← Chapters

ကောင်းကင်တာအိုခြေရာခံစာရင်း

Vol. 72 Ch. 1069

ကောင်းကင်တာအိုခြေရာခံစာရင်း

Vol. 72 Ch. 1069

ကောင်းကင်တာအိုရွှေလူသားလေးသည် ဝမ်လင်း၏ တောင်းဆိုမှုကို သိရှိသွားပြီးနောက်တွင် အေးခဲထားသော ဖက်ထုပ်ကို စားသုံးခဲ့သည့် ကျန်လူကိုးယောက်အား ရှာဖွေရန်အတွက် ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီထံ ချက်ချင်း အကြောင်းကြားလိုက်သည်။

ဤကဲ့သို့ ရှာဖွေမှုမျိုးကို နေရာလွတ် ကောင်းကင်တာအိုနှင့် အချိန်ကောင်းကင်တာအို၏ တပ်ဖွဲ့များက လုပ်ဆောင်နိုငမည် ဖြစ်၏။

ဝမ်လင်းက ဤကဲ့သို့ အခြေအနေမျိုးတွင် ကောင်းကင်တာအိုအကြီးအကဲ ၆ ပါးကို တိုက်ရိုက် အမိန့်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

စကြာဝဠာအုပ်ထိန်းသူ တစ်ဦးဖြစ်သည့် ကူရွှင်းကျစ်ပင် ထိုကဲ့သို့သော ကိစ္စမျိုး၌ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းရမည် ဖြစ်၏။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ရှာဖွေမှုက ပြီးဆုံးသွားခဲ့သည်။

ကောင်းကင်တာအို ရွှေလူသားလေးက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်စာလိပ် တစ်ခုက ပေါ်ပေါက်လာ၏။

ထိုစာလိပ်ထဲတွင် လူကိုးဦး၏အမည်နှင့် ဆက်သွယ်ရန်နေရပ်လိပ်စာအသေးစိတ်တို့ကို ရှင်းလင်းစွာရေးမှတ်ထားသည်။

ထို့ပြင် ထိုစာလိပ်မှစာများကို သာမန်လူများမဖတ်နိုင်သည့် ကောင်းကင်တာအို ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်၏။

သို့သော် ဝမ်လင်းတွင် မွေးရာပါသင်ယူမှု ယန္တရားတစ်ခုရှိနေ၍ ကောင်းကင်တာအို ဘာသာစကားကို တကူးတက သင်ယူရန် မလိုအပ်ခဲ့ပေ။

စင်စစ် ဤဘာသာစကားသည် မိခင်ဘာသာစကား ကဲ့သို့ သူ၏ ဦးနှောက်ထဲတွင် သဘာဝအတိုင်း ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် မွေးစကတည်းကပင် သူသည် ကောင်းကင်တာအိုဘာသာစကားနှင့် ပတ်သတ်သည့်‌ ဝေါဟာရများကို အလိုလိုနားလည်နေခဲ့သည်။

ဆယ်နှစ်သားအရွယ်တွင် ဝမ်လင်းသည် ကောင်းကင်တာအိုဘာသာစကားကို လုံးဝ ကျွမ်းကျင်သွားခဲ့သည်။

ဝမ်လင်းက စာလိပ်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

ဤကိုးယောက်လုံးသည် ယခုအချိန်ထိ စုန့်ဟိုင်မြို့ထဲမှာပင် ရှိနေသည်။

အရိပ်တာအို၏ စွမ်းအားကို အပ်နှင်းခံထားရသော အေးခဲဖက်ထုပ်များသည် အခြား အရပ်ဒေသများသို့ ပျံ့နှံ့သေးပုံမရပေ။

ယခု လုပ်ဆောင်ရမည့်အရာမှာ ထိုလူကိုးယောက်ကို တစ်ယောက်ချင်းစီ ရှာဖွေပြီး စွမ်းအားများကို ချိတ်ပိတ်ရန်ဖြစ်သည်။

