← Chapters

ချီလှိုက်စားခြင်းအဆင့် ဘယ်နှစ်ဆင့်ရှိပါသလဲ

Vol. 72 Ch. 1073

ချီလှိုက်စားခြင်းအဆင့် ဘယ်နှစ်ဆင့်ရှိပါသလဲ

Vol. 72 Ch. 1073

ဤကိစ္စက ဝမ်လင်းနှင့် ထွင်ထျန်းဟာကို အမှန်တကယ်ပင် အကျပ်ရိုက်စေခဲ့သည်။

လီသိုင်ဝေ့၏ အသိစိတ်က နှလုံးသားနတ်ဆိုးကြောင့်ညစ်ညမ်းသွားပြီး ယခုအခါတွင် တစ်သားတည်းနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

သူတို့က သူတို့ရှေ့ရှိ နှလုံးသားနတ်ဆိုးကို သတ်လိုက်လျှင် အဖိုးအိုက ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အသိစိတ်ပါ ပျောက်ဆုံးသွားမည် ဖြစ်၏။

အခြေအနေက ပို၍ပင် လုပ်ရကိုင်ရ ခက်လာသည်။

အရေးကြီးဆုံးအချက်မှာ ဝမ်လင်းသည် ယခင်က ထိုကဲ့သို့ကိစ္စမျိုး တစ်ခါမှမကြုံဖူးပေ။

အကယ်၍သူက ဤအဖိုးအိုကိစ္စကို မဖြေရှင်းနိုင်ခဲ့လျှင် အေးခဲဖက်ထုပ်ကို စားသုံးခဲ့သည့်သူများအား ရှာတွေ့ခဲ့လျှင်ပင် ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။

ထို့ပြင် နှလုံးသားနတ်ဆိုး၏ သက်ရောက်မှုကို ခံစားရသောသူများသည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပိုမိုကြီးမားသော အတိုင်းအတာထိ အသိစိတ် ယိုယွင်းသွားနိုင်ပေသည်။

ဤအချိန်တွင် သူဘာလုပ်သင့်ပါသနည်း။

သူ့အနေဖြင့် ပြဿနာကို မဖြေရှင်းနိုင်လျှင် ကောင်းကင်တာအိုကို မေးမြန်းလိုက်သည်က ကောင်းမွန်သောဆုံးဖြတ်ချက်ဖြစ်သည်မဟုတ်ပါလော။

ဆိုရလျှင် ကောင်းကင်တာအို ဘဏ္ဏာတိုက်ထဲတွင် ဤပြဿနာကို ဖြေရှင်းပေးနိုင်သည့် မှော်ရတနာအချို့ ရှိကောင်းရှိနိုင်ပေသည်။

ထိုသို့ စဉ်းစားပြီးနောက် ဝမ်လင်းက သူ့လက်ညိုးကို ကိုက်လိုက်ပြီး ထွက်လာသောသွေးဖြင့် ဤအခန်းကျဉ်းလေးထဲတွင် ကောင်းကင်တာအို ဆင့်ခေါ်သည့် အစီအရင်ကို ရေးဆွဲလိုက်သည်။

ယခု ဝမ်လင်းက သူနားမလည်သော အစီအရင်တစ်ခုကို ရုတ်ချည်း ရေးဆွဲလိုက်သည်ကို မြင်လျှင် အဖိုးအိုက တုန်လှုပ်သွားခဲ့၏။

ဤကောင်လေးသည့် မြေးအရွယ်ခန့်သာ ရှိသည်မဟုတ်ပါလော။

ခဏအကြာတွင် ကောင်းကင်တာအို ရွှေလူသားလေးသည် အစီအရင်၏ အလယ်ဗဟိုတွင် ပေါ်လာခဲ့သည်။

သို့သော် ယခုတစ်ကြိမ် ပေါ်လာသောအခါတွင် ကောင်းကင်တာအို ရွှေရောင်လူသားလေးသည် ဝေဒနာ ခံစားနေရသည့် အမူအရာ ဖြစ်ပေါ်နေခဲ့သည်။

ကောင်းကင်တာအို ရွှေရောင်လူသား “နှလုံးသားနတ်ဆိုးလှိုက်စားခံနေရပါလား”

