← Chapters

ယွဲ့ယင်း၏ညရွေးချယ်မှု။

Vol. 52 Ch. 730

ယွဲ့ယင်း၏ညရွေးချယ်မှု။

Vol. 52 Ch. 730

" ဘာ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဝူဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ခဲတောင့်သွားခဲ့သည်။ သူ၏မျက်နှာသည် ထိတ်လန့် တုန်ယင်နေခဲ့သည်။ သူ၏ ခွန်အားအပြည့် တိုက်ကွက်ကို ဝမ်ဖုန်းက အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပါ။ ဤမြင်ကွင်းသည် အဘယ်မျှလောက် ကြည့်ရှူပါစေ၊ တစ်ထောင့်တစ်ည ပုံပြင်များကဲ့သို့ ပုံရိပ်ယောင် ဆန်နေဆဲသာ။

ဒါ့အပြင် တိုက်ခိုက်ခဲ့သူမှာ သူတစ်ယောက်တည်းမဟုတ်ပါ။ များစွာသော ပါရမီရှင်များကလည်း သူ၏ဦးဆောင်မှုနောက် လိုက်ပါ၍ တိုက်ခိုက်ခဲ့ကြသေးသည်။ သူတို့သည်လည်း ထိပ်တန်းပါရမီရှင်များ မဟုတ်သော်ငြား ထူးချွန်သည့် သူများ ဖြစ်ကာ ၊ သာမန်ကျင့်ကြံသူများ ရင်ဆိုင်နိုင်မည့်လူများ မဟုတ်ကြပါ။ ဒီလိုပါရမီရှင်တွေ အများကြီးရဲ့တိုက်ကွက်ကိုတောင် ခုခံနိုင်ခဲ့တာလား။

အဲ့ဒီလူက ဘယ်လောက်တောင် သန်မာနေတာလဲ။ ဝမ်ဝူဖုန်း တုန်လှုပ်သွားရုံသာမက သူ၏နောက်တွင်ရှိနေသော ပါရမီရှင် အများကြီးကလည်း ထိတ်လန့်တုန်ယင်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များဟာ ထိန်းချုပ်မရ တုန်ခါနေခဲ့သည်။ မျက်ဝန်းများက ဝမ်ဖုန်းကို မကောင်းဆိုဝါးတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေကြသည်။

" ဘုန်း.....! "

ဝမ်ဝူဖုန်းတို့၏ တိုက်ကွက်များကို ဖျက်စီးပြီးခဲ့သော်လည်း ဝမ်ဖုန်းလက်ညှိုးမှ ထွက်ပေါ်လာသော အလင်းတန်းသည် ရပ်တန့်သွားခြင်းမရှိဘဲ သူတို့ထံ ဆက်လက်ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်စရာစွမ်းအားသည် ထွက်ပေါ်လာခဲ့ကာ ဝမ်ဝူဖုန်းတို့အားလုံးသည် ပြန်လည်၍ သတိပြန်ဝင်လာခဲ့ကြသည်။ သူတို့၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။

" အားကုန်သုံးပြီးခုခံကြ ! "

ဝမ်ဝူဖုန်း၏အမူရာမှာ မဲမှောင်နေခဲ့ပြီး အစောတလျှင် အော်ဟစ်ပြောဆိုလိုက်သည်။

" ဘုန်း...! "

ထိုသို့ပြောလိုက်ခြင်းနှင့်အတူ ခြောက်ခြားစရာ အရှိန်အဝါကြီးသည် သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ဧရာမဒိုင်းကာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့နောက်တွင်ရှိနေသော ပါရမီရှင်များကလည်း တိုက်ကွက်များ ထုတ်ဖော်၍ ဝမ်ဖုန်း၏ စွမ်းအင်ကို ခုခံရန် ကြိုးစားခဲ့ကြသည်။

" ဘုန်း....!"

