← Chapters

ပကတိအင်မော်တယ်များကို အနိုင်ယူခြင်း

Vol. 126 Ch. 1890

ပကတိအင်မော်တယ်များကို အနိုင်ယူခြင်း

Vol. 126 Ch. 1890

သူ့ရှေ့မှာ ရှိ​သော ဦးချိုနဂါးက တကယ့်နဂါးဘုရင်တစ်ပါး ဖြစ်မည်ဆိုလျှင်လည်း အဲဒါက အဓိပ္ပာယ်မရှိတော့ပေ။

ဘုရင်တစ်ပါးသည် ပကတိဧကနယ်ပယ်ထက် များစွာကျော်လွန်သော အဆင့်တစ်ခုမှာ ရှိနေ၏။

ဘုရင်အဆင့်မှာ ရှိသော မည်သူမဆို ပကတိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းနှင့်အတူ နယ်မြေဒေသတစ်ခုကို အုပ်စိုးနိုင်၏။

မဟာကျင်းအင်မော်တယ်နိုင်ငံကို အန္တိမ ဘုရင်အင်မော်တယ်တစ်ပါးက အုပ်ချုပ်ပြီး သူ၏ အုပ်ချုပ်မှုအောက်မှာ မြို့တော်ပေါင်း တစ်ထောင်ကျော် ရှိလေသည်။ ၎င်း၏ ပိုင်နက်နယ်မြေက အရမ်းကို ကျယ်ပြောပြီး နဂါးအသူရာချောက်နက်ကြယ်ဆိုသည်မှာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ လက်အောက်ရှိ အရေးမပါ အရာမရောက်သော အစွန်အဖျား ကြယ်တစ်စင်းမျှသာ ဖြစ်၏။

ဘုရင်တစ်ပါး၏ စွမ်းအားနှင့် ဩဇာတိက္ကမက အရမ်းကို သိသာထင်ရှားလေသည်။

ပုံမှန်အားဖြင့်ဆို မည်သည့် ဘုရင်မဆို ပကတိအင်မော်တယ် သုံးယောက်ကို အလွယ်တကူ ဖိနှိမ်နိုင်၏။

သို့သော်လည်း သူ့ရှေ့တွင် ရှိသော ဦးချိုနဂါးသည် ဘုရင်တစ်ပါး ပိုင်ဆိုင်ထားသင့်သည့် မည်သည့် နည်းစနစ်ကိုမှ တစ်ချိန်လုံး ထုတ်ဖော်ခြင်း မရှိဘဲ ၎င်း၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့်သာ ပကတိအင်မော်တယ် သုံးယောက်နှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။

ပကတိအင်မော်တယ် သုံးယောက်က တွေဝေရှုပ်ထွေးနေကြ၏။

ထို့ကြောင့်ပင်လျှင် သူတို့က ချက်ချင်း ဆုတ်ခွာမသွားခဲ့ကြခြင်း ဖြစ်၏။

သို့သော် ယခု ဓားအင်မော်တယ် ယွဲ့ဟွားက ဦးချိုနဂါး၏ တိုက်ခိုက်မှုဖြင့် ဆုတ်ဖြဲခံရလုနီးပါး ဖြစ်ခဲ့ပြီး ပကတိအင်မော်တယ် ဝူဖုန့်၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်၍ သူ၏ ရွှေရောင် ချပ်ဝတ်တန်ဆာက ပျက်စီးလုနီးပါး ဖြစ်သွားခဲ့လေပြီ။

သူတို့နှစ်ယောက်စလုံးက နောက်သို့ ဆုတ်ခွာချင်ကြပြီဖြစ်၏။

ထိုစဉ်မှာပင် ဓားအင်မော်တယ် ယွဲ့ဟွားနှင့် ပကတိအင်မော်တယ် ဝူဖုန့်၏ တိုက်ခိုက်မှုကနေ လွတ်ထွက်သွားပြီး ဦးချိုနဂါးသည် မုန့်ယောင်ရှိရာဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“ဂါး..”

