← Chapters

နဂါးဘုရင်တစ်ပါးလား

Vol. 126 Ch. 1889

နဂါးဘုရင်တစ်ပါးလား

Vol. 126 Ch. 1889

ဦးချိုနဂါးသည် နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ပိုင်ဆိုင်ထားရုံမျှသာ မဟုတ်လောက်ပေ။

ဤဦးချိုနဂါး၏ သိပ်သည်းပြင်းထန်သော ခွန်အားအရ ၎င်းသည် ဤအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ဖို့အတွက် ရတနာပေါင်းစွာကို စုဆောင်းထားပေလိမ့်မည်။

သူတို့က ၎င်းကို ဤနေရာမှာ သတ်ဖြတ်နိုင်မည်ဆိုလျှင် ပကတိအင်မော်တယ် သုံးယောက်သည် ထိုရတနာများကို ခွဲဝေယူနိုင်ကြပေလိမ့်မည်။

အခြားအရာများကိုအသာထား.. ဦးချိုနဂါး၏ ဦးချိုများ ၊ ကြေးခွံများ ၊ အရိုးများ ၊ နဂါးသွေး ၊ အသားနှင့် အစရှိသည်တို့ကပင် ဆေးလုံးများနှင့်လက်နက်များ သန့်စင်ပြုလုပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းများအဖြစ်အသုံးပြုနိုင်သော ရှားရှားပါးပါး အဆုံးစွန်ရတနာများဖြစ်နေ၏။

သန့်စင်ယန်စိတ်ဝိညာဥ်ရတနာများကြားမှာ အစစ်အမှန်နဂါးတစ်ကောင်၏ အရိုးများကနေ ပြုလုပ်ထားသော နဂါးရိုးဓားတစ်လက်ရှိပြီး အဲ့ဒါကအလွန်တရာ နာမည်ကြီးကျော်​ကြား၏။

၎င်းကို ပြီးပြည့်စုံသော နည်းစနစ်တစ်ခုနှင့်ထုတ်ဖော်လိုက်မည်ဆိုလျှင် နဂါးအရိုးဓားသည် အစစ်အမှန်နဂါးတစ်ကောင်ကိုပင် စုဖွဲ့နိုင်၏။

အဲ့ဒါက အခြားသော ပကတိအင်မော်တယ်များသာဆိုလျှင် သူတို့သည် သေချာပေါက်နောက်ဆုတ်ဖို့ရွေးချယ်ပြီး ဤမျှထိကြီးမားသော ဦးချိုနဂါးတစ်ကောင်၏ ထက်ရှမှုကို ရှောင်လွှဲကြမည်ဖြစ်၏။

သို့သော်လည်း ပကတိအင်မော်တယ်များကြားမှာပင်လျှင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားနှစ်ယောက်က ထိပ်တန်းပြိုင်စံရှားများဖြစ်ကြ၏။

ပကတိအင်မော်တယ်ဝူဖုန့်နှင့် မုန့်ယောင်က အကြည့်ချင်းဖလှယ်ပြီး ချက်ချင်းနီးပါးပင် တူညီသောဆုံးဖြတ်ချက်ကို ချလိုက်ကြ၏။

သူတို့သည် ဤနဂါးကိုသတ်ဖြတ်ဖို့အတွက် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပူးပေါင်းကြတော့မည်ဖြစ်၏။

ပကတိအင်မော်တယ်ဝူဖုန့်၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး ရွှေပုရွတ်ဆိတ်ကို စီးနင်းလိုက်၏။

ရုတ်တရက် သူ၏ လက်ဖဝါးထဲမှာ ဧရာမကျောက်ပုဆိန်တစ်လက်က ပေါ်ထွက်လာ၏။

မုန့်ယောင်က သူမ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းပြီး သူမရှေ့လေထဲတွင် နက်မှောင်နေသော ဒုံမင်းတစ်လက်ကို လွင့်မျောပေါ်ထွက်လာစေ၏။

ဒင်....

