← Chapters

အခန်း(၁၂၂)

Vol. 9 Ch. 122

အခန်း(၁၂၂)

Vol. 9 Ch. 122

ကျန်းချန်က လက်တစ်ချက် ယမ်းလိုက်သည်နှင့် ဒူးထောက်နေတဲ့ ဟော်ကျိလွမ်ကို အင်အားတစ်ရပ်က မတင်လိုက်သည်။

"ကျိလွမ်.. ဆရာကျန်းက ကိုယ်ခံပညာမှာ ပါရမီထူးချွန်ပေမဲ့ နင့်အဖေရဲ့ ပြဿနာတွေက ကိုယ်ခံပညာနဲ့ ဖြေရှင်းလို့ မရဘူး"

ထိုအချိန်တွင် ဟော်ကျိလွမ် အနောက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးသည် ရှေ့ကို တက်လာခဲ့သည်။

သူမက ကျန်းချန်ကို အားနာသည့် အမူအရာဖြင့် ကြည့်ပြီးနောက် ဟော်ကျိလွမ်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျိလွမ်.. ဆရာကျန်းကို အခက်တွေ့အောင်မလုပ်နဲ့"

"မဟုတ်ဘူး... ဆရာကျန်းက သမီးအဖေကို ကယ်တင်နိုင်မယ်လို့ သမီးယုံကြည်တယ်"

ဟော်ကျိလွမ်က ကျန်းချန်ကို တောင်းပန်တိုးလျှိုးစွာ ကြည့်၍ ပြောလိုက်သည်။

"ဆရာကျန်း အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဆရာကျန်းက ဘယ်လိုအခြေအနေမျိုးပဲ တောင်းဆိုပါစေ.. ကျိလွမ်က သဘောတူနိုင်ပါတယ်"

တခြားသူများက ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို မသိသော်လည်း ဟော်ကျိလွမ်က ရှင်းရှင်းလင်းလင်း သိထား၏။

ယမန်နေ့က လင်ယွင်မြို့ရှိ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးတွင် ကျန်းချန်သည် တတိယအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှု ခံယူခဲ့ပြီး ဆရာ တန်ရိချန်ပင် သူ၏ အဂ္ဂိရတ် ပညာရပ်ကို အထူးတလည် ချီးကျူးခဲ့ရသည်။

ယခုအခါ ဟော်ကျိလွမ်တွင် ခံစားချက်တစ်ခု ရှိနေ၏။

ယင်းမှာ ဤကမ္ဘာပေါ်တွင် သူမ အဖေကို ကယ်တင်နိုင်သည့်သူ တစ်ယောက်ရှိလျှင် ထိုလူသည် သူ့မရှေ့မှ ကျန်းချန်သာ ဖြစ်မည်ဟူသော ခံစားချက်ပင်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"မင်းအဖေကို ကယ်တင်ဖို့ ငါ့အကူအညီ လိုချင်ရင် မင်းအဖေဆီ အရင်ဆုံး ခေါ်သွားပြရမယ် မဟုတ်လား"

"ဆရာကျန်း.. ကျွန်မနဲ့အတူ လိုက်ခဲ့ပါ"

ကျန်းချန်က သဘောတူလိုက်လျှင် ဟော်ကျိလွမ်သည် ဝမ်းသာအားရဖြင့် ကျန်းချန်ကို ဖုန်းဟော်မြို့ထဲ အလျင်အမြန် ခေါ်သွားခဲ့၏။

နာရီဝက်အကြာတွင် ဟော်ကျိလွမ်နှင့် ကျန်းချန်တို့သည် ဟော်မိသားစု၏ ခေါင်းဆောင် ဟော်ဝူကျင်း၏ အခန်းထဲသို့ ရောက်လာခဲ့သည်။

ကျန်းချန်က အခန်းထဲကို ရောက်သည်နှင့် အခန်းတစ်ခန်းလုံးကို အကဲခတ် ကြည့်လိုက်ရာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် တစ်ကိုယ်လုံး ဖြူဖျော့ပြီး သတိမေ့နေသော ပုံစံဖြင့် အိပ်ရာပေါ်တွင် လှဲနေတာကို တွေ့လိုက်ရသည်။

ထိုလူ၏ အိပ်ရာဘေးတွင် နှစ်မီတာ သုံးမီတာခန့် မြင့်မားသည့် အနီရောင်ကျားတစ်ကောင်က လှဲလျောင်းနေခဲ့သည်။

ကျန်းချန်ရဲ့ စတုတ္ထအဆင့် သားရဲသခင် အမြင်အရဆိုလျှင် ထိုအနီရောင်ကျားသည် ဒုတိယအဆင့်၊ အဆင့်မြင့်သားရဲ ဖြစ်သည့် မီးလျှံကျား ဆိုသည်ကို အသိအမှတ်ပြုရန် မခက်ခဲခဲ့ပေ။