ဝမ်ဝူဖုန်းနှင့် အခြားသူများ၏ အကာအကွယ် ဒိုင်းကာများ ထွက်ပေါ်လာပြီး မကြာခင်မှာပင်၊ ဝမ်ဖုန်း၏အလင်းတန်းကလည်း ပြင်းစွာသော အဟုန်ဖြင့် သက်ဆင်းလာခဲ့သည်။ ခြောက်ခြားဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သောဖိအားသည် မွေးဖွားလာခဲ့သည်။ အရာအားလုံးသည် ဖျက်စီးခံခဲ့ရသည်။

ကမ္ဘာမြေထုသည် နဂါးတစ်ကောင်လူးလွန့်လိုက်သကဲ့သို့ တရကြမ်း တုန်ခါသွားခဲ့၏။ မြေပြင်၌ အသူရာ တမျှနက်ရှိုင်းသော ချောက်ကြီးများ ဖြစ်ပေါ်လာခဲ့သည်။

" ခရက်....! "

ရုတ်တရက်ဆိုသလို အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ဖိအား၏အောက်တွင် အကာအကွယ်အလွှာသည် ပူဖောင်းတစ်လုံးကဲ့သို့ ဖောက်ခနဲ့ပေါက်သွားခဲ့ကာ အလင်းမှုန်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ဖုန်း၏ လက်ညှိုးမှ ထွက်ပေါ်လာခဲ့သော အလင်းတန်းသည် မယှဥ်သာသော အရှိန်အဟုန်ဖြင့် ဝမ်ဝူဖုန်းတို့်အားလုံးထံ ကျဆင်းလာခဲ့ချေသည်။

" မလုပ်နဲ့ ...! "

ကြောက်လန့်စရာ အသံကြီးသည် ဝမ်ဝူဖုန်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူဟာ ခွန်အားကုန် အသုံးပြု၍ အကောင်းဆုံး ခုခံခဲ့သော်လည်း သက်ဆင်းလာသည့် တိုက်ကွက်ကိုတော့ မ တားဆီးနိုင်တော့ပါ။ လျှပ်စီးတန်း အမျှင်ကလေးသည် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ၎င်းလျှပ်စီးတန်းလေးသည် သူ၏ကိုယ်ထည်အား ထွင်းဖောက်သွားပြီးနောက် သူ့နောက်ဖက်တွင်ရှိနေသော ပါရမီရှင်များ၏ မျက်ခုံးနှစ်ဖက်အကြားသို့လည်း ထွင်းဖောက်သွားခဲ့သည်။

မြင်ကွင်းမှာ.....

ဝမ်ဝူဖုန်းတို့အားလုံးသည် လျှပ်စီးတန်းငယ်လေး၏ ထိုးစိုက်ခြင်းကို ခံခဲ့ရကာ လေဟာပြင်၌ တွဲလောင်းကျနေသည့်အလားပင်။ သူတို့ မျက်ခုံးနှစ်ဖက်အကြား၌ သွေးများ ယိုစီးကျလာခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း၌ အဆက်မပြတ် ယိုစီးလာသော သွေးတို့ကြောင့် သူတို့၏ ပါးပြင်များကတောင် နီစွေးသွားခဲ့ချေသည်။

" မင်း....! "

ဝမ်ဝူဖုန်းသည် တုန်ယင်နေသော လက်ကိုဆန့်တန်းလျက် ဝမ်ဖုန်းကို ညွှန်ပြနေခဲ့သည်။ သူဟာ ပါးစပ်ကို ဖွင့်ဟခဲ့သော်လည်း စကားမဆုံးသေးခင်တွင် အသက်ပျောက်သွားခဲ့သည်။

ဝမ်ဝူဖုန်း၏ ရုပ်အလောင်း ပြိုကျသွားခြင်းမှာ အချက်ပေးသံတစ်ခုနှင့်တောင် တူညီနေခဲ့သည်။ များမကြာမီတွင် တစ်ဆက်တည်းဆိုသလို ပါရမီရှင်အုပ်စုတစ်စုဟာ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။

" ဘမ်း....ဘမ်း...! "

ပေါက်ကွဲသံ တစ်သံပြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဝူဖုန်းတို့၏ ခန္ဓာကိုယ်များ ကျဆင်းရာ မြေပြင်သည် ဧရာမတွင်းပေါက်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြူခိုး၊မြူငွေ့များနှင့် ဖုန်မှုန့်များ တသောင်းသောင်းထလာခဲ့သည်။ ဤမြင်ကွင်းကြောင့် ယွဲ့ယင်း၏ အမူအရာမှာ ပို၍ ခြောက်ခြားတုန်ယင်လာခဲ့သည်။

ဝမ်ဝူဖုန်းတို့၏ သေဆုံးခြင်းမှာ သူမအတွက် သတိပေးမှုတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။ သူမတွင် အသက်ရှင်ရန်လုံလောက်သည့် တန်ကြေးမရှိပါက ၊ သူမ၏ကံကြမ္မာဟာလည်း ဝမ်ဝူဖုန်းတို့နှင့် ထပ်တူညီသွားလိမ့်မည်။

