် အက်ကွဲမသွားခဲ့ပါ။သို့သော်လည်း မြေပြင်ပေါ်သို့ ပို၍နစ်မြှုပ်သွားခဲ့သည်။ သစ်သီးရှိရာတစ်ဝိုက်၌ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများကလည်း စွန်းထင်းကျန်ရစ်ခဲ့သည်။

ဒီမြင်ကွင်းက ဝမ်ဖုန်းကို ပို၍ထိတ်လန့်သွားစေခဲ့ပြန်သည်။ သူကစောနကလိုမျိုး သာမန် တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပါ။ ဤတိုက်ကွက်တွင် သူ၏ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် အထွတ်အထိပ်စွမ်းအားကို အသုံးပြုထားခဲ့သည်။ သာမန်အစစ်အမှန်ဧကရာဇ်များကတောင် သူ၏တိုက်ကွက်နှင့်တွေ့လျှင် သတိထားကြရမှာဖြစ်သည်။ ဒါပေမဲ့ သစ်သီးကိုမခွဲနိုင်ဘူးတဲ့လား။

သစ်သီး၏အခွံကိုတောင် အနည်းငယ်မျှထိခိုက်မှုမဖြစ်ပေါ်စေရာ ဒီသစ်သီးက အဘယ်မျှလောက်ထူးဆန်းပါသနည်း။ ဒီလိုထူးဆန်းတဲ့ သစ်သီးကို ဘယ်သူက စားသုံးနိုင်တာလဲ။ ဒီသစ်သီးပေါ်က အလင်းတန်းတွေတောင် ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြတ်သွားမှာစိုးရိမ်ရတယ်။

တစ်ဖက်တွင်ရှိနေသော ကွေ့ဝူတို့နှစ်ယောက်သည် အံ့ဩတုန်လှုပ်သောအကြည့်တို့ဖြင့် သစ်သီးကလေးကို စူးစိုက်ကြည့်နေခဲ့သည်။ ဝမ်ဖုန်းလိုလူတစ်ယောက်ကတောင် သစ်သီး၏အခွံကို မခွဲနိုင်ခဲ့ပါ။ ဤသစ်သီးမှာ သာမန်စွမ်းအားရှင်များထက်တောင် ပို၍ကြောက်စရာကောင်းပါသည်။

"ဒါကဒဏ္ဏာရီလာ သွေးသစ်သီးများဖြစ်နေမလား"

ဤအခိုက်အတန့်တွင် တစ်ဖက်တွင်ရှိနေသော ရွှမ်းယွမ်၏မျက်ဝန်းများကတောက်ပသွားလျက် ရုတ်တရက်မှတ်ချက်ပြုခဲ့သည်။

All Chapters