← Chapters

ဒုံမင်းနှင့်ပုလွေ

Vol. 126 Ch. 1876

ဒုံမင်းနှင့်ပုလွေ

Vol. 126 Ch. 1876

အသူရာချောက်နက်၏ အထက် လေထဲတွင် ဆူဇီမို၏ ဦးခေါင်းထက်မှာ ကမ္ဘာမြေအင်မော်တယ်များစွာက လူစုခွဲ၍ ရပ်နေကြ၏။ သူတို့က အဲ့ဒီမှာ အနည်းဆုံးအယောက်တစ်ရာရှိလေသည်။

အစကတော့ အသူရာချောက်နက်ထဲရှိ အနက်ရောင်မြူခိုးများသည် ဘေးပတ်ဝန်းကျင်ကိုလွှမ်းခြုံထားပြီး လူတိုင်း၏ အမြင်ကို ပိတ်ဆို့ထား၏။

ဆူဇီမိုသည် အသူရာချောက်နက်၏ အောက်ခြေကနေ ရှေ့သို့စမ်းတဝါးဝါးတက်လှမ်းပြီး သူက ကမ္ဘာမြေအင်မော်တယ်များစွာ၏ အောက်ဘက်သို့ ရောက်ရှိလာခဲ့ပြီဆိုတာကို သတိမထားမိခဲ့ပေ။

တကယ်တော့... ဓမ္မရတနာများစွာပေါ်ထွက်လာသောအခါ ကမ္ဘာမြေအင်မော်တယ်များက ဆူဇီမိုကို တွေ့မြင်သည်ဆိုလျှင်တောင် မည်သူကမှ သူ့ကိုအရေးစိုက်လိမ့်မည် မဟုတ်ပေ။

“အဲ့ဒီရှေးဟောင်းခေါင်းလောင်းက ငါ့ဟာပဲ”

ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ရှေးဟောင်းခေါင်းလောင်းတစ်လုံးကို ဖမ်းဆွဲလိုက်၏။ ထိုခေါင်းလောင်းက မှုန်ရီဝေဝါးသော အင်မော်တယ်အလင်းတစ်ခုဖြင့်တောက်ပနေလေသည်။

“ဟမ့်... မင်းရဲ့ကျင့်ကြံမှုနဲ့ဆို မင်းက အဲ့ဒီရှေးဟောင်းခေါင်းလောင်းကို ရယူဖို့မထိုက်တန်ဘူး”

နောက်ထပ် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က သူ့ရှေ့မှာရှိသော ကမ္ဘာမြေအင်မော်တယ်ကို တိုက်ခိုက်လိုက်လေသည်။ ဧရာမပုဆိန်တစ်လက်က ပေါ်ထွက်လာပြီး ၎င်း၏ နောက်ဘက်မှာ ဒီရေလှိုင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။ အဲ့ဒါက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ခုတ်ပိုင်းကျဆင်းလာလေသည်။

“သွားစမ်း”

နောက်ထပ် ကမ္ဘာမြေအင်မော်တယ် ပညာရှင်တစ်ယောက်က ရှေ့သို့တက်လှမ်းပြီး ဆင်းသက်လာသောပုဆိန်ကို လေထဲမှာဖမ်းဆွဲကာ အော်ငေါက်လိုက်၏။

“နှင်းခဲအင်မော်တယ်လက်”

အေးစက်နေသော ဧရာမလက်ဖဝါးတစ်ဖက်က ဖြစ်ပေါ်လာ၏။

ချောက်နက်ထဲရှိ အပူချိန်က ထိုးဆင်းသွားပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီများက အေးခဲသွားသည်ဟုထင်ရ၏။

အဲ့ဒါက အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။

ဖျောက်... ဖျောက်... ဖျောက်...