နဂါးဟိန်းဟောက်သံက နေရာတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

အသူရာချောက်နက်တစ်ခုလုံးက အဆက်မပြတ် ပြိုကျလာပြီး တစ်ဖက်တစ်ချက်စီတွင် ရှိသော ကျောက်သားနံရံများက ကြေမွ၍ မြောက်များလှစွာသော ကျောက်တုံး ကျောက်ခဲများက လိမ့်ဆင်းလာ၏။

ဘန်း…

မုန့်ယောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူမ၏ လက်ထဲရှိ ဒုံမင်းကြိုးများထဲမှ တစ်ချောင်းက ပြတ်ထွက်သွား၏။

ရှေးဟောင်းဒုံမင်းပေါ် သွေးစတချို့က ဖိတ်စင်ကျလာ၏။

ပြတ်ထွက်သွားသော ဒုံမင်းကြိုးသည် သူမ၏ လက်ချောင်း ဆယ်ချောင်းစလုံးကို ပြတ်ကျလုနီးပါး ဖြစ်စေခဲ့၏။ မုန့်ယောင်၏ မျက်နှာက တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။

မဟာနတ်မိမယ် လေးဦးထဲမှ တစ်ဦး၊ အင်မော်တယ်ပျံဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်နှင့် မဟာကျင်း အင်မော်တယ်နိုင်ငံတော်၏ မင်းသမီးတစ်ပါးအနေဖြင့် သူမသည် မရေမတွက်နိုင်သော နောက်လိုက်များနှင့်အတူ မြင့်မြတ်သော အဆင့်အတန်းတစ်ခုနှင့် စွမ်းအားကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထား၏။

သူ၏ ကျင့်ကြံမှု ဤအဆင့်ထိ သူမသည် ဤကဲ့သို့သော ထိခိုက်ခံစားရမှုမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

သူမထက် အနည်းငယ် ပိုမိုသန်မာသော ပြိုင်စံရှားတချို့ပင်လျှင် သူမအပေါ် စီးပိုးခြယ်လှယ်ခြင်းနှင့် သူမကို အရှက်ရအောင် ပြုလုပ်ခြင်း ရှိကြလိမ့်မည် မဟုတ်ပေ။

ဤဦးချိုနဂါးကို အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်ကသာ ထိန်းချုပ်နေခြင်း ဖြစ်သည်ကို မုန့်ယောင် သိမည်ဆိုလျှင် သူမက အမျက်ဒေါသဖြင့် ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ဆူဇီမိုက အမျိုးသမီးများဆိုပြီး မျက်နှာသာပေးတတ်သည့်သူမျိုး မဟုတ်ပေ။

ဒါ့အပြင် နတ်မိမယ် မုန့်ယောင်က ရက်ရက်စက်စက် ချောမောလှပပြီး တစ်မူထူးခြားသော အော်ရာကို ပိုင်ဆိုင်ထားသော်လည်း သူမသည် ဓားအင်မော်တယ် ယွဲ့ဟွားနှင့် ပကတိအင်မော်တယ် ဝူဖုန့်တို့နှင့် ကွဲပြားခြားနားခြင်း မရှိပေ။ သူသာ စောစောက အပြင်မှာ ရှိနေခဲ့မည်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်အသိစိတ်သည်လည်း နတ်မိမယ် မုန့်ယောင်၏ ရှာဖွေခြင်းကို ခံရပေလိမ့်မည်။

အောက်ဘုံလောကမှာ ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီးနောက် အဆင့်တူချင်းမှာ သန်မာသော ရန်သူများကို စီးပိုးခြယ်လှယ်ခဲ့ပြီး ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ အားလုံးကို ဖိနှိမ်ခဲ့၏။ သူသည် လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ပြီး ဒီရေလှိုင်းများကို ဆန်တက်ကာ ကမ္ဘာဦးမျိုးနွယ်များကို ဖိနှိမ်ခဲ့၏။ သူက သွေးမိစ္ဆာကိုပင် သတ်ဖြတ်ခဲ့ပြီး ထာဝရလူသားဧကရာဇ်ဘွဲ့ကိုပင် ခံယူနိုင်ခဲ့၏။ သို့သော်လည်း သူသည် ဤကဲ့သို့သော အရှက်ခွဲခံရမှုနှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။

သူတို့က ပကတိအင်မော်တယ်များဖြစ်စေ.. နတ်မိမယ်များဖြစ်စေ.. ကိစ္စမရှိပေ။ သူတို့က သူ၏ ခေါင်းကို တက်နင်းချင်သည်ဆိုမှတော့ သူကလည်း တူညီသော ပုံစံဖြင့် ပြန်လည်တုံ့ပြန်မည်ဖြစ်၏။