ဝမ်လင်းက ပထမဆုံးနာမည် ဖြစ်သည့် လီသိုင်ဝေ့ ဟူသောလူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

အချက်အလက်များအရ ဤလူသည် သာမန်လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။

၎င်းက အခြေခံတည်ထောင်ခြင်း အဆင့်တွင်သာ ရှိသောကြောင့် ကျင့်ကြံခြင်း နယ်ပယ်အဆင့် မမြင့်မားသော်လည်း ၎င်းထံတွင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော အလုပ်တစ်ခု ရှိသည်။

ထိုအလုပ်မှာ လူသေများကို အလှပြင်ဆင်ပေးရသော အလုပ်ဖြစ်၏။

ထိုလူက သင်္ချိုင်းထဲမှ သုဘရာဇာတစ်ဦး ဆိုလည်း မမှားပေ။

၎င်းက မြို့စွန်တွင်နေထိုင်သည့် စာရင်းထဲမှ တစ်ဦးတည်းသောပုဂ္ဂိုလ်လည်း ဖြစ်၏။

ထို့အပြင် ထိုလူ၏ တည်နေရာသည် ဝမ်မိသားစုအိမ်ငယ်လေးနှင့် အနီးနားတွင် ရှိနေသည်။

ထို့ကြောင့် ဝမ်လင်းက ဤလူနှင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။

ဟုတ်ပါသည်၊ မည်သည့် အမှားအယွင်းမျိုးကို မဆို ရှောင်ရှားရန်အတွက် ဝမ်လင်းသည် ကျန်အမည်များကို ဗုံးပစ်စီနီယာအင်မော်တယ်ထံသို့ ပေးပို့ခဲ့ပြီး ၎င်းတို့ကို စောင့်ကြည့်ပေးရန်အတွက် အဖွဲ့များ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာပြောရလျှင် ဤလူများကို စည်းတံဆိပ်ခတ်ထားနိုင်သ၍ အရာအားလုံး အဆင်ပြေသွားမည်ဟု ဝမ်လင်းက တွေးထားခဲ့သည်။

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်များသည် ဝမ်လင်းကို အံ့အားသင့်စေခဲ့သည်။

ဆိုရလျှင် သူ့ညီမဝမ်နွမ်၏ စွမ်းအားသည် ဝမ်လင်း စိတ်ကူးထားသည်ထက်ပင် အဆပေါင်းများစွာ ပြင်းထန်သည်။

ဝမ်မိသားစုအိမ်ငယ်လေး၏ အရှေ့အရပ် လီ၈၀၀ အကွာအဝေးလောက်တွင် စုန့်ဟဲပန်းခြံဟု ခေါ်သည့် သင်္ချိုင်းတစ်ခုရှိသည်။

ဤနေရာတွင် လာရောက်မြှုပ်နှံသူများသည် များသောအားဖြင့် သူဌေးသူကြွယ်များ ဖြစ်၏။

ယနေ့ခေတ်တွင် သင်္ချိုင်းများသည် အလွန်ဈေးကြီးပြီး အိမ်တစ်လုံးလောက် ကုန်ကျနိုင်ပေသည်။

ထိပ်တန်းသင်္ချိုင်း တစ်ခုသည် တစ်စတုရန်းပေလျှင် ယွမ်ထောင်ပေါင်းများစွာ အထိ ကုန်ကျနိုင်၏။

ဆိုရလျှင် လူသားများသည် သေဆုံးသောအခါ၌ပင် ညီမျှမှု မရှိကြပေ။

လူသေအလှဆင်သည့် အလုပ်အကြောင်း စကားစမြည်ပြောဆိုသည့် အခါမျိုးတွင် လူအတော်များများသည် မျက်နှာပျက်သွားတတ်ကြသည်။