ပုဆိန်က ဆင်းသက်မလာခင်မှာပင် ၎င်း၏ နောက်ဘက်မှာရှိသော ဒီရေလှိုင်းက ချက်ချင်းပင်အေးခဲသွား၏။

နှင်းခဲအင်မော်တယ်လက်က ပုဆိန်ကို အတင်းအကျပ်ဖမ်းဆွဲပြီး ခြေမွှလိုက်လေသည်။

လေထဲတွင်... ကမ္ဘာမြေအင်မော်တယ်များအကြား တိုက်ပွဲတစ်ပွဲက ပေါ်ထွက်လာ၏။

အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး ချောက်နက်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြတေချီအတက်အကျများက ပြင်းထန်ကြမ်းတမ်းစွာ ပေါ်ထွက်လာ၏။

အဲ့ဒါက စတင်သည့်ခဏမှာပင် တိုက်ပွဲက အလွန်တရာပြင်းထန်ကြမ်းတမ်းနေသည်။ ရုန်းရင်းဆန်ခတ်တိုက်ပွဲအကြားမှာ ကမ္ဘာမြေအင်မော်တယ်အချို့က သေဆုံးသွားပြီး လေထဲကနေပြုတ်ကျလာ၏။ လေထဲမှာ သွေးနံ့နှင့် ညှီစို့စို့အနံ့တစ်ခုက ပျံ့နှံ့သွားလေသည်။

အောက်ဘက်မှာ ဆူဇီမို၏ အမူအရာက သုန်မှုန်နေပြီး ဤနေရာမှာ ဆက်လက်၍ မနေရဲတော့ပေ။ ဖျတ်ခနဲဆို သူက တိုက်ပွဲဖြစ်ပွားရာနေရာကနေ ဆုတ်ခွာလိုက်၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် ဤကဲ့သို့သော တိုက်ပွဲတစ်ပွဲမှာ ရောပါငြိစွန်းခံရလျှင် သေချာပေါက်သေရပေလိမ့်မည်။

ကံကောင်းစွာဖြင့် ကမ္ဘာမြေအင်မော်တယ်များစွာ၏ စိတ်အာရုံက ဓမ္မရတနာများအပေါ်ရောက်ရှိနေပြီး မည်သူကမှ ဆူဇီမိုကို ဂရုမစိုက်ကြပေ။

ရုတ်တရက်ဆိုသလို...။

အသူရာချောက်နက်ထဲကနေ ဒုံမင်းသံတစ်သံက အဆက်မပြတ်ထွက်ပေါ်လာ၏။

ဒုံမင်းသံက ထူးဆန်းသောစွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေပြီး ထိုအသံထွက်ပေါ်လာပြီးနောက် အစက လေထဲတွင် ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသော ကမ္ဘာမြေအင်မော်တယ် ပညာရှင်များစွာသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြ၏။

ကမ္ဘာမြေအင်မော်တယ်များ၏ တွေဝေရှုပ်ထွေးသောပုံစံဖြင့် သူတို့၏ မျက်လုံးများက ပြူးကျယ်လာကြ၏။

လူတိုင်းသည် ဒုံမင်းသံကြောင့် လေထဲမှာ အေးခဲသွားသည်ဟုထင်ရ၏။

အဲ့ဒီနောက်... ချက်ချင်းပင်။

ဒုံမင်းသံကြားကနေ နောက်ထပ်ပုလွေသံက ထွက်ပေါ်လာခဲ့၏။ ထိုအသံက ဝမ်းနည်းပူဆွေးဖွယ်ရာကောင်းပြီး တစ်နည်းတစ်ဖုံ ချိုသာနေလေသည်။

ဘုန်း...

လေထဲရှိ ကမ္ဘာမြေအင်မော်တယ် ပညာရှင်များသည် သူတို့၏ ဝိညာဥ်များ ဆုံးရှုံးသွားသည့်အလား လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။

ကမ္ဘာမြေအင်မော်တယ် အဆင့်-၁ ဖြစ်စေ... အဆင့်-၉ ဖြစ်စေ... မည်သူကမှ ချမ်းသာရာမရပေ။ တစ်ခဏချင်းမှာပင် ကမ္ဘာမြေအင်မော်တယ် ပညာရှင်တစ်ရာက ကျဆုံးသွားလေသည်။

ကမ္ဘာမြေအင်မော်တယ် ပညာရှင်များ၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အပြုံးများရှိနေ၏။

“ဟာ့...”

