ခွေးက ချေးစားတဲ့အကျင့်ကို မဖျောက်နိုင်ပါ
Vol. 72 Ch. 1076
ခွေးက ချီးစားသည့် အလေ့အထကို မပြုပြင်နိုင် ဟူသော ဆိုရိုးစကား ရှိသည်။
၀ိညာဥ်က သွေးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် အလွန် ကြီးမားသော အတိုင်းအတာအထိ ခွေးခန္ဓာကိုယ် နှင့် ပေါင်းစပ်ထားခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်လည်း ထွင်ထျန်းဟာသည် သူ့ကိုယ်သူ ကောင်းကင်၀ါးမျို ဖားပြုပ်မျိုးနွယ်စု၏ ဖားပြုတ်နတ်ဆိုးဘုရင် အဖြစ် ရှုမြင်ထားဆဲ ဖြစ်ပြီး ၄င်း၏ ၀ိသေသလက္ခဏာကို မစွန့်ပစ်နိုင်သေးပေ။
ထွင်ထျန်းဟာက လမ်းမများပေါ်တွင် လမ်းလျှောက်ထွက်ရင်း ချီးတုံးများကို တွေ့လိုက်ရသောအခါတွင် လတ်ဆတ်သော ရေခဲမုန့် ကဲ့သို့ ခံစားရပြီး ဦးနှောက်ထဲမှ တစ်စုံတစ်ရာက လျှာဖြင့် ယက်ရန် တိုက်တွန်းခဲ့သည်။
ယင်းမှာ ခွေးတစ်ကောင်က ဆီးသွားရန်အတွက် ခြေထောက်တစ်ဖက်ကို မြှောက်လေ့ရှိသလိုမျိုး အလိုအလျောက် တုံ့ပြန်မှု တစ်ခုသာ ဖြစ်၏။
ထွင်ထျန်းဟာက သူချီးစားမိခဲ့သည်ကို သဘောပေါက်လိုက်မိသည့်အခါတွင် အလွန်နောက်ကျသွားပြီ ဖြစ်သည်။
ထွင်ထျန်းဟာက ၀မ်လင်း၏ နောက်မှ တစ်ချိန်လုံး လိုက်လာခဲ့သော်လည်း ထိုအချိန်တွင် ၀မ်လင်းသည် အေးခဲထားသော ဖက်ထုပ်များကို စားသုံးခဲ့သည့် လူကိုးယောက်ကို ရှာဖွေရန်အတွက် အတွေးထဲတွင် နစ်မျောနေသဖြင့် တွင်ထျန်းအာ လုပ်နေခဲ့သမျှကို သတိမထားမိခဲ့ပေ။
ချီးစားသည်က အလွန်ရှက်စရာကောင်းသည့် အပြုအမူ ဖြစ်သော်လည်း တွင်ထျန်းအာက အားရပါးရပင် ရေခဲမုန့်ကဲ့သို့ စားသောက်နေခဲ့သည်။
သို့သော် သူလုပ်ဆောင်သမျှကို လူနာအမျိုးသမီး၏ လက်ချက်ဖြင့် ပေါ်ပေါက်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ထိုအချိန်တွင် ငွေရောင်လေး၏ သူ့အပေါ်အကြည့်သည် ထွင်ထျန်းဟာ အပေါ်တွင် ကွဲပြားသွားခဲ့သည်။
"စီနီယာအကိုကြီး"
ငွေရောင်လေးက ထွင်ထျန်းဟာထက် နောက်ကျပြီးမှ ရောက်လာသည့် ၀မ်လင်း၏ ဒုတိယမြောက် အိမ်မွေးတိရစ္ဆာန် ဖြစ်သောကြောင့် ထွင်ထျန်းဟာကို သူ၏စီနီယာအဖြစ် အသိအမှတ် ပြုထားခဲ့၏။
ငွေရောင်လေးက ထွင်ထျန်းဟာကို စီနီယာအကိုကြီးဟု တစ်ခါမှ မခေါ်ဖူးဘဲ ယခုမှသာ ထိုသို့ ခေါ်လိုက်သဖြင့် ထွင်ထျန်းဟာသည် နှလုံးသားကို ဓါးဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
တွင်ထျန်းဟာ "ငါ.."