ဆူဇီမို၏ တာအိုနှလုံးသားပေါ်တွင် ဓားအင်မော်တယ် ယွဲ့ဟွား ချန်ထားရစ်ခဲ့သည့် ဒဏ်ရာများက တိတ်တဆိတ်ဖြင့် သက်သာပျောက်ကင်းလာခဲ့ပြီဖြစ်၏။

ရွှစ်…

အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ လျှို့ဝှက်အတတ်ကို ပြတ်သားစွာ အသက်သွင်းပြီး ဓားအလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူက နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာလိုက်ခြင်း ဖြစ်၏။

တစ်ချိန်တည်းနီးပါးမှာပင် ပကတိအင်မော်တယ် ဝူဖုန့်နှင့် မုန့်ယောင်တို့ကလည်း လှည့်ထွက်ပြေးလိုက်ကြ၏။

ဦးချိုနဂါးက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က အပေါ်သို့ နွယ်တက်ကာ သူတို့နောက်သို့ ပြေးလိုက်သွား၏။

ဓားအင်မော်တယ် ယွဲ့ဟွားနှင့် အခြားနှစ်ယောက်က နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ပြေးလိုက်သည့် ခဏမှာပင် ဦးချိုနဂါးက သူတို့ကို လိုက်မီလာခဲ့၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ဆူဇီမိုက ဦးချိုနဂါးကို ထိန်းချုပ်ပြီး ကြယ်တာရာကောင်းကင်ထဲတွင် ပကတိအင်မော်တယ် သုံးယောက်နှင့် နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။

ထိုအခိုက်အတန့်မှာ နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ သက်ရှိများ အားလုံးနီးပါးက ကြယ်တာရာကောင်းကင်ထက်ရှိ တိုက်ပွဲကို တုန်လှုပ်ချောက်ချားနေသော အမူအရာများနှင့်အတူ မော့ကြည့်လိုက်ကြ၏။

“အဲဒါက ဘယ်လိုအဆင့်တိုက်ပွဲမျိုးပါလိမ့်”

“ကြည့်ရတာတော့ အဲဒါက ကောင်းကင်အင်မော်တယ်တွေရဲ့ ကြားက တိုက်ပွဲတစ်ပွဲ ဖြစ်လိမ့်မယ် ထင်တယ်”

နဂါးအသူရာချောက်နက်မြို့တော်ရှိ ကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုလိုက်ကြ၏။

“လုံးဝ မဖြစ်နိုင်ဘူး”

ကျင့်ကြံသူတစ်ယောက်က ခေါင်းခါပြလိုက်၏။

“စောစောတုန်းက ကောင်းကင်အင်မော်တယ်တွေနဲ့ ကမ္ဘာမြေအင်မော်တယ်တွေက ကြောက်လန့်တကြားနဲ့ ထွက်ပြေးကုန်​ကြတာ ခင်ဗျား မမြင်လိုက်ဘူးလား.. သူတို့ လေးယောက်က ပကတိအင်မော်တယ် ပညာရှင်တွေ ဖြစ်ဖို့များတယ်”

ပကတိအင်မော်တယ်…

ကျင့်ကြံသူများစွာက မနာလိုအားကျစွာဖြင့် ညည်းတွားရေရွတ်လိုက်ကြ၏။

နဂါးအသူရာချောက်နက်ကြယ်၏ မြို့တော်အရှင်သည် အဆင့်ကိုး မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး ပကတိအင်မော်တယ်များဆိုသည်မှာ သူတို့နှင့် အရမ်းကို ဝေးကွာလွန်းသော တည်ရှိမှုများ ဖြစ်၏။

နှင်းလေတောင်ကြောရိုးတွင်..

သွမ့်ထျန်လျန်၊ ရှချင်းယင်၊ ယွဲ့ဟောက်နှင့် အခြားသူများကလည်း ထိုတိုက်ပွဲကို စောင့်ကြည့်နေကြ၏။

“ဟေး..”