ဤမီးလျှံကျားရဲ့ အသက်ရှူနှုန်းက အလွန်တရာ အားနည်းနေပြီး အချိန်မရွေး သေဆုံးနိုင်သည့် လက္ခဏာများ ရှိနေပုံရ၏။

မီးလျှံကျား၏ ဘေးတွင် ချွေးတလုံးလုံးဖြင့် မီးလျှံကျားကို ကုသနေသည့် သားရဲသခင် ဝတ်စုံဝတ် အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။

အခန်းထဲမှ အခြေအနေကို ကြည့်ပြီး ကျန်းချန်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

"ဒါက အသက်မျှဝေတဲ့ စာချုပ်ကြောင့် ဖြစ်လာတာပဲ ဖြစ်ရမယ်"

"ဆရာကျန်းက တကယ် အမြင်စူးရှတာပဲ.. ကျွန်မရဲ့ ဖခင်က ဒီမီးလျှံကျားနဲ့ တကယ်ပဲ အသက်မျှဝေတဲ့ စာချုပ်ကို ချုပ်ထားပါတယ်"

"လွန်ခဲ့တဲ့ တစ်လခွဲက ကျွန်မရဲ့ ဖခင်နဲ့ မီးလျှံကျားတို့ ပူးပေါင်းပြီး ရှန်းထျန်းလုံကို တွန်းလှန်နိုင်ခဲ့လို့သာ ဟော်မိသားစုက အသက်ရှူဖို့ အခွင့်အရေး ရခဲ့တာပါ"

"ဒါပေမဲ့ အဲဒီ တိုက်ပွဲအတွင်းမှာ မီးလျှံကျားက ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ကျွန်မရဲ့ ဖခင်လည်း အခုလိုမျိုး ဖြစ်သွားခဲ့တယ်"

ဟော်ကျိလွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

ရှန်းဝူတိုက်ကြီးတွင် သားရဲသခင်မှလွဲ၍ သားရဲကို ထိန်းချုပ်ချင်သည့် သာမန် ကျင့်ကြံသူများသည် သားရဲနှင့် စာချုပ်ချုပ်ရပေသည်။

ဤအသက်မျှဝေသည့် စာချုပ်သည် တန်းတူ စာချုပ်တစ်ခု ဖြစ်၏။

တစ်ဖက်က ထိခိုက်ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေလျှင် တခြားတစ်ဖက်က အသက်စွမ်းအားကို မျှဝေပေးရမည် ဖြစ်၏။

ဆိုရလျှင် မီးလျှံကျား အခုအချိန်အထိ အသက်ရှင်နေရသည့် အကြောင်းရင်းမှာ အသက်မျှဝေသည့် စာချုပ်ကြောင့်ဟု ပြော၍ရပေသည်။

ယခု သူစားသုံးနေသည်မှာ ဟော်ဝူကျင်း၏ အသက်စွမ်းအားဖြစ်သည်။

၎င်း၏ တစ်ခုတည်းသော ရလဒ်မှာ ဟော်ဝူကျင်းနှင့် မီးလျှံကျားသည် သိပ်မကြာခင် အတူတူ သေဆုံးသွားရမည် ဖြစ်၏။

"မိန်းကလေးဟော်.. ဒီအဘိုးကြီးက အစွမ်းကုန် ကြိုးစားခဲ့ပါတယ်"

"ဒီမီးလျှံကျားရဲ့ ဒဏ်ရာက မဟာရှားနိုင်ငံရဲ့ အင်အားအကြီးဆုံး ဆဋ္ဌမအဆင့် သားရဲသခင်ကို ဖိတ်ခေါ်ရင်တောင် ပြန်လည်သက်သာဖို့ မဖြစ်နိုင်တော့ဘူးလို့ ငါထင်တယ်"

အခန်းတံခါးဝမှာရှိသည့် ဟော်ကျိလွမ်တို့ နှစ်ယောက်ကို ကြည့်ပြီး အဘိုးအိုက ခေါင်းခါရမ်းကာ သက်ပြင်းချ၍ အမှန်အတိုင်း ပြောလိုက်သည်။

အဘိုးအို၏ စကားကို ကြားလျှင် သူမ၏ လှပသည့် မျက်နှာလေးသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။

"ဟမ့်.. ဒီမီးလျှံကျားရဲ့ ဒဏ်ရာကို ကယ်မရတော့ဘူးလို့ မင်းကို ဘယ်သူပြောလဲ"

"မင်း မကယ်တင်နိုင်ရင် မင်းက ကောင်းကောင်း မလေ့လာခဲ့တာကိုပဲ အပြစ်တင်ရမယ်"

ထိုအချိန်မှာပင် အခန်းထဲ၌ တိုးညင်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

အခန်း(၁၂၂) ပြီး၏

All Chapters