ငွေရောင်လေး"စီနီယာ အကိုကြီး.. မင်းရှင်းပြနေစရာ မလိုပါဘူး"
"ငါတို့တွေ အားလုံးနားလည်ပါတယ်.. ခွေးတစ်ကောင်က ချီးစားတဲ့ အလေ့အထကို ဘယ်တော့မှ မပြုပြင်နိုင်ဘူးလေ ဒါကိုငါတို့ အားလုံးနားလည်ပါတယ်"
သူနာပြု ဆရာမကြီးကလည်း ၀င်ပြောလိုက်သည်။
ထွင်ထျန်းဟာ".........."
ထွင်ထျန်းဟာက မြစ်၀ါမြစ်ထဲသို့ ခုန်ဆင်းလိုက်လျှင်ပင်
မသန့်စင်နိုင်တော့ကြောင်း ထိုအချိန်တွင် သဘောပေါက်သွားခဲ့သည်။
ဟုတ်ပါသည်၊၀မ်လင်းက ထွင်ထျန်းဟာ၏ အပြုအမူကို တုံ့ပြန်မှု သိပ်မရှိခဲ့ပေ။
သူ၏ ဦးစားပေးမှာ သူ့ရှေ့ရှိ ကောင်မလေးကို ကယ်တင်ဖို့သာ ဖြစ်၏။
လွန်ခဲ့သော နာရီအနည်းငယ် အတွင်း လူတိုင်း စားခဲ့သမျှကို ခွဲခြမ်းစိတ်ဖြာပြီး နောက်တွင် ကောင်မလေးက သူတို့ကို
ရန်စလိမ့်မည်ဟု ၀မ်လင်းက တွေးခဲ့မိသည်။
သို့သော် သူမက ထောင့်တစ်နေရာတွင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခပ်ကြုံ့ကြုံ့လေး ထိုင်နေလိမ့်မည်ဟု
သူလုံး၀ မမျှော်လင့်ထားခဲ့ပေ။
"သူမ ဘာဖြစ်နေတာလဲ"
ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။
သူနာပြုဆရာမမှ လွဲ၍ အပြင် အခင်းဖြစ်ပွားရာနေရာရှိ ၀မ်လင်းတို့ သုံးဦးသည် မိန်းကလေးတစ်ဦး၏ နှလုံးသားကို
လုံး၀ နားမလည်နိုင်သော စော်မရှိသည့် စင်ဂယ် အမျိုးသားများ ဖြစ်ကြသည်။
အစောက စိတ်ဖောက်ပြန်နေသည့် မိန်းကလေးက ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားသည် မြင်လျှင် သူနာပြုဆရာမကြီးသည် ထိုမိန်းကလေး၏ အတွေးကို အမှန်တကယ် နားလည်သွားခဲ့သည်။
"လူနာမိန်းကလေးက ရှက်နေတာ ဖြစ်နိုင်တယ်"
"ဘာလို့ရှက်ရတာလဲ"
ငွေရောင်လေးက တအံ့တသြ မေးခွန်းထုတ်လိုက်သည်။
"ဘာကြောင့် ငယ်ရွယ်တဲ့ မိန်းကလေး တော်တော်များများက ၀ိတ်ကျချင်ရတာလဲ သိလား.. ကြည့်ကောင်းဖို့ အတွက်ပဲ.. ဘာလို့ ကြည့်ကောင်းချင်တာလဲ သိလား.. ပိုပြီး လေးနက်တဲ့ အကြောင်းအရင်းက ချစ်သူရည်းစား ရှာချင်ကြလို့ပဲ"
"အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတွေ အတွက် ရည်းစားတစ်ယောက်မှာ ရှိသင့်တဲ့ အဓိက လိုအပ်ချက်က ငွေမဟုတ်ဘူး.. အများစုက ရုပ်ရည်ချောမောတဲ့ ကောင်လေးတွေကိုပဲ ရည်းစား အဖြစ် လိုချင်ကြတယ်"
