သွေးသစ်မြစ်
Vol. 52 Ch. 720
ဘာသာပြနါ- The Fate
"ဟမ် သွေးသစ်သီး ဟုတ်လား"
ရွှမ်းယွမ်၏မှတ်ချက်ကို ကြားခဲ့ရသည့်အခါ ဝမ်ဖုန်းနှင့်ကွေ့ဝူတို့က သူ့ကိုတစ်ပြိုင်နက်တည်းဆိုသလို လှမ်းကြည့်လာခဲ့သည်။ သူတို့၏မျက်ဝန်းများက စူးစမ်းရှာဖွေနေခဲ့သည်။ ဝမ်ဖုန်းရော ကွေ့ဝူရောက သွေးသစ်သီးဟူသော ရတနာပစ္စည်းကို မကြားဖူးပါ။
"ကျွန်တော်လည်းပဲ ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ သွေးသစ်သီးအကြောင်းမှတ်တမ်းကို ဖတ်ခဲ့ရတာ"
"အဲဒီထဲမှာပြောထားတာတော့ သွေးသစ်ပင်လို့ခေါ်တဲ့ မြင့်မြတ်တဲ့သစ်ပင်တစ်ပင်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးကနေ မွေးဖွားလာခဲ့တယ်တဲ့။ အဲဒီမြင့်မြတ်တဲ့ရတနာသစ်ပင်က ကံတရားသစ်ပင်လောက် အစွမ်းမထက်ပေမယ့်လည်း ကောင်းကင်နဲ့ကမ္ဘာမြေကြီးက မွေးဖွားလာတဲ့ ထိပ်တန်းသစ်ပင်တစ်မျိုးပဲ။ အဲဒီထဲမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးအတွင်းမှာရှိတဲ့ စွမ်းအင်တွေကိုသွေးအဖြစ် သိုလှောင်သိမ်းဆည်းထားတယ်။ သွေးသစ်ပင်ကနေ သွေးသစ်သီးလို့ခေါ်တဲ့ ရတနာသစ်သီးကိုမွေးထုတ်ပေးနိုင်တယ်"
" ပြောကြတာတော့ နှစ်ပေါင်းတစ်သိန်းကြာမှ သွေးသစ်ပင်တစ်ပင်က သွေးသစ်သီးတစ်လုံးကို ထုတ်လွှတ်ပေးနိုင်တယ်တဲ့။ အဲဒီသွေးသစ်သီးကိုသာ တစ်ယောက်ယောက်က စားလိုက်မယ်ဆိုရင် သွေးမျိုးဆက်က အဆုံးစွန်ထိ မြင့်တက်သွားမှာ။ ပြီးတော့ကမ္ဘာပေါ်မှာ အသန်မာဆုံး သွေးမျိုးဆက်ပိုင်ရှင်ဖြစ်သွားလိမ့်မယ်"
"သုံးစားမရတဲ့ အမှိုက်တကောင်ဆိုရင်တောင် သွေးသစ်သီးကိုစားလိုက်သ၍ အမြင့်ဆုံးရုပ်ခန္ဓာကို ပိုင်ဆိုင်ရရှိလိမ့်မယ်။သူက ကမ္ဘာလောကကြီးထဲမှာရှိတဲ့ ထိပ်တန်းပါရမီရှင်တွေနဲ့ ရင်ဘောင်တန်းနိုင်လိမ့်မယ်"
" သွေးသစ်သီးရဲ့ သစ်သီးအခွံကိုတောင် စွပ်ပြုတ်လုပ်ပြီး လူငယ်တွေကိုတိုက်ကျွေးမယ်ဆိုရင် သွေးမျိုးဆက်ကို အဆပေါင်းများစွာအထိ မြင့်တတ်သွားစေနိုင်တယ်။ သာမန်လူတွေ မျှော်မှန်းလို့မရနိုင်တဲ့ ပါရမီတွေကိုလည်းရရှိလာနိုင်တယ်"
ရွှမ်းယွမ်၏စကားကိုကြားတော့ ဝမ်ဖုန်းနှင့်ကွေ့ဝူတို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်ဝန်းများအတွင်းတွင် အလင်းတန်းများတောက်ပနေခဲ့သည်။ သူဟာ ဤကဲ့သို့ရတနာပစ္စည်းကို မတော်တဆကြုံတွေ့ခဲ့ရလိမ့်မည်ဟု ဝမ်ဖုန်းသည် ထင်မထားခဲ့ပါ။ သွေးမျှော်စင်သည် အံ့ဖွယ်ကောင်းလှသည်။ သွေးသစ်သီးကဲ့သို့ ရတနာပစ္စည်းကတောင် ဒုတိယအလွှာ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ဒုတိယအလွှာမှာတောင် ဒီလိုရတနာပစ္စည်းတွေရှိနေရင် တတိယနဲ့စတုတ္ထအလွှာမှာ ဘာတွေများရှိနေမလဲ။ ဝမ်ဖုန်းသည် မျှော်စင်အရှင်က ရတနာပစ္စည်းကို သာမန်ကာလျှံကာ ပေးလိမ့်မည်ဟုတော့ ထင်မထားပါ။
