အရိပ်နန်းတော်
Vol. 72 Ch. 1072
ဆရာလေးလင်းက မကြာခဏဆိုသလို အံ့အားသင့်ဖွယ်လှုပ်ရှားမှု အချို့ကို ထုတ်ဖော်တတ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်၏ ပါးစပ်ကို တိုက်ရိုက်ဆွဲဖွင့်ကာ အထဲသို့ ဝင်သွားခြင်းကဲ့သို့ အပြုအမူသည် ထွင်ထျန်းဟာအတွက် ထိတ်လန့်စရာ ဖြစ်နေဆဲပင်။
သူကဝမ်လင်းနှင့်အတူ အရိပ်ရုပ်သွင်၏ဗိုက်ထဲသို့ လိုက်ပါသွားခဲ့သည်။
ဝမ်လင်းနှင့် ထွင်ထျန်းဟာကို အံ့အားသင့်စေသည်မှာ အရိပ်ရုပ်သွင်၏ အစာအိမ်ထဲ၌ အခြားကမ္ဘာတစ်ခု တည်ရှိနေခြင်းပင်ဖြစ်၏။
ထိုကမ္ဘာကြီးက ၎င်း၏ ကိုယ်ပိုင်ဥပဒေများနှင့်အညီ လည်ပတ်နေသည့် ဖြူမည်းကမ္ဘာကြီးတစ်ခု ဖြစ်သည်။
ဝမ်လင်က သူ့ညီမလေး၏အစွမ်းကို ထပ်မံ အံ့ဩသွားရပြန်သည်။
...........................
ယင်းမှာ လမ်းဘေးမှ စမတ်ဖုန်းတစ်လုံးကို ယွမ်နှစ်ရာဖြင့် ဝယ်ယူလာခြင်းနှင့် သဘောတရားချင်း ဆင်တူသည်။
အဆုံးသတ်တွင် ထိုစမတ်ဖုန်းက မျှော်လင့်ထားသည်ထက် ပိုမို လုပ်ဆောင်နိုင်ပြီး သင်မျှော်လင့်ထားသည့် 16Gb အစား 256 Gb ရှိနေခြင်းပင်။
အသစ်စက်စက် မဟာတာအိုတစ်ခုအနေဖြင့် ဝမ်နွမ်၏ အရိပ်တာအိုသည် ဝမ်လင်းကို အမြဲတစေ အံ့အားသင့်အောင် လုပ်နိုင်သည်ဟုသာ ပြောနိုင်တော့သည်။
ဝမ်လင်းနှင့်ထွင်ထျန်းဟာ တို့ကဲ့သို့ အရောင်အသွေးစုံလင်သူနှစ်ဦးက ဖြူမည်းကမ္ဘာထဲသို့ ဝင်ရောက်လာသောအခါတွင် ၎င်းတို့သည် သိသိသာသာပင် ဤကမ္ဘာကြီးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
“ဒီထဲမှာ အရမ်းအစွမ်းထက်တဲ့ နတ်ဆိုးချီ ရှိနေတယ်”
ထွင်ထျန်းဟာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အပြင်ဘက်တွင် ခံစားခဲ့ရသည့် နတ်ဆိုးချီထက်ပင် အလွန်တရာ ထူထဲနေ၍ ထွင်ထျန်းဟာက သူ၏နှာခေါင်းကို ပိတ်ထားလိုက်ရသည်။
ဝမ်လင်းက သူတို့နှစ်ယောက်ကို လုံခြုံအောင် ကာကွယ်ရန်အတွက် ရွှေရောင်ဒိုင်းကာကို ဖော်ထုတ်ထားလိုက်သည်။
နတ်ဆိုးချီက သူ့ကိုတစ်စုံတစ်ရာ ထိခိုက်စေမည်မဟုတ်ပေ။
သို့သော်လည်း မကောင်းဆိုးဝါး၏ ရည်ရွယ်ချက်ရှိရှိ လှည့်စားမှုကို ထွင်ထျန်းဟာ ခံရမည်အား ဝမ်လင်း စိုးရိမ်ခဲ့သည်။
ထွင်ထျန်းဟာက ဝမ်လင်း၏ သင်ကြားမှုကြောင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေသော်လည်း နှလုံးသားထဲတွင်မူ မကောင်းသောအတွေးများ ရှိနေဆဲ ဖြစ်၏။
စင်စစ် အရိပ်တာအို၏စွမ်းအင်သည် လူတစ်ဦး၏ ဖိနှိပ်ထားသော ဆိုးသွမ်းသည့် အတွေးများကို လှုံ့ဆော်ခြင်းဖြစ်၏။
အကယ်၍သာ ဤနေရာတွင် နတ်ဆိုးချီက ထွင်ထျန်းဟာကို ကျူးကျော်လာခဲ့လျှင် ဝမ်လင်းအတွက် အဆင်မပြေဖြစ်စေမည် မဟုတ်ပါလော။
