← Chapters

ရှေးဟောင်းမီးဖိုကို ပြန်လည်ပြုပြင်ခြင်း

Vol. 126 Ch. 1877

ရှေးဟောင်းမီးဖိုကို ပြန်လည်ပြုပြင်ခြင်း

Vol. 126 Ch. 1877

ရှေးဟောင်းဒုံမင်းနှင့် ပုလွေ၏ လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်သည်။

တစ်ခဏချင်းမှာပင် သူတို့က ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်မှာ အလောင်းများသာလျှင် ကျန်ရစ်ခဲ့၏။

ဆူဇီမိုသည် အနီးနားဝန်းကျင်ရှိ ကမ္ဘာမြေအင်မော်တယ် အလောင်းတစ်ရာကိုကြည့်ပြီး ခဏမျှစဥ်းစားတွေးတောလိုက်၏။ ထို့နောက်သူက ရှေ့သို့တက်လှမ်းပြီး ကမ္ဘာမြေအင်မော်တယ် ပညာရှင်များ၏ သိုလှောင်အိတ်များကို ဖြုတ်ယူလိုက်လေသည်။

ထိုကမ္ဘာမြေအင်မော်တယ်များက သေဆုံးသွားသော်လည်း သူတို့၏ သိုလှောင်အိတ်များမှာ စိတ်ဝိညာဥ်အသိစိတ် အမှတ်အသားခတ်နှိပ်မှုများရှိနေသေး၏။

ဆူဇီမိုသည် ထိုအမှတ်အသားများကို ချေဖျက်နိုင်ခြင်းမရှိသည့်အတွက် ထိုကမ္ဘာမြေအင်မော်တယ်များ၏ သိုလှောင်အိတ်များထဲမှာ ဘာတွေပါဝင်သည်ကို မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်တစ်ရာ၏ သိုလှောင်အိတ်များက သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။

ဆူဇီမိုက ချောက်နက်တစ်လျှောက် ​ရှေ့သို့ ဆက်လျှောက်လိုက်သည်။

ထိုအခိုက်အတန့်မှာ ချောက်နက်ထဲတွင် အလောင်းများ၏ အရေအတွက်က တဖြည်းဖြည်းပိုတိုးလာ၏။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဤနေရာမှာ အရမ်းကိုကြောက်စရာကောင်းသည့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည့်ပုံပင်။

သိပ်မကြာခင်... ဆူဇီမို၏ အသိစိတ်ထဲရှိ စတုရန်းကြေးမီးဖိုက အနည်းငယ်တုန်ခါလာခဲ့၏။

“ဒီနီးနားဝန်းကျင်မှာ အသိစိတ်ရှိတဲ့ ဓမ္မရတနာတစ်ခုခုရှိနေတာများလား”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး စတင်၍ လှည့်ပတ်ရှာဖွေလိုက်၏။

သိပ်မကြာခင် အလောင်းနှစ်လောင်းကြားမှာ ထွက်ပေါ်နေသည့် ဓားရိုးတစ်ခုကို သူကတွေ့လိုက်ရ၏။

ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ဓားရိုးကိုဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်၏။

ဓားက ဖုန်လုံးများကြားကနေ ထွက်ပေါ်လာခဲ့သည်။ ကံဆိုးစွာဖြင့် ဓားကအက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

အဲ့ဒါက အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုဖြစ်ခဲ့သည်ဆိုလျှင်တောင် ၎င်းမှာ မည်သည့်အသိစိတ်မှ ဆက်လက်၍ မရှိတော့ဘဲ သိသိသာသာ ယိုယွင်းပျက်စီးနေပြီဖြစ်၏။

ဆူဇီမိုက သူ၏ လက်ကောက်ဝတ်ကို အနည်းငယ်လှုပ်ခါလိုက်၏။

ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ ဓားက အပိုင်းပိုင်းကြေမွသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွား၏။

ကျင့်ကြံသူအများစုအတွက်တော့ ထိုအပိုင်းအစများက အသုံးမတည့်ပေ။

သို့သော်လည်း စတုရန်းကြေးမီးဖိုအတွက်တော့ အဲ့ဒါသည် စိတ်ဝိညာဥ်ရတနာအပိုင်းအစတစ်ခုဖြစ်သည်ဆိုလျှင်တောင် ၎င်းသည် အဲ့ဒါကို စုပ်ယူသန့်စင်ပြီး မီးဖိုပေါ်ရှိ အက်ကွဲကြောင်းများကို ပြုပြင်နိုင်မည်ဖြစ်၏။