ဆူဇီမိုကို ပင့်သက်ကိုရှိုက်လိုက်၏။

ထိုကမ္ဘာမြေအင်မော်တယ်များတွင် မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့သည်ကို သူက ရှင်းလင်းစွာခံစားမိလိုက်၏။

ကမ္ဘာမြေအင်မော်တယ်တစ်ရာက ဒုံမင်းသံနှင့် ပုလွေသံကြားမှာ သေဆုံးကုန်ကြသည်။

ထိုစဥ်မှာပင် ဆူဇီမို၏ အမြင်အာရုံက ဝေဝါးသွား၏။

ဆူဇီမိုသည် ဒုံမင်းသံနှင့် ပုလွေသံခပ်ယဲ့ယဲ့ကိုကြားရသောအခါ သူ၏ အမြုတေစိတ်ဝိညာဥ်က လဲပြိုကျပြီး သူ၏ ဝိညာဥ်က ပျက်ပြယ်တော့မည်သကဲ့သို့ခံစားလိုက်ရ၏။

“အား...”

ဆူဇီမိုက မာန်ဖီအော်ဟစ်လိုက်ပြီး သူ၏ ခေါင်းကို ရူးသွပ်စွာခါယမ်းလိုက်၏။ သူသည် ဒုံမင်းသံနှင့် ပုလွေသံထံကနေ ရုန်းထွက်ချင်လေသည်။

သို့သော်လည်း ဒုံမင်းသံနှင့် ပုလွေသံက အဆက်မပြတ်ထွက်ပေါ်၍ သူ၏ နားထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

လေးနက်သိမ်မွေ့သော အံ့မခန်းစွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ စိမ့်ဝင်ထိုးဖောက်ပြီး သူက အဲ့ဒီကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။

ဆူဇီမို၏ မျက်လုံးက အသက်မဲ့လာပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာ၏။ အဲ့ဒါသည် စောစောက သေဆုံးသွားသော ကမ္ဘာမြေအင်မော်တယ် ပညာရှင်များနှင့် ထပ်တူထပ်မျှတူညီနေ၏။

ရုတ်တရက်ဆိုသလို...။

ဆူဇီမို၏ အသိစိတ်ထဲမှာ အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

မကောင်းဆိုးဝါးဆန်သော ထိုစွမ်းအားက သူ၏ အသိစိတ်ထဲသို့ စိမ့်ဝင်ထိုးဖောက်ပြီး စတုရန်းကြေးမီးဖိုနှင့် ထိတွေ့ကာ အဲ့ဒါကိုတုန်ခါသွားစေ၏။

စတုရန်းကြေးမီးဖို၏ ကောင်းမွန်သော အတွင်းဘက်နံရံပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်သက္ကတစာလုံးများ တစ်လုံးပြီးတစ်လုံးပေါ်ထွက်လာ၏။ သူတို့က ဂမ္ဘီရဆန်၍ တည်ငြိမ်အေးချမ်းနေပြီး စာလုံးတစ်လုံးချင်းစီက တုန်လှုပ်စရာကောင်းသော စွမ်းပကားကို ပိုင်ဆိုင်ထား၏။

“ဥုံ... မာ... ဏီ... ပါ...”

ဆူဇီမို၏ အသိစိတ်ထဲမှာ ဗုဒ္ဓပုံရိပ်များက ပေါ်ထွက်လာပြီး ​ရှေးဟောင်းသက္ကတဘာသာစကားကို ရွတ်ဆိုကာ သူ၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားစေ၏။

အစက... ဆူဇီမိုအနေဖြင့် ဒုံမင်းသံနှင့် ပုလွေသံကနေ ရုန်းထွက်နိုင်ဖို့ ခက်ခဲနေခဲ့၏။

သို့သော်... ယခု ထွက်ပေါ်လာသော ဂါထာအသံက ဒုံမင်းနှင့်ပုလွေသံကို လုံးဝဖိနှိမ်လိုက်ပြီး သူ၏ အသိစိတ်ထဲကနေ သူတို့ကို တဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်လိုက်၏။

ဆူဇီမိုက တဖြည်းဖြည်းနိုးထာလာပြီး သူ၏ အသိစိတ်ကို ပြန််လည်ရရှိလိုက်၏။

ဝှစ်... ဝှစ်...