ကောင်းကင်တာအို ရွှေလူသားလေးက အခြေအနေကို ချက်ချင်း သိလိုက်သည်။

ကောင်းကင်တာအို ရွှေလူသားလေးများ အားလုံးသည် မြင့်မြတ်ပြီး သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုသည့် အလွန်ဖြူစင်သော သတ္တဝါများ ဖြစ်ကြသည်။

ထို့ကြောင့် ညစ်ညမ်းသောပတ်ဝန်းကျင်သို့ ရောက်ရှိသောအခါတွင် အလိုလိုနေရင်း မသက်မသာ ခံစားရတတ်သည်။

ယင်းမှာ တောအုပ်ထဲတွင် အချိန်ကြာကြာနေခဲ့သူ တစ်ဦးက ကားအသွားအလာများသော အိတ်ဇောငွေ့များ ပြည့်နေသည့် မြို့တစ်မြို့သို့ ရုတ်တရက် ရောက်လာပြီး လိုက်လျောညီထွေဖြစ်ရန် ခက်ခဲနေပုံနှင့် ဆင်တူသည်။

“အိမ်က ကြုံ့လာပြီပဲ.. နောက်ကျသွားပြီထင်တယ်”

ဝမ်လင်းက ဘာမှ မပြောရသေးသော်လည်း ရွှေရောင်လူသားက အခြေအနေအားလုံးကို မှန်းဆမိခဲ့သည်။

ထိုခဏမှာပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်လက် အများအပြားက ကောင်းကင်ပေါ်ကနေ အိမ်နံရံကို ခိုင်ခံ့အောင် လုပ်ဆောင်လိုက်ကြသည်။

သို့သော်လည်း နှလုံးသားနတ်ဆိုး လှိုက်စားမှုကို နှောင့်နှေးစေရုံသာဖြစ်ပြီး တားဆီးနိုင်ခြင်းမရှိပေ။

“အခြေအနေဘယ်လိုလဲ”

ထွင်ထျန်းဟာက မမေးဘဲ မနေနိုင်တော့ပေ။

ကောင်းကင်တာအို ရွှေလူသားလေးက သူ၏ချွေးများကို သုတ်လိုက်သည်။

အခြေအနေက ကောင်းကင်တာအို ပင်လျှင် ဤကဲ့သို့ဆန်းကြယ်လိမ့်မည်ဟု မထင်ထားသည်မှာ ထင်ရှားနေသည်။

“ငါက ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ အသိပညာဗဟုသုတ ကြွယ်ဝတယ်လို့ သတ်မှတ်နိုင်တယ်.. ဒါပေမဲ့ ဒီမဟာတာအိုကို ငါအရင်က မမြင်ဖူးခဲ့ဘူး”

ထွင်ထျန်းဟာ “မှန်ပါတယ်.. မင်းမြင်ဖူးမှာ မဟုတ်ဘူး.. ဒီမဟာတာအိုက ငါ့သခင်လေးရဲ့ မမွေးသေးတဲ့ ညီမလေးရဲ့စွမ်းအားပဲ”

ထိုအခါမှပင် ကောင်းကင်တာအို ရွှေလူသားလေးက သဘောပေါက်သွားခဲ့သည်။

သူက နောက်ထပ် မဟာနတ်ဆိုးတစ်ပါး မွေးဖွားတော့မည်ကို သိလိုက်ရ၏။

ရှင်းလင်းစွာပြောရလျှင် ဤသည်က ဆရာလေးလင်း ကဲ့သို့ မွန်းစတားတစ်ကောင်ပင် ဖြစ်၏။

သူမက မမွေးဖွားမီမှာပင် ဤကဲ့သို့ စွမ်းအားရှိနေခဲ့သည်။

ထိုအချက်ကပင် အရှင်လင်းထက် သာလွန်နေပြီ ဖြစ်သည်။

ဝမ်လင်းက မိခင်ဝမ်းတွင်၌ ရှိစဉ်တွင် အလွန်လိမ္မာရေးခြား ရှိမှန်း ကောင်းကင်တာအို ရွှေလူသားလေးက ကောင်းစွာသိသည်။