"ရုပ်ရည်ချောမောတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါမျိုးမှာ သူတို့ရဲ့ မသိစိတ်ကနေ ရှက်ရွံ့သလို ဖြစ်သွားတတ်တယ်"
သူနာပြုဆရာမကြီးက လက်တွေ့ကျကျပင် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။
"ဥပမာအားဖြင့် အစာစားချင်စိတ် ပြင်းပြတဲ့ မိန်းကလေးတချို့က သူတို့ရည်းစားတွေနဲ့ စတင် ချိန်းတွေ့တဲ့အခါမှာ ထိန်းမနိုင်သိမ်းမရ စားမိကြတယ်.. သူတို့က အစားအစာကို တနင့်တပိုး စားပြီးတဲ့အခါ သူတို့ရည်းစားရှေ့ ရောက်နေတာ သတိထားမိပြီး ရှက်ရွံ့တတ်ကြတယ်"
"..........."
"နောက်ထပ် ဥပမာအနေနဲ့ ပြောရရင် တစ်ခါတရံမှာ မိန်းကလေးတွေက တစ်ယောက်ကို တစ်ယောက် ကျယ်ကျယ်လောင်လောင် ပြောဆိုရတာကို နှစ်သက်ကျပေမဲ့ ရုပ်ရည်ချောမောတဲ့ ကောင်လေးတစ်ယောက် သူတို့နားကနေ ဖြတ်လျှောက်သွားရင် သူတို့ရဲ့ အသံတွေက ရုတ်တရက် ပျော့ပြောင်းလာပီး နူးညံ့သိမ်မွေ့လာတတ်တယ်"
"............"
ဤသူနာပြုဆရာမကြီးက မြက်နုကို စားချင်သည့် နွားအိုမကြီး ဖြစ်သော်လည်း သူမ၏ ခွဲခြမ်းစိတ်ဖြာချက်ကမူ တကယ်ပင် အဓိပ္ပါယ် ရှိလှသည်။
၀မ်လင်းသည် သူ့ကိုယ်သူ ဤမျှ ရုပ်ချောသည်ဟု မထင်ခဲ့ပေ။
သူ၏ မျက်နှာကို အထူးပြုပြင်ခဲ့သည်တိုင် မိန်းကလေး၏ မျက်လုံးကို ဖမ်းစားနိုင်သဖြင့် ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့နောက်တွင် ၀မ်လင်းက အခန်း၏ အလင်းရောင်ကို ထိန်းချုပ်ရန် အတွက် မီးအချို့ကို ပိတ်လိုက်ရာ မိန်းကလေး
၏ အရိပ်ရုပ်သွင်သည် ၀မ်လင်း၏ ရှေ့တွင် အလွန်လျှင်မြန်စွာ ထွက်ပေါ်လာသည်။
အရိပ်ရုပ်သွင်က နွားနတ်ဆိုးနှင့် ဆင်တူသည်။
ဦးချိုအစား ၄င်း၏ဦးခေါင်းပေါ်တွင် ကတော့ချွန်ပုံစံ ရေခဲပုံးနှစ်ခု ပါရှိပီး လက်တစ်ဖက်စီတွင် ပြင်သစ်ပေါင်မုန့် တစ်လုံးစီကို ကိုင်ထားသည်။
အရိပ်ရုပ်သွင်၏ အသွင်အပြင်သည် စိတ်၏ ရောင်ပြန်ဟပ်မှု ဖြစ်သည်။
ဤသည်က မိန်းကလေး၏ အရိပ်ရုပ်သွင် ဆိုသည်မှာ
သေချာသလောက်ပင်။