ထိုစဥ်မှာပင် အသူရာချောက်နက်၏ အစွန်းတစ်ဘက်ကနေ ဂမ္ဘီရအလင်းနှစ်ခုက ပျံသန်းလာပြီး ဆူဇီမိုနှင့် မလှမ်းမကမ်းမှာ ရပ်တန့်သွားကြ၏။

ဘယ်ဘက်မှာရှိသောတစ်ခုက သုံးပေ ခြောက်လက်မဝန်းကျင်ရှည်လျားသော ရှေးဟောင်းဒုံမင်းတစ်လက်ဖြစ်ပြီး စုစုပေါင်း ကြိုး ၇ ချောင်းပါဝင်လေသည်။ အဲ့ဒါကို နေကာသစ်သားဖြင့် ပြုလုပ်ထားပြီး လှပသေသပ်သော ပုံစံရှိလေသည်။ ၎င်းကို ချိုးထားသောပုံစံက နဂါးများကဲ့သို့ဖြစ်ပြီး အဲ့ဒါက ရှေးကျသော ညှို့ငင်ဓာတ်တစ်ခုဖြင့် ပြည့်ဝနေ၏။

စောစောက ထွက်ပေါ်လာသော ဒုံမင်းသံသည် ဤဒုံမင်းထံမှလာခြင်းဖြစ်လေသည်။

ဒုံမင်းကို မည်သူကမှ တီးခတ်မနေသော်လည်း ဒုံမင်းသံက ဆက်လက်ထွက်ပေါ်နေ၏။

သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို မြင့်မြတ်ထည်ဝါသော သက္ကတစကားသံက လွှမ်းခြုံထား​ပြီး ချောက်ချားစရာကောင်းသော ဒုံမင်းသံက သူ၏ အသိစိတ်ထဲသို့ စိမ့်ဝင်ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။

ညာဘက်မှာ အဆစ် ၉ဆစ် ပါရှိသည့် နက်မှောင်နေသော ပုလွေတစ်ချောင်းရှိသည်။ ညင်သာစွာ လေပြေတစ်ချက်က တိုက်ခတ်သွားပြီး ပုလွေ၏ အပေါက်၈ ပေါက်ကနေ ထူးဆန်းသောအသံက ထွက်ပေါ်လာ၏။

သူက အဲ့ဒါကိုကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် စောစောက ကမ္ဘာမြေအင်မော်တယ် တစ်ရာသည် သု့ရှေ့မှ ဒုံမင်းနှင့်ပုလွေကြောင့် သေဆုံးသွားရသည်ကို ဆူဇီမိုက ယုံကြည်မိလိမ့်မည် မဟုတ်ပေ။

ဒုံမင်းနှင့်ပုလွေထံမှ ရှေးကျသော အော်ရာတစ်ခုဖြာထွက်နေ၏။

ပို၍ပြောစရာဖြစ်သည်မှာ ရှေးကျသော ဒုံမင်းနှင့် ပုလွေပေါ်တွင် မည်သည့်စိတ်ဝိညာဥ်အတက်အကျမှ မရှိပေ။

တစ်နည်းအားဖြင့်ဆိုလျှင် ဤဓမ္မရတနာနှစ်ခုက ယခုအချိန်ထိပိုင်ရှင်မရှိသေးပေ။

“သူတို့က အသိစိတ်ရှိတဲ့ ဓမ္မရတနာတွေများလား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ဓမ္မရတနာများက အသိစိတ်ရရှိလာမှသာ ဤကဲ့သို့သော အခြေအနေတစ်ခုပေါ်ထွက်လာနိုင်သည်။