ဝမ်ဝူဖုန်းတို့အုပ်စုကို သတ်ဖြတ်လိုက်ပြီးနောက် ဝမ်ဖုန်းက ယွဲ့ယင်းကို လှမ်း၍ ကြည့်ရှူခဲ့သည်။ မြင်ကွင်းမှာ၊ သူက အမျိုးကောင်းသား သမီးလေးတစ်ယောက်ကို အနိုင်ကျင့်နေသည့်ပုံ ပေါ်၏။ ယွဲ့ယင်း၏ နှလုံးသားမှာ ထိန်းကွပ်မရ တုန်ယင်လာသည်။

" စီ.....စီနီယာ ကျွန်မရဲ့ သွေးမျိုးဆက်က အားနည်းပေမဲ့ ကျမက နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်နေတုန်းပါ။ ကျွန်မကလွဲပြီး နတ်ဆိုးဘိုးဘေးရဲ့ဘုရားကျောင်းထဲကို ခေါ်သွားပေးနိုင်မယ့် အခြားတစ်ယောက်ကို ရှာချင်တယ်ဆိုရင် မျိုးဆက်တစ်ဆက် ကုန်းဆုံးသွားရင်တောင် မဖြစ်နိုင်မှာကို စိုးရိမ်မိပါတယ် !"

" မကောင်းဆိုးဝါးမျိုးနွယ်တွေက လူသားတွေကို ရန်လိုကြပါတယ်။ စီနီယာက အစွမ်းထက်ရင်တောင်မှ အခြားပါရမီရှင်တွေက စီနီယာနဲ့ ပူးပေါင်းပေးမှာ မဟုတ်ပါဘူး။ "

ယွဲ့ယင်းသည် တုန်ယင်နေသော နှလုံးသားကို ထိန်းချုပ်လိုက်ပြီး ဝမ်ဖုန်းကို စိုက်ကြည့်လျက် နက်ရှိုင်းသော အသံဖြင့် ပြောဆိုခဲ့သည်။ သူမက ဝမ်ဖုန်းကို ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အကောင်းဆုံး ရှင်းပြရန် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။

ဝမ်ဖုန်းလို လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ယွဲ့ယင်းက ခြိမ်းခြောက်စကားကို မပြောရဲပါ။ ထိုသို့ပြောခြင်းသည် သေခြင်းကို စိန်ခေါ်ခြင်းသာ ဖြစ်ပါလိမ့်မည်။

ယွဲ့ယင်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်းတွင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ သူက ယွဲ့ယင်းကို ပြန်၍ဖြေဆိုခြင်း မပြုခဲ့ပါ။ သူသည် ဦးခေါင်းကိုနှိမ့်ချလျက် ယွဲ့ယင်းကို စိုက်ကြည့်လိုက်သည်။ ဝမ်ဖုန်း၏အမူအရာကိုတွေ့တော့ ယွဲ့ယင်း၏နှလုံးသားက တုန်ယင်သွားခဲ့သည်။ သူမဟာ ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေခဲ့သည့်အလား မလှုပ်မယှက် ရှိနေခဲ့သည်။

" ဒီအရှင်က မင်းရဲ့သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့စိတ်ဝိညာဥ်ကို ပေးအပ်ရမယ်။ "

တခဏကြာ တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ယွဲ့ယင်းကို စူးစူးရဲရဲ စိုက်ကြည့်လျက် နက်ရှိုင်းသောအသံဖြင့် ပြောဆိုခဲ့သည်။ သူ၏အမူအရာမှာ ခံစားချက် အနည်းငယ်တောင်မရှိဘဲ ထူးမခြားနား ဖြစ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ ခပ်ဖျဖျရှိနေခဲ့၏။