သူမ၏ သေးသွယ်သောလက်ချောင်းများက ဒုံမင်းကြိုးများကို ညင်သာစွာတီးခတ်လိုက်ပြီး သန်မာအားကော​င်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက အသူရာချောက်နက်ထဲမှာ ပဲ့တင်ထပ်ထွက်ပေါ်လာပုံရ၏။

ဒုံမင်းကြိုးများက အနည်းငယ်တုန်ခါသွားပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုလှည့်ပတ်လိုက်၏။ လေထဲတွင် အေးစက်နေသောဆေဘာတစ်လက်က စုဖွဲ့လာပြီး ဦးချိုနဂါးထံသို့ ထိုးစိုက်လာခဲ့၏။

ဆေဘာကို အမြုတေချီသက်သက်ဖြင့် စုဖွဲ့ထားပြီး ထွင်းဖောက်နိုင်လုနီးပါး ကြည်လင်နေ၏။

သေချာအာရုံစိုက်မကြည့်လျှင် အဲ့ဒါကို သတိထားမိနိုင်ဖို့ ခဲယဥ်းသည်။ သူမသည် နတ်မိမယ်လေးပါးထဲမှ တစ်ပါးဖြစ်သော်လည်း သူမသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးလည်းဖြစ်ပြီး သတ်ဖြတ်ရာမှာပြတ်သားသည်။ သူမ ကျင့်ကြံမှု၏ ဤအဆင့်အရောက်၌ သူမသည် မရေမတွက်နိုင်သော ပညာရှင်များကိုသတ်ဖြတ်ခဲ့ပြီးလေပြီ။

ကျင့်ကြံသူများစွာသည် စိတ်အာရုံပျက်ယွင်းသွားပါက သူတို့သည် ဒုံမင်းသံမှာ ညှို့ငင်ဖမ်းစားခံရပြီး နေရာမှာပင် သေဆုံးရပေလိမ့်မည်။

“သတ်...”

ဒုံမင်းသံ ထွက်ပေါ်လာသည့်ခဏမှာပင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ်ဝူဖုန့်တို့က မာန်သွင်းအော်ဟစ်ပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

ပကတိအင်မော်တယ်ဝူဖုန့်က ရွှေပုရွက်ဆိတ်ကိုစီးနင်းပြီး သူ့လက်ထဲရှိ ဧရာမကျောက်ပုဆိန်နှင့်အတူ ဦးချိုနဂါးထံသို့ ပြေးဝင်လိုက်၏။

အလွန်တရာကြောက်စရာကောင်းသော အော်ရာများက ကျောက်ပုဆိန်၏ မျက်နှာပြင်ပတ်လည်မှာ ရစ်ခွေလာခဲ့၏။

အဲ့ဒါသည် တာအိုသစ်သီးတစ်လုံး သို့မဟုတ် အစစ်အမှန်အမြုတေကို စုဖွဲ့ပြီးမှသာလျှင် ပကတိအင်မော်တယ်ပညာရှင်များ ထိန်းချုပ်နိုင်သည့်စွမ်းအားတစ်ခုဖြစ်၏။

အခြားတစ်ဘက်မှာတော့ ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ အစစ်အမှန်အမြုတေစွမ်းအားကို လှည့်ပတ်ပြီး သူ၏ ဦးခေါင်းထက်တွင် လုံးဝန်းသောလမင်းတစ်စင်းကို ခပ်ရေးရေးပေါ်ထွက်လာစေ၏။

လရောင်က ရေကဲ့သို့ကြည်လင်တောက်ပနေ၏။ ၎င်းက ဖြန်းပက်ကျဆင်းလာသောအခါ ၎င်းသည် ဓားအင်မော််တယ်ယွဲ့ဟွားကို လွှမ်းခြုံသွားပြီး သူ၏ အော်ရာက လျင်မြန်စွာမြင့်တက်လာ၏။

လမင်းအမြုတေဓားကနေ ထုတ်ဖော်လိုက်သည့်အလင်းက သိပ်သည်းစုဖွဲ့လာခဲ့၏။

“ခုတ်ပိုင်းလိုက်စမ်း”

ဤတစ်ခေါက်မှာ ဓားအင်​မော်တယ်ယွဲ့ဟွားက လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး ၎င်း၏ စွမ်းအားကုန်နှင့်အတူ အဲ့ဒါကို ထုတ်ဖော်လိုက်၏။ သူက တစ််ဖန်တိုက်ခိုက်လိုက်ပြီး ဦးချိုနဂါးထံသို့ သူ၏ လမင်းအမြုတေဓားကို လွှဲယမ်းလိုက်၏။

