← Chapters

မဟူရာ အကြေးခွံလက်ဝါး။

Vol. 52 Ch. 727

မဟူရာ အကြေးခွံလက်ဝါး။

Vol. 52 Ch. 727

"ဘုန်း!"

ဟေးလင်၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့ကာ လောကကို တုန်ယင်စေခဲ့သည်။ အမျက်ဒေါသ ပြင်းထန်စွာ ထွက်နေသော နဂါး၏စွမ်းအားသည် အရပ်လေးမျက်နှာကို ခြောက်ခြားစေလျက် ရှိနေသောလူများ၏ ကိုယ်ထည်များကို တုန်ယင်သွားစေခဲ့သည်။

ယွဲ့ယင်း၏ လှပသော မျက်နှာလေးသည် ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ သူမ၏ မျက်ဝန်းများကတောင် ပြူးကျယ်နေခဲ့သည်။ သူမနှင့် တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရပြီးနောက်မှာတောင် ဟေးလင်က ဒီလိုခွန်အားမျိုးထုတ်ဖော်နိုင်လိမ့်ဦးမည်ဟု သူမ ထင်မထားခဲ့ပါ။ ဤစွမ်းအားကတောင် လက်ရှိဒဏ်ရာရနေသော သူမ၏ ခန္ဓာကိုယ်ကို နာကျင်ထိခိုက်စေနိုင်သည်။ သူမသည် အဆုံးအစမဲ့သော စိတ်ပျက်အားယုတ်မှုတို့ကို ခံစားလိုက်ရသည်။ ဤစွမ်းအားနှင့်သာ သူမ ရင်ဆိုင်ရလျှင် သူမသည် လုံးဝ ခုခံနိုင်တော့မှာ မဟုတ်ပါ။

ယွဲ့ယင်းသည် ဝမ်ဖုန်းနှင့် တခြားသူများကို စူးစိုက်ကြည့်နေခဲ့သည်။ ဤစွမ်းအားနှင့် ရင်ဆိုင်နေရသည့်အခါ ဝမ်ဖုန်းတို့ကလုပ်ဆောင်နိုင်စွမ်း ရှိဦးမလားဆိုတာကို သူမ သိချင်မိသည်။ လှမ်းကြည့်မိသည့်အခိုက်အတန့်တွင် သူမသည် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ ဝမ်ဖုန်းတို့အုပ်စုသည် အမူအရာအနည်းငယ်တောင် ပြောင်းလဲခြင်းမရှိပါ။ သူတို့၏အမူအယာများက တည်ကြည်နေဆဲသာ။ သူတို့သည် ဟေးလင်ကို လုံးဝအာရုံမစိုက်ခဲ့သည့်အလား ဖြစ်နေခဲ့၏။

အဆိုပါ ပုံနေဟန်ထားသည် ယွဲ့ယင်း၏ နှလုံးသားကလေးကို တုန်ယင်စေခဲ့သည်။ သူမ၏လှပသော မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ လက်ရှိ ဟေးလင်ထုတ်ဖော်နေသော ခွန်အားသည် သူအထွတ်အထိပ်တွင် ရှိစဉ်တုန်းကလောက် မသန်မာသော်လည်း များစွာသောစွမ်းအားရှင်တို့ကို ခြောက်ခြားစေရန်တော့ လုံလောက်ပါသေးသည်။ ဝမ်ဖုန်းတို့က ဤအခြေနေအောက်မှာတောင် တည်ငြိမ်နေနိုင်သေးသည်ဖြစ်ရာ ထိုသူတို့၏ ခွန်အားသည် သူမ မှန်းဆထားသည်ထက် ကျော်လွန်နေလိမ့်မည်။

"ဝေါင်း!"