ဆူဇီမိုက ဓားအပိုင်းအစများကိုသိမ်းဆည်းပြီး စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင်..။

အလွန်တရာကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုက မီးဖိုထဲကနေ ပစ်လွင်ထွက်ပေါ်လာပြီး ဓားကျိုးအစအနများကို စုပ်ယူသန့်စင်ကာ အက်ကွဲကြောင်းများကို ပြုပြင်နေ၏။

တကယ်တော့ မီးဖိုပေါ်တွင် အက်ကွဲကြောင်းများစွာရှိလေသည်။

ထိုအပိုင်းအစများကို ဝါးမျိုပြီးတာတောင် အက်ကွဲကြောင်းတစ်ခုကိုသာ ပြန်လည်ပြုပြင်နိုင်ခဲ့၏။ မီးဖို၏ ဒုတိယမြောက်နံရံကို အပြည့်အဝပြန်လည်ပြုပြင်ဖို့အတွက် အချိန်များစွာယူရပေဦးမည်။

စိတ်ဝိညာဥ်ရတနာအပိုင်းအစကို ဝါးမျိုပြီးနောက် စတုရန်းကြေးမီးဖို၏ ပထမနံရံပေါ်တွင် အပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာခဲ့၏။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုထဲရှိအပြောင်းအလဲများကို အာရုံစိုက်၍ ကြည့်ရှုနေခြင်းမရှိလျှင် သူက အဲ့ဒါကို သတိထားမိလိမ့်မည် မဟုတ်ပေ။

စတုရန်းကြေးမီးဖို၏ ပထမနံရံက ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်၏။

သို့သော် ယခု... ဆူဇီမိုသည် မီးဖိုပေါ်မှာ အသက်ဓာတ်အငွေ့အသက်တစ်ခုကို ဖမ်းမိလိုက်သည်။

စတုရန်းကြေးမီးဖို၏ အပြင်ဘက်နံရံပေါ်မှာ ထွင်းထုထားသည့် အသက်ဝင်လှသော နတ်နဂါးကိုကြည့်ပြီး အလေးအနက်စဥ်းစားတွေးတောနေ၏။

အရင်တုန်းက သူသည် စိတ်ဝိညာဥ်ရတနာအပိုင်းအစတစ်ခုကို ဝါးမျိုလိုက်သောကြောင့် အပြင်ဘက်နံရံပေါ်ရှိ နတ်နဂါးက ၎င်း၏ မျက်လုံးများကိုဖွင့်ပြီး နဂါးမျိုးနွယ်၏ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုကို သူ့အားသင်ကြားပေးခဲ့၏။

ထိုပညာရပ်ကို သင်ကြားပေးပြီးနောက် နတ်နဂါး၏ မျက်လုံးများက တစ်ဖန်ပြန်မှိတ်သွားခဲ့၏။

မီးဖို၏ နံရံပေါ်မှာ မည်သည့်လှုပ်ရှားမှုမှ ဆက်လက်၍ မရှိခဲ့တော့ပေ။

ယခု... သူသည် အပြောင်းအလဲတစ်ရပ်ကို အာရုံခံမိသွားပြီး ဆူဇီမို၏ စိတ်ထဲသို့ ခန့်မှန်းချက်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။

အဲ့ဒီမှာ လုံလောက်သော အသိစိတ်ရှိသည့် ဓမ္မရတနာများ သို့မဟုတ် စိတ်ဝိညာဥ်ရတနာအပိုင်းအစများ ရရှိမည်ဆိုလျှင် မီးဖို၏ အပြင်ဘက်နံရံပေါ်ရှိ နတ်နဂါးက နောက်တစ်ဖန်နိုးထလာမည် မဟုတ်ပါလား။

စတုရန်းကြေးမီးဖိုပေါ်ရှိ နတ်နဂါးနိုးထလာပါက မည်သို့သောအပြောင်းအလဲများပေါ်ထွက်လာမလဲ။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ရထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိကို သူက အဲ့ဒါနှင့်ပတ်သက်၍ အနည်အကျဥ်းမျှသာ သိရှိထားလေသည်။

သူသည် မီးဖို၏ မူလဇာစ်မြစ်၊ အဆင့်အတန်း၊ လုပ်ဆောင်ချက် သို့မဟုတ် နတ်ဘုရားစွမ်းအားတို့နှင့် ပတ်သက်၍ ဘာဆိုဘာမှ မသိရပေ။