ပကတိအင်မော်တယ် သုံးယောက်က တစ်ချိန်တည်းနီးပါးမှာ တိုက်ခိုက်လာကြ၏။

အစက အသူရာချောက်နက်ထဲမှာ ရှိနေခဲ့သော ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များစွာက ထွက်ပြေးသွားကြပြီဖြစ်၏။

ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုက စွမ်းအားကြီးမားသည်ဟု မထင်ရသော်လည်း တကယ်တမ်းထွက်ပေါ်လာသည့် သတ်ဖြတ်စွမ်းအားက အလွန်တရာကြောက်စရာကောင်းနေသည်။

ပကတိအင်မော်တယ် သုံးပါးထဲ မည်သူကမှ အန္တိမနတ်ဘုရားစွမ်းအားများကို.အသုံးမပြုကြပေ။

အကြောင်းမှာ ပကတိအင်မော်တယ်ပညာရှင်များ၏ တာအိုသစ်သီးများတွင် သူတို့ဘဝတစ်သက် ကျင့်ကြံထားသည့် တာအိုများ ၊ ဓမ္မပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများအားလုံးက ပါဝင်နေသောကြောင့်ဖြစ်၏။

ပကတိအင်မော်တယ်ပညာရှင်တစ်ဦးက တာအိုသစ်သီး၏ စွမ်းအားကို အသုံးပြုလိုက်သည်နှင့်အမျှ သူတို့သည် သူတို့၏ ထိုးချက်ကန်းချက်တိုင်းမှာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားကို ထုတ်ဖော်နိုင်၏။

ပကတိအင်မော်တယ်နယ်ပယ်မှာ လူ​တစ်ယောက်သည် သဘာဝ၏ မူလဇာစ်မြစ်သို့ စတင်ကာ ပြန်ပြောင်းသွားနိုင်မည်ဖြစ်၏။

အဲ့ဒီမှာ ရင်သပ်ရှုမောဖွယ်ရာတိုက်ခိုက်ရေးနည်းစနစ် များစွာမပါရှိဘဲ တိုက်ခိုက်မှုတစ်ရပ်ချင်းစီက ရိုးရှင်းသည်ဟု ထင်ရသော်လည်း သူတို့က တိုက်ရိုက်အကျဆုံး သတ်ဖြတ်ခြင်းနည်းစနစ်များဖြစ်ကြ၏။

“ဂါး...”

ဦးချိုနဂါးက နောက်တစ်ဖန်ဟိန်းဟောက်လိုက်၏။

ကောင်းကင်နှင့်မြေကြီး အမြုတေချီကနေ စုဖွဲ့ထားသောဆေဘာက မချဥ်းကပ်လာနိုင်ခင်မှာပင် ၎င်းသည် စွမ်းအား​ကြီးမားသော နဂါးဟိန်းဟောက်သံဖြင့် ကြေမွသွား၏။

ဦးချိုနဂါးက လေထဲမှာလှည့်ပတ်၍ ၎င်း၏ ပေတစ်သိန်းရှည်လျားသောခန္ဓာကိုယ်က ကခုန်နေပြီး ဖိနှိမ်ချုပ်ချယ်နိုင်သောအော်ရာတစ်ခုကို ထုတ်ဖော်နေ၏။ ၎င်း၏ ဦးခေါင်းနှင့် အမြီးကိုလှုပ်ခါပြီး ၎င်း၏ သွားစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ထား၏။

ချွမ်...

ဦးချိုနဂါးက ၎င်း၏ ဦးခေါင်းပေါ်ရှိ နဂါးဦးချိုများကိုသုံးပြီး လမင်းအမြုတေဓားကို ခုခံလိုက်၏။

နဂါးဦးချိုသည် ဦးချိုနဂါးမျိုးရိုး၏ အသန်မာဆုံး အစိတ်အပိုင်းဖြစ်ပြီး နဂါးမျိုးနွယ်းလက်သည်းများထက်ပင် ပိုမိုသန်မာလေသည်။

လမင်းအမြုတေဓားက ၎င်းနှင့်ထိခတ်သောအခါ မီးပွားများကစင်ထွက်လာ၏။

အဲ့ဒီနောက် ဓားဖျားက ဝင်းလက်တောက်ပလာပြီး ဓားချီကဖြန့်ကြက်သွား၏။

၎င်းသည် တဂျစ်ဂျစ်အသံများနှင့်အတူ ဦးချိုနဂါး၏ ခန္ဓာကိုယ်နှင့် ထိခတ်သွားသော်လည်း အဲ့ဒါကို ဧရာမနဂါးကြေးခွံများက ပိတ်ဆို့တားဆီးထား၏။

ဝှစ်...