ယွဲ့ယင်းထိတ်လန့်နေစဉ်တွင် ဟေးလင်သည် အပြည့်အဝ စွမ်းအင်များကိုဖော်ထုတ်ခဲ့သည်။ သူ၏လက်များက လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို ဖော်ဆောင်နေခဲ့၏။ အနက်ရောင်သင်္ကေတများသည် သူ၏ခန္ဓာကိုယ်မှ ဆက်လက် ထွက်ပေါ်လာခဲ့ကာ လေထုအထက်ရှိ အနက်ရောင်နဂါးကြီးကို ကောင်ချီးပေးခဲ့သည်။ နဂါးကြီး၏ စွမ်းအားများသည် ပို၍ ကြောက်လန့်စရာကောင်းလာခဲ့သည်။

ဧရာမနဂါးကြီး၏ ဟိန်းဟောက်သံနဲ့အတူ နဂါးကိုယ်ထည်ထံမှ အနက်ရောင်အလင်းတန်းများ ဖြာဆင်းလာခဲ့သည်။ နဂါးကြီးသည် ကောင်းကင်ယံအထိတိုင် ပျံသန်းသွားခဲ့သည်။ ၎င်းဟာ လေထုအတွင်း စက်ဝိုင်းသဏ္ဌာန်လှည့်ပတ် ပျံသန်းလိုက်ပြီးနောက် ဝမ်ဖုန်းတို့ရှိရာဘက်သို့ ပြင်းထန်သော ခွန်အားကိုသယ်ဆောင်လျက် ထိုးဆင်းလာခဲ့သည်။ ဝမ်ဖုန်းပတ်ဝန်းကျင်ရှိ လေဟာပြင်သည် ရုတ်တရက်ပြိုပျက်သွားခဲ့သည်။

ဝမ်ဖုန်း၏ ဘေးနားတွင်ရှိနေသော ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် ကြောက်လန့်စရာ နဂါးစွမ်းအားကြောင့် ခန္ဓာကိုယ်များတုန်ယင်နေခဲ့သည်။ နဂါးကြီး သက်ဆင်းလာသည့်အခါ သူတို့၏စိတ်ဝိညဥ်များကို တန်ထောင်ချီလေးလံသော တောင်တန်းကြီးက ဖိထားသကဲ့သို့ ခံစားနေရသည်။

ဤသည်မှာလည်း စွမ်းအင်ဖိအားအများစုက ဝမ်ဖုန်းအပေါ် သက်ရောက်နေတာကြောင့်ဖြစ်သည်။ ဒီလိုမှမဟုတ်ပါက သူတို့၏စိတ်ဝိညဥ်သည် ထိုအရှိန်အဝါသက်သက်ဖြင့်တောင် လုံးဝကွဲကြေသွားနိုင်သည်။

သူတို့၏မျက်လုံးများမှာ ထိတ်လန့်ခြောက်ခြားနေခဲ့တာကြောင့် နဂါးနက်ကြီးကို မော်မကြည့်ရဲခဲ့ကြပါ။ ဤအချိန်တွင်သူတို့ဟာ ဦးခေါင်းများကို နှိမ့်ချထားခဲ့ရသည်။

"အဟက်!"

ဟေးလင်၏ထိတ်လန့်စရာ စွမ်းအားကို ခံစားခဲ့ရသည့်အခါ ဝမ်ဖုန်းသည် အေးစက်စွာလှောင်ရယ်ခဲ့သည်။ သူ၏အသံဟာ မိုးခြိမ်းသံကြီးကဲ့သို့ အရပ်လေးမျက်နှာကို ပျံ့လွင့်သွားခဲ့သည်။ ၎င်းအသံသည် နတ်ဘုရားများ၏ လှောင်ပြောင်သံကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။

"ဘုန်း!"

လှောင်ရယ်သံနှင့်အတူ မယှဉ်သာနိုင်လောက်အောင် ခြောက်ခြားစရာကောင်းသော စွမ်းအားကြီးသည် ဝမ်ဖုန်းထံမှ ထွက်ပေါ်လာခဲ့သည်။ ခမ်းနားသောစွမ်းအင်တို့သည် မုန်တိုင်းသဏ္ဍာန်အဖြစ် ပတ်လည်ရှိအရာအားလုံးကို ဖျက်ဆီးခဲ့သည်။ နဂါးကြီးထံမှ ထွက်ပေါ်နေသော ထိတ်လန့်စရာဖိအား အရှိန်အဝါသည် ဝမ်ဖုန်း၏ စွမ်းအားကြောင့် တိုက်ရိုက်ဖျက်ဆီးခံခဲ့ရသည်။

ဝမ်ဖုန်းကို ဗဟိုပြု၍ ပတ်ပတ်လည် မိုင်တစ်သောင်းဝန်းကျင်သည် အပြင်းအထန် ခါရမ်းသွားခဲ့သည်။ လေထုသည် တွန့်လိမ်ပျက်စီးလာခဲ့သည်မှာ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်အထိပင်။

"ဟင်!"

