← Chapters

ခရမ်းရောင်မီးလျှံအလင်းတန်းအမြောက်

Vol. 72 Ch. 1066

ခရမ်းရောင်မီးလျှံအလင်းတန်းအမြောက်

Vol. 72 Ch. 1066

ဤအလုပ်က မလွယ်ကူ၍ သရုပ်ဆောင်ဖြစ်ရန်မှာ လူတိုင်းအတွက် မဖြစ်နိုင်ပေ။

အချို့ဆိုလျှင် သရုပ်ဆောင်ဘဝကို နှစ်သက်၍ ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့သော်လည်း မထင်မရှား သရုပ်ဆောင် အဖြစ်သာ ကျေနပ်ခဲ့ရသည်။

ဤကမ္ဘာတွင် ဘယ်တော့မှမပြောင်းလဲသည့် အသက်မွေးဝမ်းကြောင်း ဖော်မြူလာမှာ(အလုပ်ကြိုးစားခြင်း + ကံကောင်းခြင်း)ဖြစ်သည်။

ထို့ကြောင့် ထုံလင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝမ်လင်းကို ကြည့်မိသောအခါတွင် လက်တွေ့ဘဝက မည်မျှရက်စက်ကြမ်းကြုတ်သည်ကို ဤဂျူနီယာလေးအား လက်တွေ့ သင်ခန်းစာပေးလိုသော စိတ်ဆန္ဒ ရှိခဲ့သည်။

အဓိကအချက်မှာ ဝမ်လင်း၏ ပီပြင်လွန်းသော သရုပ်ဆောင်ချက်ကြောင့်ပင်။

ယင်းက ထုံလင်ကို မနာလိုဖြစ်စေခဲ့ပြီး ရှင်းမပြနိုင်လောက်သည်အထိ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

အကယ်၍သာ ဝမ်လင်းက ခပ်ပေါ့ပေါ့ သရုပ်ဆောင်ထားသည်ကိုသာ သိလျှင် ထုံလင်က နေရာမှာပင် သွေးအန်သွားနိုင်ပေသည်။

ဤဇာတ်ကားတွင် ထုံလင်သည် ကျိုးရီအဖြစ် သရုပ်ဆောင်ထားသည်။

ထို့ပြင် ၎င်းတို့၏ အသွင်အပြင်များက အလွန်ပင် ဆင်တူကြပြီး ထိုထက်ပို၍ တူညီမှုရှိစေရန်အတွက် မိတ်ကပ် ပြင်ဆင်မှုများကိုပင် ပြုလုပ်ထားခဲ့သည်။

ဝမ်လင်းက မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း သူ၏ ဘုရင်မျက်လုံးက အသက်ဝင်နေပါသေးသည်။

ထို့ကြောင့် သူ၏ပတ်ဝန်းကျင်မှ မြင်ကွင်းများသည် သူ၏ စိတ်အာရုံထဲတွင် ဟိုလိုဂရမ်ကဲ့သို့ ထင်ထင်ရှားရှား ဖြစ်ပေါ်နေခဲ့သည်။

ကျိုးရီ ကဲ့သို့ သရုပ်ဆောင်ထားသည့် မင်းသားထုံလင်၏ အနုပညာအမည်မှာ ကျောဖန် ဖြစ်သည်။

သူက တကယ်ပဲ ကျိုးရီနှင့် အလွန်ဆင်တူ၏။

ယင်းမှာ ကျိုးရီနှင့် ဆင်တူရန်အတွက် ပလက်စတစ်ဆာဂျရီ လုပ်ထားခြင်း မဟုတ်ဘဲ မွေးဖွားလာကတည်းပင် ဆင်တူနေခြင်း ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ အမှတ်တရပြခန်းတွင် နာမည်ကျော် ကျောင်းသားဟောင်းများ အတွက် နံရံတစ်ခုရှိသည်။

ထိုနံရံတွင် ကျိုးရီ၏ ရုပ်ပုံကိုပါ ချိတ်ဆွဲထား၏။

ထိုရုပ်ပုံသည် ကျိုးရီ ငယ်စဉ်က ရိုက်ယူထားသည့်ပုံ ဖြစ်၍ ဓာတ်ပုံထဲမှ ကျိုးရီသည် အလွန်ပင်ငယ်ရွယ်သေးပုံ ပေါက်နေသည်။

မင်းသားကျောဖန်သည် ကျိုးရီ ငယ်စဉ်ကရုပ်သွင်နှင့် အလွန်ဆင်တူသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏ အော်ရာများကမူ လုံးဝကို ကွဲပြားနေခဲ့၏။