ဦးချိုနဂါးက ၎င်း၏ အမြီးကိုလွှဲယမ်းပြီး ဝင်ရောက်လာသော ပကတိအင်မော်တယ်ဝူဖုန့်ကို ပစ်ရိုက်ချလိုက်၏။

နတ်နဂါးသည် ၎င်း၏ အမြီးကိုလွှဲယမ်းပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်၏ စွမ်းအားကို စုသည်းကာ ဖျက်ဆီးနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ဧရာမကျောက်ပုဆိန်နှင့် ထိခတ်မိသွား၏။

ဘုန်း...

ကျောက်ပုဆိန်က နဂါးအမြီးနှင့် ထိခတ်မိသွား၏။

ကြီးမားသော တုန်ခါလှိုင်းတစ်ခုက လျင်မြန်စွာပေါက်ကွဲထွက်ပေါ်လာပြီး နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။

ပကတိအင်မော်တယ်ဝူဖုန့်နှင့် သူ၏ အောက်ဘက်ရှိ ရွှေပုရွက်ဆိတ်က မလှုပ်မယှက် ရှိနေပြီး လောကတစ်ခုလုံးက အေးခဲသွားသည်ဟုထင်ရ၏။

အဲ့ဒီနောက် ချက်ချင်း သူ၏ အမူအရာက ပြောင်းလဲသွား၏။

ထိုအမြီးရိုက်ချက်ကနေ ထွက်ပေါ်လာသည့်စွမ်းအားက အရမ်းကိုကြောက်စရာကောင်းပြီး သူ၏ ကျင့်ကြံမှုအဆင့်အရ အဲ့ဒါကို ခံနိုင်ရည်မရှိပေ။

ဖျောက်... ဖျောက်... ဖျောက်...

ပကတိအင်မော်တယ် ဝူဖုန့်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာထံမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာ၏။

၎င်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ကွဲထွက်သွားတော့မည့်အလားပင်။

“ငါတကယ်စိတ်မကောင်းပါဘူး”

ရုတ်တရက် ပကတိအင်မော်တယ်ဝူဖုန့်က တီးတိုးရေရွတ်လိုက်၏။

သူက ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် သူက သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။ ထိုသို့ဖြင့် သူသည် ၎င်း၏ ခွန်အားအများစုကို သူ၏ အောက်ဘက်ရှိ ရွှေပုရွက်ဆိတ်ထံသို့ လွှဲပြောင်းပေးလိုက်၏။

ရွှေပုရွက်ဆိတ်က သူ့နောက်သို့နှစ်ပေါင်းများစွာလိုက်ပါလာခဲ့ပြီး အရမ်းကိုသစ္စာရှိလေသည်။

သို့သော်လည်း သေရေးရှင်ရေးအခိုက်အတန့်မှာ ပကတိအင်မော်တယ်ဝူဖုန့်က ၎င်းကို စွန့်လွှတ်စတေးဖို့ ရွေးချယ်လိုက်၏။

ပကတိအင်မော်တယ်ဝူဖုန့်က နောက်သို့ခုန်ဆုတ်သွား၏။

ဘန်း....

သူ၏ အောက်ဘက်ရှိ ရွှေပုရွက်ဆိတ်က သွေးမြူတစ်ခုအဖြစ်ပေါက်ကွဲထွက်သွားပြီး ၎င်း၏ အမြုတေစိတ်ဝိညာဥ်ကပါ ဖျက်ဆီးခံလိုက်ရ၏။

ရွှေပုရွက်ဆိတ်မျိုးနွယ်သည် သူတို့၏ ခွန်အားနှင့်အတူ နာမည်ကြီးကျော်ကြားသည်။ သို့သော်လည်း ၎င်းသည် ပေတစ်သိန်းရှည်လျားသော ဦးချိုနဂါး၏ ခွန်အားကို ခံနိုင်ရည်မရှိဘဲ နေရာမှာပင်သေဆုံးသွားရ၏။

ကြီးမားသောဤတိုက်ပွဲမှာ ဦးချိုနဂါး၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်က ပကတိအင်မော်တယ်သုံးပါးကိုလှည့်ပတ်နေ၏။ ဆူဇီမိုသည် တစ်ခါက နဂါးဖီးနစ်ဖြစ်ခဲ့ဖူးသော်လည်း သူသည် ဦးချိုနဂါး၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍ များစွာသိရှိထားခြင်း မရှိပေ။