“ဒီထဲမှာ နှလုံးသားနတ်ဆိုး ရှိနေတယ်”
ဝမ်လင်းက ခေါင်းငုံ့၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက်တွင် ရေရွတ်လိုက်သည်။
ဤအရိပ်ရုပ်သွင် အတွင်းမှ နတ်ဆိုးချီသည် ဤကမ္ဘာအတွင်းနေထိုင်သော နှလုံးသားနတ်ဆိုးထံမှ လွဲ၍ အခြားမဟုတ်ပေ။
ဤကမ္ဘာအတွင်းရှိ နှလုံးသားနတ်ဆိုးကို ဖျက်ဆီးလိုက်လျှင် အရိပ်ရုပ်သွင်က တိုက်ရိုက် ပျက်စီးသွားပြီး အပြင်ဘက်ရှိအုပ်ထိန်းသူသည် ပုံမှန် ပြန်ဖြစ်သွားလိမ့်မည်ဟု ဝမ်လင်းက ခန့်မှန်းခဲ့သည်။
ဝမ်လင်းက ဤကမ္ဘာကြီးကို အရိပ်နန်းတော်ဟု အမည်ပေးခဲ့သည်။
ဤအရိပ်နန်းတော်ထဲတွင် ပုန်းအောင်းနေသည့် နှလုံးသားနတ်ဆိုးကို သူရှာဖွေရပေမည်။
အရိပ်နန်းတော် ကမ္ဘာကြီးသည် အရိပ်ရုပ်သွင် တစ်ခုချင်းစီ၏ စိတ်အခြေအနေအရ တည်ဆောက်ထားခြင်း ဖြစ်၏။
ဥပမာအားဖြင့် လီသိုင်ဝေ့၏ အရိပ်နန်းတော်ကမ္ဘာကြီးတွင် သင်္ချိုင်းအများအပြား ရှိနေခဲ့သည်။
ဆိုရလျှင် ဤကမ္ဘာကြီးတစ်ခုလုံး၌ သင်္ချိုင်းများ ပြန့်ကျဲနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက ထိတ်လန့်စရာကစားပွဲ ထဲတွင် ပါဝင်နေသလို ခံစားခဲ့ရသည်။
ထိုခဏတွင် ဝမ်လင်းသည် အုတ်ဂူတစ်ခု ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ထိုအုတ်ဂူက အနက်ရောင်ဖြစ်ပြီး ထိုအုတ်ဂူပေါ်တွင် စကားလုံးများ ရေးထိုးထားသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်း၏သင်္ချိုင်း..
ထိုစာသားကိုဖတ်၍ ဝမ်လင်းက အနည်းငယ် တုန်လှုပ်အံ့ဩသွားခဲ့သည်။
ထိုစာသား၏အောက်တွင် စာတန်းတစ်ခုကိုလည်း ရေးထိုးထားသေး၏။
[ဒဏ္ဍာရီအရ ဝမ်လင်းသည် မသေနိုင်သောတံခါးကို တိုက်ခိုက်ရန် ကြိုးပမ်းပြီးနောက် ကွယ်လွန်သွားခဲ့သည်]
ထိုစာသားကိုဖတ်ပြီးနောက်တွင် ဤသည်မှာ စိတ်ကိုလှည့်စားမှုသာဖြစ်ကြောင်း ဝမ်လင်း သိရှိလိုက်၏။
အဘယ်ကြောင့်ဆိုသော် သတ္တလောက ကမ္ဘာကြီးတွင် ဂိတ်သုံးခုသာရှိပြီး အင်မော်တယ် ဂိတ်တံခါး မရှိသောကြောင့်ပင်။
ဝမ်လင်း၏ ဘေးတွင်ရှိနေသည့် ထွင်ထျန်းဟာသည် ဖြစ်ပျက်နေသည့် အရာများကို သုံးသပ်နေခဲ့သည်။
“အတွင်းနတ်ဆိုး ဆိုတာက လူတစ်ဦးရဲ့ နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ နတ်ဆိုးပဲ.. ဒါကြောင့် ဒီအရာတွေအားလုံးက အတုအယောင်တွေပဲ.. ဒီကမ္ဘာကြီးက ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာကြီးလို့ ထင်ရပေမဲ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့အရာတွေက တကယ့် အစစ်အမှန်တွေ မဟုတ်ဘူး.. ဒါက နှလုံးသားကနေ ရောင်ပြန်ဟပ်မှု တစ်ခုမျှသာ ဖြစ်တယ်”
ထွင်ထျန်းဟာက ဆရာလေးလင်း အနေဖြင့် နှလုံးသားနတ်ဆိုး၏ ဒဏ်ကို ခံနိုင်ရည်ရှိမှန်း ကောင်းစွာသိသည်။
