← Chapters

အခန်း(၁၂၃)

Vol. 9 Ch. 123

အခန်း(၁၂၃)

Vol. 9 Ch. 123

ကျန်းချန်ရဲ့ အေးစက်စက် ခနဲ့လိုက်သော အသံသည် အဘိုးကြီးကို ခဏမျှ အံ့အားသင့်သွားစေခဲ့သည်။

မကြာခင်မှာပင် သူ၏ အကြည့်များသည် ကျန်းချန်ဆီသို့ ချက်ချင်း ရောက်ရှိသွား၏။

ဤကဲ့သို့ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကောင်လေးက သူ၏ သုံးသပ်မှုကို မေးခွန်းထုတ်နေသည်ကို မြင်လျှင် အဘိုးကြီး၏ မျက်နှာသည် ချက်ချင်းပင် မကြည်မလင် ဖြစ်သွားခဲ့သည်။

"ကောင်လေး.. မင်းက ငါ့ကို ကောင်းကောင်း မလေ့လာခဲ့ဘူးလို့ ပြောလိုက်တာလား"

"သိပ်ဟုတ်တာပေါ့"

"ဒီမီးလျှံကျားက အသက်ရှင်ဖို့ အလားအလာရှိတာ အသိသာကြီးကို မင်းက ပြန်ကောင်းဖို့ အားမရှိဘူးလို့ ပြောချင်နေတာကိုး"

"အဲဒါက ကောင်းကောင်း မလေ့လာခဲ့လို့ပဲ မဟုတ်လား".

ကျန်းချန်က အားနာမနေဘဲ တဲ့တိုးပင် ပြောလိုက်သည်။

"ကောင်လေး...မင်းဘယ်က ကောင်လဲ"

"မင်းလို နို့နံ့တောင် မစင်သေးတဲ့ကောင်က ငါ့ရှေ့မှာ အာချောင်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"

အဘိုးကြီး၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာသည်။

သူက ကျန်းချန်ကို အထင်သေးစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီမီးလျှံကျားက အသက်ရှူရုံပဲ ကျန်တော့တာ မင်းမမြင်ဘူးလား.. ငါက မကယ်နိုင်ဘူးလို့ ပြောရင် လုံးဝ မကယ်တင်နိုင်ဘူးပဲ.. ဒါက ငြင်းမရတဲ့ အမှန်တရားပဲ"

ကျန်းချန်က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။

"အသက်ရှူရုံပဲ ကျန်တယ်ဆိုမှတော့ ဘာလို့ မကယ်နိုင်ရမှာလဲ"

"ကောင်လေး.. မင်း သားရဲထိန်းချုပ်ရေး နည်းလမ်းတွေ နားမလည်ရင် အာမချောင်စမ်းနဲ့"

အဘိုးကြီးက လေသံနှိမ့်၍ ပြောလိုက်သည်။

"ငါက ဒီမီးလျှံကျား မကယ်နိုင်ဘူးလို့ ပြောရင် ဘယ်သူမှ မကယ်နိုင်တာ သေချာတယ်.. ကမ္ဘာပေါ်မှာ အတော်ဆုံး သားရဲသခင်ကို ခေါ်လာရင်တောင် အသုံးမဝင်ဘူး"

ထိုစကားကို ကြားလျှင် ကျန်းချန်က ပြုံးလိုက်သည်။

"ဒုတိယအဆင့်၊ အဆင့်မြင့်သားရဲ ဖြစ်တဲ့ မီးလျှံကျား တစ်ကောင်ကို ကုသရုံလောက်က ငါ့အတွက် မျက်စိမှိတ်ပြီးတောင် ကုသလို့ရတယ်.. တခြားသူတွေကို ဘာလို့ ခေါ်ရမှာလဲ"

"မင်းကလား"

အဘိုးကြီးက ကျန်းချန်ကို အပေါ်အောက် ကြည့်လိုက်သည်။

ကျန်းချန်၏ စကားက သူ့ဘဝတွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသလိုမျိုး ဖြစ်သွားခဲ့၏။

သူ့လို တတိယအဆင့် သားရဲသခင်ပင် လက်မှိုင်ချနေရသည့် ပြဿနာကို ဤကောင်လေးက မည်သို့ တတ်နိုင်ပါမည်နည်း။

"ကျန်း..ဆရာကျန်း.. ရှင် မီးလျှံကျားကို တကယ်ပဲ ကယ်နိုင်တာလား"

