နတ်ဘုရားမိစ္ဆာကို ဖိနှိမ်ခြင်း
Vol. 126 Ch. 1881
အထီးကျန်ကုန်းမြေများ၏ အစပ်တွင်...။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ယောက်က နဂါးဟိန်းသံကို ကြားရသောအခါ ရုတ်တရက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။ သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အထီးကျန်ကုန်းမြေများ၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်၏။
“အဲ့ဒီအော်ရာက တော်တော်သန်မာတာပဲ”
လူငယ်အမျိုးသားက တီးတိုးရေရွတ်လိုက်၏။
“ကပ်ဘေးကိုးခု သန့်စင်ယန်ရတနာနှစ်ခုတောင်ရှိနေတာများလား”
“ကောင်းတယ်ကွာ... ကောင်းတယ်... ကောင်းတယ်”
လူငယ်အမျိုးသားက ကျေနပ်သဘောကျသွား၏။ အဲ့ဒီနောက် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူက နောက်သို့လှည့်ကြည့်ကာ လှောင်ရယ်လိုက်၏။
သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့ပြီး အထီးကျန်ကုန်းမြေများ၏ အနက်ပိုင်းထဲသို့ ပြေးဝင်သွား၏။
သိပ်မကြာခင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ဧရာမရွှေရောင်ပုရွက်ဆိတ်တစ်ကောင်ကိုစီးကာ ရောက်ရှိလာ၏။
“သခင်... ဓားအင်မော်တယ် ယွဲ့ဟွားက ခင်ဗျားကိုရှာတွေ့သွားတဲ့ပုံပဲ”
ဧရာမပုရွက်ဆိတ်က တီးတိုးပြောဆိုလိုက်၏။
ရွှေရောင်ချပ်ဝတ်အမျိုးသားက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“ရတယ်လေ... သူက သန့်စင်ယန်စိတ်ဝိညာဥ်ရတနာအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် သူကပေါ်လာရမှာပဲ... ငါက သူ့ကိုကြောက်နေမယ်လို့ မင်းထင်လို့်လား... သူကတစ်ယောက်တည်းပဲ မင်းရဲ့အကူညီနဲ့ဆို ငါက သူ့ရဲ့လမင်းအမြုတေဓားကို ရင်ဆိုင်နိုင်လောက်မှာပါ.. အဲ့ဒီမှာ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာနှစ်ခု တကယ်ပဲ ရှိနေမယ်ဆိုရင် ငါက တစ်ခုကိုသေချာပေါက်ရအောင်ယူရမယ်”
ထိုသို့ပြောပြီးသည်နှင့် ရွှေရောင်ချပ်ဝတ်အမျိုးသားက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ၏ အစွမ်းကုန်ကို ထုတ်ဖော်၍ ရှေ့သို့ပြေးဝင်သွားလေသည်။
ရွှေရောင်ချပ်ဝတ်အမျိုးသားထွက်ခွာသွားပြီးနောက် ချက်ချင်းနီးပါးမှာပင် လေဟာနယ်က ဝေဝါးသွားပြီး မွေးရနံ့တစ်ခုက လွှမ်းခြုံကာ ငယ်ရွယ်သော အမျိုးသမီးတစ်ယောက်ပေါ်ထွက်လာ၏။
“ဝူဖုန့်... ယွဲ့ဟွား”
အမျိုးသမီးငယ်က တီးတိုးရေရွတ်လိုက်၏။
“သူတို့နှစ်ယောက်တောင်မှ ရောက်လာပြီပဲ”
သူမ၏ စကားမဆုံးသေးခင်မှာပင် အမျိုးသမီးက နေရာကနေပျောက်ကွယ်သွားပြီဖြစ်၏။
အသူရာချောက်နက်၏ အဆုံးသတ်၌...။
နဂါးဟိန်းသံကို ကြားရသောအခါ လက်ရှိကမ္ဘာမြေအင်မော်တယ်များစွာက ဆတ်ခနဲတုန်ယင်သွားပြီး နာကျင်နေသောအမူအရာနှင့်အတူ သူတို့၏ နားများကို အုပ်ကိုင်လိုက်ကြ၏။
လေထဲမှာ ရှိသော ကောင်းကင်အင်မော်တယ်မအချို့ပင်လျှင် ထိုဟိန်းဟောက်သံကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။
ကောင်းကင်အင်မော်တယ်လောယန်နှင့် မိန်ကျိကလည်း ယိမ်းထိုးသွားပြီး ဟန်ချက်ပျက်သွားလေသည်။
ကျင့်ကြံသူများစွာသည် အသူရာချောက်နက်ထဲမှ ပေပေါင်းများစွာရှည်လျားသော မိုးပြာနဂါးကိုတုန်လှုပ်စွာကြည့်လိုက်ကြ၏။