ဝမ်ဖုန်း၏ပြင်းထန်သောခွန်အားကို ခံစားခဲ့ရသည့်အခါ ယွဲ့ယင်း၏ဖြူဖျော့နေသာမျက်နှာကလေးသည် ထိတ်လန့်တုန်ယင်သွားခဲ့သည်။ သူမဟာ မထိန်းချုပ်နိုင်တော့ဘဲ အံ့အားတသင့် ရေရွတ်လိုက်မိသည်။

ဝမ်ဖုန်း၏စွမ်းအားကြောင့် သူမ၏စိတ်ဝိညဉ်သည် သေမင်းထံသို့ ချဥ်းကပ်သွားသည်အလား ခံစားခဲ့ရသည်။ သူမဟာ အချိန်မရွေးသေဆုံးသွားနိုင်သည့် ခံစားချက်မျိုးကို ရရှိ‌နေခဲ့သည်။သူမ၏အသက်သည် ဝမ်ဖုန်း၏လက်ခုပ်အတွင်း ရှိနေခဲ့သည့်အတိုင်းပင်။ ဤကဲ့သို့ တည်ရှိမှုကြီး၏ရှေ့တွင် ခုခံကာ ကွယ်မှုတို့သည် အသုံးမဝင်ပါ။

ဟေးလင်ဟာလည်း အဆတ်မပြတ် တုန်ယင်နေခဲ့သည်။ သို့သော်လည်း မြှားကြိုးကို ဆွဲပြီးဖြစ်ရာ လေးကိုလည်း တင်ရပါတော့မည်။ သူ့တွင် ရွေးစရာမရှိတော့ပါ။ ထို့အတွက်ကြောင့် သူသည် ခွန်အားကို အပြည့်အဝပေါက်ကွဲ ထုတ်ဖော်လျက် အနက်ရောင်နဂါးကြီးကို ပို၍ စွမ်းအင်များ ပေးလိုက်သည်။

"ဘုန်း!"

အနက်ရောင်နဂါးကြီးက ဝမ်ဖုန်းတို့ကိုဝါးမြိုတော့မည့်အချိန်တွင် ဝမ်ဖုန်း၏မျက်ဝန်းများက မှေးကျဉ်းသွားခဲ့သည်။ သူက လက်တစ်ဖက်ကိုအသာအယာဆန့်တန်းလျက် ရုတ်တရက်ရိုက်နှက်လိုက်သည်။ ပင်လယ်ပြင်တမျှနက်ရှိုင်းသော စွမ်းအင်များသည် ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ၎င်းစွမ်းအင်များသည် ဧရာမလက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ အနက်ရောင် နဂါးကြီးထံသို့ အရှိန်အဟုန်ပြင်းစွာ ဖြတ်ရိုက်ချလိုက်သည်။

"ဘုန်း!"

မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ကာ စွမ်းအင်လှိုင်းလုံးများသည် အရပ်လေးမျက်နှာသို့ အထပ်ထပ်အခါခါ တိုက်ခတ်သွားခဲ့သည်။ ပတ်ဝန်းကျင်လေထုသည် တစ်လက်မပြီး တစ်လက်မ အက်ကွဲလာခဲ့၏။

ဧရာမလက်ဖဝါးကြီး၏ ရိုက်နှက်မှုနှင့် တွေ့ကြုံရသည့်အခါ အနက်ရောင်နဂါးကြီး၏ ကိုယ်ထည်သည် တွန့်လိမ်သွားခဲ့သည်။ ရိုက်ခတ်မိရာနေရာ၌ စွမ်းအင်မုန်တိုင်းတစ်ခု အစပျိုးလာခဲ့ကာ သန်မာသော ဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ ကမ္ဘာမြေပြင်သည် တသိမ့်သိမ့် တုန်ယင်နေခဲ့ကာ ကောင်းကင်ရှိ တိမ်ဆိုင်တိမ်လိပ်များကလည်း ပြိုကွဲသွားခဲ့သည်။