အဘိုးကြီးက ကျန်းချန်၏ စကားများကို အရေးမလုပ်သည့် အချိန်မှာ ဟော်ကျိလွမ်သည် ကျန်းချန်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ မေးလိုက်၏။

"မိန်းကလေးဟော်.. သူက ဘာမှ နားမလည်ဘဲ အလကားအာချောင်ချင်တဲ့ ချာတိတ်လေးပဲ.. သူ လှည့်စားတာကို မခံပါနဲ့"

"သူ့ကို ယုံကြည်ပြီး ကုခိုင်းလိုက်ရင် မင်းအဖေ တကယ်ပဲအန္တရာယ် များသွားနိုင်တယ်"

ဟော်ကျိလွမ်က ကျန်းချန်၏ စကားကို တကယ်ကြီး ယုံချင်နေသည်ကို မြင်လျှင် အဘိုးကြီး၏ မျက်နှာသည် ချက်ချင်းပင် မကြည်မလင် ဖြစ်သွား၏။

"ရယ်စရာပဲ... မီးလျှံကျားက ဟော်မိန်းကလေးရဲ့ အဖေနဲ့ အသက်ကို မျှဝေထားတာ.. မင်းက မီးလျှံကျားကို မကယ်နိုင်တော့ဘူးလို့ ပြောတာက သူ့အဖေကို မကယ်နိုင်ဘူးလို့ ပြောတာနဲ့ ဘာကွာသွားလို့လဲ"

"မင်းအမြင်မှာ သူ့အဖေကို မကယ်တင်နိုင်တော့ဘူး ဆိုမှတော့ သူ့အဖေက အခု အခြေအနေထက် ပိုပြီး ဘာအန္တရာယ်ရှိနိုင်မှာလဲ"

"အဘိုးကြီး.. မင်း အာရုံများနေပြီလို့ ငါထင်တယ်"

ကျန်းချန်က အဘိုးကြီးကို အေးစက်စက် ကြည့်လိုက်ပြီး တကယ်ကို လှောင်ပြောင်လိုက်သည်။

"ကောင်လေး.. စကားကြီးစကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား"

"မင်း သတ္တိရှိရင် လေနဲ့ မပြောနဲ့.. တကယ် တတ်နိုင်ရင် ဒီမီးလျှံကျားကို ကယ်လိုက်"

"မင်း တကယ် ကုသနိုင်ရင် ငါ ဒူးထောက်ပြီး မင်းကို ဆရာတင်လိုက်မယ်"

အဘိုးကြီးက ကျန်းချန်၏ စကားများကို ကြားလျှင် မျက်နှာထက်၌ ဒေါသရိပ်များ ချက်ချင်း ပေါ်လာခဲ့သည်။

"ဟားဟား... မင်းရဲ့ဆရာ တကယ်ပဲ ဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"

"ငါရှိနေသရွေ့ ဒီမီးလျှံကျားက သေချင်လှပါချည်ရဲ့ ဆိုရင်တောင် မသေနိုင်တော့ဘူး"

ကျန်းချန်က စကားဆုံးသည်နှင့် မီးလျှံကျားကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။

"ဒင်.. ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်နေတဲ့ ဒုတိယအဆင့်၊ အဆင့်မြင့်သားရဲ မီးလျှံကျားကို လေ့လာပြီး အဆတစ်ရာ နားလည်မှုကို ရရှိလိုက်ပါတယ်"

"ဒင်.. သင်က မီးလျှံကျားရဲ့ ကုသနည်းကို နားလည်သွားပါပြီ"

သူ့စိတ်ထဲတွင် အသိပေးချက် အသံ မြည်လာသည်နှင့် ကျန်းချန်သည် ရရှိလာသည့် အချက်အလက်များကို စီစစ်လိုက်၏။

မကြာခင်မှာပင် သူသည် အခန်းထဲရှိ စားပွဲဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး စုတ်တံ တစ်ချောင်းကို ကောက်ယူကာ ဆေးဖက်ဝငိ ပစ္စည်း ဆယ်ခုကျော်ကို ချရေး၍ ဟော်ကျိလွမ်ကို ပေးလိုက်သည်။

"ဟော်မိန်းကလေး.. ဒီပစ္စည်းတွေကို မီးနဲ့ ၁၅မိနစ်လောက် ပြုတ်ခိုင်းပြီး ဆေးရည်ကို ငါ့ဆီယူလာပေးပါ"

အခန်း(၁၂၃) ပြီး၏

All Chapters