ထို့ကြောင့် ၎င်းတို့ကို ခွဲခြားရန်မှာ ဝမ်လင်းအတွက် ခက်ခဲမည်မဟုတ်ပေ။

မင်းသားကျောဖန်သည် ကျိုးရီ နတ်ဆိုးဘဝသို့ မပြောင်းလဲမီအထိ ကျိုးရီ၏ ဇာတ်ကွက်များကို ရိုက်ကူးခဲ့ပြီးပြီ ဖြစ်သည်။

“အစ်ကိုထုံ.. ကျေးဇူးပြုပြီး ဒီဆေးလုံးကို ပါးစပ်ထဲမှာငုံထားပေးပါ”

ရိုက်ကူးရေးမစမီတွင် အဖွဲ့ထဲမှ ညီငယ်လေး တစ်ဦးသည် ဆေးလုံးများ ထည့်ထားသည့် ဆေးဘူးတစ်ဘူးကို ကျောဖန်အားပေးလိုက်သည်။

ထိုဆေးလုံးကို အထူးရိုက်ချက်ဆေးလုံးဟုခေါ်ပြီး ရုပ်ရှင်ရိုက်ကူးရေးအတွက် ထုတ်လုပ်ထားခြင်း ဖြစ်၏။

သို့သော် ဆိုးကျိုးအနေဖြင့် သရုပ်ဆောင်ကို ထိခိုက်ဒဏ်ရာရစေသည်။

မည်သို့ပင်ဖြစ်စေကာမူ ရုပ်ရှင်ရိုက်ကူးစဉ် အတွင်း ပြုလုပ်ခဲ့သော ရိုက်ချက်များ ကောင်းမွန်ရန်မှာ အလွန် အရေးကြီးသည်။

ဆေးလုံးကို ပါးစပ်ထဲတွင် ငုံထားသည့် လူတစ်ယောက်သည် သိပ်သည်းသောချီများကို ထုတ်လွှတ်နိုင်မည် ဖြစ်ပြီး မျက်လုံးများကပင် မြွေဆိုးများကဲ့သို့ ကြောက်စရာကောင်းသည်အထိ အရောင်ပြောင်းလာမည် ဖြစ်၏။

“ပြဿနာပဲကွာ.. အထူးရိုက်ချက်တွေကို မထည့်လို့မရဘူးလား”

“တောင်းပန်ပါတယ် အစ်ကိုထုံရယ်.. ဒီဆေးလုံးကို ငုံထားမှပဲ ရိုက်ချက်တွေက ပိုပြီး လက်တွေ့ကျမယ်လို့ ဒါရိုက်တာက ပြောတယ်.. အစ်ကိုထုံက ဒီဆေးလုံးကို မသုံးဘူးဆိုရင် ဒါရိုက်တာက ကျွန်တော့ကို ငေါက်မှာသေချာတယ်”

ရိုက်ကူးရေးအဖွဲ့သား ညီငယ်လေးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ထို့ပြင် ရိုက်ကူးရေးက စတင်တော့မည် ဖြစ်သောကြောင့် ထုံလင်က အငြင်းအခုံလုပ်ရန် အချိန်မရှိတော့ပေ။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ဆေးလုံးကို လှမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးလုံးသည် ထုံလင်၏ ခန္ဓာကိုယ်ကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

သူ၏ အနီးရှိ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အနက်ရောင်ချီများက ရစ်ဝဲလာခဲ့သည်။

သူ၏ ဆံပင်နှင့်လက်သည်းများသည် ပိုမို ရှည်လျားလာပြီး ကြွက်သားများ ပြန့်ကားလာကာ တုတ်ခိုင်သန်မာသည့် လူတစ်ယောက် အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။

ကျောဖန်က ဤဆေးလုံးကို ပထမဆုံး သောက်သုံးခြင်းမဟုတ်သော်လည်း ဤပြောင်းလဲမှုများက သူ့ကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။

“မစိုးရိမ်ပါနဲ့ အစ်ကိုထုံ.. ဆေးအာနိသင်က သုံးရက်အတွင်း ပျက်ပြယ်သွားပါလိမ့်မယ်.. အဲဒါပြီးရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ”

ရိုက်ကူးရေးအဖွဲ့မှညီငယ်လေးက ပြုံး၍ ပြောလိုက်သည်။

“ခွေးကောင်.. သုံးရက်တောင်လားဟ”

ထုံလင်က ကြိမ်းဝါးလိုက်သောအခါ အနက်ရောင်မီးခိုးများသည် နဂါးမီးမှုတ် သကဲ့သို့ သူ့ပါးစပ်ကနေ ထွက်လာခဲ့သည်။

သူ၏ ဖြစ်အင်ကိုမြင်လျှင် ထုံလင်က ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။