ပန်းပုရုပ်ကလေးတမျှ လှပသော ယွဲ့ယင်း၏ အမူအယာသည် တုန်ယင်ခြောက်ခြားနေခဲ့သည်။ သူမဟာ လုံးဝကို ကြောင်အနေပါပြီ။

ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကလည်း ထိတ်လန့်နေကြသည်။ ဝမ်ဖုန်း၏ခွန်အားကို သူတို့သိထားကြသော်လည်း ဤမြင်ကွင်းကို တွေ့မြင်ရသည့်အခါ မထိန်းချုပ်နိုင်၊ ကြောက်လန့်နေဆဲသာ။

ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်စွမ်းအားရှင်များကို ထိတ်လန့်စေရန် လုံလောက်သော အစွမ်းထက်သည့် အနက်ရောင်နဂါးကြီးသည် ဝမ်ဖုန်း၏လက်ဖဝါးချက်အောက်တွင် စက္ကူစတစ်ရွက်လိုမျိုး တစ်စပြီးတစ ပျက်စီးသွားခဲ့သည်။ ၎င်းသည် အနက်ရောင်အလင်းတန်းများအဖြစ် ပြိုကွဲသွားခဲ့ကာ လောကအတွင်း ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဖူးသလိုမျိုး ပျက်ပြယ်သွားခဲ့၏။

"မဖြစ်နိုင်ဘူး!"

ဟေးလင်၏ မျက်ဝန်းများမှာ ပြူးကျယ်လာခဲ့သည်။ သူ၏ အမူအရာဟာ ကြောက်လန့် တုန်လှုပ်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တုန်ယင်နေ၏။ မယုံကြည်နိုင်သော စကားလုံးများသည် သူ၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူ မယုံကြည်နိုင်ချေ။သူ အကောင်းဆုံးကြိုးစား၍ တိုက်ခိုက်ခဲ့သော်လည်း ဝမ်ဖုန်း၏ လက်ဖဝါးတစ်ဖက်ကိုတောင် အနိုင်မယူနိုင်ခဲ့။

ဒီလူက အစစ်အမှန်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေခဲ့တာများလား။

ဟေးလင်သည် ထိတ်လန့်တုန်ယင်သွားခဲ့သည်။ ဤအချိန်တွင် သူဟာ တိုင်တောင်ကြီးကို ထိပ်တိုက်ရင်ဆိုင်မိပါပြီ။

"ဘုန်း!"

ဧရာမလက်ဖဝါးကြီးသည် နဂါးကြီးကိုဖျက်ဆီးလိုက်ပြီးနောက် ရပ်တန့်မသွားခဲ့ဘဲ ဟေးလင်ထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။ လက်ဖဝါးသည်ဟေးလင်ကို အမှိုက်စတစ်ခုအလား လွင့်စင်ထွက်သွားစေခဲ့သည်။ အစွမ်းထက်သောဖိအားသည် လေထုကို အစိတ်စိတ်အမွှာမွှာ အက်ကွဲစေခဲ့သည်။ ဟေးလင်ဟာ ပို၍တောင် ထိတ်လန့်လာခဲ့၏။

"မဟုတ်ဘူး!"

ထိတ်လန့်စရာစွမ်းအားသည် ဟေးလင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖိနှိပ်ထားခဲ့သည်။ သူဘယ်လောက် ရုန်းကန်ပါစေ ၊ ထိတ်လန့်စရာ လက်ဖဝါးချပ်ကြီးမှ မလွတ်မြောက်နိုင်ခဲ့ပါ။ ဟေးလင်၏ မျက်ဝန်းများအတွင်းရှိ အကြောက်တရားများသည် ပို၍များပြားလာခဲ့သည်။ သူဟာ စိတ်ပျက်အားလျှော့စရာ အော်သံကြီးကို ပြုလုပ်ခဲ့၏။

"ဘုန်း!"

သူဘယ်လောက်ပင် ရုန်းကန်နေပါစေ ၊ အဆုံးသတ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပါ။ ထိတ်လန့်စရာ စွမ်းအားကြီးသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြိုဆင်းလာခဲ့ကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ချွင်းချက်မရှိ ဖြစ်ပေါ်စေခဲ့သည်။ ဟေးလင်၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ကြောက်လန့်စရာ စွမ်းအင်လှိုင်းများ ဖြတ်သန်းသွားခဲ့ချေသည်!

All Chapters