သွမ့်ထျန်လျန်က သွားဖြဲလိုက်၏။

“ငါသာ အဲ့လိုပညာရှင်တစ်ဦးနဲ့ စကားပြောခွင့်ရမယ်ဆိုရင် ငါ့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ကြွားလုံးထုတ်ဖို့အတွက် လုံလောက်ပြီ”

“နဂါးတစ်ကောင်က မြွေတစ်ကောင်နဲ့ အတူမနေဘူး”

ယွဲ့ဟောက်က ခေါင်းခါပြလိုက်၏။

“နောက်ပြီး အဲဒီပညာရှင်တွေရဲ့ မျက်လုံးထဲမှာ ငါတို့ကို မြွေတွေလို့တောင် မြင်မှာ မဟုတ်ဘူး… ငါတို့က အရေးမပါ အရာမရောက်တဲ့ ပုရွက်ဆိတ်လေးတွေပဲ”

ကြယ်တာရာကောင်းကင်ထဲတွင်…

ပကတိအင်မော်တယ်များ၏ သွေးများက အဆက်မပြတ် ဖိတ်စင်ပြန့်ကျဲသွားပြီး တိုက်ပွဲက ပြီးဆုံးလုနီးပါး ဖြစ်သွား၏။

ပကတိအင်မော်တယ် သုံးယောက်က ဦးချိုနဂါး၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံနေရ၏။

တိုက်ပွဲ၏ အဆုံးသတ်မှာတော့ ပကတိအင်မော်တယ် သုံးယောက်က ဒဏ်ရာအပြင်းအထန် ရရှိသွားကြ၏။

သူတို့သုံးယောက်သည် အခြားရွေးချယ်စရာ မရှိတော့ဘဲ သူတို့၏ အသက်ကယ်နည်းလမ်းများကို အသုံးပြုကာ ခွေးလေခွေးလွင့်များကဲ့သို့ ဦးတည်ဘက် ခွဲကာ ထွက်ပြေးလိုက်ကြ၏။

တစ်ခဏအတွင်းမှာပင် ကြယ်တာရာကောင်းကင်ထဲမှာ ဦးချိုနဂါးတစ်ကောင်သာလျှင် ကျန်ရစ်ခဲ့တော့၏။

ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်နှင့်ယှဉ်လျှင် ပေတစ်သိန်း ရှည်လျားသော ဦးချိုနဂါးက အလွန်တရာ သေးငယ်နေပုံရ၏။

ဆူဇီမိုက သူတို့နောက်သို့ ပြေးလိုက်သွားခြင်း မရှိပေ။

သူအသိစိတ်ထဲရှိ မိုးပြာနဂါးက မှိန်ဖျော့နေပြီး ၎င်း၏ စွမ်းအားကလည်း ကုန်ခန်းနေလေပြီ။ အဲဒါက ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ဦးချိုနဂါး၏ မျက်လုံးများကနေတစ်ဆင့် ဆူဇီမိုသည် မျှော်လင့်စောင့်စားမှုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်၍ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်၏။

သူသည် ဤကြယ်တာရာကောင်းကင်ထဲမှာ လွတ်လပ်စွာ ပျံသန်းသွားလာနိုင်ဖို့ ဘယ်လောက်ကြာမြင့်ဦးမလဲ မသိရပေ။

ထိုအချိန်ကျလျှင် သူသည် မဟာအရိုင်းကမ္ဘာသို့ ဦးတည်ပြီး တျဲယွဲ့ကို သွားရောက်တွေ့ဆုံမည် ဖြစ်၏။

ဆူဇီမိုသည် သူ၏ ဘေးပတ်လည်မှာ ရှိသော ကြယ်တာရာကောင်းကင်ကို နှမြောတမ်းတစွာ ကြည့်လိုက်၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်ထဲရှိ အတွေးတစ်ချက်နှင့်အတူ သူ၏ ကြီးမားသော နဂါးခန္ဓာကိုယ်က ကြယ်တာရာကောင်းကင်ထဲကနေ ပျောက်ကွယ်သွား၏။

သူတို့ ပြန်လည်ပေါ်ထွက်လာသောအခါ ဆူဇီမိုနှင့် ဦးချိုနဂါးသည် ထူးဆန်းသော နေရာလွတ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဤတိုက်ပွဲအပြီး၌ မိုးပြာနဂါး၏ အော်ရာက အားနည်းသွားခဲ့၏။ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ဦးချိုနဂါး၏ အသိစိတ်ထဲကနေ ဆွဲထုတ်ပြီးနောက် ၎င်းက စတုရန်းကြေးမီးဖိုထံသို့ ပြန်လည်ရောက်ရှိသွားပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

စတုရန်းကြေးမီးဖို၏ အပြင်ဘက် နံရံပေါ်ရှိ နဂါးမျက်လုံးများက နောက်တစ်ဖန် မှိတ်သွား၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကလည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ ပြန်လည်ရောက်ရှိလာ၏။