“အဲ့ဒီနဂါးက ဘယ်ကရောက်လာတာလဲ”
“အဲ့ဒီနတ်နဂါးရဲ့အော်ရာက အရမ်းကိုကြောက်ဖို့ကောင်းတယ်”
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ လိုက်လံတိုက်ခိုက်မှုအောက်တွင် လူတိုင်းသည် ထိတ်လန့်တကြားဖြင့် သူတို့ကိုယ်သူတို့သာ အနိုင်နိုင်ကာကွယ်နေရ၏။ မိုးပြာနဂါး ဘယ်နေရာကရောက်ရှိလာသည်ကို သတိထားမိသည့်သူ မရှိသလောက်နီးပါးပင်။
ထောင့်တစ်ထောင့်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုကလည်း ကြောင်အ,မှင်တက်နေ၏။
မိုးပြာနဂါးသည် သူ၏ အသိစိတ်ထဲကနေ ရုန်းထွက်၍ သူ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝလွတ်ထွက်သွားခဲ့လေပြီ။
မိုးပြာနဂါးနိုးထလာခဲ့သည်မှာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ထူးဆန်းသော စွမ်းအားက သူ၏ အသိစိတ်ထဲသို့ အတင်းဝင်ရောက်လာပြီး အဲ့ဒါကို စတုရန်းကြေးမီးဖိုက အာရုံခံမိခဲ့သောကြောင့်ဖြစ်၏။
အဲ့ဒါက ထူးဆန်းသောခံစားချက်တစ်ခုဖြစ်၏။
မိုးပြာနဂါးသည် ရန်စခံလိုက်ရသည့်အတွက် စတုရန်းကြေးမီးဖိုထဲကနေသူ့သဘောနှင့်သူ ထွက်ခွာသွားသည့်အလားပင်။
မိုးပြာနဂါးပေါ်ထွက်လာသည့်ခဏမှာပင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ယိမ်းနွဲ့နေမှုက ခဏမျှရပ်တန့်သွား၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ အသိစိတ်က ကျင့်ကြံသူများစွာကို ထောင်ဖမ်းဖို့အတွက် ထောင်ချောက်များကို ဤနေရာမှာခင်းကျင်းနိုင်ခဲ့၏။ ၎င်း၏ အသိဉာဏ်က သက်ရှိများစွာထက် အားမနည်းကြောင်း သက်သေပြပေးနေ၏။
မိုးပြာနဂါး၏ အော်ရာကို အာရုံခံမိသွားပြီး ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကလည်း စိုးရိမ်ပူပန်လာပုံရ၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် ချက်ချင်းလှုပ်ရှားမလာခဲ့ပေ။ ထိုအစား ၎င်းက ခဏမျှစောင်းဆိုင်းနေခဲ့၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် မိုးပြာနဂါးတွင် မည်သည့်အကူမှ ပါမလာသည်ကို တွေ့မြင်သောအခါ ၎င်း၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး နောက်တစ်ဖန်ယိမ်းနွဲ့လှုပ်ရှားလာ၏။ အဝတ်စက တဖျတ်ဖျတ်ခတ်၍ သိပ်သည်းပြင်းထန်သော မိစ္ဆာချီနှင့်အတူ လေထဲမှာရွှေရောင်အလင်းက ပြည့်လျှမ်းလာ၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်သည် သူ၏ စိတ်ထဲရှိ အကြောက်တရားကို ဖိနှိမ်ပြီး မိုးပြာနဂါးကိုဝါးမျိုဖို့ပင် စဥ်းစားတွေးတောလာခဲ့ပြီဖြစ်၏။
မိုးပြာနဂါးက ရုပ်ဒြပ်မရှိသည်မှာ သိသာလေသည်။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကနေ ဆင့်ခေါ်ထားသည့် ကောင်းကင်ဘုံမိစ္ဆာနှင့် ကောင်းကင်ဘုံနတ်ဘုရားကဲ့သို့ပင် မိုးပြာနဂါးသည် စိတ်ဝိညာဥ်အသိစိတ်နှင့်ဆင်တူသော တည်ရှိမှုတစ်ခုသာဖြစ်ပုံရ၏။
၎င်းက မိုးပြာနဂါးကိုဝါးမျိုနိုင်မည်ဆိုလျှင် ဤနေရာမှာရှိသော ကျင့်ကြံသူများအားလုံး၏ ဝိညာဥ်များကိုဝါးမျိုသည်ထက်ပင် ၎င်း၏ ခွန်အားကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်၏။
၎င်း၏ ခွန်အားက နောက်တစ်ဖန်မြင့်တက်လာပေလိမ့်မည်။
“ဂါး...”