ထိုစဥ်မှာပင် ရှေးဟောင်းဒုံမင်းနှင့်ပုလွေသည် ဆူဇီမိုကို စေ့စေ့စပ်စပ်အကဲခတ်နေသည့်အလား သူ့ကို အကြိမ်ရေအနည်းငယ်လှည့်ပတ်လာခဲ့၏။

ရှေးဟောင်းဒုံမင်းနှင့်ပုလွေက ဆူဇီမိုထံသို့ တဖြည်းဖြည်းချဥ်းကပ်လာကြ၏။

ထိုအခိုက်အတန့်မှာ ဓမ္မရတနာနှစ်ခုထံမှ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ ဆူဇီမိုက မခံစားရတော့ပေ။

ဤကဲ့သို့ အသိစိတ်ရှိသော ဓမ္မရတနာများသည် အသိဉာဏ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းနှင့် တူညီလေသည်။ သူတို့၏ သခင်များကို ဆုံးရှုံးသွားပြီးနောက် သူတို့က သခင်အသစ်ကို သူတို့ဘာသာသူတို့ ရှာဖွေကြပေလိမ့်မည်။

ယခုအချိန်မှ ရှေးဟောင်းဒုံမင်းနှင့်ပုလွေသည် ဆူဇီမိုက သူတို့၏ အသံများကို ခုခံနိုင်သည်ကို တွေ့မြင်သောအခါ သူတို့က တွေဝေသွားပြီး သူ့ကို သူတို့၏ သခင်အဖြစ် ရွေးချယ်ဖို့စိတ်ကူးလာကြပြီဖြစ်၏။

သူတို့က အသိစိတ်ရှိသော ဓမ္မရတနာနှစ်ခုဖြစ်သည်ကို သတိထားမိသောအခါ ဆူဇီမိုက တိတ်တဆိတ် ကျေနပ်သဘောကျသွား၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး စတုရန်းကြေးမီးဖိုကို ဆင့်ခေါ်ထုတ်လိုက်၏။ သူက ရှေးဟောင်းဒုံမင်းနှင့်ပုလွေကို စတုရန်းကြေးမီးဖိုအတွက် အစာအဟာရအဖြစ် တိုက်ကျွေးဖို့ ပြင်ဆင်လိုက်လေသည်။

မထင်မှတ်ထားစွာပင် စတုရန်းကြေးမီးဖို ပေါ်ထွက်လာသည့်ခဏမှာပင် ရှေးဟောင်းဒုံမင်းနှင့်ပုလွေက အလွန်တရာ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရပ်တန့်သွားကြ၏။ ရုတ်တရက်... ဒုံမင်းနှင့်ပုလွေထံမှ အသံကလည်းပျောက်ကွယ်သွားလေသည်။

​ရှေးဟောင်းဒုံမင်းနှင့်ပုလွေက လုံးဝကိုတိတ်ဆိတ်ငြိမ်သက်သွား၏။

နောက်ခဏ၌ ရှေးဟောင်းဒုံမင်းသည် အသက်လု၍ ထွက်ပြေးလိုက်သည့်အလား အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ လှည့်ထွက်ပြေးလိုက်လေသည်။

ရှေးဟောင်းပုလွေကလည်း နောက်ကနေထပ်ကြပ်မကွာလိုက်ပါသွား၏။

ဓမ္မရတနာနှစ်ခုသည် အလွန်တရာမြန်ဆန်ပြီး ဆူဇီမိုမတုံ့ပြန်နိုင်ခင်မှာပင် ပျောက်ကွယ်သွားပြီဖြစ်၏။

“အဲ့ဒီဓမ္မရတနာနှစ်ခုက အရမ်းကြောက်သွားတာလား”

ဆူဇီမိုက စတုရန်းကြေးမီးဖိုကို ဆုပ်ကိုင်ပြီး နေရာမှာပင် တောင့်တင်းကာ ငူငူကြီး ရပ်နေမိလေသည်။

All Chapters