← Chapters

သရေစာကောင်းကင်တာအို

Vol. 72 Ch. 1068

သရေစာကောင်းကင်တာအို

Vol. 72 Ch. 1068

ဝမ်လင်းက သူ၏ ခေါက်ဆွဲအကြွပ်ကြော်များဖြင့် အလဲအလှယ်လုပ်ရင်း ကောင်းကင်တာအိုကို ရှာဖွေကတည်းကစပြီး ကောင်းကင်တာအိုလေးများသည် ခါးသီးသော နေ့ရက်များကို ခံစားလာခဲ့ရသည်။

အဓိကအချက်မှာ ဝမ်လင်း၏ ခေါက်ဆွဲခြောက်ကြွပ်ကြော်များက ဒိတ်လွန်နေလျှင်ပင် သူတို့အနေဖြင့် ငြင်းဆန်နိုင်စွမ်းမရှိ၍ ဖြစ်သည်။

ထို့ပြင် ကောင်းကင်တာအို ရွှေလူသားလေးများ မခုခံနိုင်သော မှော်ဆန်သော အရာတစ်ခုလည်း ရှိ၏။

ဤသနားစရာကောင်းသည့် ကောင်းကင်တာအိုရွှေလူသားလေး ဗိုက်ဆာဆာဖြင့် ဝမ်လင်းရှေ့တွင် လဲလျောင်းနေရသည့် အကြောင်းအရင်းမှာ သူ့အဖော်များက ဝမ်လင်းဆီမှ သူရလာသည့် ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို လုယူသွား၍ ဖြစ်၏။

ဝမ်လင်းက ဤနှစ်များတစ်လျှောက်လုံးတွင် ညီမျှသောဖလှယ်ရေး ဥပဒေသကို တွင်တွင်သုံးစွဲခဲ့သည်။

ယင်းက ကောင်းကင်တာအို ရွှေလူသားလေးများကို ဒိတ်လွန်နေသောခေါက်ဆွဲခြောက်များ စားသုံးသော အလေ့အထများ ဖြစ်ပေါ်စေခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်တာအို ရွှေလူသားလေးများသည် ခေါက်ဆွဲခြောက်ကြွပ်ကြော် မစားရလျှင် ခန္ဓာကိုယ် မသက်မသာ ဖြစ်လာခဲ့သည်။

ဝမ်လင်းက လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကစပြီး ညီမျှသောဖလှယ်ရေး လုပ်ရန်အတွက် သူ့ကို လာမရှာခဲ့ပေ။

ထို့ကြောင့် ခေါက်ဆွဲခြောက်ကို နှစ်သက်သော ကောင်းကင်တာအို ရွှေလူသားလေးသည် တခြား ဘာမှမစားချင်တော့ဘဲ ပိန်လှီလာခဲ့သည်။

ကောင်းကင်တာအို ရွှေလူသားလေး တစ်ဦးက သရေစာခေါက်ဆွဲခြောက်ကို အမှန်တကယ် စွဲလမ်းလာလိမ့်မည်ဟု ထွင်ထျန်းဟာ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဤသည်မှာ ခေါက်ဆွဲခြောက်ကြော်၏ မှော်ဆန်သော သရုပ်ပြမှုပင် ဖြစ်သည်။

ကောင်းကင်တာအို အကြီးအကဲခြောက်ပါးမှလွဲ၍ ၎င်းတို့၏ လက်အောက်ရှိ ကျန်ကောင်းကင်တာအို ရွှေလူသားလေးများသည် ၉၉၆ အချိန်စနစ်ဖြင့် အလုပ်လုပ်ကြသည်။

ယင်းမှာ မနက် ၉ နာရီကနေ ည ၉ နာရီအထိ အလုပ်ချိန်ဖြစ်ပြီး တစ်ပတ် ၆ ရက် အလုပ်လုပ်ရမည့် စနစ်ကို ဆိုလိုခြင်းဖြစ်သည်။

ရှင်းလင်းစွာဆိုရလျှင် တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်ရမည်ဖြစ်ပြီး တစ်ပတ် ၆ ရက် အလုပ်လုပ်ရမည် ဖြစ်သည်။