၀မ်လင်းက မိန်းကလေး၏ ပါးစပ်ကို ဆွဲဖွင့်ကာ ထွင်ထျန်းဟာနှင့်အတူ အရိပ်နန်းတော်အတွင်းမှ မိန်းကလေး၏ နှလုံးသား နတ်ဆိုးကို ရှာဖွေရန် ၀င်ရောက်သွားခဲ့သည်။
ဤသို့ဖြင့် ၀မ်လင်းနှင့် ထွင်ထျန်းဟာတို့သည် အဖြူအမဲ
ကမ္ဘာကြီးတစ်ခုတွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း ဤကမ္ဘာကြီးသည် လီသိုင်ဝေ့၏ ကမ္ဘာကြီးလို သင်္ချိုင်းကမ္ဘာကြီး မဟုတ်ပဲ သရေစာများနှင့် ပြည့်နှက်နေသော ကမ္ဘာကြီး ဖြစ်နေသည်။
ဤကမ္ဘာကြီးတွင် သရေစာများနှင့် ဖွဲ့စည်းထားသော တောင်တန်းများပင် ရှိ၏။
အာလူးကြော် အမျိုးအစား အစုံအလင်ရှိပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည့် အဆုံးမဲ့
ချောကလက် အမဲရောင်မြစ်များပင် ရှိ၏။
ဤကမ္ဘာကြီး၏ ဆန်းကြယ်လှသော ရှုခင်းများကြောင့် ၀မ်လင်းတို့က ဆွံ့အသွားခဲ့သည်။
၀မ်လင်းနှင့် ထွင်ထျန်းအာတို့က ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကြရာ ကြီးမားသော ဟော့ပေါ့ တောင်ကြီးတစ်လုံးက သူတို့ရှေ့တွင် ပေါ်လာသည်။
၄င်းက ဧရာမ မီးတောင်ကြီးတစ်ခု ဖြစ်ပီး မီးတောင်အတွင်း၌ ဟော့ပေါ့ ပါ၀င်ပစ္စည်းများ ဖြစ်သည့် ငါးလုံးများ၊အမဲသားလုံးများ၊ပုဇွန်ဖက်ထုပ်များ ငါးလိပ်များနှင့် တို့ဟူးခြောက်လိပ်များ အစရှိသည့် ပစ္စည်း အများအပြား ပါ၀င်နေ၏။
ဤကမ္ဘာကြီးတွင် အရာအားလုံးသည် အဖြူအမဲ ဖြစ်နေသော်လည်း အစားအစာ၏ အသွင်အပြင်မှာ အလွန် ထူးခြားပြီး ရနံ့ကလည်း ကောင်းမွန်လှ၏။
ထွင်ထျန်းဟာက ဤကမ္ဘာကြီး၏ ရှုခင်းများကို ကြည့်ရင်း အခြေအနေ မကောင်းဟု ခံစားမိလိုက်သည်။
လူနာမိန်းကလေးက အေးခဲဖက်ထုပ်ကို အနည်းငယ်သာ စားသုံးခဲ့သဖြင့် နှလုံးသားနတ်ဆိုး လှိုက်စားခြင်းက အရမ်းကြီး မဆိုး၀ါးလှဟု အစောပိုင်းတွင် သူထင်ခဲ့သည်။
သို့သော်လည်း လူနာမိန်းကလေး၏ နှလုံးသားနတ်ဆိုး လှိုက်စားမှုက သူထင်ထားသည်ထက် ပိုမို ပြင်းထန်မည်ဟု မထင်ထားခဲ့ပေ။
ယင်းမှာ ယခင်က အချိန်အကြာကြီး သူမ စိတ်ကို ချုပ်တည်းထားခြင်းကြောင့် ဖြစ်နိုင်သည်။
သူမက ကိုယ်အလေးချိန် လျှော့ချရန် အတွက် အစားအစာကို အငတ်ခံကာ ရက်အတော်ကြာ နေထိုင်ခဲ့သည်။