ဘယ်တော့မှ တစ်ဖက်သူကိုအထင်မသေးရချေ။ ချုံသည် အင်မော်တယ် ဧကရာဇ်အထွတ်အထိပ်ရှိသော စွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့သည်။ ဒါ့အပြင် သူ၏ တိုက်ပွဲဝင်စွမ်းအားကလည်း ကောင်းကင်ကိုတောင် ဆန့်ကျင်နေသည်ဖြစ်ရာ ဤကဲ့သို့ ရတနာပစ္စည်းကို ရရှိခဲ့သည်မှာဖြစ်နိုင်သည်။ သွေးမျိုးဆက်ကို အဆုံးစွန်ထိတိုင် တိုးမြင့်ပေးနိုင်တဲ့ရတနာပစ္စည်း....။ ထိုကဲ့သို့ရတနာပစ္စည်းမျိုးကို ဟုန်မာန်နတ်ဘုရားနယ်ပယ်ရှိ ကျင့်ကြံသူများကတောင် မနာလိုဖြစ်ရမှာဖြစ်၏။
ဤသည်ကိုတွေးမိတော့ အလင်းတန်းတတန်းသည် ဝမ်ဖုန်း၏မျက်ဝန်းအတွင်း ပေါက်ဖွားလာခဲ့သည်။ သူဟာ ရုတ်တရက်လှုပ်ရှားသွားလိုက်ပြီး မြေပြင်ပေါ်ရှိ တွင်းပေါက်ကြီးအထဲ ဆင်းသက်လိုက်ကာ သွေးသစ်သီးကို အသာအယာကောက်ယူလိုက်သည်။ ဒီလိုရတနာပစ္စည်းမျိုးကို သူဘယ်လိုလုပ် လက်လွတ်ခံနိုင်ပါ့မလဲ။ ဝမ်ဖုန်းဟာ သွေးသစ်သီးကိုသာမက သွေးသစ်ပင်တစ်ပင်လုံးကိုပါ ကမ္ဘာဘောလုံးလေးအတွင်း ရွှေ့ပြောင်းစိုက်ပျိုးရန် စီစဉ်ထားခဲ့သည်။
ထိုကဲ့သို့ အထွတ်အမြတ်သစ်ပင်မျိုးကို ကမ္ဘာဘောလုံးလေးအတွင်း ရွှေ့ပြောင်းစိုက်ပျိုးလိုက်မည်ဆိုပါက ဘောလုံးလေးအတွင်းရှိ မြေပြင်တွင် မြင့်မြတ်သော စိတ်ဝိညာဉ်အမြစ်များက မြဲမြံစွာရစ်တွယ်သွားမှာဖြစ်သည်။ ဤသို့ဆိုပါက ကမ္ဘာဘောလုံးလေးအတွင်းရှိ ဇီဝဓာတ်တို့မှာ ပို၍သန်မာလာမည်ဖြစ်ကာ ကောင်းကင်နဲ့မြေပြင်၏ နိယာမများကလည်း ပိုမိုပြည့်စုံလာနိုင်သည်။
ဒါကိုတွေးမိတော့ ဝမ်ဖုန်းသည် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူ၏လက်များကို အတူတကွပွတ်သပ်လိုက်ကာ သွေးသစ်ပင်ကိုတူးထုတ်၍ ကမ္ဘာဘောလုံးလေးအတွင်း ရွှေ့ပြောင်းစိုက်ပျိုးရန် ပြင်ဆင်လိုက်တော့သည်။
"ဘုန်း!"
သို့သော်လည်း ဝမ်ဖုန်းက သစ်ပင်၏အမြှစ်များကို တူးထုတ်တော့မည့် အချိန်တွင် ထူးဆန်းသောအသံကြီးသည် သစ်ပင်ထိပ်ဖျားမှထွက်ပေါ်လာခဲ့သည်။ ဤသည်က ဝမ်ဖုန်း၏လှုပ်ရှားမှုများကို ရုတ်တရက်ရပ်တန့်သွားစေခဲ့သည်။ သူက သစ်ပင်ထိပ်ဖျားကို လှမ်း၍ကြည့်ရှုခဲ့သည်။ သူတိုင်းသည် ဤအချိန်တွင်သတိကြီးကြီးထားနေခဲ့ရသည်။ ဤနေရာက အရမ်းကို ထူးဆန်းလွန်းတာကြောင့် ဘယ်လှုပ်ရှားမှုကိုမဆို လျစ်လျူမရှုသင့်ချေ။ ဤသို့မဟုတ်ပါက ဘယ်လိုဘယ်ပုံ သေသွားမှန်းကိုတောင် သိရမှာမဟုတ်ချေ။
"ဘုန်း!"