ထိုစနစ်က ကျန်းမာရေးနှင့် လူမှုဘဝကို ထိခိုက်စေမည့် အလုပ်ချိန်စနစ်လည်း ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်တာအို ရွှေလူသားလေးများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို အားပြန်ပြည့်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။

အချို့က မကောင်းမှု ပြုလုပ်သူများ၏ အမှော်စွမ်းအင်များကို စုပ်ယူကြသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ မေ့မြောနေသော လူနာများစွာသည် ယခုတိုင် မနိုးထနိုင်သေးပေ။

အတော်များများက ကောင်းကင်တာအို ရွှေလူသားလေးများကို လူကောင်းများဟု ထင်ကြသော်လည်း ၎င်းတို့သည် ငယ်စဉ်က အမှားများလုပ်ဖူးကြသည်။

အချို့သော ကောင်းကင်တာအို ရွှေလူသားလေးများသည် မိမိခန္ဓာကိုယ်ကို အားပြန်လည်ဖြည့်တင်းရန် အတွက် အချိန်ကိုပင် ကိုက်စားလေ့ ရှိကြသည်။

ထို့ကြောင့် လူသားများသည် အချိန်များ ခဏလေးဖြင့် ကုန်လွန်သွားသလို တစ်ခါတစ်လေ ခံစားရခြင်းဖြစ်၏။

ယင်းက တစ်ခါတစ်ရံအားလပ်ချိန်များတွင် ခဏတဖြုတ် ဖုန်းသုံးရန် စီစဉ်ထားသော်လည်း အဆုံးသတ်တွင် နာရီပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ပင်။

ဤကိစ္စမျိုးသည် အမှန်တကယ်တွင် ကောင်းကင်တာအိုရွှေရောင်လူသားလေးများနှင့် ပတ်သတ်နေတာမျိုးလည်း တစ်ခါတစ်လေ ရှိနေနိုင်၏။

ကောင်းကင်တာအို ရွှေရောင်လူသားလေးများသည် ကိုယ့်ဘဝကိုယ် မနှစ်မြို့သူ၊ တိုးတက်အောင်မလုပ်သူ သို့မဟုတ် အလုပ်မကြိုးစားသူ၊ လေ့လာသင်ယူမှု မရှိသူများထံ ပေါ်ပေါက်လာမည် ဖြစ်ပြီး ၎င်းတို့၏ အချိန်များကို ခိုးယူကြမည်ဖြစ်သည်။

ဟုတ်ပါသည်၊ ဆိုးသွမ်းသူများ၏ ဝိညာဉ်ကို ဝါးမျိုသော ကောင်းကင်တာအို ရွှေလူသားအချို့လည်း ရှိခဲ့သည်။

ဆိုးသွမ်းသူများသည် သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့ကြသူများဖြစ်ပြီး သေဆုံးပြီးနောက်တွင် လူဝင်စားခြင်း သံသရာစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ကြတော့ပေ။

ဤသို့ဖြင့် ပြန်လည် မမွေးဖွားလာနိုင်သည့် ၎င်းတို့သည် ကောင်းကင်တာအို ရွှေလူသားလေးများအတွက် အစာများဖြစ်လာခဲ့သည်။

ငယ်ရွယ်စဉ်ကတည်းက မကောင်းမှုကို ကျူးလွန်ခဲ့သူများသည် ကောင်းကင်ဘုံ၏ လက်စားချေမှုကို မကြာမီ သို့မဟုတ် ဘဝ၏ နောက်ပိုင်းတွင် ခံစားကြရမည် ဖြစ်သည်။

{သင်ဘာလုပ်ခဲ့တယ်ဆိုတာ လူတွေမသိစေချင်ရင် မသင့်တော်တဲ့ကိစ္စတွေ မလုပ်မိပါစေနဲ့}

အခြားသော သာဓကများစွာလည်း ရှိပါသေးသည်။

ကောင်းကင်တာအိုရွှေလူသားလေးများသည် ခွန်အား၊ အချိန်၊ နေရာလွတ်၊ ဝိညာဉ်လိပ်ပြာ၊ စိတ်ဝိညာဉ် သို့မဟုတ် သေခြင်းရှင်ခြင်း တို့ကို ဝါးမျိုခြင်းဖြင့် ၎င်းတို့၏ စွမ်းရည်များကို မြှင့်တင်လေ့ ရှိသည်။