ယင်းက သူမ၏ စိတ်ဝိညာဥ်ကို အားနည်းစေပြီး အေးခဲထားသည့် ဖက်ထုပ်အနည်းငယ်ကို စားလိုက်ရုံဖြင့် သူမ၏ စိတ်ကို လုံးလုံးလျားလျား လှုံ့ဆော်သွားခဲ့သည်။
ယခုအချိန်တွင် သူတို့ရှေ့ရှိ အစားအစာများ အားလုံးသည်ကယ်လိုရီ အလွန်မြင့်မားပြီး ၀ိတ်ချချင်သူများ အတွက် တားမြစ်ချက် အစားအစာများ ဖြစ်ကြသည်။
ထွင်ထျန်းဟာက ပေါ့ပေါ့တန်တန် မလုပ်ဆောင်၀ံ့ပဲ ၀မ်လင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
၀မ်လင်းက ဤကမ္ဘာရှိ အရိပ်နန်းတော်နှင့် ပတ်သက်၍ သဲလွန်စကို ရှာဖွေရန် ပြင်ဆင်ခဲ့သည်။
ယခင်က လီသိုင်ဝေ့၏ ကမ္ဘာကြီးတွင် အရိပ်နန်းတော်သည် အခန်းကျဥ်းလေး တစ်ခုသာ ဖြစ်ခဲ့သည်။
ဤမိန်းကလေး၏ အရိပ်နန်းတော်က အစားအသောက်ကောင်း တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဟု ၀မ်လင်း မှန်းဆချက် ပြုခဲ့၏။
ဘုရင်မျက်လုံးကို အသုံးပြု၍ အိမ်တစ်လုံးကို ရှာဖွေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။
ဤကမ္ဘာကြီးတွင် အိမ်နှင့်ဆင်သော အရာပင် မရှိချေ။
မိန်းကလေးသည် အစားအစာ တစ်မျိုးမျိုးတွင် သူမ၏ အရိပ်နန်းတော်ကို ဖွက်ထားခဲ့ခြင်းမျိုး ဖြစ်နိုင်၏။
ထွင်ထျန်းဟာက ၀မ်လင်း၏ အနောက်သို့ လိုက်ပြီး အရိပ်နန်းတော်ကို ရှာဖွေနေရင်း အဆုံးသတ်တွင် တစ်စုံတစ်ခု မှားယွင်းနေပုံ ပေါ်ကြောင်း သတိပြုမိခဲ့သည်။
၀မ်လင်း အနောက်ကနေ လမ်းလျှောက်လာရင်း ထွင်ထျန်းဟာသည် ၀မ်လင်းတစ်ယောက် တောအုပ်တစ်ခု ဆီသို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။
သရေစာ ခေါက်ဆွဲခြောက် တောအုပ်..
၀မ်လင်းက သရေစာခေါက်ဆွဲခြောက်တောအုပ်ကို လှမ်းကြည့်လိုက်သည်။
ထိုတောအုပ်၏ အပင်များတွင် သရေစာ ခေါက်ဆွဲခြောက်ထုပ်များ ပြွတ်သိပ်စွာ ရှိနေသည်။
အကိုင်းအခက်များတွင် ပန်းသီးများကဲ့သို့ သရေစာ ခေါက်ဆွဲခြောက်ထုပ်များကို ချိတ်ဆွဲထား၏။
ထွင်ထျန်းဟာက အလွန်ပင် အံ့သြသွားခဲ့သည်။
ဆရာလေးလင်းကို ဆွဲဆောင်ဖို့ ယခုထက် ပိုကောင်းတဲ့အရာ ရှိနိုင်ပါမည်လော။
အပိုင်း(၁၀၇၆) ပြီး၏