အခြားလူတစ်ဦးသာ ဆိုလျှင် နှလုံးသားနတ်ဆိုး၏ ကမ္ဘာထဲသို့ အလွန်လျင်မြန်စွာ ရောနှောသွားပေလိမ့်မည်။
ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့သည် ဤကမ္ဘာကြီးကို ဆက်၍ စူးစမ်းခဲ့သည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာကြီးတွင် အဆုံးအစမရှိခဲ့ပေ။
ဝမ်လင်းက ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် သင်္ချိုင်းဂူများကိုသာ တွေ့ခဲ့ရသည်။
ထို့နောက်တွင် ဝမ်လင်းသည် သူ၏ဘုရင်မျက်လုံးကို အသက်သွင်းလိုက်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ရှာဖွေလိုက်ရာ ဤကမ္ဘာ၏ ထောင့်တစ်နေရာ၌ ညစ်ညမ်းသော အခန်းတစ်ခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့နောက် ထွင်ထျန်းဟာကို ခေါ်ဆောင်ကာ ထိုနေရာသို့သွားရောက်၍ အခန်းရှေ့တွင် ရပ်တန့်လိုက်သည်။
ထိုခဏမှာပင် အခန်းတံခါးက ပွင့်သွားပြီး ကြင်နာတတ်သောအမူအရာရှိသည့် အဖိုးအို တစ်ယောက်က ထွက်လာခဲ့သည်။
အတိအကျပြောရလျှင် ထိုအဖိုးအိုသည် ပြင်ပကမ္ဘာတွင် ဝမ်လင်း မြင်ဖူးခဲ့သည့် သုဘရာဇာ လီသိုင်ဝေ့ ပင်ဖြစ်၏။
အဖိုးအို၏ အမူအရာက ယခင်အတိုင်းပင် အေးစက်စက်ဖြစ်နေခဲ့သည်။
“အထဲဝင်ခဲ့ပါ”
အဖိုးအိုက ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ ရောက်လာမည်ကို ကြိုသိနေသကဲ့သို့ အံ့ဩဟန်မပြခဲ့ပေ။
အဖိုးအိုကို စတွေ့ကတည်းကပင် နှလုံးသားနတ်ဆိုးက သိမ်းပိုက်ထားခြင်း ဖြစ်သည်ကို ဝမ်လင်းက သိထားခဲ့သည်။
ဝမ်လင်း မထင်မှတ်ဘဲ သတိထားမိခဲ့သည်မှာ အဖိုးအို၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သောနတ်ဆိုးချီများ ရှိနေသော်လည်း သူ့ထံတွင် လူသတ်ငွေ့များ အနည်းငယ်မျှ ရှိမနေခြင်းပင်။
အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့က အခန်းတွင်းကို အကဲခတ်ကြည့်လိုက်သည်။
“ဟားဟား.. ဒီအိမ်ထဲမှာ ထွေထွေထူးထူး ဘာမှ ရှိမနေပါဘူး”
အဖိုးအိုက ရယ်မော၍ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းက ဒီနေရာကို ဝင်လာနိုင်တယ်ဆိုတော့ သာမန်လူ မဟုတ်လောက်ဘူး”
ဝမ်လင်းက နှုတ်ဆိတ်နေခဲ့ပြီး ထွင်ထျန်းဟာကို သူ့ကိုယ်စားမေးခွန်းများ မေးရန်အတွက် ခေါင်းဆတ်ပြလိုက်သည်။
ထွင်ထျန်းဟာက ဝမ်လင်း ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်၏။
ထွင်ထျန်းဟာ “အဖိုးကြီး မင်းက နှလုံးသားနတ်ဆိုးလား.. ဒါမှမဟုတ် လီသိုင်ဝေ့လား”
“လူတိုင်းရဲ့နှလုံးသားမှာ အရိပ်ဆိုးတွေ ရှိကြတာပဲ.. ငါက နှလုံးသားနတ်ဆိုး ဖြစ်တယ်.. ဒါပေမဲ့ သားကောင်ဆိုလည်း မမှားဘူး”