ယင်းက ဘလိုင်းဒိတ် ချိန်းတွေ့ကြသောအခါတွင် ကြုံတွေ့ရတတ်သည့် အတွေ့အကြုံမျိုးပင်။

ဘလိုင်းဒိတ်တွေ့ပြီး စကားစမြည်ပြောခြင်းသည် အစပိုင်းတွင် ကောင်းမွန်သော်လည်း တဖြည်းဖြည်း အရှိန်ရလာသည်နှင့်အမျှ တစ်ဖက်လူက ထွက်ပြေးရန် တတ်နိုင်သမျှ လုပ်ဆောင်တတ်သည် မဟုတ်ပါလော။

လူအများသည် လူသေများကို ကိုင်တွယ်ခြင်းအား တားမြစ်ချက်တစ်ခုအဖြစ် ရှုမြင်ကြလေ့ရှိသည်။

အချို့က ရိုးရာဓလေ့များနှင့် သက်ဆိုင်ပြီး အများစုကမူ အယူသည်းမှုသက်သက်သာ ဖြစ်သည်။

စင်စစ် ဤလောကတွင် မည်သည့်အလုပ်မဆို သူ့တန်ဖိုးနှင့်သူရှိသည်။

ယနေ့အချိန်ထိ လူသေအလှဆင်သည့် အလုပ်က ရှိနေသေးသောကြောင့် ထိုအလုပ်သည် လူ့အသိုင်းအဝိုင်း အတွက် လိုအပ်မှုရှိကြောင်း ရှင်းလင်းသော အဓိပ္ပါယ်လည်း ဖြစ်၏။

လူ့အဖွဲ့အစည်းသည် ၎င်းတို့ကို လိုအပ်သော်လည်း လူသေအလှဆင်သည့်အကြောင်းကို ပြောသောအခါတွင် အဘယ်ကြောင့်မျက်နှာများ ဖြူဖျော့သွားရပါသနည်း။

ယင်းက အလွန် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းတစ်ခုပင်။

ဝမ်လင်းက တည်နေရာရွှေ့ပြောင်း မှော်စွမ်းရည်ကို အသုံးပြုလိုက်ပြီးနောက် ထွင်ထျန်းဟာနှင့် အတူ သင်္ချိုင်းအဝင်ဝတွင် ပေါ်လာခဲ့သည်။

ထွင်ထျန်းဟာက အိမ်တွင် ဘာမှလုပ်စရာ မရှိသောကြောင့် ဝမ်လင်းနှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ဝမ်လင်းက ပင်မဝင်ပေါက်မှတဆင့် သင်္ချိုင်းတစ်ခုလုံးကို မြင်နိုင်ခဲ့သည်။

သင်္ချိုင်းမြက်ခင်းပြင်က စိမ်းလန်းစိုပြေပြီး လန်းဆန်းသောပန်းရနံ့များကလည်း လေထုကို လွှမ်းခြုံထားသည်။

ထို့အပြင် သစ်ပင်ပန်းမန် အမျိုးအစား အားလုံးကိုလည်း သပ်ရပ်စွာ စိုက်ပျိုးထားသေးသည်။

ထိုအပင်များမှာ တရုတ်ပန်းပင်များ၊ နဂါးမောက်ပင်များ၊ လိမ္မော်ရောင်စံပယ်ပန်းများ၊ ဂန္ဓမာပင်များ၊ ပင့်ကူနီလီလီများ စသည်တို့ ဖြစ်သည်။

စင်စစ် ဤသစ်အပင်များသည် အလွန်အဓိပ္ပါယ်ရှိပြီး ဝမ်းနည်းခြင်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။

ဝမ်လင်းက သင်္ချိုင်း၏ ပင်မတံခါးဝကနေ လမ်း၏ အဆုံးရှိ ကျောက်လှေကားစင်ပေါ်မှာ ခြေခြောက်ချောင်းထောက်အမွှေးတိုင်အိုးကြီးကို မြင်လိုက်ရသည်။

ထိုအထဲတွင် မီးတောက်များက လောင်ကျွမ်းနေပြီး လေထဲတွင်လည်း နှင်းများကဲ့သို့ ဖြူစင်သော မီးခိုးများက တောက်ပနေသည်။