၎င်းတို့က အားကောင်းလာစေရန် အတွက် ထိုစွမ်းအားများကို အဆက်မပြတ် စုပ်ယူလေ့ ရှိကြသည်။

အဆုံးသတ်တွင် ယင်းမှာ ကောင်းကင်တာအို၏ စွမ်းအားအထွတ်အထိပ်ကို ကိုယ်စားပြုသည့် ကောင်းကင်တာအိုအကြီးအကဲ ၆ ယောက် ကဲ့သို့ ဖြစ်လာနိုင်သည့် လမ်းစပင်မဟုတ်ပါလော။

ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီ၏ လက်ရှိအကြီးအကဲ ၆ ဦးမှာ ခွန်အားကောင်းကင်တာအို၊ အချိန်ကောင်းကင်တာအို၊ နေရာလွတ် ကောင်းကင်တာအို၊ ဝိညာဉ်လိပ်ပြာကောင်းကင်တာအို၊ သေခြင်းရှင်ခြင်းကောင်းကင်တာအိုနှင့် စိတ်ဝိညာဉ် ကောင်းကင်တာအိုတို့ဖြစ်ကြသည်။

မှန်ပါသည်၊ ဤအကြီးအကဲ ၆ ယောက်သည် ယခုအချိန်တွင် မြင့်မာသောရာထူးကို သိမ်းပိုက်ထားနိုင်၏။

သို့သော် ၎င်းတို့ထံတွင် အားကောင်းသော ပြိုင်ဘက်များ ရှိနေသောကြောင့် ကောင်းကင်တာအို အကြီးအကဲ ၆ ယောက်၏ ရာထူးသည်လည်း အချိန်မရွေး အပြောင်းအလဲ ဖြစ်နိုင်ပေသည်။

ဤနှစ်များတစ်လျှောက်လုံးတွင် နတ္တိကောင်းကင်တာအို၊ လက်တွေ့ကောင်းကင်တာအို၊ လောဘကောင်းကင်တာအို စသည့်အခြား အားကောင်းသော ကောင်းကင်တာအိုများသည် အဓိက အကြီးအကဲ ၆ ဦးအနက်မှ တစ်ဦး ဖြစ်လာရန်အတွက် ကြိုးစားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီ၏ လက်ရှိအဖွဲ့ဝင် ၆ဦးသည် ရာထူး အတည်ငြိမ်ဆုံး ဖြစ်သည်။

၎င်းတို့က ဤထိပ်တန်းရာထူးကို နှစ်ပေါင်းများစွာ ရယူနိုင်ခဲ့ပြီး လွန်ခဲ့သည့် ၁၆ နှစ်တာ ကာလအတွင်း အပြောင်းအလဲမရှိခဲ့ပေ။

သို့သော်လည်း ကောင်းကင်တာအို ၆ ယောက်သည် လွန်ခဲ့သည့် ၁၆ နှစ်က မွေးဖွားလာသော ဝမ်လင်းကြောင့် လက်တလော၌ အထိတ်တလန့် ဖြစ်နေကြသည်။

သရေစာ ကောင်းကင်တာအိုဟုခေါ်သော ကောင်းကင်တာအိုသည် အနာဂတ်တွင် ၎င်းတို့၏ အကြီးအကဲရာထူးအား သိမ်းပိုက်သွားမည်ကို အလွန်အမင်း စိုးရိမ်ခဲ့ကြသည်။

အကြီးအကဲရာထူးကို ရယူရန်အတွက် ခေါက်ဆွဲခြောက်ကို စားသုံးရန်သာ လိုအပ်သော ကောင်းကင်တာအိုသည် ကောင်းကင်တာအို သမိုင်းတွင် လုံးဝမကြုံစဖူးပင်။

ဝမ်လင်းအနေဖြင့် ဤနည်းလမ်းကို အသုံးပြုခဲ့လျှင် အဓိကအကြီးအကဲ ၆ ဦးအနက်မှ တစ်ဦး ဖြစ်လာရန်မှာ အနည်းငယ်သာခက်ခဲမည်ဟု ၎င်းတို့ထင်ခဲ့သည်။

ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီကို စိတ်မသက်မသာဖြစ်စေသော နောက်ထပ် အရာတစ်ခုလည်း ရှိသေး၏။