“သားကောင်.. ဟုတ်လား”
“လူတွေက သူတို့ရဲ့ အရိပ်ဆိုးတွေကို နှလုံးသားရဲ့ အတွင်းဘက်အထိ တွန်းပို့ထားရတဲ့ အကြောင်းအရင်းက သူတို့မှာအသိစိတ်တွေ ရှိနေတာကြောင့်ပဲ.. ဒါက လီသိုင်ဝေ့ရဲ့ အသိစိတ်ပဲ.. ဒါပေမဲ့ ကံဆိုးစွာနဲ့ မင်းမြင်နေတဲ့အတိုင်း ငါကနှလုံးသားနတ်ဆိုးရဲ့ နှောင့်ယှက်ခြင်းကို ခံထားခဲ့ရပြီ.. ငါဒီနေရာကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူး.. ဒီအခန်းကို မင်းတို့သေချာ အကဲခတ်ကြည့်”
ဤအခန်းထဲသို့ ဝင်ရောက်လာချိန်မှစ၍ ထူးဆန်းမှုတစ်ခု ရှိနေသည်ကို ထွင်ထျန်းဟာက သတိပြုမိခဲ့သည်။
ထို့ကြောင့် အဖိုးအို၏ စကားကိုကြားလျှင် ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့က ပိုမိုအာရုံစိုက်၍ အကဲခတ်လိုက်သည်။
“လက်ရှိမှာ အသိစိတ်က ဒီအခန်းရဲ့ အရွယ်အစားလောက်ပဲ ကျန်တော့တယ်.. ဒီအခန်းရဲ့ အပြင်ဘက်နယ်မြေ တစ်ခုလုံးက နှလုံးသားနတ်ဆိုးရဲ့ နယ်မြေ ဖြစ်သွားခဲ့ပြီ”
အဖိုးအိုက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
“အရင်တုန်းကတော့ ဒီအခန်းက နန်းတော်ကြီးတစ်ခုလိုပဲ.. သင်္ချိုင်းက ဒီလောက်ထိ မကျယ်သေးဘူး.. ကံဆိုးစွာနဲ့ မစ္စတာလီသိုင်ဝေ့က လွန်ခဲ့တဲ့ရက်အနည်းငယ်က အေးခဲထားတဲ့ ဖက်ထုပ်တစ်ခုကို စားလိုက်မိတယ်.. အဲဒီနောက်မှာတော့ သင်္ချိုင်းဧရိယာက ဒီနန်းတော်ကို တစ်စတစ်စ သိမ်းပိုက်သွားခဲ့တာပဲ.. အခုတော့နန်းတော်ကြီးက အခန်းတစ်ခုစာလောက်ပဲ ကျန်တော့တဲ့အထိ ကျုံ့ဝင်သွားခဲ့ပြီ.. ငါက နှလုံးသားနတ်ဆိုးရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး ဒီနန်းတော်ထဲမှာပဲ တစ်ချိန်လုံးနေခဲ့ရတယ်.. ဒီအခန်း လုံးဝ ပျက်စီးသွားရင် ဒီအဖိုးကြီးကလည်း တကယ့်နှလုံးသား နတ်ဆိုးအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်”
“ဒါကို တားဆီးဖို့နည်းလမ်း ရှိလား”
ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။
ထိုစကားကိုကြားလျှင် အဖိုးအိုက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းလိုက်၏။
“နည်းလမ်းမရှိဘူး”
“နည်းလမ်းမရှိဘူး ဟုတ်လား”
“ပြောရရင်ငါက နှလုံးသားနတ်ဆိုးရဲ့ ထိန်းချုပ်မှုကို ခံထားရတဲ့ အသိစိတ်တစ်ခု ဖြစ်တယ်.. မင်းက ငါ့ကိုသတ်လိုက်ရင်တော့ နှလုံးသားနတ်ဆိုးကို အမှန်တကယ် သတ်နိုင်မှာပဲ.. အရာအားလုံးက အဆုံးသတ်သွားမှာ သေချာတယ်.. ဒါပေမဲ့အသိစိတ်ကို သတ်ပစ်တာက လူတစ်ယောက်ကို သတ်တာနဲ့ အတူတူပဲ ဆိုတာ မင်းနားလည်ထားရမယ်.. လူတစ်ယောက်က သူ့ရဲ့အသိစိတ်ကို ဆုံးရှုံးသွားတာနဲ့ သေတာနဲ့ မခြားတော့ဘူးလေ”
အပိုင်း(၁၀၇၂) ပြီး၏