ဤသည်မှာ သင်္ချိုင်းကို လာရောက်ဂါရဝပြုသူများ ပြင်ဆင်ထားသည့် အမွှေးတိုင်များမှ မီးတောက်များ ဖြစ်သည်။

ထိုအမွှေးတိုင်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် အဆင့်မြင့်စွာ ထုတ်လုပ်ထားခြင်း ဖြစ်၏။

အမွှေးတိုင်မှ မီးခိုးများကို ကောင်းကင်တွင် ပျံသန်းနေသော နဂါးရုပ်ပုံသဏ္ဍာန် ဖြစ်အောင် အထူး ပြုလုပ်ဖန်တီးထားသည်။

ယင်းက သေလွန်သူများကို ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားသကဲ့သို့ မီးခိုးငွေ့ကို မြင်ရသူတိုင်းက ခံစားရမည် ဖြစ်သည်။

ဝမ်လင်းက မမြင်နိုင်သော မှော်စွမ်းရည်ကို အသုံးပြုကာ ထွင်ထျန်းဟာကို သူနှင့်အတူ ခေါ်သွားခဲ့သည်။

ထွင်ထျန်းဟာက သူနှင့်အတူ လိုက်ပါလာရင်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်။

ဤသို့ဖြင့် လူတစ်ဦးနှင့် ခွေးတစ်ကောင်သည် သင်္ချိုင်းထဲသို့လျှောက်လာစဉ်တွင် သင်္ချိုင်းအတွင်း၌ ပျံဝဲနေသော ဝိညာဉ်များစွာကို မြင်တွေ့ခဲ့ရသည်။

ဤဝိညာဉ်များသည် မကြာသေးမီကမှ သင်္ဂြိုလ်ခံခဲ့ရပြီး ကောင်းကင်ဘုံသို့ တက်ရန်အတွက် စောင့်ဆိုင်းနေကြပုံရသည်။

ကောင်းကင်တာအို အုပ်ချုပ်ရေး ကော်မတီတွင် လိုက်နာရမည့် လုပ်ငန်းစဉ်တစ်ခု ရှိသောကြောင့် ဝိညာဉ်များသည် စောင့်ဆိုင်းနေရလေ့ ရှိသည်။

ဝမ်လင်းက မမြင်နိုင်သောမှော်စွမ်းရည်ကို အသုံးပြုထား၍ သာမန်လူများက သူ့ကို မမြင်နိုင်သော်လည်း ဝိညာဉ်များကမူ သူ့ကို မြင်နိုင်သည်။

ဝိညာဉ်များက ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်းတို့၏ အော်ရာကို ခံစားနိုင်၍ ပုံစံများကို ခန့်မှန်းနိုင်စွမ်းရှိသည်။

“အမေ.. အမေ.. ဒီမှာတစ်ယောက်ယောက် ရှိနေပုံပဲ.. ပုံစံအရတော့ လူတစ်ယောက်နဲ့ ခွေးတစ်ကောင် ဖြစ်နိုင်တယ်”

“သမီးလေး.. သူတို့ဘက်ကိုမသွားနဲ့ အန္တရာယ်ရှိတယ်.. သူတို့မှာ သင်္ချိုင်းကျောက်တုံးတွေ မရှိဘူး.. ဒါကြောင့် သူတို့က တစ္ဆေသရဲတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်”

ဝမ်လင်းနှင့်ထွင်ထျန်းဟာ “..........”