ယင်းမှာ ဝမ်လင်းငယ်စဉ်အခါက ပုံတူပွားတာအိုကို အသုံးပြုပြီး ခေါက်ဆွဲခြောက်ကို အပြင်ဘက် အာကာသထဲသို့ လွှင့်ပစ်လိုက်သောအချိန်က ဖြစ်သည်။

ယခုအခါတွင်မူ ပုံတူပွားတာအိုကို အသုံးပြုထားသောခေါက်ဆွဲခြောက်ကြောင့် ထိုအာကာသထဲတွင် ခေါက်ဆွဲခြောက်ဂလက်ဆီ တစ်ခု ဖြစ်ပေါ်နေပြီ ဖြစ်၏။

ကောင်းကင်တာအို ၆ ယောက်သည် ထိုခေါက်ဆွဲခြောက်ဂလက်ဆီကို စည်းတံဆိပ်ခတ်ရန် အတွက် လက်တွဲလုပ်ဆောင်ခဲ့ကြသည်။

ဝမ်လင်းက ထိုအကြောင်းကို သိရှိပြီး စည်းတံဆိပ်ကို ဖယ်ရှားလိုက်လျှင် သူတို့၏ ရာထူးများအား ဆက်လက် မထိန်းသိမ်းထားနိုင်မည်ကို သူတို့က ကြောက်ရွံ့ခဲ့ကြသည်။

သရေစာ ကောင်းကင်တာအို အတွက် အကြီးအကဲဖြစ်လာနိုင်ချေက ယခုအချိန်တွင် အနည်းငယ်သာ ရှိသော်လည်း ကောင်းကင်တာအို ၆ ယောက်သည် ၎င်းတို့၏ ရန်ဖက်က ဝမ်လင်း ဖြစ်နေသောကြောင့် လုံးဝ သတိမပေါ့လျော့ဝံ့ခဲ့ပေ။

ထို့ကြောင့် ဝမ်လင်း၏ ယုတ္တိမရှိသော အညီအမျှ ဖလှယ်ရေး တောင်းဆိုချက်အချို့နှင့် ပတ်သတ်၍ ဝမ်လင်း ကျေနပ်မှုရှိစေရန် အတွက် ၎င်းတို့က သဘောတူညီကြခြင်း ဖြစ်၏။

ရိုးသားစွာဝန်ခံရလျှင် ဝမ်လင်းသည် သူ့ရှေ့တွင် လဲလျောင်နေသော ကောင်းကင်တာအို ရွှေလူသားလေးကို မြင်လိုက်လျှင် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့၏။

သူ့ရှေ့မှ ဤကောင်းကင်တာအို ရွှေလူသားလေးသည် အညီအမျှ ဖလှယ်ရေးပြုလုပ်ရန် အတွက် တာဝန်ခံအဖြစ် ကောင်းကင်တာအိုက စေလွှတ်ပေးခဲ့သူ ဖြစ်၏။

ဤကောင်းကင်တာအို ရွှေလူသားလေးက ခေါက်ဆွဲခြောက်ကြော်ကို မထင်မှတ်ဘဲ နှစ်သက်သဘောကျသွားလိမ့်မည်ဟု ဝမ်လင်းတစ်ခါမှ မထင်ခဲ့မိပေ။

ဤတစ်ကြိမ်တွင်မူ ဝမ်လင်းက မတွန့်တိုတော့ပေ။

သူက အကန့်အသတ်ဖြင့်သာ ထုတ်ဝေသော ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်လိုက်ပြီး အထူးဟင်းခတ်အမွှေးအကြိုင်အိတ်ကို ဖောက်ကာ ဖြူးလိုက်သည်။

ထိုခဏမှာပင် ရင်းနှီးသောရနံ့တစ်ခုက အခန်းထဲတွင် ပြည့်လျှံသွားက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်းကင်တာအို ရွှေလူသားလေး၏ ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်တာအို ရွှေလူသားလေးက သွားရေများ ကျလာခဲ့ပြီး လဲလျောင်းနေရာမှ ခုန်ထလိုက်သည်။

ထို့နောက်တွင် သူက ဝမ်လင်း ကမ်းပေးသော ခေါက်ဆွဲခြောက်ထုပ်ကို အငမ်းမရ စားသောက်တော့၏။

