← Chapters

အခန်း(၁၂၅)

Vol. 9 Ch. 125

အခန်း(၁၂၅)

Vol. 9 Ch. 125

စည်းတံဆိပ် ၁၂ ခုလုံး မီးလျှံကျား၏ ခန္ဓာကိုယ်ထဲကို မြုပ်ဝင်သွားပြီးသည့် နောက်တွင် မီးလျှံကျား၏ အသက်စွမ်းအားသည် သိသာသော အရှိန်ဖြင့် အလျင်အမြန် ပြန်လည် ကောင်းမွန်လာခဲ့၏။

"ငါက ရှေးခေတ်သားရဲ ထိန်းချုပ်ရေး နည်းစနစ်ကို သုံးပြီး မီးလျှံကျားရဲ့ အသက်စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်စေပြီး သူ့ရဲ့ ဖြစ်နိုင်ချေကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်ပြီ"

"အများဆုံး လဝက်လောက်ဆိုရင် သူက ပြန်ထလာနိုင်ပြီး တတိယအဆင့် သားရဲအဖြစ် အဆင့်တက်လာနိုင်လိမ့်မယ်"

"အဲဒီအချိန်မှာ မီးလျှံကျားရော မင်းအဖေရော နှစ်ယောက်လုံး နိုးလာလိမ့်မယ်"

မီးလျှံကျား၏ အခြေအနေကို အကဲခတ်ရင်း ကျန်းချန်က လက်နှစ်ဖက်ကို ခါလိုက်ကာ ဟော်ကျီလွမ်ကို ရယ်မော၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်"

ကျန်းချန်၏ စကားကို ကြားလျှင် ဟော်ကျိလွမ်က စိတ်လှုပ်ရှားသွားသည်။

သူမသည် ယခင်က သူမအဖေကို လက်လွှတ်လိုက်ရပြီဟု မသိစိတ်ကနေ လက်ခံထားခဲ့၏။

ကျန်းချန်က ဤမျှလောက် အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"သာမန်ကုသမှုလေးတစ်ခုပါပဲ.. ဟော်မိန်းကလေး အားမနာပါနဲ့"

ကျန်းချန်က ပြုံးလိုက်ပြီး နံဘေးမှ လုယွမ်ဟွာကို ချက်ချင်း ကြည့်လိုက်သည်။

"ဘယ်လိုလဲ ငါက ဒီမီးလျှံကျားကို ကယ်နိုင်တယ်လို့ ပြောခဲ့တာကို လက်ခံနိုင်ပြီလား"

"ဆရာက ရှေးခေတ်သားရဲ ထိန်းချုပ်ရေးနည်းစနစ်ကို ကျွမ်းကျင်ပြီး သားရဲထိန်းချုပ်ရေးအတတ်မှာ ဒီအဘိုးကြီးထက် အများကြီး သာလွန်ပါတယ်.. ဒီအဘိုးကြီး ဆရာ့စကားကို ယုံကြည်ပါပြီ"

"အခုလေးတင် ဒီအဘိုးကြီးက အမြင်ကန်းပြီး ဆရာ့ကို စော်ကားမိခဲ့တယ်.. ဆရာ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

"ဒီအဘိုးကြီးက ဆရာ့ဘေးမှာ တစ်သက်လုံး လိုက်ပါပြီး သင်ကြားမှုတွေကို ခံယူဖို့ ဆန္ဒရှိပါတယ်"

လုယွမ်ဟွာက ကျန်းချန်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

ဤကမ္ဘာကြီးသည် အင်အားကြီးမားသူကို လေးစားကြသည့်ကမ္ဘာကြီး ဖြစ်သည်။

လုယွမ်ဟွာက သူ့ရှေ့မှ လူငယ်၏ သားရဲထိန်းချုပ်ရေးအတတ်သည် သူ့ဆရာထက်ပင် သာလွန်သည်ဟု ခံစားလာရ၏။

ဤကဲ့သို့ ဆရာတစ်ယောက်၏ တပည့်ဖြစ်ရသည်မှာ ရှက်စရာ မဟုတ်ပေ။

ထို့အပြင် ရှေးခေတ်သားရဲထိန်းချုပ်ရေး အတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ဆရာတစ်ယောက်နောက်ကိုလိုက်၍ ပညာသင်ကြားခြင်းသည် သားရဲသခင် အများအပြား၏ အိပ်မက်ဖြစ်မည်မှာ သေချာသည်။

လုယွမ်ဟွာက ရုတ်တရက် ကျန်းချန်ကို ရိုရိုသေသေ ဖြစ်သွားသည်ကို မြင်လျှင် ဟော်ကျိလွမ်က အံ့အားသင့်ကာ အနည်းငယ် မှင်တက်သွားခဲ့၏။