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ ရည်ရွယ်ချက်ကို ခံစားမိသွားပြီး ရွှေရောင်အလင်းဖြင့် တောက်ပနေသော ကောင်းကင်ဘုံနတ်ဘုရားနှင့် နက်မှောင်နေသော မိစ္ဆာချီဖြင့် လွှမ်းခြုံထားသည့် ကောင်းကင်ဘုံမိစ္ဆာက မိုးပြာနဂါးထံသို့ ပြေးဝင်လာကြ၏။
“ဂါး...”
မိုးပြာနဂါးကလည်း နောက်တစ်ဖန်ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ဘုံနတ်ဘုရားနှင့် ကောင်းကင်ဘုံမိစ္ဆာထံသို့ ခုန်ဝင်သွား၏။
ကောင်းကင်ဘုံနတ်ဘုရား၊ ကောင်းကင်ဘုံမိစ္ဆာနှင့် မိုးပြာနဂါးတို့ကြားမှာ ကမ္ဘာတုန်လောက်ဖွယ်ရာ ရိုက်ခတ်မှုများဖြစ်ပေါ်လာ၏။
အသူရာချောက်နက်၏ တစ်ဘက်စီမှာ မရေမတွက်နိုင်သောအလောင်းများက အဆက်မပြတ်ကျဆင်းလာခဲ့၏။
ကောင်းကင်ဘုံနတ်ဘုရားက တဖျတ်ဖျတ်တလက်လက်ရွှေရောင်အလင်းနှင့် သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ ရှေ့သို့ပစ်ထိုးလိုက်၏။
မိုးပြာနဂါးက ၎င်း၏ အမြီးကို လွှဲယမ်းပြီး ၎င်း၏ ဧရာမအမြီးက ကောင်းကင်ဘုံနတ်ဘုရား၏ လက်သီးနှင့် ပြင်းထန်စွာရိုက်ခတ်မိသွား၏။ ပေတစ်ရာမြင့်မားသော ကောင်းကင်ဘုံနတ်ဘုရားက လွင့်စင်ထွက်သွားသည်။ ၎င်းက အသူရာချောက်နက်၏ နံရံထဲသို့ နက်ရှိုင်းစွာနစ်ဝင်သွားပြီး လူပုံသဏ္ဌာန် တွင်းချိုင့်တစ်ခုဖြစ်ပေါ်လာ၏။
ကောင်းကင်ဘုံမိစ္ဆာက နက်မှောင်နေသော မိစ္ဆာချီဖြင့် ပြည့်နှက်နေပြီး ၎င်း၏ ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟကာ ရှေ့သို့ခုန်ဝင်လာ၏။
မိုးပြာနဂါးက ၎င်း၏ ဦးခေါင်းကို မော့လိုက်သောအခါ ဧရာမနဂါးဦးချိုတစ်စုံက ကောင်းကင်ဘုံနတ်ဘုရားကို ထိခတ်ကာ လွင့်စင်ထွက်သွားစေပြီး ၎င်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။
ကောင်းကင်ဘုံနတ်ဘုရားက နောက်တစ်ဖန်ပြေးဝင်လာပြီး သိပ်သည်းပြင်းထန်သောအော်ရာနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ၎င်းက လောကကိုငုံ့ကြည့်နေသည့်အလား ၎င်း၏ ကြီးမားသော ခြေဖဝါးက မိုးပြာနဂါးပေါ်သို့ ရက်ရက်စက်စက်ပြင်းထန်စွာဆောင့်နင်းချလိုက်၏။
မိုးပြာနဂါးက လျှောထိုးထွက်သွားလေသည်။
၎င်း၏ ခန္ဓာကိုယ်က ပေပေါင်းများစွာ ရှည်လျားသော်လည်း ၎င်းက အလွန်တရာပေါ့ပါးဖျတ်လတ်နေ၏။ ၎င်းသည် ကောင်းကင်ဘုံနတ်ဘုရား၏ ခြေဖဝါးပေါက်ချက်ကို ပွတ်ကာသီကာရှောင်တိမ်းပြီး ၎င်းကို ပြန်လည်ရစ်ပတ်လိုက်၏။
မိုးပြာနဂါးက ၎င်း၏ ဦးခေါင်းကိုမော့ပြီး လောကကို ဝါးမျိုချင်နေသည့်အလား ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်လက်မချင်းစီမှာ သိပ်သည်းပြင်းထန်သော ခွန်အားက ထွက်ပေါ်လာပြီး အဆက်မပြတ်တင်းကျပ်စွာ ရစ်ပတ်လိုက်၏။