ဖန်တီးခြင်းကြာပဒုမ္မာက တကယ့်ကို စွမ်းအားကြီးမား၏။

အမြုတေစိတ်ဝိညာဉ်၏ ထိန်းချုပ်မှု မရှိဘဲနှင့်တောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ ပြန်လည်ကုသခြင်းဖြစ်စဉ်ကို မရပ်တန့်ခဲ့ပေ။ ထိုတိုက်ပွဲအပြီးမှာ သူ၏ ဒဏ်ရာများက သိသိသာသာ သက်သာပျောက်ကင်းသွားပြီဖြစ်၏။

ဆူဇီမိုက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေပြီ။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူက ဤနေရာကနေ ထွက်ခွာကာ အသူရာချောက်နက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်၏။ သူသည် အသူရာချောက်နက်ထဲမှာ သေဆုံးခဲ့သော ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ သိုလှောင်အိတ်များကိုလည်း သိမ်းဆည်းလိုက်၏။

အသူရာချောက်နက်က ဗလာကျင်း၍ တိတ်ဆိတ်ငြိမ်သက်နေပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။ အဲဒီမှာ မည်သည့် အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ ရှုပ်ပေပွနေ၏။

စောစောက ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များက ထွက်ပြေးသွားခဲ့ကြပြီဖြစ်၏။

ထိုပညာရှင်များသည် အလောတကြီး ထွက်ပြေးခဲ့ကြပြီး ဤနေရာမှာ ဆက်လက်၍ မနေဝံ့ခဲ့ကြပေ။

တကယ်ဆို သူတို့သည် တိုက်ပွဲမြေကို ရှင်းလင်းခြင်း သို့မဟုတ် သေဆုံးသွားသော ကျင့်ကြံသူများစွာ၏ သိုလှောင်အိတ်များကို ယူဆောင်သွားခြင်းပင် မပြုလုပ်နိုင်ခဲ့ပေ။

အဲဒါက ဆူဇီမိုအတွက် ကြီးမားသော အကျိုးအမြတ်ဖြစ်၏။

သိပ်မကြာခင် ဆူဇီမိုသည် တိုက်ပွဲနယ်မြေကို ထောက်လှမ်းကြည့်ရှုပြီး ကောင်းကင်အင်မော်တယ် သိုလှောင်အိတ် စုစုပေါင်း ၂၃အိတ်နှင့် ကမ္ဘာမြေအင်မော်တယ် သိုလှောင်အိတ် ၅၀၀ကျော်ကို ရရှိခဲ့၏။

တကယ်တော့ ထိုသိုလှောင်အိတ်များမှာ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားများ ကျန်ရှိနေပြီး သူက အထဲမှာ ဘာတွေရှိသည်ကို မတွေ့မြင်နိုင်ပေ။

သို့သော်လည်း မည်သို့ပင်ဆိုစေ.. သူသည် ဤခရီးစဉ်မှာ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။

ထိုသိုလှောင်အိတ်များက အဓိက မဟုတ်ပေ။

အကြီးမားဆုံး တိုးတက်မှုမှာ စတုရန်းကြေးမီးဖိုထဲရှိ ပြောင်းလဲမှုဖြစ်၏။

စတုရန်းကြေးမီးဖိုသည် နတ်ဘုရားမိစ္ဆာ ဝိညာဉ်ဆင့်ခေါ်အောင်လံတံခွန်ကို ဝါးမျိုပြီး ဒုတိယမြောက် မီးဖိုနံရံပေါ်ရှိ အက်ကွဲကြောင်းကို ပြုပြင်နေဆဲဖြစ်၏။

မီးဖို၏ ဒုတိယမြောက် နံရံကို ပြန်လည်ပြင်ဆင်နိုင်သည်နှင့် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို သူက ထပ်မံ၍ နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။

ဒါ့အပြင် ဆူဇီမိုသည် သူ၏ စိတ်ထဲရှိ ခန့်မှန်းချက်တစ်ခုကို အတည်ပြုဖို့အတွက် စတုရန်းကြေးမီးဖို၏ ဒုတိယမြောက် နံရံပေါ်မှာ အခြားသော အင်းကွက်များ ရှိနေမလား တွေ့ချင်နေ၏။

All Chapters