← Chapters

အခန်း(၁၃၅)

Vol. 9 Ch. 135

အခန်း(၁၃၅)

Vol. 9 Ch. 135

"ဒီကောင် အရမ်းသန်မာတာပဲ"

"မြေကြီးအဆင့် ကိုယ်ခံပညာ၊ ကျန်းချန်က ဒဏ္ဍာရီလာ ကိုယ်ခံပညာကို ကျွမ်းကျင်လိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး"

"မွန်းစတားပဲ.. တကယ့်ကို မွန်းစတားတွေထဲက မွန်းစတားပဲ"

ကျန်းချန်က ဝူဖေးလုံကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ကျန်းချန်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

သူတို့က အလွန်အမင်း အံ့သြ တုန်လှုပ်နေခဲ့ကြ၏။

ကျန်းချန်က ဓားဆန္ဒကို အသုံးမပြုဘဲ အမှန်တကယ် အနိုင်ယူပြလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဓားဆန္ဒကို အသုံးမပြုခဲ့သော်လည်း ကျန်းချန်တွင် မြေကြီးအဆင့် ကိုယ်ခံပညာ ရှိနေခဲ့သည်။

အစောပိုင်းက ဝူဖေးလုံကို ငါးမိနစ်အတွင်း ဖြေရှင်းနိုင်သည်ဟူသော ကျန်းချန်၏ စကားကို သူတို့ မယုံကြည်ခဲ့ကြပေ။

လင်ယွင်စာရင်း၏ နံပါတ်တစ် ဝူဖေးလုံသည် လင်ယွင်စာရင်းကို သုံးနှစ်ကြာ လွှမ်းမိုးနိုင်ခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် ငါးမိနစ်ပင် မတောင့်ခံနိုင်ခဲ့ချေ။

"ဒါက တကယ်ကို တုန်လှုပ်စရာပဲ"

ကျန်းချန်ရဲ့ တိုးတက်မှုနှုန်းက တကယ်ကို ကြောက်ခမန်းလိလိပင်။

ကျန်းချန်က လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်လာသည်မှာ တစ်လ နှစ်လသာ ကြာသေးသော်လည်း ထိုကဲ့သို့ အချိန်တိုလေးအတွင်းမှာပင် ကျန်းချန်သည် အနောက်တံခါးကနေ ဝင်ရောက်လာသည့် ကြေးအဆင့် ကျောင်းသားတစ်ယောက်ကနေ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင်အဖြစ် တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။

ကျန်းချန်က အပြင်စည်းနန်းတော်၏ နံပါတ်တစ် ကျောင်းသားဖြစ်သည့် ရွှေအဆင့် ကျောင်းသားကို အရင်ဆုံး အနိုင်ယူခဲ့သည်။

ထို့နောက် ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ကို အစေခံအဖြစ် ခေါ်ယူခဲ့ပြီး လင်ယွင်မျှော်စင်၏ နှစ်ပေါင်း ၃၀ ကြာ မည်သူမှ မချိုးဖျက်နိုင်ခဲ့သည့် စံချိန်ကိုပါ ချိုးဖျက်ခဲ့သည်။

အတွင်းစည်း နန်းတော်ထဲကို ဝင်ရောက်လာသောအခါတွင်လည်း ပထမနေ့မှာပင် လင်ယွင်စာရင်းမှ ပါရမီရှင် လင်းယွီကို အနိုင်ယူခဲ့သည်။

ယခုတော့ သူက လင်ယွင်စာရင်း၏ နံပါတ်တစ်ဖြစ်သည့် ဝူဖေးလုံကို အပြတ်အသတ်အနိုင်ယူပြီး လင်ယွင်စာရင်း၏ နံပါတ်တစ်အဖြစ် သတ်မှတ်ခံလိုက်ရပေပြီ။

ဤကဲ့သို့သော စံချိန်သည် လင်ယွင်ကျောင်းတော်၏ သမိုင်းတွင် ပထမဆုံး ဖြစ်မည်မှာ သေချာသည်။

ထို့အပြင် နောင်အနာဂတ်တွင်လည်း မည်သူမှ ကျော်လွန်နိုင်စွမ်း မရှိလောက်ပေ။

"အမ လင်းရှန်.. အခု သွားလို့ရပြီ"

ကျန်းချန်က အံ့အားသင့်နေသော အကြည့်ပေါင်းများစွာ၏ အောက်မှာပင် ယန်လုံဓားကို သိမ်းလိုက်ကာ စုလင်းရှန်၏ ဘေးသို့ လျှောက်သွား၍ စုလင်းရှန်ကို ပြုံးပြလိုက်သည်။

"နင်.. နင်က တကယ်ကို မွန်းစတားပဲ"