“ဒါပေမဲ့ အမေ.. သူတို့ကို ကြည့်ရတာ လူဆိုးတွေနဲ့လည်း မတူပါဘူး.. သမီး ခွေးနဲ့ သွားဆော့လို့ရမလား”

“မဟုတ်သေးဘူးသမီး.. အမေတို့က မကြာခင် ကောင်းကင်ဘုံကို တက်ရတော့မှာ.. အမေတို့ဒီမှာ ကိစ္စတွေကို ရှုပ်ထွေးစေလို့ မဖြစ်ဘူး.. နောက်ပြီး အမေတို့ရဲ့ သင်္ချိုင်းက အခုတလော သိပ်ပြီး မငြိမ်းချမ်းဘူး.. ဒီသင်္ချိုင်းရဲ့ အလွန် အစွမ်းထက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်က ဒီတစ္ဆေသရဲနှစ်ကောင်ကို မျက်စိကျသွားမှာ စိုးရိမ်မိတယ်”

အမျိုးသမီးက ထိတ်လန့်သော အမူအရာဖြင့် ထိုစကားကိုပြောလိုက်ပြီးနောက်တွင် သမီးဖြစ်သူ၏ လက်ကိုဆွဲကာ သူမ၏ သင်္ချိုင်းဂူ၌ ပုန်းအောင်းလိုက်သည်။

ပုံမှန်အားဖြင့် အုတ်ဂူများတွင် အတားအဆီး စည်းတံဆိပ်များပါရှိ၍ ဘေးကင်းဇုန်များ အဖြစ် သတ်မှတ်နိုင်၏။

ထို့ကြောင့် ဝိညာဉ်များအနေဖြင့် အုတ်ဂူတဝိုက်တွင် ပုန်းနေသရွေ့ အန္တရာယ်ရှိသည့် တစ္ဆေသရဲများသည် ၎င်းတို့အနားသို့ ကပ်နိုင်မည်မဟုတ်ပေ။

ဝမ်လင်းက အစောပိုင်းတွင် ဤအမျိုးသမီးကို လျစ်လျူရှုကာ လမ်းဆက်လျှောက်ခဲ့သော်လည်း သုသာန်က မငြိမ်းချမ်းကြောင်းကို ကြားသိရသောအခါတွင် အကြောင်းအရင်းကို ရုတ်တရက် သိချင်လာခဲ့သည်။

ထွင်ထျန်းဟာက သူ့သခင်၏ အတွေးအမြင်များကို နားလည်ခဲ့ပြီး အမေနှင့်သမီး၏ သင်္ချိုင်းဂူနားသို့ လျှောက်သွားလိုက်သည်။

ထွင်ထျန်းဟာက သူ့သခင်၏ အတွေးအမြင်များကို နားလည်ခဲ့ပြီး အမေနှင့်သမီး၏ သင်္ချိုင်းဂူနားသို့ လျှောက်သွားလိုက်သည်။

“အမေ သူတို့တွေ သမီးတို့ကို ရှာတွေ့နိုင်လား”

ကလေးမလေးက အနည်းငယ် ထိတ်လန့်နေခဲ့သည်။

“ရှာတွေ့နိုင်တာပေါ့.. ငါတို့တွေ မင်းတို့ကို မြင်တွေ့နေရသလို မင်းတို့ ပြောသမျှကိုလည်း ကြားနေရတယ်.. သမီးလေး မကြာသေးခင်က ဒီသုသာန်မှာ ဘာကိစ္စတွေ ဖြစ်ခဲ့တာလဲ.. သမီးတစ်ခုခုသိရင် ပြောပြပေးပါ.. မပြောပြရင် သမီးကောင်းကင်ဘုံကို ထွက်သွားတဲ့အခါ ကောင်းကင်တာအိုအုပ်ချုပ်ရေးကော်မတီက သမီးကို အိမ်စာတွေ ပေးလိမ့်မယ်.. သမီးက ဝိညာဉ်ဖြစ်သွားတာနဲ့ပဲ အိမ်စာတွေလုပ်ဖို့ မလိုတော့ဘူးလို့ မထင်လိုက်နဲ့ဦး”

ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် ကလေးမလေးက မျက်ရည်များပင် ဝဲလာခဲ့သည်။

ဝမ်လင်း “..........”

အပိုင်း(၁၀၆၉) ပြီး၏

All Chapters