ဤကဲ့သို့ မမွေးဖွားမီအချိန်ကတည်းက နတ်ဆိုးဆန်ခြင်းမျိုးလည်း မရှိပေ။

နောက်ထပ် တစ်ယောက်က အရှင်လင်းထက်ပင် ပို၍စိုးရိမ်စရာ ကောင်းနေလိမ့်မည်ဟု မည်သူ ထင်မိပါမည်နည်း။

“ကောင်းကင်ဘုံက ငါတို့ ကောင်းကင်တာအိုတွေကို သတ်ချင်နေတာများလား”

ကောင်းကင်တာအို ရွှေလူသားလေးက စိတ်ထဲကနေ ငိုယိုနေခဲ့သည်။

“မငိုနဲ့ဦး.. ဒီအခြေအနေကို ပြင်ဆင်ဖို့ နည်းလမ်းရှိလား”

ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။

“နှလုံးသားနတ်ဆိုးလှိုက်စားတာက အဆန်းတော့ မဟုတ်ပါဘူး”

ထိုခဏမှာပင် ကောင်းကင်တာအို ရွှေလူသားလေးသည် လေးနက်သော အမူအရာဖြင့် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

“ပုံမှန်အားဖြင့်တော့ နှလုံးသားနတ်ဆိုးက လူတစ်ယောက်ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ နည်းလမ်းအနည်းငယ်ပဲ ရှိတယ်.. ပထမနည်းလမ်းကတော့ ချီ ကပြောင်းကပြန် သွေဖယ်နေတဲ့အချိန်မှာပဲ.. ဒါက ကျင့်ကြံသူတွေ အဖြစ်အများဆုံး နည်းလမ်းဖြစ်ပြီး အရိုးရှင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံးနည်းလမ်းပဲ.. ချီ ကပြောင်းကပြန် စီးဆင်းတာက အသက်အန္တရာယ်အရမ်းရှိတယ်.. ဒါက အလွန်ပြင်းထန်တယ်လို့ ဆိုလို့ ရပေမဲ့ နှလုံးသားနတ်ဆိုးလှိုက်စားခြင်းမှာ အနိမ့်ဆုံးအဆင့်သာ ဖြစ်တယ်.. ချီကပြောင်းကပြန် သွေဖယ်နေတာကို စောင့်ကြည့်နေတဲ့သူ တစ်ယောက် ရှိသရွေ့တော့ အချိန်မီသက်သာဖို့ ဆေးဝါးကို အသုံးပြုနိုင်တယ်”

“နှလုံးသားနတ်ဆိုးလှိုက်စားခြင်းမှာ အဆင့်တွေရှိသေးတာလား”

“ရှိတာပေါ့.. မရေမတွက်နိုင်တဲ့ လူပေါင်းများစွာက နှစ်စဉ်နှစ်တိုင်းမှာ ချီသွေဖယ်မှုကြောင့် သေဆုံးသွားရတယ်.. များသောအားဖြင့်တော့ သူတို့တွေက ဝိညာဉ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ ပျော်ကဆုံးနေတာကြောင့် လူအဖြစ်ကို ပြန်လည် မဝင်စားနိုင်ခဲ့ကြဘူး”

“ဒီလိုမျိုး အခြေအနေတွေ ရှိတယ်လား”

ဝမ်လင်းနှင့်ထွင်ထျန်းဟာတို့၏ ကမ္ဘာကြီးအပေါ်အမြင်က တဖန်ကျယ်ပြန့်လာခဲ့သည်။

“ဒါဆိုငါက ဘယ်အဆင့်ကို ရောက်နေပြီလဲ”

အဖိုးအိုက ကောင်းကင်တာအို ရွှေရောင်လူသားလေး၏ စကားကိုနားထောင်ရင်း အခြေအနေကို မမေးမြန်းဘဲ မနေနိုင်တော့ပေ။