ဆေးလုံး၏ အာနိသင်က ပို၍အစွမ်းထက်လေလေ၊ သူ၏ခန္ဓာကိုယ်က ပို၍ဆိုးကျိုးဖြစ်လေလေ မဟုတ်ပါလော။

ဆိုရလျှင် ဖိုက်တင်သရုပ်ဆောင် တစ်ယောက်၏ ဘဝသည် ခက်ခဲလွန်းလှ၏။

“စမယ်.. အက်ရှင်”

ဒါရိုက်တာ၏ ညွှန်ကြားမှုကို ရရှိသည်နှင့် ထုံလင်သည် သူ၏ ကာရိုက်တာကို စတင် သရုပ်ဆောင်ခဲ့သည်။

သာမန်သရုပ်ဆောင် တစ်ယောက်သည် အက်ရှင်ခန်းများကို အခြေခံလောက်သာ သရုပ်ဆောင်လေ့ ရှိသော်လည်း ထုံလင်ကမူ ထိုသို့မဟုတ်ပေ။

ဆိုရလျှင် ထုံလင်သည် အက်ရှင်မင်းသား စစ်စစ်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်း အားလုံးတွင် တိုက်ပွဲဇာတ်ဝင်ခန်းများ ပါဝင်နေခဲ့၏။

ထို့အပြင် သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ မြင့်မားသောအဆင့်လည်း ရှိသည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူသည် အက်ရှင်သရုပ်ဆောင်တစ်ဦး အနေဖြင့် သရုပ်ဆောင်ရန် လိုအပ်ချက်နှင့်ကိုက်ညီသည့် မှော်စွမ်းရည်မျိုးစုံကို သင်ယူခဲ့သည်။

သူ၏ သရုပ်ဆောင်မှုက အလွန်ပီပြင်သောကြောင့် အက်ရှင်မင်းသားတစ်ဦး အဖြစ် ပရိသတ်များ၏ အကြိုက်ဆုံးမင်းသား တစ်လက် ဖြစ်လာခဲ့သည်။

ယခုအခါတွင် ထုံလင်သည် ဇာတ်ညွှန်းအတိုင်းမျက်လုံးများ စူးရှစွာဖြင့် ကောင်းကင်တွင် ပျံဝဲနေသည်။

သူက လက်ဟန်အချို့ကို ပြုလုပ်လိုက်ရာ သူ့လက်ထဲတွင် မှော်စွမ်းအားတစ်ခု စတင် ပေါ်ပေါက်လာခဲ့သည်။

ဤအချိန်ထိ ဝမ်လင်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေဆဲပင်။

သို့သော် ထိုအချိန်မှာပင် ဝမ်လင်းသည် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။

ယင်းမှာ အကြောင်းတစ်ခုခုကြောင့် အချိန်အတော်ကြာ မလှုပ်ခတ်ဖြစ်သော သူ၏မျက်ခွံသည် စတင် လှုပ်ရှားလာခြင်းကြောင့်ပင်။

“မျက်ခွံသတိပေးချက်ပါလား”

ယင်းက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ကာနီးတွင် သတိပေးလေ့ရှိသော ပုံစံဖြစ်သည်။

ဝမ်လင်းက မျက်ခွံသတိပေးချက်ကို ရရှိခဲ့သော်လည်း ထုတ်ဖော်မပြောခဲ့ပေ။

လက်ရှိအချိန်တွင် သူသည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်၍ သေဆုံးသွားသော လူတစ်ယောက်အဖြစ် သရုပ်ဆောင်နေခဲ့သည် မဟုတ်လော။

ဝမ်လင်းက လေထဲတွင် သိပ်သည်းသော နတ်ဆိုးချီများ ရစ်သိုင်းနေသည့် ထုံလင်ကို စိုက်ကြည့်နေသော်လည်း အမူအရာကမူ လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။

“ဒီကောင်လေး သရုပ်ဆောင်တာ မဆိုးဘူးပဲ.. ဒီဖြတ်လျှောက်သရုပ်ဆောင်အသစ်ကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ.. သူကအတော်လေး အလားအလာကောင်းတယ်”

ဝမ်လင်း၏ သရုပ်ဆောင်ချက်ကို ကြည့်ရင်း ဒါရိုက်တာက မချီးကျူးဘဲ မနေနိုင်တော့ပေ။

“ဟားဟား.. ဒီကလေးက ငါ့တူရဲ့ အတန်းဖော်ပါ”