စတုရန်းကြေးမီးဖိုကို အပြည့်အဝပြန်လည်ပြုပြင်ပြီးမှသာလျှင် ထိုမီးဖို၏ လျှို့ဝှက်ချက်များက ပေါ်ထွက်လာကောင်း ပေါ်ထွက်လာပေလိမ့်မည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့ဆက်လျှောက်လာခဲ့၏။

သူက မြန်မြန်ဆန်ဆန်သွားလာခြင်းမရှိဘဲ အလွန်တရာသတိထားနေ၏။

သိပ်မကြာခင်... စတုရန်းကြေးမီးဖိုက နောက်တစ်ဖန် တုန်ခါလာခဲ့၏။

“ဟမ်... နောက်ထပ် အသိစိတ်ရှိတဲ့ ဓမ္မရတနာတစ်ခုလား”

ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး အနီးနားဝန်းကျင်မှာ အလောတကြီးရှာဖွေလိုက်၏။

သိပ်မကြာခင် သူသည်အလောင်းတစ်လောင်း၏ အောက်ဘက်မှာ ယိုယွင်းပျက်စီးနေသော ရှေးဟောင်းခေါင်းလောင်းတစ်ခုကို တွေ့လိုက်ရ၏။

ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရှေးဟောင်းခေါင်းလောင်းကို စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။

မီးဖို၏ ဒုတိယနံရံပေါ်မှ အက်ကွဲကြောင်းတချို့က ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

ဆူဇီမိုက ရှေ့သို့ဆက်တိုးလာရင်း လမ်းခုလတ်များမှာ အလောင်းများကြားမှ အသိစိတ်ရှိသော ဓမ္မရတနာတချို့ကို ရှာတွေ့ခဲ့သည်။

တကယ်တော့...နှစ်ပေါင်းများစွာကြာပြီးနောက် ပကတိအင်မော်တယ်ပညာရှင်များ၏ သိုလှောင်အိတ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ အထဲမှာပါရှိသည့် ပစ္စည်းများနှင့်ရတနာများစွာကလည်း အချိန်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ ပျက်စီးကုန်ကြပြီဖြစ်၏။

ချောက်နက်ထဲမှာ ပြန့်ကျဲနေသော အသိစိတ်ရှိသည့် ဓမ္မရတနာများကသာလျှင် ယခုအချိန်ထိ ကျန်ရှိနေသေးလေသည်။

တကယ်တော့... အသိစိတ်ရှိသော ထိုဓမ္မရတနာများတွင် မည်သည့်အသိစိတ်မှ ဆက်လက်၍ မရှိတော့ဘဲ ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ထိုအသိစိတ်ရှိသော ဓမ္မရတနာများသည် စတုရန်းကြေးမီးဖိုကို ကောင်းကောင်းအားဖြည့်ပေးနိုင်၏။

ဆူဇီမိုသည် ရှေ့သို့တက်လှမ်းလာရင်း အံ့အားသင့်သွားလိုက် ကျေနပ်သဘောကျလိုက်ဖြစ်နေ၏။

သူကျေနပ်သဘောကျမိသည်မှာ စတုရန်းကြေးမီးဖို၏ ဒုတိယနံရံက မြင်နိုင်သောနှုန်းထားဖြင့် ပြန်လည်ကောင်းမွန်လာနေသောကြောင့်ဖြစ်၏။

မီးဖို၏ ပထမနံရံပေါ်ရှိ အသက်ဓာတ်အားအတက်အကျကလည်း ပိုမိုသိပ်သည်းအားကောင်းလာခဲ့၏။

မီးဖို၏ နံရံပေါ်မှာ ခတ်နှိပ်ထားသော နတ်နဂါးသည် ၎င်း၏ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သော်လည်း အဲ့ဒါက အချိန်မရွေး နိုးထလာနိုင်သည်ဟု ထင်ရလေသည်။

လမ်းတစ်လျှောက်မှာ ဤချောက်နက်က ရှေးဟောင်းတိုက်ပွဲမြေတစ်ခုဖြစ်နိုင်ကြောင်း ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

အရင်တုန်းက ဤနေရာမှာ အလွန်ကြီးမားသည့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး အလောင်းများနှင့် အသိစိတ်ရှိသော ဓမ္မရတနာများက ပြန့်ကျဲနေခဲ့ခြင်းဖြစ်ပေလိမ့်မည်။

အရင်တုန်းက ထိုတိုက်ပွဲမှာ ပကတိအင်မော်တယ် ပညာရှင်များစွာက သေဆုံးခဲ့သည်ဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုကိုတုန်လှုပ်သွားစေသည့်အရာမှာ သူသည် အသူရာချောက်နက်၏ အဆုံးသတ်သို့ မရောက်ရှိခင်မှာပင် ပကတိအင်မော်တယ်ပညာရှင်များ၏ အလောင်းများစွာကို တွေ့မြင်လာရသောကြောင့်ဖြစ်၏။