ဝမ်ဖုန်းတို့၏တုန်ယင်ခြောက်ခြားနေသော အကြည့်များအောက်တွင် ကောင်းကင်ထိတိုင်မြောက်တက်နေသော သွေးသစ်ပင်ကြီးသည် ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် ညိုနွမ်းခြောက်လျော့သွားခဲ့သည်။ သွေးသစ်ပင်တစ်ခုလုံးသည် ၎င်း၏အသက်ဓာတ်များကို ဆုံးရှုံးသွားခဲ့ကာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ဘူးသလိုမျိုး မြေပြင်မှ ထာဝရပျောက်ကွယ်သွားခဲ့သည်။
ဒါကိုမြင်တော့ ဝမ်ဖုန်းက အနည်းငယ်ရီဝေကြောင်အသွားခဲ့သည်။ သူစတင် မတူးခင်မှာတောင် သွေးသစ်ပင်ကြီးက ပျောက်ကွယ်သွားပြီတဲ့လား။
"ပြောကြတာတော့ သွေးသစ်ပင်ကြီးတစ်ပင်က သစ်သီးတစ်လုံးကိုပဲမွေးဖွားပေးနိုင်တယ်။ သွေးသစ်သီးမြေခတာနဲ့တစ်ပြိုင်နက် သစ်ပင်ကြီးကလည်း ချက်ချင်းပျောက်ကွယ်သွားလိမ့်မယ်"
"သွေးသစ်သီးက ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကြီးရဲ့ သွေးကြောစွမ်းအင်တွေကို စုစည်းထားတယ်။ သစ်သီးသာကြွေကျရင် သစ်ပင်ကြီးကလည်း ညိုနွမ်းခြောက်လျော့သွားမှာ!"
တစ်ဖက်တွင်ရှိနေသော ရွှမ်းယွမ်သည် ရှေးဟောင်းစာအုပ်အတွင်းရှိ စာပေများကိုပြန်၍ အမှတ်ရခဲ့ကာ သတ်ပြင်းချလျက် ပြောဆိုခဲ့သည်။
ရွှမ်းယွမ်၏စကားကိုကြားတော့ ဝမ်ဖုန်းနှင့်ကွေ့ဝူတို့သည် စိတ်ခံစားချက်တို့ဖြင့်ပြည့်နှက်သွားခဲ့သည်။ သွေးသစ်သီးတွေက အရမ်းကိုအစွမ်းထက်တာ အံ့သြစရာမဟုတ်တော့ပါဘူး။ တကယ်တော့သစ်ပင်ကြီးတစ်ပင်လုံးရဲ့ အဆီအနှစ်တွေကို ဆွဲစုထားတာကိုး။
မြင့်မြတ်တဲ့သစ်ပင်က အဘယ်မျှလောက်ညံ့ဖျင်းပါစေ၊ အဆုံးမှာတော့ရတနာသစ်ပင်ဖြစ်နေဆဲသာ။ မြင့်မြတ်သောရတနာသစ်ပင်ကြီးတိုင်းသည် ကမ္ဘာလောကကြီး၏ အဆုံးအစမဲ့သောစွမ်းအင်တို့ကို မွေးဖွားပေးနိုင်သည်။
"ဟမ်.. အဲ့ဒါဘာလဲ?"