ကောင်းကင်ဘုံနတ်ဘုရားက မြင့်မား၍ စွမ်းပကားကြီးမားသော်လည်း ၎င်းသည် ပေပေါင်းများစွာ ရှည်လျားသောမိုးပြာနဂါး၏ ရစ်ပတ်မှုကနေ ရုန်းမထွက်နိုင်ပေ။
မိုးပြာနဂါး၏ ရစ်ပတ်မှုအောက်မှာ ကောင်းကင်ဘုံနတ်ဘုရား၏ ခန္ဓာကိုယ်ထံမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းက တဖျတ်ဖျတ်ဖြစ်လာ၏။
ကောင်းကင်ဘုံနတ်ဘုရားက အချိန်မရွေး လဲပြိုကျသွားနိုင်၏။
တစ်ဘက်မှာတော့... ကောင်းကင်ဘုံမိစ္ဆာက မြေပြင်ပေါ်ကနေ ကျုံးထလာ၏။ ၎င်း၏ ဦးခေါင်းထက်မှာ ထူးဆန်းသော အကွက်အပြောင်တစ်ခုနှင့် တောက်ပနေသော မိစ္ဆာဦးချိုတစ်စုံရှိပြီး ၎င်း၏ အော်ရာက တလိပ်လိပ်ထိုးတက်ကာ ရှေ့သို့နောက်တစ်ဖန်ပြေးဝင်လာ၏။
မိုးပြာနဂါးက အကြောက်အလန့်ကင်းမဲ့ပြီး ၎င်း၏ အကြည့်က ကြည်လင်နက်ရှိုင်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်ကနေ ရုန်းကန်ပေါက်ကွဲအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ဘန်းခနဲမြည်သံနှင့်အတူ ရစ်ပတ်ထားသော ကောင်းကင်ဘုံနတ်ဘုရားကို ကြိတ်ခြေပစ်လိုက်၏။
ကောင်းကင်ဘုံနတ်ဘုရားက ရွှေရောင်အလင်းစက်များအဖြစ်ပြောင်းလဲသွားပြီး အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ယိမ်းနွဲ့သွားသော်လည်း ရွှေရောင်အလင်းက ပျက်ပြယ်မသွားခဲ့ပေ။ ထိုအစား ၎င်းသည် လျင်မြန်စွာစုစည်း၍ အောင်လံတံခွန်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
ကောင်းကင်ဘုံနတ်ဘုရားက သေဆုံးမသွားပေ။
သို့သော်လည်း ပိတ်စပေါ်ရှိ ကောင်းကင်ဘုံနတ်ဘုရားပုံရိပ်က သိသိသာသာမှေးမှိန်သွား၏။
ကောင်းကင်ဘုံမိစ္ဆာက ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် မိုးပြာနဂါးက လေထဲသို့ခုန်တက်ပြီး ကောင်းကင်ဘုံမိစ္ဆာ၏ ဦးချိုနှစ်ဖက်ကို ၎င်း၏ ရှေ့လက်သည်းနှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်၏။
၎င်း၏ ဝမ်းဗိုက်အောက်ရှိလက်သည်းများက အလွန်တရာ သန်မာပြီး ၎င်း၏ အဆစ်များက ပြူထွက်လာ၏။ ၎င်း၏ လက်သည်းချွန်များက ထွက်ပေါ်လာပြီး ကောင်းကင်ဘုံမိစ္ဆာ၏ ရင်ဘတ်ကို ပြင်းထန်စွာကုတ်ဆွဲလိုက်၏။
နဂါးလက်သည်းတစ်စုံက ကောင်းကင်ဘုံမိစ္ဆာ၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။
မိုးပြာနဂါးသည် ၎င်း၏ ရှေ့လက်နှစ်ဖက်ဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ကောင်းကင်ဘုံမိစ္ဆာ၏ ဦးခေါင်းထက်ရှိ မိစ္ဆာဦးချိုတစ်စုံကို ချိုးပစ်လိုက်၏။
ဘုန်း... ဘုန်း...