ထိုသို့ဆိုလျှင် အသူရာချောက်နက်၏ အဆုံးသတ်မှာ ဘာတွေရှိနေမလဲ။

အရက်တုန်းက ထိုတိုက်ပွဲမှာ ပကတိအင်မော်တယ် တစ်ယောက်ထက် ပိုမိုသန်မာသော တည်ရှိမှုများပါ သေဆုံးခဲ့တာလား။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် အသူရာချောက်နက်၏ အဆုံးသတ်နှင့် တဖြည်းဖြည်းနီးကပ်လာခဲ့၏။

တကယ်ဆို... ရှေ့တည့်တည့်မှာ စီးပိုးခြယ်လှယ်သော စွမ်းအင်အတက်အကျများကိုပင် သူကအာရုံခံမိလိုက်၏။

အသူရာချောက်နက်၏ အဆုံးသတ်မှာ ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရလေသည်။

ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက အဲ့ဒီနေရာမှာ တိုက်ခိုက်နေကြတာ ဖြစ်နိုင်ခြေများလေသည်။

ဆူဇီမိုသည် စောစောက မြွေနဂါးစစ်ရထားကို စီးနင်းလာသည့် ကောင်းကင်အင်မော်တယ်လောယန်နှင့်အတူ ထိုသူကပင် စိုးရိမ်ပူပန်နေပုံရသော ကနွဲ့ကလျအမျိုးသမီးတစ်ယောက်ကို တွေ့မြင်ခဲ့လေသည်။

ထိုပညာရှင်များအားလုံးက အသူရာချောက်နက်၏ အဆုံးသတ်မှာ စုဝေးနေကြတာ ဖြစ်ဖို့များလေသည်။

ဆူဇီမိုသည် သူ၏ ​ခြေလှမ်းကိုရပ်တန့်ပြီး တည်တံ့သောအမူအရာဖြင့် မျက်မှောင်ကြုတ်နေ၏။

သူသည် ဤခရီးစဥ်မှာ အတော်လေး အကျိုးအမြတ်ကြီးမားစွာရရှိထားခဲ့၏။

ကမ္ဘာမြေအင်မော်တယ်များနှင့် မဟူရာအင်မော်တယ်များ၏ သိုလှောင်အိတ်များကို အသာထား စတုရန်းကြေးမီးဖိုကို ပြုပြင်ဖို့အတွက် သူစုဆောင်းနိုင်ခဲ့သည့် စိတ်ဝိညာဥ်ရတနာအပိုင်းအစများကပင်လျှင် တန်ဖိုးဖြတ်မရအောင် ထိုက်တန်လေသည်။

စတုရန်းကြေးမီးဖို၏ ဒုတိယမြောက်နံရံမှာ ထက်ဝက်နီးပါးက ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုက ယခုအချိန် နောက်ဆုတ်၍ ပြန်လှည့်ထွက်မည်ဆိုလျှင်တောင် သူ၏ ခရီးစဥ်က အလဟဿဖြစ်တော့မည် မဟုတ်ပေ။

သူက အနက်ပိုင်းထဲသို့ ဆက်သွားမည်ဆိုလျှင် သူ၏ အနာဂတ်က ရေရာမှုမရှိတော့ဘဲ အန္တရာယ်ကလည်း အလွန်များလာမည်ဖြစ်၏။

သူ၏ လက်ရှိအစွမ်းအစအရ သူသည် သူ့ကိုယ်သူကာကွယ်နိုင်စွမ်း မရှိပေ။ မည်သည့်ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်မဆို သူ့ကိုလက်ညိုးတစ်ချောင်းဖြင့် သတ်ဖြတ်နိုင်၏။

သို့သော်လည်း သူက ဤနေရာသို့ရောက်ရှိနေခဲ့ပြီဖြစ်၏။ သူက အသူရာချောက်နက်၏ အဆုံးသတ်ကို မမြင်ရခင် နောက်ပြန်ဆုတ်ရမည်ကို မချင့်မရဲ ခံစားနေရ၏။

အသူရာချောက်နက်၏ အဆုံးသတ်တွင် ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များစွာက အလွန်ကြီးမားသည့် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နေရကြောင်းကို ဆူဇီမိုက မသိရှိပေ။

ဤကပ်ဘေးကနေ အသက်ရှင်ကျန်ရစ်နိုင်မည့်သူများစွာ မရှိပေ။

All Chapters