ဤအချိန်တွင် ဝမ်ဖုန်း၏စူးရှသောမျက်ဝန်းများသည် သွေးသစ်ပင်အမြစ်တွယ်ခဲ့သောနေရာ၌ တစ်စုံတစ်ခုထွက်ပေါ်လာတာကိုတွေ့မြင်ခဲ့ရသည်။
သွေးသစ်ပင်ကြီးသည် မြေနေရာအကျယ်ကြီးကို အုပ်စိုးထားခဲ့သည်။ ၎င်းက တောင်တစ်ခုလုံးနီးပါးကို နေရာယူထားခဲ့၏။ ၎င်းသစ်ပင်ကြီး ရုတ်တရက်ပျောက်ကွယ်သွားသည့်အခါ မြေပြင်ကြီးသည် ၎င်းကိုဆွဲစုပေးထားသည့်အမြစ်များ မရှိတော့တာကြောင့် ရုတ်တရက်ပြိုကွဲသွားခဲ့သည်။ မြေပြင်တွင် ကြီးမားသော တွင်းပေါက်ကြီးဖြစ်ပေါ်လာခဲ့သည်။ ၎င်းတွင်းပေါက်၏ အက်ကွဲရာများကြားတွင် အရာဝတ္ထုတစ်ခုက ထွက်ပေါ်လာချေသည်။
၎င်းမှာ ထူထပ်သော သစ်မြစ်တစ်ခုဖြစ်ပုံရသည်။ ယင်းသစ်မြစ်၏အပေါ်တွင် အနီရောင်သင်္ကေတများက ဝင်းလတ်တောက်ပနေခဲ့သည်။ သွေးကြောများကလည်း နီးဆွေးလျက်ရှိချေသည်။ လူအများသည် ထူးဆန်းသောခံစားချက်ကို ခံစားခဲ့ရသည်။ သစ်မြစ်ပေါ်ရှိသွေးကြောများက လှုပ်ရှားနေခဲ့တာကြောင့် သက်ရှိအရာဝတ္ထုတစ်ခုအလားတောင် ထင်မှတ်ရသည်။
ဝမ်ဖုန်းသည် အံ့ဩနေသောအမူအရာဖြင့် တွင်းပေါက်ကြီးထဲကို ခုန်ဆင်းသွားခဲ့ကာ သွေးနီရောင်သစ်မြစ်ကို ကောက်ယူလိုက်သည်။ သူဟာ သစ်မြစ်သည် အရမ်းကိုလေးလံကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် တန်ပေါင်းထောင်ချီခန့်မျှ လေးလံလေ၏။ ၎င်းသစ်မြစ်ကို ကိုင်ဆောင်ထားရခြင်းမှာ တောင်ကြီးတစ်ခုလုံးကို ပင့်ေမြှာက်ထားရခြင်းနှင့်တူညီသည်။ သစ်မြေကို ထိတွေ့လိုက်သည့် တစ်ခဏတွင် ဝမ်ဖုန်းသည် ကြီးမားသောအသက်ဓာတ်စွမ်းအားကို ခံစားခဲ့ရသည်။ အဆိုပါစွမ်းအားသည် မြစ်ကြီးတစ်စင်းအလား သစ်မြစ်အတွင်း၌ လှည့်ပတ်စီးဆင်းလျက်ရှိသည်။ ယင်းမှာဧကရာဇ်တစ်ပါး၏ အသက်ဓာတ်ကဲ့သို့ သန်မာစူးရှသည်။
ဤသစ်မြစ်ကိုသာ စားသုံးလိုက်ပါက သူသည် ထာဝရရှင်သန်နိုင်လိမ့်မည်ဟုတောင် ဝမ်ဖုန်းက တွေးတောလိုက်မိချေသည်။
"ဒါက သွေးသစ်ပင်ကြီးပျက်စီးသွားပြီးနောက် ထွက်ပေါ်လာတဲ့ သစ်မြစ်ပဲဖြစ်ရမယ်"
"သက်တမ်းတလျှောက်မှာ သွေးသစ်ပင်ဟာ တစ်ကြိမ်သာ ပေါက်ဖွားနိုင်တယ်။ ဒါပေမယ့် သွေးသစ်ပင်ဆိုတာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့ဖွယ်အရာဝတ္ထုတစ်ခုပဲလေ ။သူ့ရဲ့အဆီအနှစ်တွေကို သွေးသစ်သီးကစုပ်ယူလိုက်ရင်တောင်မှ သူ့ရဲ့အသက်ဓာတ်တစ်စိတ်တစ်ပိုင်းကတော့ အမြစ်အဖြစ်ပြောင်းလဲသွားနိုင်သေးတယ်။ အဲဒီသစ်မြစ်က အချိန်ကာလကိုစောင့်ဆိုင်းပြီး နောက်ထပ်သွေးသစ်ပင်တစ်ပင်အဖြစ် ကြီးထွားပေါက်ပွားလာနိုင်တယ်"
"ဟုတ်တာပေါ့ ။သစ်မြစ်ကို မြင့်မြတ်တဲ့ရေစင်တွေနဲ့ ကောင်းကင်ရတနာပစ္စည်း တွေကိုသုံးပြီး အာဟာရပေးဖို့လည်းလိုသေးတယ်။ ဒီလိုမှပဲ ဒုတိယမြောက်သွေးသစ်ပင်က ပေါက်ဖွားလာနိုင်တာ"
" ဒါပေမဲ့ သွေးသစ်ပင်တစ်ပင် ဖြစ်ထွန်းစေဖို့အတွက် အသုံးပြုရမဲ့ ကောင်းကင် ရတနာပစ္စည်းတွေနဲ့ရေစင်တွေက လူတွေ တွေးထင်ထားတာထက် အများကြီးတန်ဖိုးပိုရှိတယ်"
ရွှမ်းယွမ်သည် ဝမ်ဖုန်းလက်ထဲရှိသစ်မြစ်ကလေးကို စူးစိုက်ကြည့်လိုက်ကာ တောက်ပသောမျက်ဝန်းတို့ဖြင့် တီးတိုးရေရွတ်ခဲ့သည်။