ဒါ့အပြင် ဤအဆင့် တိုက်ပွဲက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

ယခုအချိန်မှာ ဦးချိုနဂါး၏ အသိစိတ်ကို စောင့်ကြပ်နေသည့်သူက သူဖြစ်သော်လည်း ဦးချိုနဂါး၏ တိုက်ခိုက်မှုများကို တကယ်တမ်းထိန်းချုပ်နေသူက စတုရန်းကြေးမီးဖိုထဲမှလာသော မိုးပြာနဂါးဖြစ်သည်။

အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သောခံစားချက်တစ်ခုဖြစ်၏။

ဆူဇီမိုက အထဲမှာရှိနေသော်လည်း သူက အပြင်လူတစ်ယောက်ဖြစ်သည့်အလား မိုးပြာနဂါးမျိုးနွယ်၏ တိုက်ခိုက်ရည်ခွန်အားနှင့် သတ်ဖြတ်ခြင်းနည်းစနစ်များကို နားလည်ဆင်ခြင်နေ၏။

ဒုံမင်းသံက အဆက်မပြတ် ထွက်ပေါ်နေ၏။

မုန့်ယောင်၏ သေးသွယ်သောလက်ချောင်းများက ဒုံမင်းကြိုးများကို အဆက်မပြတ်တီးခတ်ပြီး နတ်ဘုရားလက်နက်များက ဒုံမင်းထံကနေ တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်ကာ ကောင်းကင်တစ်ခွင်အုပ်မိုးနေ၏။

သို့သော်လည်း ဤဦးချိုနဂါးက အရမ်းကိုသန်မာလွန်း၏။

ထိုလက်နက်များသည် ဦးချိုနဂါး၏ ကြေးခွံများကို လုံးဝမထိုးဖောက်နိုင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဦးချိုနဂါး၏ ရစ်ပတ်မှုအောက်မှာ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ်ဝူဖုန့်တို့က အရေးနိမ့်စွာဖြင့် နောက်သို့ဆုတ်ခွာလာရပြီး အဲ့ဒါကိုကောင်းကောင်းမခုခံနိုင်ကြတော့ပေ။

ဖောက်...

ဧရာမနဂါးလက်သည်းတစ်ဖက်က လေထုကိုဆုတ်ဖြဲသွားပြီး လတ်ဆတ်သောသွေးများက ပြန့်ကျဲသွား၏။

မလှမ်းမကမ်းတွင် ဓားအင်မော်တယ်ယွဲ့ဟွား၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ​ပြီး သူ၏ ရင်ဘက်ပေါ်မှာ အလွန်တရာနက်ရှိုင်းသော သွေးသံရဲရဲ ဒဏ်ရာကြီးတစ်ခုရှိနေ၏။ သူ၏ အရိုးများကိုပင်တွေ့မြင်နေရပြီး အဲ့ဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။

သူက ​ခြေလှမ်းဝက်နောက်ကျသွားခဲ့မည်ဆိုလျှင် သူသည် ဦးချိုနဂါး၏ လက်သည်းချက်ဖြင့် နှစ်ပိုင်းပြတ်ထွက်သွားပေလိမ့်မည်။

အခြားတစ်ဘ​က်မှာတော့...။

ပကတိအင်မော်တယ်ဝူဖုန့်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ ရွှေရောင်ချပ်ဝတ်တန်ဆာက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

ထိုရွှေရောင်ချပ်ဝတ်တန်ဆာကြောင့်သည်မဟုတ်လျှင် သူသည် စောစောက သေဆုံးခဲ့ရပေလိမ့်မည်။

ဦးချိုနဂါး၏ ခန္ဓာကိုယ်က အရမ်းကိုသန်မာလွန်း၏ ။

၎င်းသည် ပကတိဧကနယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည့်အလားပင်။

ပကတိဧကနယ်ပယ်၏ အထက်မှာ ဘုရင်နယ်ပယ်ရှိလေသည်။

သူရှေ့ရှိ ဦးချိုးနဂါးက အစစ်အမှန်နဂါးတစ်ကောင်မဟုတ်ဘဲ နဂါးဘုရင်တစ်ပါးဖြစ်နေမလား။

All Chapters