စုလင်းရှန်က သူ့ရှေ့မှ ကျန်းချန်ကို ကြည့်လိုက်ပြီး တုန်လှုပ်နေရာကနေ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ဤကောင်လေးက ကိုယ်ခံပညာရပ်နဲ့ အဂ္ဂိရတ်ပညာရပ် နှစ်ခုလုံးကို အဘယ်ကြောင့် အခိုင်အမာ လေ့ကျင့်နေရသည့်အကြောင်းရင်းကို ယခုအခါတွင် သူမသည် လုံးဝ နားလည်သွားပြီ ဖြစ်သည်။

ကျန်းချန်၏ မကောင်းဆိုးဝါးဆန်သော ပါရမီဖြင့် ဆိုလျှင် ဤသည်က ကိတ်မုန့်လှီးသလောက် လွယ်ကူသည် မဟုတ်ပါလား။

"လင်းရှန်...မင်းက ဒီရောက်နေတာကိုး.. နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီ"

ထိုအချိန်မှာပင် အနည်းငယ် အံ့အားသင့်စွာ ရေရွတ်လိုက်သော အသံတစ်သံသည် သူတို့၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က မော့ကြည့်လိုက်ရာ အဂ္ဂိရတ်ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ပြုံးရွှင်စွာဖြင့် သူတို့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

လူငယ်က အသက် ၂၄ နှစ် သို့မဟုတ် ၂၅ နှစ်လောက်ရှိပြီး ရုပ်ရည်ကလည်း အတော်လေး ချောမောသည်။

အရေးကြီးဆုံးအချက်မှာ လူငယ်၏ ရင်ဘတ်တွင် ကြယ်လေးပွင့်ပါသော ငွေရောင် အဂ္ဂိရတ် တံဆိပ်တစ်ခုကို ချိတ်ဆွဲထားခြင်းပင်။

ဤသည်ကိုကြည့်၍ လူငယ်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ဆိုသည်မှာ ထင်ရှားနေ၏။

"ငါ အမြင်မှားတာ မဟုတ်ပါဘူးနော်.. ဒီလူငယ်က တကယ်ကြီး စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တဲ့လား"

"ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တောင် ဖြစ်နေပြီ.. တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

ရုတ်တရက် ထွက်ပေါ်လာသည့် လူငယ်ကို မြင်လျှင် လူတိုင်းသည် လေးစားသော အကြည့်ကို မဖော်ပြဘဲ မနေနိုင်ခဲ့ပေ။

"ကျန်းချန်.. ဒီလူငယ်က မဟာရှားနိုင်ငံရဲ့ နာမည်ကျော် အဂ္ဂိရတ်မိသားစုဖြစ်တဲ့ တန်မိသားစုက တန်ရှို့မင်ပဲ"

"ဆရာက ငါ့ကို တန်အိမ်တော်ဆီ အလည်ခေါ်သွားကတည်းက သူက ငါ့ကို စိတ်အနှောင့်အယှက် ဆက်တိုက်ပေးနေခဲ့တာပဲ.. ဒီတစ်ခေါက်တော့ သူက လင်ယွင်ကျောင်းတော်ထိ လိုက်လာခဲ့တယ်"

"နင့်ကို လာရှာတာက ဒီစိတ်အနှောင့်အယှက်ဖြစ်စရာကောင်ကို ဖြေရှင်းခိုင်းမလို့ပဲ"

သူတို့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည့် တန်ရှို့မင်ကို မြင်လျှင် စုလင်းရှန်း၏ လှပသော မျက်နှာလေးသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမက ကျန်ချန်ကို တန်ရှို့မင်နှင့် ပတ်သက်၍ တီးတိုးပြောပြလိုက်၏။

"အမလင်းရှန်က ကျွန်တော့်ကို ပန်းပွင့် ကိုယ်ရံတော် လုပ်ခိုင်းမလို့ကိုး.. ကျွန်တော် ရှိနေမှတော့ ဘာမှစိုးရိမ်မနေနဲ့တော့.. သူ့ကိုဒီအတိုင်းပဲ မသိချင်ယောင်ဆောင်ပြီး ကျွန်တော်တို့ ထွက်သွားကြတာပေါ့"

ကျန်းချန်က ထိုသို့ ပြောပြီးသည်နှင့် စုလင်းရှန်၏လက်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။

"ကောင်လေး.. မင်းနဲ့ လင်းရှန်က ဘာတော်စပ်လို့လဲ.. မင်းရဲ့ ညစ်ပတ်တဲ့ လက်တွေကို ခုချက်ချင်း လွှတ်လိုက်စမ်း"

လူငယ်က လက်ချင်းတွဲထားသည့် ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်ကာ မျက်နှာတစ်ခုလုံး ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

သူက ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်၏။

"မင်း ဘယ်သူလဲ"

ကျန်းချန်က တန်ရှို့မင်ကို ခနဲ့တဲဲ့တဲ့ ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လို့လဲ"

အခန်း(၁၃၅) ပြီး၏

All Chapters