ဝမ်လင်းက ကောင်းကင်တာအို ရွှေလူသားလေးကို နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။

“မလောနဲ့ ဖြည်းဖြည်းစား.. မင်းဆီက ဘယ်သူမှ လုမှာမဟုတ်ဘူး”

“ဝုတ် ဝုတ်”

ကောင်းကင်တာအို ရွှေလူသားလေးသည် ခေါက်ဆွဲခြောက်ထုပ်ကို စားသုံးနေစဉ်တွင် နာခံမှုရှိသော ခွေးလေးတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။

ဝမ်လင်းကလည်း ကောင်းကင်တာအို ရွှေလူသားလေးကို အိမ်မွေး တိရိစ္ဆာန်အဖြစ်ပင် သဘောထားလိုက်၏။

ထွင်ထျန်းဟာ “???”

မိနစ်အနည်းငယ် အကြာတွင် ခေါက်ဆွဲခြောက်ထုပ်ကို စားသုံးပြီးသော ကောင်းကင်တာအို ရွှေလူသားလေးသည် အဆုံးသတ်၌ ဗိုက်ပြည့်သွားခဲ့သည်။

အစောပိုင်းက သူ့ကိုယ်သူ ထိန်းချုပ်မှု ပျောက်ဆုံးနေသည်ကို သိလိုက်ရသောအခါတွင် ကောင်းကင်တာအို ရွှေလူသားလေးသည် မျက်နှာနီရဲသွားခဲ့သည်။

“ဒါနဲ့ ငါ့ကို ဘာကိစ္စအတွက် ဆင့်ခေါ်တာလဲ”

ထွင်ထျန်းဟာက သူ့အဖြေမှားမမှား မသေချာသော်လည်း ကောင်းကင်တာအို ရွှေလူသားလေး၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် ကောင်းကင်တာအို ရွှေလူသားလေးများသည် မျက်နှာအသွင်အပြင် မရှိသောကြောင့် အမူအရာလည်း မရှိပေ။

သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်တာအို၏ ရွှေရောင်အလင်းတန်းများဖြင့် လင်းထိန်နေ၏။

ဆိုရလျှင် ၎င်းတို့ကို သန့်စင်ခြင်းအဆင့် ၉၉.၉ ရာခိုင်နှုန်းဖြင့် ပြုလုပ်ထားပြီး လူသားပုံစံလက်ရာ တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။

သို့သော်လည်း ထွင်ထျန်းဟာသည် မမျှော်လင့်ဘဲ ကောင်းကင်တာအို ရွှေလူသားလေး၏မျက်နှာပေါ်တွင် နီရဲသော အရိပ်အယောင်တစ်ခု တွေ့လိုက်ရသည်။

ကောင်းကင်တာအို ရွှေလူသားလေးက တစ်ခုခု အတွေးချော်နေတာ ဖြစ်နိုင်ပါသလော။

ထွင်ထျန်းဟာ [ဆရာလေးလင်းက တကယ်ကိုချစ်စရာကောင်းပါတယ်.. ဒါပေမဲ့ မင်းက ကောင်းကင်တာအိုပဲလေ]

“လူကိုးယောက်ရဲ့ တည်နေရာကို ခြေရာခံပေးစေချင်တယ်”

ဝမ်လင်းက ထွင်ထျန်းဟာကိုပင် အံ့ဩထိတ်လန့်သွားစေမည့် နူးညံ့သော အမူအရာဖြင့် ကောင်းကင်တာအိုကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်းကင်တာအို ဖြစ်နေရင်တောင် သရေစာ ခေါက်ဆွဲကြွပ်ကြော်ကို ကြိုက်တာနဲ့ ဆရာလေးလင်းရဲ့ ချစ်ခင်မှုကို ရရှိနိုင်တာလား.. ကောင်းပြီလေ.. ငါလည်း မနက်ဖြန်ကစပြီး ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို စားတော့မယ်”

သူက ဝမ်လင်း၏ နံပါတ်တစ် တိုက်ခိုက်ရေးတိရိစ္ဆာန် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် ကောင်းကင်တာအိုက သူ့နေရာကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်၏။

ထွင်ထျန်းဟာ [ဒါမျိုးက လုံးဝမဖြစ်သင့်ဘူး]

အပိုင်း(၁၀၆၈) ပြီး၏

All Chapters