ကောင်းကင်ဘုံမိစ္ဆာသည် မိုးပြာနဂါး၏ အောက်မှာ ဘယ်လိုပင်ရုန်းကန်သည်ဖြစ်စေ မလွတ်မြောက်နိုင်ပေ။
မိုးပြာနဂါးသည် ခံ့ညားထည်ဝါသော အမူအရာတစ််ခုရှိပြီး အောက်မှာရှိသော ကောင်းကင်ဘုံမိစ္ဆာကို ငုံ့ကြည့်နေ၏။ ၎င်းက မာန်ဖီဟိန်းဟောက်၍ ကောင်းကင်ဘုံမိစ္ဆာ၏ ဦးခေါင်းကို ကိုက်ချလိုက်၏။
ကောင်းကင်ဘုံမိစ္ဆာက ပျက်ပြယ်သွားပြီး တရုန်းရုန်းထကြွနေသော မိစ္ဆာချီများအဖြစ်ပြောင်းလဲသွား၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ဖြန့်ကြက်သွားပြီး ထိုမိစ္ဆာချီများကို နောက်တစ်ဖန်စုပ်ယူလိုက်၏။
နတ်ဘုရားမိစ္ဆာက သေဆုံးမသွားပေ။
ပြောရမည်ဆိုလျှင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်အကောင်းတိုင်းရှိနေသည်နှင့်အမျှ နတ်ဘုရားမိစ္ဆာကို ပြန်လည်ဆင့်ခေါ်နိုင်ပေလိမ့်မည်။
တကယ်တော့... ထိုသို့ဆိုလျှင်တောင် ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ထဲရှိ နတ်ဘုရားမိစ္ဆာက ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
မိုးပြာနဂါး၏ အကြည့်က ကြမ်းကြုတ်ခက်ထန်သော စိတ်ဆန္ဒတစ်ခုနှင့်အတူ မလှမ်းမကမ်းမှာရှိသော ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ဘက်သို့ ရောက်ရှိသွားလေသည်။
စောစောက နတ်ဘုရားမိစ္ဆာကို ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ဆင့်ခေါ်ထုတ်ထားခြင်းဖြစ်သည်ကို မိုးပြာနဂါးက ပြောနိုင်၏။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က မိုးပြာနဂါးကို ဝါးမျိုချင်ခဲ့သော်လည်း ထိုသူမှာလည်း တူညီသောအတွေးစိတ်ကူးရှိနေသည်ကို ၎င်းက နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ အသိစိတ်အရ မိုးပြာနဂါးမှာ ကိုယ်ကာယခန္ဓာကိုယ်တစ်ခုမရှိပေ။ ၎င်းကသန်မာသော်လည်း ၎င်းသည် ဝိညာဥ်ပုံစံတစ်ခုသာဖြစ်ပြီး သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။
မိုးပြာနဂါးသည် စတုရန်းကြေးမီးဖိုကနေလာခြင်းဖြစ်သည်ကို ၎င်းက မသိရှိသေးပေ။
မိုးပြာနဂါးက ၎င်းကိုမထိခိုက်စေနိုင်သော်လည်း စတုရန်းကြေးမီးဖိုကတော့ ၎င်းကိုဝါးမျိုနိုင်လေသည်။