သူ့ကိုယ်လုံးက တုန်ယင်နေပြီး အလွန် ကြောက်ရွံ့နေပုံရသည်။

“ငါ့ကို လာမလောပါနဲ့.. ငါအကုန်ရှင်းပြမှာပါ.. နှလုံးသားနတ်ဆိုးလှိုက်စားခြင်းမှာ အဆင့်သုံးဆင့်ရှိတယ်.. ခုနက ငါပြောပြခဲ့တာက တတိယအဆင့်နဲ့ အနိမ့်ဆုံးအဆင့်ပဲ.. အခု ဒုတိယအဆင့် အကြောင်း ပြောပြမယ်.. ဒုတိယအဆင့်မှာတော့ နှလုံးသားနတ်ဆိုးလှိုက်စားခြင်းက တစ်စုံတစ်ယောက်ရဲ့ တာအိုနှလုံးသား လဲပြိုချိန်မှာ ဖြစ်လေ့ရှိတယ်.. တခြားအကြောင်းအရင်းတွေလည်း ရှိတယ်.. ဥပမာ ရှယ်ယာဈေးကွက်ပျက်သွားတာမျိုး၊ မင်းရည်းစားက မင်းကိုလမ်းခွဲသွားတာမျိုး.. အလိုအလျောက် စစ်သားတွေကို စုဆောင်းပြီးတိုက်ခိုက်ရတဲ့ဂိမ်းမှာ သင်အလိုရှိတဲ့စစ်သားကို မရရှိဘဲ အားနည်းတဲ့ ကစားသမားတစ်ဦး လက်ချက်နဲ့ သေဆုံးသွားတာမျိုး၊ သင့်ရဲ့ထီလက်မှတ်မှာ နံပါတ်တစ်ခု လွဲသွားတာမျိုး၊ သင်နှစ်သက်တဲ့ စာရေးဆရာက အပ်ဒိတ်မလုပ်တဲ့အခါမျိုး၊(E Sport)အလောင်းအစားတစ်ခုမှာ သင်က လှည့်စားခံခဲ့ရတာမျိုး၊ နွေရာသီအားလပ်ချိန် ကုန်ဆုံးကာနီးအထိ သင့်ရဲ့အိမ်စာတွေကို တစ်လုံးမှ မရေးထားတာမျိုး၊ နောက်ပြီးတော့..”

“..........”

“အတိုချုပ်ပြောရရင် တာအိုနှလုံးသား ပြိုကျရတဲ့အကြောင်းအရင်းတွေက အများကြီးရှိတယ် ဆိုပေမဲ့ တကယ်တမ်းတော့ စိတ်ပိုင်းဆိုင်ရာသန်မာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်.. ဒါ့အပြင် ကောင်းကင်တာအို အုပ်ချုပ်ရေးရဲ့ နှစ်စဉ် ကိန်းဂဏန်းတွေအရ လူတစ်ဦးရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က မြင့်မားလေလေ တာအိုနှလုံးသား ပြိုလဲနိုင်ချေ မြင့်မားလေလေပဲ.. ကျင့်ကြံခြင်းအဆင့် မြင့်မားလာတာနဲ့အမျှ သာမန်လူတွေထက် ပိုပြီးမြင့်မြတ်တယ်လို့ အထင်ရောက်တတ်တယ်.. အဲဒီလိုအချိန်မှာ တစ်စုံတစ်ရာက သူ့နှလုံးသားရဲ့ အဓိကအချက်ကို ဆွဲလှုပ်မိခဲ့ရင် အဲဒီလူက တာအိုနှလုံးသား ပြိုပျက်သွားပြီး ကြီးမားတဲ့ စိတ်ပျက်အားငယ်မှုတစ်ခု ဖြစ်ပေါ်လာတတ်တယ်.. နှစ်စဉ်နှစ်တိုင်းမှာ တာအိုနှလုံးသား လဲပြိုပြီး သေဆုံးသွားကြတဲ့ ကျင့်ကြံသူတွေ အများအပြားရှိတယ်.. ဒါပေမဲ့ ဒီအခြေအနေကို ဆေးဝါးနဲ့ ကုသနိုင်တယ်.. အကယ်၍ သင့်မှာ ကောင်းကင်တာအိုရဲ့ အဖိုးတန် ရတနာသုံးပါးထဲက တစ်ခုဖြစ်တဲ့ သန့်စင်ခြင်း ခေါင်းလောင်းရှိရင် အဆင့် ၂ နဲ့ ၃ မှာရှိတဲ့ နှလုံးသားနတ်ဆိုးလှိုက်စားခြင်း ရောဂါက ချက်ချင်းပျောက်ကင်းမှာ ဖြစ်တယ်.. အဆင့် ၁ ရဲ့အခြေအနေကတော့ ပိုပြီး ရှုပ်ထွေးတယ်.. ပြောရရင် အဆင့် ၁က အဆင့် ၂နဲ့ အဆင့် ၃ကို ပေါင်းစပ်ထားတဲ့ ရောဂါမျိုး ဖြစ်တယ်.. ဆိုလိုတာက ချီသွေဖယ်မှုကြောင့် တစ်ချိန်တည်းမှာပဲ တာအိုနှလုံးသားက ပြိုကျသွားတဲ့ အဖြစ်မျိုးပဲ.. ဒီလိုအဆင့် ၁ အခြေအနေမှာ အရေးပေါ် ကုသမှုကို ချက်ချင်း မလုပ်နိုင်ရင် ဆယ်စက္ကန့်အတွင်းမှာပဲ သေဆုံးသွားမှာဖြစ်တယ်.. ဒါပေမဲ့ ဒါမျိုးက ရှားပါတယ်”