ရောက်ရှိလာသော အေးစက်သည့်သတ်ဖြတ်ငွေ့များကို ခံစားလိုက်ရသည့်အခါ ယွဲ့ယင်း၏နှလုံးသားက တုန်ယင်သွားခဲ့ပြီး သူမ၏အမူအရာက မသေမချာ ဖြစ်လာခဲ့သည်။ သူမ၏စိတ်ဝိညာဥ်ကို ပေးအပ်လိုက်ခြင်းမှာ သူမ၏အသက်ကို တစ်ဖက်သူ၏လက်အတွင်း ထည့်သွင်းလိုက်ခြင်းနှင့် တူနေသည်။ တစ်နေ့နေ့တွင် သူမ၏ ကိုယ်ပိုင်ကျင့်ကြံမှုက ဝမ်ဖုန်းထက် သာလွန်သွားခဲ့၍ မဟုတ်လျှင် သူမ တစ်ဘဝလုံး ဝမ်ဖုန်း၏ သနားကြင်နာမှုအောက်တွင် ရှင်သန်နေရလိမ့်မည်။

ယွဲ့ယင်းဟာ အမျိုးသမီးတစ်ယောက်သာဖြစ်သော်လည်း ဂုဏ်သိက္ခာကို အလေးထားသူ ဖြစ်သည်။ မကောင်းဆိုးဝါးမျိုးနွယ်စု တစ်ယောက်အနေဖြင့် သူမဟာ စိတ်ဝိညာဥ်ကို ပေးအပ်ခြင်းဟူသော အရှက်ကွဲမှုမျိုးကို သည်းမခံချင်ခဲ့ပါ။

" ဒီအရှင်က မင်းရဲ့သွေးမျိုးဆက်ကို တိုးတက်အောင်ကူညီပေးမယ်။ မင်းကို ကောင်းကင်နဲ့ ကမ္ဘာလောကကြားက မကောင်းဆိုဝါးမျိုးနွယ်စုထဲက ထိပ်တန်းမကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာစေရမယ်။ နတ်ဆိုးဘိုးဘေးနဲ့တောင် ရင်ဆိုင်နိုင်တဲ့အထိပေါ့ "

ယွဲ့ယင်း၏ မျက်ဝန်းအိမ်အတွင်းရှိ သေခြင်းကို တောင်းတသော အကြည့်ကို ကြည့်မိလိုက်သည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ထပ်မံပြောဆိုခဲ့သည်။

ယွဲ့ယင်းလို မကောင်းဆိုးဝါး၏ သွေးမျိုးဆက်ကို တိုးမြှင့်ပေးရခြင်းမှာ မရိုးရှင်းပါ။ သို့သော်လည်း ကံကောင်းစွာဖြင့် သူ့တွင် သွေးသစ်သီးကဲ့သို့ အထွတ်အမြတ် ရတနာတစ်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။ ဤသည်က ယွဲ့ယင်း၏ သွေးမျိုးဆက်ကို အဆုံးစွန်အထိ မြှင့်တင်ပေးနိုင်ရန် လုံလောက်သည်။ယွဲ့ယင်းသာ သူမ၏စိတ်ဝိညာဥ်ကို ပေးအပ်ခြင်းမရှိလျှင်၊ ဝမ်ဖုန်းကလည်း သွေးသစ်သီးကို ယွဲ့ယင်းထံ ပေးမှာမဟုတ်ပါ။

မူလက သူသည် ထိုရတနာပစ္စည်းကို ရှန်ရှန်ကျုံဂိုဏ်းသားများကို ဆုချရန်အတွက် သိမ်းထားချင်ခဲ့သည်။သို့သော်လည်း နတ်ဆိုးဘိုးဘေး၏ရတနာပစ္စည်းကဲ့သို့ အထွတ်အမြတ် ပစ္စည်းအကြောင်း ကြားသိလိုက်ရလိမ့်မည်ဟု သူ ထင်မထားပါ။ ယွဲ့ယင်းအတွက် အခြားသောရတနာပစ္စည်းများထက် သွေးသစ်သီးကသာ အသင့်လျော်ဆုံးဖြစ်၏။ သူသည် နတ်ဆိုးဘိုးဘေး၏ ရတနာပစ္စည်းကို တချိန်တည်းမှာ ရရှိနိုင်သလို၊ သန်မာသော တပည့်တစ်ယောက်ကိုလည်း ရရှိနိုင်မည်ဖြစ်ရာ အဘယ်ကြောင့် ဆန္ဒ မရှိရမည်နည်း။

သူသည် မရေမတွက်နိုင်သော အတွေ့အကြုံများကို ခံစားခဲ့ရပြီး ဖြစ်၏။ သူ၏သွေးမျိုးဆက်က အဆုံးစွန်ထိတိုင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။သူ့အတွက် သွေးသစ်သီးဟာ အသုံးမဝင်တော့ပါ။

KYoun (Hsu Thet):

All Chapters