ကျန်းချန်က အဂ္ဂိရတ် ပညာရပ်နှင့် ဓားပညာရပ်တွင် အလွန် ပါရမီ ရှိရုံသာမက သားရဲ ထိန်းချုပ်ရေးနှင့် ပတ်သက်လျှင်လည်း ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ပါရမီရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ဤမျှလောက် တိုတောင်းသည့် အချိန်အတွင်းမှာပင် တတိယအဆင့် သားရဲသခင်ကို အပြည့်အဝ ယုံကြည်အောင် လုပ်နိုင်ခဲ့သည်။

"ပါရမီရှင်.. ဒါက လုံးဝကို ပါရမီအစစ်ပဲ"

"ဒီကမ္ဘာမှာ နယ်ပယ်ပေါင်းစုံ ထူးချွန်တဲ့ ဒီလို မွန်းစတားမျိုး ဘယ်လိုများ ရှိနေနိုင်တာလဲ"

"ငါ့နောက်ကို လိုက်ဖို့ မလိုအပ်ပါဘူး.. ကမ္ဘာကြီးက အရမ်းကျယ်ပြောပြီး အစွမ်းထက်တဲ့ ပညာသည်တွေ အများကြီးရှိတယ် သိစေချင်ရုံပါပဲ.. နောင်ကျရင် ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့ပေါ့"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး အခန်းထဲကနေ လှည့်ထွက်လာခဲ့သည်။

ဟော်ကျိလွမ်၏ အဖေကိစ္စကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ဟော်အိမ်မှာနေ၍ ထျန်းလုံကျိုက်က ရှန်းထျန်းလုံကို စောင့်နေခဲ့၏။

သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားသော်လည်း ရှန်းထျန်းလုံက ဖုန်းဟော်မြို့ကို ရောက်မလာခဲ့ပေ။

စတုတ္ထမြောက်နေ့ မနက်စောစောတွင် ဟော်မိသားစု၏ ပြဿနာကို အမြန်ဆုံး ဖြေရှင်းပြီး လင်ယွင်ကျောင်းတော်ကို ပြန်ရန် အတွက် ကျန်းချန်သည် ဟော်ကျိလွမ်နှင့် တခြားသူများ တားမြစ်နေသည့် ကြားမှာပင် ထျန်းလုံကျိုက်ကို သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဟော်ကျိလွမ်က ဟော်မိသားစုမှ လူများကို ကျန်းချန် အကူအညီရစေရန် ထည့်ပေးချင်နေသော်လည်း ကျန်းချန်က ငြင်းဆန်လိုက်၏။

ဖုန်းဟော်မြို့ကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် အနောက်ဘက်ကို ဦးတည်ပြီး ထျန်းလုံတောင်ကို တန်းတန်းမတ်မတ် သွားလိုက်သည်။

တစ်နာရီခန့် အကြာတွင် ကျန်းချန်သည် ထျန်းလုံတောင်၏ တောင်ခြေကို ရောက်လာခဲ့၏။

သူက ခေါင်းမော့ပြီး ပုဆိန်နဲ့ ထွင်းထားသလို မတ်စောက်ပြီး ကောင်းကင်ကို ထိုးဖောက်နေသည်ဟုထင်ရသည့် သူ့ရှေ့မှ တောင်ကို ကြည့်လိုက်သည်။

ကျန်းချန်က မဆိုင်းမတွပင် ကျဉ်းမြောင်းပြီး မတ်စောက်သည့် တောင်တက်လမ်းအတိုင်း တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။

တောင်တက်လမ်းက ကျဥ်းသော်လည်း ကျန်းချန်၏ အရှိန်က လျှပ်စီးလိုပင် မြန်ဆန်၏။

သူက မြေပြန့်ပေါ်တွင် လျှောက်နေသကဲ့သို့ပင် ပေါ့ပေါပါးပါး ဖြစ်နေခဲ့သည်။

ဆယ်မိနစ်အတွင်း ကျန်းချန်သည် တောင်၏ တစ်ဝက်လောက်တွင် ထျန်းလုံကျိုက်က တည်ဆောက်ထားသည့် စစ်ဆေးရေးဂိတ်ကို ရောက်လာခဲ့၏။

"ကောင်လေး...မင်း ဘယ်သူလဲ"

"ထျန်းလုံတောင်ကို အပြင်လူတွေ ဝင်ရောက်ခွင့် တားမြစ်ထားတယ်.. ဒီကနေ မြန်မြန်ထွက်သွားစမ်း"

စစ်ဆေးရေးဂိတ်ရှေ့မှာ ပေါ်လာသည့် ကျန်းချန်ကို ကြည့်ပြီး စစ်ဆေးရေးဂိတ်ကို စောင့်ရှောက်ရန် တာဝန်ယူထားသည့် ထျန်းလုံကျိုက် အဖွဲ့ဝင်များသည် ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်ကြသည်။

အခန်း(၁၂၅) ပြီး၏

All Chapters