“တခြား အခြေအနေတွေရော ရှိသေးလား”

“ရှိသေးတယ်”

“...........”

ကောင်းကင်တာအိုရွှေလူသား “ဥပမာ ကောင်းကင်တာအိုအုပ်ချုပ်ရေးကော်မတီက တံခါးပိတ်ကျင့်ကြံရင်း ချီသွေဖယ်မှုကို ခံစားခဲ့ရတဲ့ ကျင့်ကြံသူတစ်ယောက်ကို လက်ခံရရှိခဲ့တယ်.. အဲဒီဝိညာဉ်က သူလုံးဝ မပျောက်ကင်းခင်မှာ သူနေထိုင်မကောင်းကြောင်း မိသားစုကို အသိပေးဖို့ ကောင်းကင်တာအိုကို အကူအညီတောင်းခဲ့တယ်.. ဒါပေမဲ့လည်း ရောဂါကုသနေတဲ့အချိန်မှာ သူ့ချစ်သူက အခြားတစ်ယောက်နဲ့လက်ထပ်သွားလိမ့်မယ်လို့ သူဘယ်လိုမှ မမျှော်လင့်ထားခဲ့ဘူး.. ဒါကြောင့်ပဲ သူ့ရဲ့နှလုံးသားက ချီသွေဖယ်မှုဖြစ်ပြီးနောက်မှာ လဲပြိုသွားခဲ့တယ်”

“...........”

“ဒါဆို ငါ့ရဲ့အဆင့်ကရော”

အဖိုးအိုက သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်ပြီး ကောင်းကင်တာအိုရွှေလူသားလေးကို စိတ်အားထက်သန်စွာ မေးလိုက်သည်။

“မင်းအတွက်ကတော့ အဆင့်သုညပဲ”

ကောင်းကင်တာအို ရွှေလူသားက ပြန်ဖြေလိုက်သည်။

“အဆင့်သုည ရှိသေးတယ်လား”

“ရှိတာပေါ့ ဒါက အဆင့်အမြင့်ဆုံးပဲ.. ပြောရရင် လက်ရှိအခြေအနေကို လေ့လာသုံးသပ်ပြီးနောက်မှာ ငါဆုံးဖြတ်ခဲ့တာပဲ.. နှလုံးသားနတ်ဆိုးလှိုက်စားခြင်း ရောဂါအတွက် အဆင့်သုညကို ထပ်တိုးဖို့ ကောင်းကင်တာအို ကော်မတီထံ တင်ပြမယ့် ငါ့ရဲ့အစီအရင်ခံစာမှာ ထည့်သွင်းသွားမယ်.. နှလုံးသားနတ်ဆိုးလှိုက်စားခြင်း ရောဂါရဲ့အဆင့်သုညက ငါထင်ထားတာထက် အများကြီးပိုဆိုးတယ်”

အပိုင်း(၁၀၇၃) ပြီး၏

All Chapters