အမှုဆောင်ဒါရိုက်တာက အားပါးတရ ရယ်မော၍ ပြောလိုက်သည်။

“ဒါဆို ကော်ဟောက်က ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ခဲ့တာပေါ့.. နောက်ဆုံးတော့လည်း ကော်ဟောက်က အားကိုးလောက်တဲ့ သရုပ်ဆောင်တစ်ယောက်ကို ခေါ်လာခဲ့တာပဲ.. သူအရင်က မိတ်ဆက်ပေးခဲ့ဖူးတဲ့ လူငယ်လေးတွေက ဒီကောင်လေးလောက် သရုပ်ဆောင် မကောင်းကြဘူး.. ပြောရရင် ဒီလူငယ်လေးတွေက အပြင်လောက အကြောင်း ဘာမှမသိသေးဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ လူငယ်လေးတွေပဲ”

“ဒါရိုက်တာပြောတာ အမှန်ပဲ”

“ငါက အတည်ပြောနေတာပါ.. ဒီကလေးက တကယ်မဆိုးဘူး”

ဒါရိုက်တာက ဝမ်လင်းကို ထပ်မံ ချီးကျူးလိုက်သည်။

“ပြီးတော့ သူက ရုပ်ရည်လည်း သန့်တယ်.. အကြည့်ခံတယ်.. ကြည့်ရင်းနဲ့ ပိုပိုပြီးတောင် ချောလာသလိုပဲ”

လူတိုင်း “..........”

“ဒါနဲ့ သူ့ရဲ့မျက်လုံးတွေက အမြဲ ဒီလိုပဲလား”

ထိုအချိန်တွင် ဒါရိုက်တာက ကော်ဟောက်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဟုတ်တယ် ဒါရိုက်တာကြီး.. သူက ကျွန်တော့်ဘေးမှာ ထိုင်တဲ့ အတန်းဖော်ပါ.. ကျွန်တော့်ဦးလေးက သေချင်ယောင်ဆောင်တဲ့ အခန်းမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်တစ်ဦး ရှာဖွေနေတယ်လို့ ပြောတာကိုကြားတာနဲ့ ကျွန်တော့်မျက်လုံးထဲမှာ သူ့ကိုပဲ ပြေးမြင်မိခဲ့တယ်.. ဘာလို့လဲဆိုတော့ ဒီလိုဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ဖို့အတွက် သူ့လောက် ဘယ်သူမှ မသင့်တော်လို့ပဲ”

ကော်ဟောက်က ဂုဏ်ယူသောလေသံဖြင့် ပြောလိုက်သည်။

ဝမ်လင်း “..........”

စက္ကန့်များစွာ ကြာပြီးနောက်တွင် ထုံလင်သည် "ခရမ်းရောင်မီးလျှံ အလင်းတန်းအမြှောက်"ဟု အမည်တွင်သည့် မှော်ဆန်သော တိုက်ခိုက်မှုကို စတင်ခဲ့သည်။

နာမည်က အရမ်းမိုက်သလို ခရမ်းရောင်မီးလျှံ အလင်းတန်း၏ အရှိန်ကလည်း အံ့ဩလောက်စရာ ဖြစ်သည်။

ထိုအလင်းတန်းက အလွန် လျင်မြန်စွာ ပစ်လွှတ်နိုင်သည့် လက်နက်ဆန်း တစ်ခုနှင့် ဆင်တူ၏။

ထိုအလင်းတန်းက ကမ္ဘာမြေကို တိုက်မိသောအခါတွင် ကြီးမားသော အလင်းလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

လေထုထဲတွင်လည်း ဖုန်မှုန့်များနှင့် မီးခိုးငွေ့များက ပြည့်လျှံသွားခဲ့၏။

ဤအခန်းကို သရုပ်မဆောင်ခင်ကတည်းကပင် ထုံလင်သည် ဝမ်လင်းကို ပညာပေးချင်ခဲ့သည်။

ထို့ကြောင့် ထိုပေါက်ကွဲမှုမှ အပျက်အစီးအချို့ကို ဝမ်လင်း၏ ကိုယ်ပေါ်သို့ ကျရောက်စေရန်အတွက် သူ၏ ခရမ်းရောင်မီးလျှံ အလင်းတန်းအမြှောက် မှော်စွမ်းရည်ကို တမင်တကာ ထိန်းချုပ်ထားခဲ့သည်။

သို့သော် ထိုခဏမှာပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူသတိထားမိလိုက်သည်။

အကြောင်းမှာ သူ၏ 'ခရမ်းရောင်မီးလျှံ အလင်းတန်းအမြှောက်' မှော်စွမ်းရည်သည် သူကိုယ်တိုင်ပင် ရပ်တန့်၍မရတော့သောကြောင့် ဖြစ်၏။

အပိုင်း(၁၀၆၆) ပြီး၏

All Chapters